Peaceful Mawlamyine

Peaceful Mawlamyine သတင်းမှန်သိစေရန်

14/11/2023

၀ရမ်းပြေးအုပ်စုတွေရယ်
ဘိန်းစားအုပ်စုတွေရယ်
လောင်းကစားနဲ့မူးယစ်ဆေး
အုပ်စုတွေရယ်ကို
တစုတဝေးထဲ
ရှမ်းမြောက်မှာနေရာချထားမယ်

အသံကောင်းဟစ်မှာက
တိုင်းရင်းသားတွေဖက်ဒရယ်နယ်မြေတိုက်တောင်းတာပေါ့

အရှင်းဆုံးပြောရရင်
မြန်မာမြေကိုတရုတ်က
ကြားခံသုံးပြီးဖဲ့ယူချင်တာ

ပြည်ပရောက်ခွက်ခေါက်
အဖွဲ့တွေက
နေစရာနေရာမရှိတော့ဘူး

တရုတ်ရောအမေရိကန်ရော
ခွ ချက်လို့ အနောက်အုပ်စုက
မောင်းထုတ်တော့မှာ

ဖြစ်ချင်တော့
မြန်မာမှာ
ရုရှက လုပ်ပိုင်ခွင့်တွေရလာ

ဒီမျက်မှေးကောင်တွေ
မကျေမနပ်ဖြစ်ပြီးပေါ့

ဒီတော့
ကျွန်တော်တို့
တဖက်နဲ့တဖက် ပြသနာတက်
အငြင်းပွားဖို့အချိန်မရှိဘူး

ဒါဟာသေချာပေါက်တရုတ်လက်ချက်ပဲ

မြန်မာမတည်ငြိမ်ဖြစ်နေတာရဲ့ခေါင်းကိုင်ဖခင်ကြီးဟာ
သူကအဓိကပါပဲ

တပ်မတော်ကသုံးနှစ်လုံးလုံး
လုံး၀ခံစစ်ကစားပြီး
အချိန်ယူ စောင့်ကြည့်ခဲ့တာပါ

ဒီကာလတွေမှာပေးဆပ်ရတာတွေကတော့ အားလုံးသိပြီးသားပါပဲ

အခုဆို ဘောမ ချင်းအတူတူတောင်အုပ်စုတွေထပ်ကွဲ ကုန်ပြီ..

ဘာမှ စိတ်၀မ်းကွဲနေစရာမလိုဘူး

ဖြစ်စဥ်ဖြစ်ရပ်ရဲ့သဘောသဘာ၀ကို
ခင်များတို့ကျုပ်တို့ သိထားတာကအပေါ်ယံအနေအထားလောက်ကလေးဖြစ်နေတာ

စစ်ခေါင်းဆောင်တွေ
လုံး၀မညံ့ကြဘူး
သူတို့ရင်ဆိုင်နေရတဲ့ပြသနာက အရမ်း အရမ်းကြီးမားနေတာ

ဟိုနေရာဆော်လိုက်ပါလား
ဒီနေရာချလိုက်ပါလားက
ပြောရတာလွယ်တယ်

ယူကရိမ်းလို အင်းအားကြီး
နိုင်ငံကြီး၂ခုကြား
ကြားညပ်မခံချင်လို့ သူတို့အများကြီးအားထုတ်နေကြတာ

ဒါကို ပြည်သူတွေနားလည်ပေးဖို့လိုတယ်

ဒါက အထင်အမြင်နဲ့
ဖြစ်စဥ် တထပ်ထဲကျမနေတဲ့
တချက်ကို သိထားတာပြောပြတာဖြစ်တယ်

လက်ခံခံမခံခံ
ခင်များတို့အပိုင်းပဲ

တပ်က ကစားကွက်ကောင်းလို့ခုလောက်ထိ ခံသာနေတာလို့ကျွန်တော်ကတော့ ကောက်ချက်ချပါတယ်

အခုအခြေအနေကစစ်ရေးတစ်ခုထဲမကဘူး.. နိုင်ငံရေးပါ ပါနေတယ်

အထူးသဖြင့်ပထ၀ီနိုင်ငံရေးကိစ္စဖြစ်လာတယ်

ကမ္ဘာအင်းအားကြီးနိုင်ငံကြီး၂ခုကြား ထိန်းသွားနေရတာဖြစ်တယ်

ဟိုလိုလုပ်ပါလား
ဒီလိုလုပ်ပါလား
အသုံးကိုမကျဘူးဆိုတစ်မျိုး
ပြောဖို့ရာ ကအတော်ခက်ခဲတဲ့ကိစ္စမျိုးဖြစ်တယ်

နဲနဲလောက်ခေါင်းသုံးကြပါဗျာ

ပြသနာမတက်ပဲ
ကျောချင်းကပ်ထားရမဲ့ကာလလို့ကျွန်တော်ကတော့သတ်မှတ်ပါတယ်

သိထားတာအများကြီးရှိသေးတယ်

ပြောလို့မရလို့ ဒီလောက်ပဲ
ရေးပါ့မယ်

သံတမာန်နည်းလည်းသွားရပါတယ်

စစ်ရေးစစ်ရာအရလည်း
လိုအပ်သလို သွယ်၀ိုက်လုပ်ဆောင်ရပါတယ်

ဒါကိုမှ နားမလည်နိုင်ကြသေးဘူးဆိုရင်တော့ခင်များတို့သဘောပါပဲ

မြန်မာတပ်မတော်အရမ်းတော်ပါတယ်

ဒါကို တနေ့ခင်များတို့နားလည်လာပါလိမ့်မယ်

အခုချိန်မှာတော့မီဒီယာလက်ချက်နဲ့
ခင်များတို့ထင်ချင်သလိုထင်ကြပါ

အဖေကျော်ပြီးပထွေးလွမ်းကြရင်တော့ သဘောပေါ့ဗျာ

sskb

14/11/2023

ရှမ်းမြောက်
ငြိမ်ကျသွားတယ်
နောင်ချိုဘက်တကြော
စစ်ကြောင်းဖြတ်တောက်ဖို့
ဖြန့်ထားတဲ့
ရှေ့တန်းမှာစတေးဖို့ခံထားတဲ့
PDF ကလေးတွေ
ရာချီ ကျတယ်

(ဘောမပြီးရေးချင်ရာရေးနေတာ
မဟုတ်ဘူး)
(ဒေသခံတရသစစ်စစ်တွေ
စစ်ဆင်ရေးနယ်မြေထဲက
ရွာခံတွေရဲ့ပေးပို့သတင်းကို
ကိုးကားရေးတာ)

မြို့ကျတာစခန်းဆုတ်တာ
ဟုတ်ချင်ဟုတ်မယ်
ဆုတ်တယ်ခွာတယ်
အချိန်မမှီလို့ကိုယ့်ဘက်က
ပေးဆပ်ရတာတွေရှိမယ်

မြောက်ပိုင်းသုံးကောင်ရော
pdf တွေရော
အနည်းဆုံး ပျှမ်းမျှ
တပတ်အတွင်း
ထောင်ဂဏန်း၀န်းကျင်လောက် ကျတယ်

ဘယ်လိုတွက်တွက်
ကိုယ့်ဘက်အထိနာသက်သာတယ်

ဒါကြောင့်လဲ လက်နက်ကြီးတွေပါစွန့်ခဲ့ရတာဖြစ်တယ်

တနည်း နောက်ခံအထောက်အပံ့ကောင်းနေပေမဲ့

မြောက်ပိုင်းအဖွဲ့
စစ်ဦးကျိုးကြသွားပြီး

အင်းအားကကျဆုံးအပြင်
ဒဏ်ရာရ ဆေးကုဖို့မလွယ်
သွေးထွက်လွန်
စုဖွဲ့ရခက် စတဲ့အခြေအနေမျိုးတွေတဆက်တည်းရှိတယ်

အထူးသဖြင့်ဒဏ်ရာရတာက
အဆိုးဆုံး အင်းအားယုတ်လျော့တာ

ဒီတော့ သက်သာနိုင်သလောက်
သက်သာအောင်

ရခိုင် ကို တိုက်ပွဲစတယ်

ဒါဟာ ပကတိ မြေပြင်အခြေအနေပါပဲ

crd

ငပလီမြို့နယ်ရှိ ရေလုပ်သားများ သိရှိစေရန် အသိပေးအပ်ပါသည်  ယနေ့မှ စပီး ပင်လယ်ကို ပိတ်လိုက်ပါပီ ငါးဖမ်းလှေများ မနက်ဖန်မှစပီ...
14/11/2023

ငပလီမြို့နယ်ရှိ ရေလုပ်သားများ သိရှိစေရန် အသိပေးအပ်ပါသည်
ယနေ့မှ စပီး ပင်လယ်ကို ပိတ်လိုက်ပါပီ ငါးဖမ်းလှေများ မနက်ဖန်မှစပီး လုံးဝမထွက်ရတော့ပါဘူး ပင်လယ်ပြင် ငါးဖမ်းခရီးထွက်နေသောစက်လှေများ ယနေ့ညနေ နောက်ဆုံးထားပီးပြန်ဝင်ကြပါရန် မနက်ဖန်ကစပီး အဝင် / အထွက်လုံးဝမလုပ်ကြပါရန် အသိပေးလိုက်ပါပီ

#ပြန်လည်ကူးယူဖော်ပြပါသည်

https://m.facebook.com/story.php?story_fbid=306089495643956&id=100087287224232&mibextid=2JQ9oc

နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီ ထပ်မ...
14/11/2023

နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီ ထပ်မံရောက်ရှိဆိုက်ကပ်မည်ဖြစ်ကြောင်း သတင်းရရှိ။

crd

 #သက်ဆိုင်ရာသို့ #သိရှိနိုင်ပါရန်တင်ပြအပ် #ကျောင်းအားကစားရုံသည်အလုပ်ရုံမဟုတ်ပါမော်လမြိုင်မြို့ရှိ အမှတ်(၁)ကျောင်းမှ ကျော...
06/11/2023

#သက်ဆိုင်ရာသို့
#သိရှိနိုင်ပါရန်တင်ပြအပ်

#ကျောင်းအားကစားရုံသည်အလုပ်ရုံမဟုတ်ပါ

မော်လမြိုင်မြို့ရှိ အမှတ်(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ မူးဝေ၊ အော့အန်မှုများ ဖြစ်နေ

မော်လမြိုင်၊ နိုဝင်ဘာ ၆

မော်လမြိုင်မြို့ရှိ အမှတ်(၁)ကျောင်းအတွင်းရှိ အလုပ်ရုံကြောင့် ကျောင်းသား၊ ကျောင်းသူများ မူးဝေအော့အန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့(ယနေ့)နံနက်ပိုင်းက ကျောင်းတက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ မူးဝေ အော့အန်‌လာသောကြောင့် နေအိမ်သို့ ပြန်လာရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"ကျောင်းအတွင်းရှိ အလုပ်ရုံက အနံ့တွေက ကလေးတွေအတွက် တကယ်အဆင်မပြေဘူး။ ဒီမနက်ဆို တစ်ယောက်ထဲ မဟုတ်ဘူး ကလေးတော်တော်များများ မူးပြီးအန်ကြတယ်"ဟု ၎င်းက ပြောသည်။

အမှတ်(၁) အ.ထ.ကကျောင်း၊ အားကစားရုံ၏ အလုပ်ရုံမှ ဆေးမှုတ်သည့် အနံ့များ၊ လုပ်ငန်းခွင် ဆူညံသံများကြောင့် ကျောင်းသား၊ ကျောင်းသူများ စာဆက်လက် သင်ကြားနိုင်ရန် အတွက် အခက်အခဲရှိနေကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်။

အမှတ်(၁) အ.ထ.ကကျောင်း၊ အားကစားရုံ၏ အလုပ်ရုံနှင့် ပတ်သက်ပြီး ကျောင်းသူကျောင်းသားဟောင်းများနှင့် ကျောင်းသားမိဘများကလည်း ကျောင်းအတွင်းမှ ရွှေ့ပြောင်းပေးရန် တင်ပြတောင်းဆိုထားသည်။

မော်လမြိုင်မြို့နယ် ပညာရေးမှူး၏ ခွင့်ပြုချက်ဖြင့် တင်ဒါရရှိထားသော ကုမ္ပဏီသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အားကစားရုံ၌ အလုပ်ရုံသဖွယ် လုပ်ဆောင်နေခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ချိန်နှင့် စာသင်ချိန်များ၌ မူးဝေ အော့အန်ခြင်းများ ဖြစ်နေကြောင်း သိရသည်။

ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ

Yarmanya Times

Address

22 Street
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Peaceful Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share