Zaw Aung

Zaw Aung MgZawZawAung personal blog page�

ဝဋ်ကြွေးတွေဆပ်ဖို့ဖြစ်လာတဲ့အခါ......
02/06/2025

ဝဋ်ကြွေးတွေဆပ်ဖို့ဖြစ်လာတဲ့အခါ......

ခင်ဗျားသိလား ...

ကျွန်တော်တို့က
အချစ်လို့ ခေါင်းစဉ်တပ်ထားကြပေမယ့်

တကယ်တမ်းကျတော့

စိတ်နဲ့ကော ကိုယ်နဲ့ကော
ဆပ်နေရတဲ့
ဝဋ်ကြွေးတွေ ဖြစ်နေတဲ့အခါ ...

ရှေ့ဆက်တိုးရမလို
နောက်ဆုတ်လိုက်ရမလို ...

ကိုယ့်မှာ ...
ဆက်ချစ်ဖို့လဲ ခက်
လက်လွှတ်လိုက်ဖို့လဲ ခက်ပေါ့ ...

#ကျေးကို

01/06/2025

မနေနိုင်သရွေ့တော့
မင်းကို အရူးတစ်ယောက်လို
အရှက်မဲ့စွာ ကပ်တွယ်နေအုံးမှာပါ
နေနိုင်သွားရင်တော့
ငါဆိုတာ ကမ္ဘာမှာမရှိတော့ဘူးလို့
မင်းထင်ရတဲ့ထိ တိတ်ဆိတ်သွားမှာ။

🍂🖤

30/05/2025

ချစ်တယ်" လို့ပြောခွင့်ရှိတုန်းလေး
ချစ်တယ်လို့ ပြောပြလိုက်ပါ…

သတိရနေတာ သိစေချင်ရင်
"လွမ်းတယ်ကွာ"လို့ ထုတ်ပြောလိုက်ပါ…

စိတ်ပူနေတယ်ဆိုရင်
"အစစ အရာရာ ဂရုစိုက်နော်" လို့
တယုတယပြောပါ…

တစ်စုံတစ်ယောက်ကို ပြောချင်နေတဲ့
စကားတွေရှိရင် လုပ်ပေးချင်နေတဲ့
အရာတွေရှိရင် ပြောပြလိုက်ပါ …
လုပ်ပေးလိုက်ပါ…

ကိုယ်ချစ်ရတဲ့သူ
ဖြစ်ချင်တာလေးတွေရှိရင်
လိုက်လျောပေးလိုက်ပါ …
အလိုလိုက်ပေးလိုက်ပါ…
ဂရုစိုက်ပေးလိုက်ပါ…
မေတ္တာနွေးနွေးနဲ့ ချစ်ပေးလိုက်ပါ ။

သေချာပါတယ် ...
ချစ်ခြင်းမေတ္တာတွေနဲ့ဆို
ဝမ်းနည်းစရာတွေရှိနေတောင်
ခဏ တာ ဖြစ်ဖြစ် ပျော်ရွှင်နိုင်မှာပါ ။

......

20/05/2025

မိန်းမ ဆိုတဲ့ အမျိုးက……😁😁😁😁🤣

20/05/2025

တစ်ကယ်လို့များ နည်းနည်းလေး ပစ်ထားရင် အများကြီး ဝမ်းနည်းနေတတ်ပြီး နည်းနည်းလေး အချစ်ခံရင်တောင်

အကြီးကြီး ပျော်ရွှင်နေတတ်တဲ့

မရင့်ကျက်တဲ့ အပြုအမူနဲ့

စိတ်ခံစားမူများတဲ့ လူသားတစ်ယောက်ကိုပြပါဆို

ကျွန်တော့်ကို လက်ညှိုးထိုးပါ။


#လင်းမာအို

တချို့စကားလုံးတွေကပြောပြလိုက်ရင်ပေါ့သွားတယ်ထင်တယ် ...ရင်ထဲမှာလေးလေးလံလံနဲ့သယ်ထားရတဲ့ နာကျင်မှုတွေကတစ်ဖက်လူအတွက်ဟာသလို့ထင...
19/05/2025

တချို့စကားလုံးတွေက
ပြောပြလိုက်ရင်
ပေါ့သွားတယ်ထင်တယ် ...

ရင်ထဲမှာ
လေးလေးလံလံနဲ့
သယ်ထားရတဲ့ နာကျင်မှုတွေက
တစ်ဖက်လူအတွက်
ဟာသလို့ထင်စရာမှန်း
ဘယ်တုန်းကမှ မထင်ခဲ့ဘူး ။

လူတွေပြောကြတယ်
မွန်းကျပ်နေရင်
ရင်ဖွင့်လိုက် ပေါ့သွားလိမ့်မယ်တဲ့

ရင်ဖွင့်လိုက်မှ
ပိုမွန်းကျပ်လာရတဲ့အဖြစ်တွေလည်း
ရှိတတ်ပါတယ်။

ဥပမာ ... ကိုယ်က အတည်ပေါက်ကြီးနဲ့ပြောနေတဲ့အခါ
ဟုတ်လို့လားဆိုပြီး ပြန်မေးခံရတာမျိုးလေ။

#ကျေးကို

ဘဝမှာ..နေထိုင်လာရင်းနဲ့တဖြည်းဖြည်းသိလာတာ ဘာလဲဆိုရင်ကျွန်မဘဝထဲမှာဘယ်သူမှ ကြာကြာမနေနိုင်ဘူးဆိုတာပဲဘာဖြစ်လို့လဲဆိုတော့ချစ်မ...
19/05/2025

ဘဝမှာ..နေထိုင်လာရင်းနဲ့
တဖြည်းဖြည်းသိလာတာ ဘာလဲဆိုရင်
ကျွန်မဘဝထဲမှာ
ဘယ်သူမှ ကြာကြာမနေနိုင်ဘူးဆိုတာပဲ

ဘာဖြစ်လို့လဲဆိုတော့
ချစ်မိသွားပြီးတဲ့နောက်...
သူ့ဆီကအချစ်တွေကို
ကျွန်မတစ်ယောက်ထဲပဲပိုင်ဆိုင်ချင်တယ်

ပြီးတော့ အတွေးလွန်တတ်တာပဲ
ခါတိုင်းစာပို့နေကြအချိန်
စာမပို့တော့ရင်ဖြစ်ဖြစ်
ကိုယ်ပို့ထားတဲ့စာကို
လိုင်းတော့သုံးတယ် စာမကြည့်
စာလည်းမပြန်တာမျိုးဖြစ်ဖြစ်

တစ်ခုခုဆို သူငါ့ကိုမချစ်တော့ဘူးပဲ
သူငါ့ကို တကယ်မချစ်ခဲ့ဘူးပဲ
ငါခက်ခဲနေတဲ့အချိန်မှာ
ငါ့ဆီက ထွက်သွားနိုင်တာပဲ ဆိုတဲ့
အတွေးပေါင်းများစွာနဲ့
ကိုယ့် အတွေးနဲ့ကိုယ်
ပြန်သတ်နေရတာတွေချည်းပါပဲ

ဒါတွေအားလုံးက ဘာကြောင့်လဲဆိုရင်
လူတစ်ယောက်က ကျွန်မကို
အပြည့်အဝချစ်ပါတယ်ဆိုတဲ့
စိတ်လုံခြုံမှု မရှိလို့ပဲ

အကယ်၍များ
ရှင့်ဘက်ကသာ
ပြန်လှည့်ကြည့်စရာမလိုအောင်
အပြည့်အဝချစ်ပေးနိုင်ခဲ့ရင်တော့
ရှင်ဟာကျွန်မဘဝထဲမှာ
ထာဝရနေနိုင်သူဖြစ်သွားမှာပါ။

#

ဘဝမှာ..နေထိုင်လာရင်းနဲ့
တဖြည်းဖြည်းသိလာတာ ဘာလဲဆိုရင်
ကျွန်မဘဝထဲမှာ
ဘယ်သူမှ ကြာကြာမနေနိုင်ဘူးဆိုတာပဲ

ဘာဖြစ်လို့လဲဆိုတော့
ချစ်မိသွားပြီးတဲ့နောက်...
သူ့ဆီကအချစ်တွေကို
ကျွန်မတစ်ယောက်ထဲပဲပိုင်ဆိုင်ချင်တယ်

ပြီးတော့ အတွေးလွန်တတ်တာပဲ
ခါတိုင်းစာပို့နေကြအချိန်
စာမပို့တော့ရင်ဖြစ်ဖြစ်
ကိုယ်ပို့ထားတဲ့စာကို
လိုင်းတော့သုံးတယ် စာမကြည့်
စာလည်းမပြန်တာမျိုးဖြစ်ဖြစ်

တစ်ခုခုဆို သူငါ့ကိုမချစ်တော့ဘူးပဲ
သူငါ့ကို တကယ်မချစ်ခဲ့ဘူးပဲ
ငါခက်ခဲနေတဲ့အချိန်မှာ
ငါ့ဆီက ထွက်သွားနိုင်တာပဲ ဆိုတဲ့
အတွေးပေါင်းများစွာနဲ့
ကိုယ့် အတွေးနဲ့ကိုယ်
ပြန်သတ်နေရတာတွေချည်းပါပဲ

ဒါတွေအားလုံးက ဘာကြောင့်လဲဆိုရင်
လူတစ်ယောက်က ကျွန်မကို
အပြည့်အဝချစ်ပါတယ်ဆိုတဲ့
စိတ်လုံခြုံမှု မရှိလို့ပဲ

အကယ်၍များ
ရှင့်ဘက်ကသာ
ပြန်လှည့်ကြည့်စရာမလိုအောင်
အပြည့်အဝချစ်ပေးနိုင်ခဲ့ရင်တော့
ရှင်ဟာကျွန်မဘဝထဲမှာ
ထာဝရနေနိုင်သူဖြစ်သွားမှာပါ။

#𝙎𝙪𝙚

Address

Takkathol Park Road, Zaykyo
Mawlamyine
12011

Website

Alerts

Be the first to know and let us send you an email when Zaw Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share