Voice Of Mawlu- VOM

Voice Of Mawlu- VOM မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းသာယာပါစေ

Breaking News
14/04/2024

Breaking News

Breaking News- အကြမ်းဖက်မင်းအောင်လှိုင် ရောက်ရှိအနားယူနေသော ပြင်ဦးလွင်တွင် ယခုညပိုင်း ရှော့တိုက်ဒုံး ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး စစ် တက္ကသိုလ် ထဲသို့ ကျရောက်ပေါက်ကွဲ၊ အပြန်အလှန် ပစ်ခတ်သံများ ကြားရ

ရန်ကုန်၊ ဧပြီ ၁၄

အကြမ်းဖက် မင်းအောင်လှိုင်ရောက်ရှိ အနားယူနေသော ပြင်ဦးလွင်တွင် ယနေ့ညပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး စစ်တက္ကသိုလ်ဝင်းထဲသို့ လည်း ကျရောက်ပေါက်ကွဲမှု ရှိကာ အပြန်အလှန် ပစ်ခတ်သံများ ကြားနေရကြောင်း ပြင်ဦးလွင်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန်မှစတင်၍ ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ ဦးတည်သော ရှော့တိုက်ဒုံး ပစ်ခတ်သံများကြားရပြီး စစ်တက္ကသိုလ်ဝင်းအတွင်းတွင်လည်း ရှော့တိုက်ဒုံး ၂ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရှော့တိုက်ဒုံးပေါက်ကွဲသံများနှင့်အတူ အပြန်အလှန် ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

"အခုထက်ထိဆိုရင် ပစ်နေတာ ရှော့တိုက်ဒုံး ၈ လုံးလောက်ရှိနေပြီ။ မိနစ်ပိုင်းပဲခြားပြီး ရှော့တိုက်ဒုံးတွေ ထွက်နေတာ။ စစ်တက္ကသိုလ်ဝင်းထဲကလည်း သေနတ်တွေနဲ့ပြန်ပစ်နေတယ်။ အပြင်ကလည်း ပစ်သံတွေလည်းကြားရတယ်။ အခြေအနေကတော့ ပြင်ဦးလွင်တစ်မြို့လုံး ညံနေတာပဲ။ DSA သင်္ကြန်မဏ္ဍပ်မှာ မနက်ဖြန် မင်းအောင်လှိုင် လာဖို့ ရှိတယ်ပြောတယ်" ဟု ပြင်ဦးလွင်မြို့မှ စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်ဘက်မှ စစ်ကားတချို့ ပြင်ဦးလွင်စစ်တက္ကသိုလ်ဘက်သို့ ဦးတည်၍ မောင်းနှင်သွားပြီး စစ်တက္ကသိုလ်ဝင်းအတွင်းတွင်လည်း ဂိတ်တံခါးများသို့ လက်နက်ကိုင်ဆောင်၍ စစ်သားများ ပြေးလွှား နေကြကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင် သည် ပြင်ဦးလွင်တွင် ရောက်ရှိအနားယူနေပြီး သူနှင့်အတူ စစ်ဗိုလ်ချုပ်များကို ခေါ်ဆောင်၍ တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းတွင် နေထိုင်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြင်ဦးလွင် စစ်တက္ကသိုလ်မှ အခမ်းအနားတစ်ခု ရောက်ရှိနေသော အကြမ်းဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

ဖမ်းခံရတာတောင် အာဏာရူးနေသေးတယ် မင်းက ဘာရာထူးလဲတဲ့ မေးရဲတယ်နော် အဲ့လိုကောင်မျိုး ထုတာထု
14/04/2024

ဖမ်းခံရတာတောင် အာဏာရူးနေသေးတယ် မင်းက ဘာရာထူးလဲတဲ့ မေးရဲတယ်နော် အဲ့လိုကောင်မျိုး ထုတာထု

စိန်လုံတောင်စခန်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကို ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာဟန်ပန်များဖြင့် KIA က လက်ရ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဧပြီ ၁၄

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး ကို KIA က ဧပြီလ ၆ ရကနေ့တွင် ဖမ်းဆီးရရှိခဲ့ပြီး ဗျူဟာမှူး ဗိုလ်မှူးကြီးကို ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာများဖြင့် ဖမ်းမိခဲ့ကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စိန်လုံတောင်စစ်ဗျူဟာစခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီလ ၅ ရက်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းနောက် ဗျူဟာမှူး ဗိုလ်မှူး ကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများလည်း ရှိကြောင်း သိရှိရသည်။

“စိန်လုံတောင်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်တပ်ကို ဧပြီလ ၅ ရက်နေ့ မနက်မှာ တိုက်ခိုက်တယ်။ ဗျူဟာမှူးနဲ့စစ်သား ၁၈ ဦး ကို ဖမ်းဆီးရရှိခဲ့တာပါ”ဟု KIA မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။

စိန်လုံတောင်ဗျူဟာစစ်စခန်းကို ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

Breaking News~~~~~~~~~~~~~နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိ...
04/04/2024

Breaking News
~~~~~~~~~~~~~
နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီး၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့

■ လေတပ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး စစ်ရုံးရှိ ခန်းမဆောင်တစ်ခု၏ခေါင်မိုး ဒရုန်းဗုံးထိမှန်

ရန်ကုန်၊ ဧပြီ ၄

နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် ယနေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လေတပ်လေ ယာဉ်ပြေးလမ်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ၊အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather prop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်၏ စစ်ရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ နေပြည် တော်၊ အေလာ လေတပ်ထဲသို့ အသေခံဒရုန်း ၆ စီး ကျရောက်ခဲ့ပြီး လေယာဉ်ပြေးလမ်း ထိခိုက်ခဲ့သဖြင့် လေယာဉ်အတက်အဆင်း ယာယီ ရပ်ဆိုင်းခဲ့ကြောင်း ၊ ပြေးလမ်း၏ ထိပ်ဘက်အခြမ်းသို့ ဒရုန်းဗုံးများ ကျရောက်သဖြင့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နေပြည်တော်လေတပ်က သင်္ကြန်မဏ္ဍပ်အကြီးစား ဆောက်လုပ်နေမှုကို လက်ရှိတွင် ဒရုန်းဗုံးများ ကျရောက်မှု ကြောင့် ရပ်ဆိုင်းလိုက်ကြောင်း၊ နေပြည် တော်လေတပ်နှင့် လေဆိပ်တွင် Jammer များ ထားရှိခဲ့သော် လည်း ယခုကဲ့သို့ အသေခံဒရုန်းများကို တားဆီးနိုင်ခြင်းမရှိဘဲ ဝင်ရောက်ဗုံးကျဲခံရခြင်းဖြစ် ကြောင်း သိရှိရသည်။

အလားတူ နေပြည်တော်စစ်ရုံးချုပ်ရှိ ခန်းမဆောင် တစ်ခု၏ ခေါင်မိုးလည်း ဒရုန်းဗုံးထိမှန်သဖြင့် ပျက်စီးမှုရှိကြောင်း သိရှိရသည်။

သစ္စာဖောက် SNA
28/03/2024

သစ္စာဖောက် SNA

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများဆန့်ကျင်ကြရန် နှင့် စစ်ကောင်စီ၏ ဒေါက်တိုင်များ ၊ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူ...
27/03/2024

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများဆန့်ကျင်ကြရန် နှင့် စစ်ကောင်စီ၏ ဒေါက်တိုင်များ ၊ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူများအား အရေးယူသွားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ ကြေညာ

#အင်းတော်

ပြန်လည်ထူထောင်ရေးကာလမှာ အဆင်ပြေပြေ မျှမျှတတဖြစ်ဖို့အရေးကြီးတယ်လေ သူမှန်တယ် ကိုယ်မှန်တယ် ငြင်းခုန်နေမဲ့အစား အနာဂတ်မှာ အား...
21/03/2024

ပြန်လည်ထူထောင်ရေးကာလမှာ အဆင်ပြေပြေ မျှမျှတတဖြစ်ဖို့အရေးကြီးတယ်လေ သူမှန်တယ် ကိုယ်မှန်တယ် ငြင်းခုန်နေမဲ့အစား အနာဂတ်မှာ အားလုံးအဆင်ပြေဖို့အတွက် မျှတမှန်ကန်တဲ့ ဥပဒေတွေ စည်းကမ်းတွေချမှတ်ဖို့လိုသလို ငါမာန်မစွဲကြဖို့လည်းအရေးကြီးတာပေါ့

မော်လူးပြည်သူတွေဖမ်းထားတဲ့ သစ်ကားတွေ ပြန်လွှတ်ပေး၊ သင့်တင့်နှုန်းထားနဲ့ ပြည်သူတွေလည်း လုပ်ကိုင်ခွင့်ရမည်

မော်လူး၊ မတ် ၂၁၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ မတ် ၁၇ ရက်က သစ်ကုန်သွယ်မှုနဲ့ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေနဲ့ ပြည်သူတွေကြား ဆန္ဒပြမှုဖြစ်ပွားကာ အခြေနေတင်းမာခဲ့ပြီး မတ် ၂၀ ရက် ညနေ ၃ နာရီမှာ ဖမ်းဆီးထားတဲ့ သစ်ကားတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

မတ် ၁၉ ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)တွေဘက်က လုပ်ငန်းရှင်ကိုယ်စားလှယ် ၇ ဦးနဲ့ မြို့နယ်တာဝန်ရှိတွေကိုခေါ် ပြီး ကြားဝင်ညှိနှိုင်းပေးခဲ့ရာမှာ ပြည်သူတွေကိုလည်း သင့်တင့်တဲ့ နှုန်းထားတခု သတ်မှတ်ကာ လုပ်ကိုင်ခွင့်ပေးမယ့်အနေအထားနဲ့ ပြေလည်ခဲ့တယ်လို့ ဆိုပါတယ်။

“EAosတွေဘက်က လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုခေါ်ပြီး ညှိနှိုင်းပေးတယ်။ ဝန်ကြီးဌာနက မူဝါဒ မသတ်မှတ်မချင်း ဒေသခံတွေကိုလည်း ‌သင့်တင့်တဲ့နှုန်းထားတခုနဲ့ လုပ်ခွင့်ပြုလိုက်ပါပေါ့လေ။ ပြည်သူတွေ အဓိကတောင်းဆိုတဲ့အချက်က တရုတ်ဆိုဒ်တွေကို လုပ်ခွင့်ပြုသလို ဒေသခံတွေကိုလည်း တနိုင်တပိုင် လုပ်ခွင့်ပေးပါဆိုတဲ့ တောင်းဆိုချက်ရသွားတဲ့အခါ ကားတွေကို ပြန်လွှတ်ပေးလိုက်တယ်။” လို့ မော်လူးဒေသခံတဦးက ပြောပါတယ်။

မတ် ၁၈ ရက်က မော်လူးမြို့ပေါ်မှာ အင်းတော်မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံ၊ သယံဇာတာဝန်ခံ၊ မော်လူး တိုက်နယ် ပကဖတာဝန်ခံ၊ မော်လူးမြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၆ ဦးနဲ့ ပြည်သူ့ ကိုယ်စားလှယ် ၁၅ ဦး ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

တွေ့ဆုံညှိနှိုင်းပွဲမှာ ပြည်သူတွေဘက်က တနိုင်တပိုင်လုပ်ငန်း လုပ်ခွင့်ပြုဖို့၊ တိုက်နယ်ပကဖတာဝန်ခံ ကိုအိုက်ထွန်းနဲ့ တိုက်နယ် ပလဖတာဝန်ခံ ကိုအာနိုးကို ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ကားလွှတ်ပေးရေးကိုသာ အဓိကထား ဆွေးနွေးဖြစ်ခဲ့တဲ့အတွက် ကြေလည်မှုမရခဲ့ဘဲ ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုချင်ဘူးဟုဆိုကာ မော်လူးမြို့ အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦး ရာထူးက နုတ်ထွက်ပြီး ညှိနှိုင်းမှု ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေ တောင်းဆိုတဲ့အချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက နားမထောင်ဘူး။ သူတို့ သဘော မတူဘူး၊ သဘောမတူတာကြောင့် မြို့အုပ်ချုပ်ရေးနဲ့ ရပ်ကွက် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ပြည်သူရဲ့ ဆန္ဒကို မျက်ကွယ်ပြုတယ်ဆိုရင် ကျနော်တို့ ပြည်သူကိုပဲ မျက်နှာမူမယ်ဆိုပြီး နုတ်ထွက်လိုက်တယ်။” လို့ မော်လူးမြို့ခံတဦးက ပြောပါတယ်။

မော်လူးမြို့ခံတွေဟာ မတ် ၁၇ ရက်က သစ်ကား ၃ စီး၊ မတ် ၁၈ ရက်မှာ နောက်ထပ်သစ်ကား ၂ စီး စုစုပေါင်း သစ်ကား ၅ စီးကို ဖမ်းဆီးခဲ့ရာမှာ မတ် ၂၀ ရက် မနေ့ ညနေ ၃ နာရီမှာ သစ်ကားအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေးနဲ့ သယံဇာတအဖွဲ့တွေက အခွန်ကောက်ပြီးလွှတ်ပေးလိုက်တဲ့ သစ်မှောင်ခိုကားတွေကို ပြည်သူတွေက တားဆီးပြီး တာဝန်ရှိသူတွေကို မတ်လ ၁၇ ရက်မှာ ဆန္ဒပြခဲ့ကြတာပါ။
(https://www.myaelattathan.org/articles/ပအဖပကဖပလဖနဲ့သယံဇာတအဖွဲ့တွေ_အခွန်ယူပြီးလွှတ်ပေးတဲ့သစ်ကားတွေကို_ပြည်သူတွေကပြန်ဖမ်းပြီးဆန္ဒပြ)

ပြည်သူတွေ တနိုင်တပိုင်လုပ်စားတဲ့သစ်ကားတွေဖြတ်ချိန်မှာတော့ ဖမ်းဆီးအရေးယူတာတွေလုပ်ပြီး တန်ချိန် အများကြီးပါဝင်တဲ့ လုပ်ငန်းရှင်သစ်ကားတွေ ဖြတ်ချိန်မှာတော့ အခွန်ပဲယူကာ ဖြတ်သန်းခွင့် ပေးတဲ့အတွက် ပြည်သူတွေက မကျေနပ်လို့ အခုလိုတားဆီးဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလက်ရှိ မော်လူးမြို့ပေါ်မှာ ဆန္ဒပြ ပြည်သူတွေလည်း မရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီလို့ ဆိုပါတယ်။

မော်လူးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာ မြို့ပေါ်ရပ်ကွက် ၆ ခု၊ အုပ်ချုပ်ရေးမှူး ၆ ယောက်နဲ့ ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ - မတ် ၁၇ ရက်က သစ်မှောင်ခိုကားတွေကို ပြည်သူတွေက တားဆီးပြီး တာဝန်ရှိသူတွေကို ဆန္ဒပြခဲ့ကြစဉ်။

သတင်း - ချယ်ရီ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မော်လူးမြို့နယ် #သစ်ကုန်သွယ်မှု #ဆန္ဒပြ #သစ်ကား #အုပ်ချုပ်ရေးမှူး #ပကဖ #ပလဖ

မြေလတ်အသံ page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

Breaking News ~~~~~~~~
11/03/2024

Breaking News
~~~~~~~~

06/03/2024

PDF များ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင် နေသည့်အဖွဲ့မှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဟု AA ပြောဆို

■ ရခိုင်တစ်ပြည်လုံးနှင့်အတူ မြန်မာပြည်သူများ လွတ်မြောက်ရေး လုပ် ဆောင် မည်ဖြစ်ပြီး ရခိုင်ဒေသအတွက် ကွန်ဖယ်ဒရိတ်ထက် မနိမ့်သော အဆင့် ရယူမည်

ရန်ကုန်၊ မတ် ၄

PDF များအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်နေသည့်အဖွဲ့အစည်းများမှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဖြစ်ကာ မတူညီမှုများကို ခွဲလုပ်ကာ တူညီမှုများကို ပူးတွဲလုပ်ဆောင်မည်ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် ရက္ခိုင်တပ်တော်-AA ၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို အထက်ပါအတိုင်း ခိုင်သုခက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်ကတည်းက စစ်အာဏာရှင် ဆန့်ကျင်နေသော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့ပြီး မိတ်ဆွေအဖြစ် သတ်မှတ်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသော အဖွဲ့များအားလုံးနှင့် ပူးပေါင်းရွက်ရာတွင် တူညီမှုများကို ပူးတွဲ လုပ်ဆောင်မည်ဖြစ်ပြီး မတူညီမှုများကို ခွဲခြား၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ခိုင်သုခက ဆိုသည်။

ထို့ပြင် ရက္ခိုင်တပ်တော်အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရန် အစီအစဉ် မရှိသော်လည်း တွဲ၍ နေမရပါက စဉ်းစားရမည်ဖြစ်ကြောင်း၊ ရက္ခိတလမ်းစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ရခိုင် တစ်ပြည်လုံး လွတ်မြောက်ရေး ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာပြည်သူများအားလုံး လွတ်မြောက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခိုင်သုခက ပြောဆိုသည်။

သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်မည်ဆိုခြင်းထက် ပြည်ထောင်စုထဲမှာပဲ ဆက်လက်နေမည်ဖြစ်ကာ ရခိုင်လူမျိုးတို့၏ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးရေးကို ကိုယ့်လက်နှင့်ကိုယ် ဖန်တီးဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခက ဆိုသည်။

" ကျနော်တို့က ခွဲထွက်မှာ မဟုတ်ဘူး။ ကွန်ဖန်ဒရိတ်ထက် မနိမ့်တဲ့ အဆင့်ကိုတော့ ရကိုရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်သူ့ဆီကမှ တောင်းဆိုမှာမဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင်သာ အာမခံချက်ရှိရေးကို လုပ်ဆောင်မှာဖြစ်ပါတယ်။ " ဟု ပြောသည်။

သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်ခြင်း၊ မထူထောင်ခြင်းသည် တစ်အိမ်ထဲတွင် အတူတူနေထိုင်၍ ရခြင်း၊ မရခြင်းနှင့် တိုက်ရိုက်သက်ဆိုင် အချိုးကျသည်ဟု ဦးခိုင်သုခက ဆိုသည်။

သို့သော်လည်း အတူတူနေထိုင်၍ ပြည်သူများ စိတ်မချမ်းသာဖြစ်နေရခြင်း၊ ရခိုင်ပြည်သူများ နေ့စဉ် သတ်ဖြတ်၊ ဖမ်းဆီးခံနေရခြင်း ရှိနေဦးမည်ဆိုပါက တစ်အိမ်ထဲ ဆက်လက် အတူတူနေထိုင်ရေးကို စဉ်းစားရမည်ဟု AA က ပြောသည်။

06/03/2024
ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို မိုင်းခွဲတိုက် ခိုက်~~~~
28/02/2024

ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို မိုင်းခွဲတိုက် ခိုက်
~~~~

28/02/2024

လေကြောင်း

မော်လူးမြို့မှ မိုးကောင်းမြို့သို့ လူနာပို့ရန်သွားသည့် မေတ္တာအားမာန်လူမှုကူညီရေးအသင်းဝင် နှစ်ဦး ဖမ်းဆီးခံထားရပြီး တစ်ပါတ...
28/02/2024

မော်လူးမြို့မှ မိုးကောင်းမြို့သို့ လူနာပို့ရန်သွားသည့် မေတ္တာအားမာန်လူမှုကူညီရေးအသင်းဝင် နှစ်ဦး ဖမ်းဆီးခံထားရပြီး တစ်ပါတ်ကျော်ကြာမြင့်လာသည်အထိ အဆက်အသွယ်မရသေး
~~~~~

Address

Mawlu

Website

Alerts

Be the first to know and let us send you an email when Voice Of Mawlu- VOM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share