10/02/2024
ကလေးတွေကို ကျောင်းပြင်ပ အပိုချိန်တွေမှာ ဘာတွေ ဖတ်ခိုင်းသင့်သလဲတဲ့။
စာဖတ်တဲ့ အကျင့်ဟာ မရှိမဖြစ် ဖြည့်စွက်စာပါပဲ။
ကျောင်းစာတွေ မတော်ပေမယ့် အပြင်စာပေ၊ ဗဟုသုတတွေ လိုက်စားတဲ့သူတွေ အများစုဟာ ဘဝမှာ အောင်မြင်တဲ့သူတွေ များကြတယ်။
ဘယ်လောက်ကောင်းတဲ့ကျောင်းတွေ မှာ ဘာတွေသင်သင်၊ ဘာတွေပဲတတ်တတ် တကယ့်လက်တွေ့ ဘဝတွေရဲ့ (၄၀)ရာခိုင်းမျှကိုတောင် တတ်သိဖို့ ခဲယဉ်းတယ်တဲ့။
ကျောင်းသင်ရိုးတွေဆိုတာ အပြင်မှာ ရှိနေတဲ့ အတတ်ပညာတွေရဲ့ မာတိကာ လောက်ကိုသာ ချပြနိုင်တာပါ။
ဒါကြောင့် တကယ်စာတတ်ပေတတ်၊ ပညာတတ်ကြီးတွေဖြစ်ဖို့ အပြင်စာအုပ်စာပေတွေဟာ ဂုရု ဆရာပေါင်းများစွာက သူတို့ဘဝနဲ့ယှဉ်ပြီး အသိပညာ၊ အတတ်ပညာတွေကို လက်တွေ့ အတွေ့ကြုံပေါင်းများစွာ နဲ့ ယှဉ်ထိုးပြီး ရေးထားကြလို့ စာအုပ်တစ်အုပ်တိုင်းဟာ သိပ်ကိုတန်ဘိုးကြီးမားလှတယ်။
အနည်းဆုံး တစ်လကို စာအုပ် တစ်အုပ်ကနေ သုံးလေးအုပ်ဖတ်နိုင်လေလေ ကိုယ့်ဘဝမြင့်လာဖို့ ဒေါက်(ထောက်)တိုင်တွေပါပဲ။
အထူးသဖြင့် အင်တာနေရှင်နယ် စကူးလ် ကျောင်း တွေမှာ တက်နေ တဲ့ သို့မဟုတ် အင်္ဂလိပ်စာရေးဖတ်နိုင်တဲ့ ကလေးတွေအတွက် အသက်အလိုက် ဖတ်သင့်တဲ့ စာအုပ်တွေကို အနည်းငယ်ညွှန်းပါမယ်။
အသက် (၆ နှစ်ကနေ ၉ နှစ်) အတွက်
-----
၁)
''The Magic Tree House" series by Mary Pope Osborne
ဒီစာအုပ်လေးက ကလေးတွေ အတွက် စွန့်စားခန်းလေးတွေနဲ့ သမိုင်း
ဗဟုသုတလေးတွေ ပေးစွမ်းသလို ဖတ်လို့ကောင်းစာအုပ်တွေထဲမှာပါပါတယ်။ ပုံမှန်တော့ စာအုပ်က စီးရီးအလိုက် လာတဲ့အတွက် (အတွဲ ၁၈ အုပ်)ပါလေ့ရှိပါတယ်။
၂) ''Charlotte's Web" by E.B. White
ဒီစာအုပ်လေးကတော့ ပုံပြင်လေးတွေနဲ့ သူငယ်ချင်း, မိတ်ဆွေတွေ ကြားက စာနာမှု နဲ့ ခံစားမှုတွေကို ဖေါ်ကြူးထားတာမျိုးပါ။
၃) "The Gruffalo" by Julia Donaldson
ဒီစာအုပ်လေးကတော့ ကလေးတွေ အတွက် Vocabulary Building စကားလုံး အသုံးနှုန်းတွေ တိုးပွါးကြွယ်ဝစေဖို့နဲ့ ကာရံတွေ အကြောင်းမိတ်ဆက်သိစေပါတယ်။
၄) "National Geographic Kids" Educational Series
ဒါလေးကတော့ ကလေးတွေ အတွက် သဘာဝနဲ့ ထိစပ်သိစေမှာ ဖြစ်သလို ကမ္ဘာမြေကြီးကို သူတို့အရွယ်လေးတွေအနေနဲ့ နားလည်စေဖို့ ရည်ရွယ်ပါတယ်။
အသက်(၉) နှစ်ကနေ (၁၁) နှစ်အတွင်းကတော့
၁)
"Harry Potter" series by J.K. Rowling -
ဒီစာအုပ်က ကလေးတွေအကြိုက် ကမ္ဘာကျော် သွားတဲ့ ရုပ်ရှင်စီးရီးတွေဖြစ်ခဲ့သလို၊ သူငယ်ချင်းမိတ်ဖွဲ့ခြင်း၊ စိတ်ခွန်အားပေးခြင်းနဲ့ သတ္တိမွေးခြင်း တွေအပြင် စိတ်ကူးယဉ်ဆန်ဆန် စွန့်စားခန်းတွေ နဲ့ မှော်ဆန်တဲ့ ရသတွေပါ ရောယှက်ထားတဲ့ အတွက် အရေးပါတဲ့ ဖတ်ကောင်းတဲ့ ဝတ္ထူတွေပဲ ဖြစ်ပါတယ်။ တစ်ဘက်ကကြည့်ရင်လည်း ကလေးတွေအတွက် စာဖတ်အားကောင်းစေမယ့် ဝတ္ထုတွေလည်းဖြစ်ပါတယ်။
၂)
"Percy Jackson & the Olympians" by Rick Riordan
ခေတ်သစ်လောကနဲ့ ဒဏ္ဌာရီ ရောပြွန်းထားတဲ့ စာဖတ်အားကောင်းတဲ့ကလေးတွေအတွက် အသင့်တော်ဆုံးပါ။
၃)
"Wonder" by R.J. Palacio
ဒီစာအုပ်လေးက စာနာတတ်မှု၊ သနားကြင်နာမှု တို့ကို သင်ပေးသလို၊ အနိုင်ကျင့်မှု နဲ့ ခွဲခြားဆက်ဆံခြ်ငးတို့ကို မြင်စေ၊ နားလည်စေမယ့် စာအုပ်ကောင်းပါ။
၄)
"The Chronicles of Narnia" by C.S. Lewis
လောကရဲ့ ကျင့်ဝတ်တွေနဲ့ အတွေးခေါ်ဆိုင်ရာ သင်ခန်းစာတွေကို ပေးပါတယ်။
----
အသက် ၁၂ အထက်, ဆက်ပါအုံးမယ်
ကျေးဇူးတင်ပါတယ်။
Credit