Pyin Oo Lwin Media

Pyin Oo Lwin Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyin Oo Lwin Media, Digital creator, pyin Oo lwin, Maymyo.

သေမင်းကလူကောင်းတွေရွေးခေါ်တာလားဟင်🥺
29/02/2024

သေမင်းကလူကောင်းတွေရွေးခေါ်တာလားဟင်🥺

18/02/2024

Feel ချင်ရင် ခေါင်းပဲဖီးပါလို့😄😄😆

❤️မေမြို့(သို့မဟုတ်) ပြင်ဦးလွင် ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲ ဆိုတာလေးကို ဗဟုသုတ ရစေဖို့ရန် ဝေမျှ ပေးလိုက်ပါရစေ❤️မေမြို့ (သို့...
07/02/2024

❤️မေမြို့(သို့မဟုတ်) ပြင်ဦးလွင် ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲ ဆိုတာလေးကို ဗဟုသုတ ရစေဖို့ရန် ဝေမျှ ပေးလိုက်ပါရစေ❤️

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်
----------------------------------------------
မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသောအမည်နာမများစွာ ပိုင်ဆိုင်သည့်မြို့ကလေးသည် မြန်မာနိုင်ငံသားတော်တော်များများ
ရောက်ဖူးကြသလို.......

ကမ္ဘာလှည့်ခရီးသည်များနှစ်သက်သောမြို့လည်း ဖြစ်သည်။ ပြင်ဦးလွင်ကလူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင်....

ပြင်ဦးလွင်ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာရှိနေပါသည်။ မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊စံဂျူးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်မြို့၊ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊
အလှဆုံးပန်းခြံရှိသောမြို့၊ဘော်ဒါကျောင်း၊ နွေရာသီတွင်လူတိုင်းတောင့်တ သောတောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့စသည်တို့ဖြစ်သည်။

ပြင်ဦးလွင်မည်သို့ဖြစ်ပေါ်လာပါသနည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြင်ဦးလွင်ကို (၁၈၅၀) ခုနှစ်မှာ စတည်ခဲ့တယ်လို့ အောင်မြင်ဘုံသာ မဟာဆုတောင်းပြည့်စေတီ တောင်ဘက်ခြေရင်းမှာရှိတဲ့ ပြင်ဦးလွင်သမိုင်းနဲ့ပတ်သက်တဲ့ ကျောက်စာမှာ ရေးထိုးထားခဲ့ပါတယ်...

"ပြင်ဦး၊ ပြင်ကြီး၊ ပြင်စာ" ပြင်သုံးပြင် တစ်ပြင်ကောင်းစားမယ်လို့ ရှေးတုန်းက တဘောင်ပေါ်ခဲ့ဖူးပါတယ်.. အဲဒီတဘောင်အရ ရှမ်းနဲ့ ဓနုတိုင်းရင်းသားတွေ နေခဲ့ကြတဲ့ ရွာကလေးဟာ ပြင်ဦးလွင်ဆိုပြီး ကောင်းစားနေပါပြီ..

အင်္ဂလိပ်တွေက အထက်မြန်မာပြည်ကို မသိမ်းခင်ကတည်းက သူတို့ဘုရင်ခံနဲ့ ဥရောပတိုက်သားတွေ အပန်းဖြေအနားယူဖို့နဲ့ ပူပြင်းတဲ့ မတ်၊ ဧပြီ၊ မေ၊ ဇွန် လေးလမှာ အစိုးရရုံးစိုက်ဖို့ နွေရာသီတောင်စခန်းမြို့ကို ရှာဖွေခဲ့ပြီး..
ပင်လယ်ရေမျက်နှာပြင်အထက် ပေ၄၀၀၀ ရှိတဲ့ သံတောင်မြို့ကို ၁၈၈၂ ခုနှစ်မှာ စမ်းသပ်ခဲ့ပေမယ့် ၁၈၈၅ မှာ စွန့်လွှတ်ခဲ့ပါတယ်...

အထက်မြန်မာပြည်ကို သိမ်းပြီး ၁၈၉၅ မှာ မြို့ဟောင်းဘူတာမှ ပြင်ဦးလွင်အထိ မီးရထားလမ်းဖောက်ရာကနေ တောင်စခန်းမြို့တည်ဖို့ မျက်စိကျခဲ့ပါတယ်..

1850 ခုနှစ်တွင်မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့်ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟုခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက် ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည်ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့တောင်စခန်းမြို့တည်ရန် အကြံပြုသည်။ ဝန်ရွှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက်မြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက် သည်။ 1896 တွင်ဗိုလ်မှူးကြီး May သည်မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေးဖိတ်ခဲ့ သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင် သူဖြစ်သဖြင့် မေမြို့ဟုခေါ်ဆိုရန်အကြံပြုခဲ့ရာမှ မေမြို့ဟုအမည်တွင်သွားခဲ့သည်။ ထိုအချိန်၌ရွာတွင် အိမ်ခြေ-(23)အိမ်သာရှိခဲ့သည်။
အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများ ကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍အလှဆင် ကြသည်။ လမ်းများဖောက်လုပ်ပြီးချိန်လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည်ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။ ယခုစျေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။ မြိုတွင်းသယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့်မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှလန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီးပင်ပန်းကြသဖြင့် ရန်ကုန်သို့ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာစီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များပြန်ကုန် သဖြင့် နဂိုသတ်မှတ်ချက်ကြောင့် စီးမည့်သူမရှိသဖြင့် ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။
ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီးဂေါက်ကွင်းငယ် အပြင်1902တွင် အိမ်ပတ်ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။ Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300)ကျော်ကို ယူလာပြီး မေမြို့တွင်စိုက်ပျိုး ရာမှ ပန်းမြို့တော်ကိုအစပျိုးခဲ့သူ ဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ ရှမ်းပြည်ထွက်ကုန်နှင့် မန္တလေးမှ ရေထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှုမြန်လာကာ ၅ ရက်တစ်စျေးမှာ ပိုမိုစီကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည်ယခုမြို့လည် နေရာတွင်အခြေချပြီး ဘုန်းကြီးကျောင်း ၊ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများဆောက်လုပ်ကြသည်။ နိုင်ငံခြားသာသနာပြုနှင့်နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert's Missionary School, St.Joseph Convent School, American Baptist Girl School များပေါ်ထွက်လာခဲ့သည်။
ဒေသ၏အဓိကထွက်ကုန်များမှာ ပန်း၊ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို ၊ယို တို့ဖြစ်သည်။ အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်း သည်။ တရုတ်က စားသောက်ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ် လော့ဒ်ကလစ်ခ်ျ ကမန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ပြောင်းရွှေ့ သည်။စစ်တပ်ဦးရေသည်မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေပြန်ခွဲသည်။ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းကရှိခဲ့သည်။ သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့တည်ခဲ့သော ဂေါက်ကွင်းသည် (18)ကြွင်းနှင့် ဧက (500)ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ် ခါနီးဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင်သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှပုဏ္ဏားများပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။
အင်္ဂလိပ်တို့သည်အင်္ဂလန်တွင်မွေးဖွားသူကိုသာ အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများမီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန် ကြရသည်။နောင်မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီးနိုင်ငံခြား ဆရာဝန်နှင့် Nurse များထားရှိပေးသဖြင့် မေမြို့မှာမွေးလျှင် အထက်တန်းလွှာ တွင်းထည့်ပေးလိုက်သည်။
Botanical Garden ကိုဧက (240) ပေါ်တွင် Sir Alex Roger မှဆောက်လုပ်ပေးခဲ့သည် ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကိုတူးဖော်ပေးခဲ့သည်။ ထိုအချိန်ဘုရာခံ ၏အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟုခေါ်သည်။ 1917မှစတင်တူးဖော်ရာ 1920တွင်ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကမ္ဗည်းကျောက်တိုင်ရေးထိုးထား သည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှဆောက် လုပ်ပေးခဲ့သည်။
မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကိုကို နိုင်ငံခြားသားများ တကူးတကဓာတ်ပုံရိုက် နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83)ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ငွေရတု နန်းတက်သောအထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ်သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများအခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်းတစ်ကြိမ် တီးခတ်သည်။ ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟုခေါ်ခဲ့သည်။ 1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင်အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။

#ပြင်ဦးလွင်မြို့

07/02/2024

ချစ်သူများနေ့ဆိုရမဲ့သီချင်း

အကယ်ဒမီဆုရရှင်များ❤️
04/02/2024

အကယ်ဒမီဆုရရှင်များ❤️

01/02/2024

သင်မသိသေးသောကျားဖြန့်ဂိုဏ်းအကြောင်း
အပိုင်း(၁)
#ကျားဖြန့်ဂိုဏ်း

မူကထ😆😆😆 #မူကထ
01/02/2024

မူကထ😆😆😆
#မူကထ

01/02/2024

ငါ့မျှော်လင့်ချက်တွေဟိုးအဝေးမျှောလွင့်သွား💔

မန်းနီးမန်းနီး ကမ်းတူးမီ😆
01/02/2024

မန်းနီးမန်းနီး ကမ်းတူးမီ😆

31/01/2024

အခွီလေးတစ်ပုဒ်လာပြီ😆

Address

Pyin Oo Lwin
Maymyo
2589

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Pyin Oo Lwin Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyin Oo Lwin Media:

Share