KO NYAN LIN - Computer & Mobile Service's Support

KO NYAN LIN - Computer & Mobile Service's Support Contect 09 774355760 , 09 256362699

Hello Bro တို့ Laptop တလုံး ပိုလို့ရောင်းဦးမယ်ဗျာ ...Hp Elitbook 840 G6>>> i5 ( 8th ). Ram 8Gb. 256M2. Battery Normal
20/07/2025

Hello Bro တို့ Laptop တလုံး ပိုလို့ရောင်းဦးမယ်ဗျာ ...

Hp Elitbook 840 G6

>>> i5 ( 8th ). Ram 8Gb. 256M2. Battery Normal

🎸 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐞𝐭𝐚𝐥 𝐀𝐜𝐚𝐝𝐞𝐦𝐲 – 𝐌𝐞𝐭𝐚𝐥 𝐆𝐮𝐢𝐭𝐚𝐫 ကို တကယ်တော်အောင် သင်ချင်သူတွေအတွက်!𝐫𝐡𝐲𝐭𝐡𝐦 နဲ့ 𝐝𝐨𝐰𝐧𝐩𝐢𝐜𝐤𝐢𝐧𝐠 အထူးပြု 𝐌𝐚𝐬𝐭𝐞𝐫𝐜𝐥𝐚𝐬𝐬 တွေ...
14/07/2025

🎸 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐞𝐭𝐚𝐥 𝐀𝐜𝐚𝐝𝐞𝐦𝐲 – 𝐌𝐞𝐭𝐚𝐥 𝐆𝐮𝐢𝐭𝐚𝐫 ကို တကယ်တော်အောင် သင်ချင်သူတွေအတွက်!

𝐫𝐡𝐲𝐭𝐡𝐦 နဲ့ 𝐝𝐨𝐰𝐧𝐩𝐢𝐜𝐤𝐢𝐧𝐠 အထူးပြု 𝐌𝐚𝐬𝐭𝐞𝐫𝐜𝐥𝐚𝐬𝐬 တွေကို တစ်နေရာတည်းမှာ သင်ကြားလို့ရတဲ့ 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐞𝐭𝐚𝐥 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှာ...

🔥 𝐌𝐨𝐧𝐮𝐦𝐞𝐧𝐭𝐬 ဂီတအဖွဲ့က 𝐆𝐮𝐢𝐭𝐚𝐫𝐢𝐬𝐭 𝐉𝐨𝐡𝐧 𝐁𝐫𝐨𝐰𝐧𝐞 ကိုယ်တိုင်က သင်ကြားပေးတာမို့ 𝐐𝐮𝐚𝐥𝐢𝐭𝐲 အပြည့်ရှိပါတယ်။

✅ 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞𝐝 𝐋𝐞𝐬𝐬𝐨𝐧𝐬
𝐌𝐞𝐭𝐚𝐥 𝐫𝐡𝐲𝐭𝐡𝐦 𝐠𝐮𝐢𝐭𝐚𝐫, 𝐚𝐜𝐜𝐮𝐫𝐚𝐜𝐲, 𝐬𝐩𝐞𝐞𝐝, 𝐭𝐨𝐧𝐞 ကို အဆင့်လိုက် သင်ကြားနိုင်မယ့် 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐏𝐚𝐭𝐡𝐰𝐚𝐲!

✅ 𝐃𝐚𝐢𝐥𝐲 𝐆𝐮𝐢𝐭𝐚𝐫 𝐇𝐚𝐜𝐤𝐬
နေ့စဉ်လေ့ကျင့်မှုနဲ့ တိုးတက်မှုတွေ ရှိလာမှာအမှန်ပါ။

✅ 𝐖𝐞𝐞𝐤𝐥𝐲 & 𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐄𝐯𝐞𝐧𝐭𝐬 –
🎵 𝗪𝗲𝗲𝗸𝗹𝘆 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀
🎸 𝗕𝗮𝘁𝘁𝗹𝗲 𝗼𝗳 𝘁𝗵𝗲 𝗥𝗶𝗳𝗳𝘀 𝗖𝗼𝗻𝘁𝗲𝘀𝘁

✅ 𝐋𝐢𝐯𝐞𝐬𝐭𝐫𝐞𝐚𝐦𝐬 & 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐀𝐜𝐜𝐞𝐬𝐬
တခြား 𝐌𝐞𝐦𝐛𝐞𝐫 တွေနဲ့ တွဲပြီး စကားပြောလို့ရတဲ့ 𝐕𝐢𝐛𝐞 ကလည်း 𝐦𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 ပေးပါတယ်။

🛠️ 𝐒𝐩𝐨𝐧𝐬𝐨𝐫𝐞𝐝 𝐛𝐲:
𝗦𝗰𝗵𝗲𝗰𝘁𝗲𝗿 𝗚𝘂𝗶𝘁𝗮𝗿𝘀❟ 𝗔𝗻𝘁𝗲𝗹𝗼𝗽𝗲 𝗔𝘂𝗱𝗶𝗼❟ 𝗠𝗟 𝗦𝗼𝘂𝗻𝗱 𝗟𝗮𝗯…
𝗜𝗥 𝗽𝗮𝗰𝗸𝘀❟ 𝘁𝗼𝗻𝗲𝘀❟ 𝗿𝗲𝘀𝗼𝘂𝗿𝗰𝗲𝘀 တွေလည်း အပြည့်အဝ ရနိုင်တယ်။

💬 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤:
“𝑻𝒉𝒊𝒔 𝒑𝒓𝒐𝒈𝒓𝒂𝒎 𝒉𝒆𝒍𝒑𝒆𝒅 𝒎𝒆 𝒂 𝒍𝒐𝒕 𝒂𝒏𝒅 𝒉𝒂𝒔 𝒃𝒆𝒆𝒏 𝒎𝒚 𝒃𝒆𝒔𝒕 𝒓𝒆𝒕𝒖𝒓𝒏 𝒐𝒏 𝒊𝒏𝒗𝒆𝒔𝒕𝒎𝒆𝒏𝒕.”
“𝑰𝒇 𝒚𝒐𝒖 𝒘𝒂𝒏𝒕 𝒕𝒐 𝒎𝒂𝒔𝒕𝒆𝒓 𝒎𝒐𝒅𝒆𝒓𝒏 𝒎𝒆𝒕𝒂𝒍, 𝒕𝒉𝒊𝒔 𝒊𝒔 𝒊𝒕.”

👨‍🎓 သင်လည်း 𝐦𝐞𝐭𝐚𝐥 𝐠𝐮𝐢𝐭𝐚𝐫 ကို 𝐬𝐞𝐫𝐢𝐨𝐮𝐬𝐥𝐲 သင်ချင်တယ်ဆိုရင် 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐞𝐭𝐚𝐥 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှာလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်

👉 အသေးစိတ်ကြည့်ရန်:

https://app.modernmetalacademy.com/landing

အကောင်းဆုံးသင်ကြားမှုတွေ၊ အကောင်းဆုံး 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲, နောက်ထပ် တိုးတက်မှုအတွက် အမြဲ 𝐔𝐩𝐝𝐚𝐭𝐞 ဖြစ်နေတဲ့ သင်တန်း 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 လေးတစ်ခုပါ။

𝐋𝐞𝐭’𝐬 𝐬𝐡𝐫𝐞𝐝 𝐥𝐢𝐤𝐞 𝐚 𝐩𝐫𝐨 🤘🎶

𝐌𝐨𝐯𝐢𝐞 𝐏𝐨𝐬𝐭𝐞𝐫 𝐏𝐫𝐢𝐧𝐭ဒီနေ့တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဖြစ်ချင်တဲ့ 𝐏𝐥𝐚𝐧 လေးကို လုပ်ပေးနိုင်ခဲ့ပြီမြန်မာစာတန်းဖိုး 𝐌𝐨𝐯𝐢𝐞 တွေက...
13/07/2025

𝐌𝐨𝐯𝐢𝐞 𝐏𝐨𝐬𝐭𝐞𝐫 𝐏𝐫𝐢𝐧𝐭

ဒီနေ့တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဖြစ်ချင်တဲ့ 𝐏𝐥𝐚𝐧 လေးကို လုပ်ပေးနိုင်ခဲ့ပြီ

မြန်မာစာတန်းဖိုး 𝐌𝐨𝐯𝐢𝐞 တွေကို ဆိုင်မှာထားရောင်းတာပဲဖြစ်ဖြစ်၊ နယ် ဆိုင်တွေတွက်စီစဉ်ပေးတာမျိုး ဖြစ်ဖြစ် ရှိလာခဲ့ရင် 𝐌𝐨𝐯𝐢𝐞 𝐀𝐥𝐛𝐮𝐦 ကတော့ သေချာပေါက်ကိုလုပ်ပေးရတယ်

အခြား ဆိုင်တွေက ဘယ်လိုစီစဉ်လဲမသိပေမယ့် ကျွန်တော်တော့ တချိန်က 𝐏𝐡𝐨𝐭𝐨𝐬𝐡𝐨𝐩 ကိုပဲသုံးခဲ့ရတယ်၊

𝐏𝐡𝐨𝐭𝐨𝐬𝐡𝐨𝐩 နဲ့ 𝐌𝐨𝐯𝐢𝐞 𝐀𝐥𝐛𝐮𝐦 စီရတာ စိတ်တိုင်းကျပေမယ့် ထင်သလောက်တော့မြန်မနေခဲ့ဘူး အလုပ်များပြီး နံပါတ်စဉ်တွေမှားခဲ့လို ပစ်ခဲ့ရတဲ့ 𝐏𝐚𝐩𝐞𝐫 တွေလဲ အများကြီးပဲရှိခဲ့သေးတယ်

ဒါတွေကြောင့် အဲ့ချိန်ကတည်းက ဒီ 𝐢𝐝𝐞𝐚 လေးကိုရှိထားခဲ့တာဖြစ်ပါတယ်,

𝐋𝐚𝐲𝐨𝐮𝐭 ကတော့ ရိုးရှင်းပါတယ်

𝐀𝟒 𝐒𝐢𝐳𝐞 တွက် 𝐌𝐨𝐯𝐢𝐞 𝐏𝐡𝐨𝐭𝐨 𝟗 𝐏𝐡𝐨𝐭𝐨 ဆွဲထားပြီး ကိုယ့်ရဲ့ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 , 𝐏𝐡𝐨𝐧𝐞 , ထဲကနေ 𝐢𝐦𝐩𝐨𝐫𝐭 လုပ်လိုက်ရင်ရပါပီ

𝟗 𝐏𝐡𝐨𝐭𝐨 လုံး တပြိုင်ထဲ 𝐢𝐦𝐩𝐨𝐫𝐭 လုပ်နိုင်သလို စိတ်ကြိုက် တပုံစီထောက်ပီး 𝐢𝐦𝐩𝐨𝐫𝐭 လဲ လုပ်နိုင်ပါတယ်
နံပါတ်စဉ်ကိုလဲ ထိတ်ဆုံး ပုံမှာ စိတ်ကြိုက်နံပါတ် ထည့်လိုက်တာနဲ့ 𝐀𝐮𝐭𝐨 𝐅𝐢𝐱 ပြောင်းပေးသွားမှာဖြစ်လို့ မှား ရေးမိမှာ မစိုးရိမ်ရပါဘူး

𝐏𝐚𝐠𝐞 ထိတ်မှာ - “ မြန်မာစာတန်းထိုး 𝟒𝐊 𝐌𝐨𝐯𝐢𝐞 …. “ ရေးဖို့ တွက်ထည့်ပေးသလို့ အောက်မှာလဲ “ 𝐊𝐎 𝐍𝐘𝐀𝐍 𝐋𝐈𝐍𝐍 - 𝐂𝐎𝐌𝐏𝐔𝐓𝐄𝐑 𝐌𝐎𝐁𝐈𝐋𝐄 𝐒𝐄𝐑𝐕𝐈𝐂𝐄 … “ စသည်ဖြင့် ဆိုင်နာမည်ထည့်ပေးနိုင်ပါတယ်

𝐍𝐞𝐰 𝐏𝐚𝐠𝐞 ကိုလဲကြိုက်သလောက် ထုပ်ပြီး မလိုတော့ရင်လဲ 𝐑𝐞𝐦𝐨𝐯𝐞 လုပ်ဖို့ ထည့်ပေးထားပါတယ်
စိတ်ကြိုက်ပြင်ဆင်ပြီးရင် 𝐞𝐱𝐩𝐨𝐫𝐭 လုပ်ပြီး 𝐋𝐨𝐜𝐚𝐥 မှာ 𝐏𝐝𝐟 𝐅𝐢𝐥𝐞 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ဆွဲသွားမယ် အတာကို ဖွင့်ပြီး 𝐏𝐫𝐢𝐧𝐭 ထုပ်လိုက်ရင်ရပါပီ

𝐏𝐫𝐨𝐜𝐞𝐬𝐬 တွေက အရမ်းမြန်ပါတယ် 𝟏 𝐂𝐥𝐢𝐜𝐤 နီးပါ ပဲဖြစ်ပါတယ်. မှားလုပ်မိတာရှိရင်လဲ 𝐄𝐫𝐫𝐨𝐫 𝐀𝐥𝐚𝐫𝐦 တွေထည့်ပေးထားပါတယ်.

လက်ရှိ 𝐖𝐞𝐛𝐏𝐚𝐠𝐞 ကို 𝐕𝟏.𝟎 သတ်မှတ်ပေးထားပြီး၊ 𝐒𝐮𝐧𝐝𝐚𝐲 တိုင်း 𝐔𝐩𝐝𝐚𝐭𝐞 လုပ်ပေးပါမယ်, 𝐍𝐞𝐱𝐭 𝐔𝐩𝐝𝐚𝐭𝐞 တွက်လဲ 𝐑𝐞𝐚𝐝𝐲 ဖြစ်နေပါပြီဗျာ

လေ့လာပေးပါဦး, စိတ်ကူး 𝐢𝐝𝐞𝐚 လေးတွေရှိရင်လဲ 𝐩𝐨𝐬𝐭 အောင်မှာ 𝐜𝐦𝐭 လေးနဲ့မျှဝေပေးလို့ ရပါတယ်.

𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐔𝐬𝐞𝐫 တွေတွက် တကယ်ကို အသုံးဝင်စေတဲ့ 𝐖𝐞𝐛𝐏𝐚𝐠𝐞 လေး တခု ဖြစ်လို့ 𝐒𝐡𝐚𝐫𝐞 ပေးဖို့လဲ မေတ္တာရပ်ခံပါတယ်.

𝐂𝐨𝐩𝐲𝐫𝐢𝐠𝐡𝐭 𝐏𝐨𝐥𝐢𝐜𝐲 တွေကို စိုးရိမ်လို့ 𝐍𝐞𝐱𝐭 𝐔𝐩𝐝𝐚𝐭𝐞 အကြောင်းရာလေးတွေကို ဒီ 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐏𝐚𝐠𝐞 မှာ ထပ်တင်သွားပါ့မယ်

𝐖𝐞𝐛𝐬𝐢𝐭𝐞 - https://36cu.site/mvprintout/

𝐔𝐩𝐝𝐚𝐭𝐞 𝐍𝐞𝐰 𝐏𝐚𝐠𝐞 - KO NYAN LINN - KNL Computer & Mobile Service

Content Copyright Policy ကြောင့် Update Rule နဲ့ ပက်သက်တာကို ကျနော် Telegram Channels မှာပဲ တင်ထားလိုက်ပါတယ် ...အနည်းဆုံ...
22/06/2025

Content Copyright Policy ကြောင့် Update Rule နဲ့ ပက်သက်တာကို ကျနော် Telegram Channels မှာပဲ တင်ထားလိုက်ပါတယ် ...

အနည်းဆုံးတော့ ခုခေတ်မှာ user တိုင်းက Telegram သုံးပြု နေကြပြီ ဖြစ်လို့ Telegram Join ပေးထားပါဦး Update Rule & Policy လေးတွေလဲ လေ့လာပြီး လိုအပ်တာလေးတွေ ဝိုင်းကူညီ အကြံပေးကြပါဦး

Telegram Channels - https://t.me/knlmobileservice

Update Rule - https://t.me/knlmobileservice/126

Post link - https://t.me/knlmobileservice/127

ကျွန်တော်တို့မှပဲ ပြဿနာဆိုတာရှိတာမဟုတ်ပါဘူး Apple မှာလဲ ပြဿနာတွေနဲ့ပါ … ဟုတ်ပါတယ်၊ Apple နဲ့ Qualcomm အကြားမှာ ကမ္ဘာတစ်ဝ...
09/06/2025

ကျွန်တော်တို့မှပဲ ပြဿနာဆိုတာရှိတာမဟုတ်ပါဘူး Apple မှာလဲ ပြဿနာတွေနဲ့ပါ …

ဟုတ်ပါတယ်၊ Apple နဲ့ Qualcomm အကြားမှာ ကမ္ဘာတစ်ဝန်းကို လှုပ်ခတ်စေခဲ့တဲ့ ကြီးမားတဲ့ ဥပဒေရေးရာ အငြင်းပွားမှုတွေ အများအပြား ရှိခဲ့ပါတယ်။

ဒီပြဿနာဟာ နည်းပညာ၊ ငွေကြေး နဲ့ ဈေးကွက် လက်ဝါးကြီးအုပ်မှုတို့နဲ့ ပတ်သက်နေတဲ့ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။

ပြဿနာရဲ့ အဓိက အရင်းအမြစ်ကတော့ မူပိုင်ခွင့်နှင့် လိုင်စင်ကြေးကိစ္စပါ
—---------------------------------------------------

ပြဿနာရဲ့အဓိက အချက်ကတော့ Qualcomm ရဲ့ စီးပွားရေးပုံစံ (Business Model) ဖြစ်ပါတယ်။

Qualcomm ဟာ မိုဘိုင်းဖုန်းတွေအတွက် အခြေခံအကျဆုံး ဆက်သွယ်ရေးနည်းပညာတွေ (ဥပမာ - 3G, 4G, 5G) ကို တီထွင်ပြီး မူပိုင်ခွင့် (Patents) အများအပြားကို ပိုင်ဆိုင်ထားပါတယ်။

ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်း (Apple အပါအဝင်) ဟာ သူတို့ရဲ့ နည်းပညာကို သုံးစွဲချင်တယ်ဆိုရင် Qualcomm ကို လိုင်စင်ကြေး (Licensing Fee) ပေးဆောင်ရပါတယ်။

ပြဿနာဖြစ်စေတဲ့ အချက်ကတော့ Qualcomm က လိုင်စင်ကြေးကို သူတို့ရောင်းတဲ့ မိုဒမ်ချစ်ပ် (Modem Chip) တစ်ခုရဲ့ တန်ဖိုးပေါ်မှာ တွက်ချက်တာမဟုတ်ဘဲ၊ iPhone တစ်လုံးရဲ့ ရောင်းဈေး အပေါ်မှာ ရာခိုင်နှုန်းနဲ့ တောင်းခံခဲ့တာဖြစ်ပါတယ်။

Apple က သူတို့ရဲ့ iPhone မှာ Qualcomm ရဲ့ ချစ်ပ်တစ်ခုတည်းသာ ပါဝင်တာ မဟုတ်ဘဲ၊ Apple ကိုယ်တိုင် တီထွင်ထားတဲ့ A-series Chip၊ ကင်မရာ၊ ဒီဇိုင်း၊ software စတာတွေ အများကြီးပါဝင်တယ်။

ဒါကြောင့် iPhone တစ်လုံးလုံးရဲ့ တန်ဖိုးအပေါ်မှာ ရာခိုင်နှုန်းနဲ့ လိုင်စင်ကြေးပေးရတာဟာ လုံးဝမတရားဘူးလို့ Apple က ဆိုပါတယ်။

Qualcomm ဟာ ဈေးကွက်ထဲမှာ ပြိုင်ဘက်နည်းပါးတဲ့ သူတို့ရဲ့ အခြေအနေကို အလွဲသုံးစားလုပ်ပြီး ဖုန်းကုမ္ပဏီတွေကို မတရားတဲ့ စည်းကမ်းချက်တွေနဲ့ ဖိအားပေးနေတယ်လို့ Apple က စွပ်စွဲခဲ့ပါတယ်။

Qualcomm ရဲ့ လိုင်စင်သဘောတူညီချက်ကို လက်မှတ်မထိုးရင် သူတို့ဆီက မိုဒမ်ချစ်ပ်တွေကို ရောင်းချပေးမှာ မဟုတ်ဘူးဆိုတဲ့ ပေါ်လစီကို Apple က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

Qualcomm က သူတို့ရဲ့ တီထွင်ထားတဲ့ မူပိုင်ခွင့်တွေဟာ စမတ်ဖုန်းတစ်လုံး ဖြစ်ပေါ်လာဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး နည်းပညာတွေ ဖြစ်တယ်။

ဒါကြောင့် ဒီနည်းပညာရဲ့ တန်ဖိုးကို အသိအမှတ်ပြုပြီး လိုင်စင်ကြေးပေးရမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Apple ဟာ သူတို့ရဲ့ မူပိုင်ခွင့်တွေကို သုံးစွဲပြီး လိုင်စင်ကြေး အပြည့်အဝ မပေးချင်တာကြောင့် ပြဿနာရှာတာဖြစ်တယ်လို့ Qualcomm က ပြန်လည်စွပ်စွဲပြီး Apple ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားပြန်စွဲခဲ့ပါတယ်။

2017 မှာ Apple က Qualcomm ကို အမေရိကန်မှာ စတင်တရားစွဲဆိုခဲ့ပြီး ဒီပြဿနာဟာ ကမ္ဘာအနှံ့က တရားရုံးတွေဆီကို ပျံ့နှံ့သွားခဲ့ပါတယ်။

Qualcomm နဲ့ ပြဿနာတက်နေချိန်မှာ Apple ဟာ iPhone မော်ဒယ်တချို့ (iPhone XS, 11) မှာ Qualcomm modem တွေအစား Intel က ထုတ်လုပ်တဲ့ modem တွေကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

ဂျာမနီ၊ တရုတ် အပါအဝင် နိုင်ငံအများအပြားမှာ တစ်ဖက်နဲ့တစ်ဖက် တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အချို့နိုင်ငံတွေမှာ iPhone မော်ဒယ်အချို့ကို ရောင်းချခွင့် ပိတ်ပင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

2019 5G ခေတ်ကို ရောက်ရှိလာချိန်မှာ Apple အတွက် 5G modem အရေးတကြီး လိုအပ်လာပါတယ်။

အဲ့ဒီအချိန်မှာ Intel ဟာ 5G modem ကို အချိန်မီ မထုတ်လုပ်နိုင်ခဲ့ပါဘူး။

Apple ဟာ 5G iPhone ထုတ်လုပ်ဖို့အတွက် Qualcomm ရဲ့ modem တွေကို မသုံးမဖြစ် ပြန်လည်လိုအပ်လာတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ နှစ်ဦးနှစ်ဖက်လုံးက အံ့အားသင့်ဖွယ် ပြေလည်မှုရယူကာ တရားစွဲဆိုမှုအားလုံးကို ရုပ်သိမ်းဖို့ သဘောတူခဲ့ကြပါတယ်။

Apple C1 Chip

ဒီပြဿနာကြီးတစ်ခုလုံးက Apple အတွက် သင်ခန်းစာကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုအတွက် ပြင်ပကုမ္ပဏီတစ်ခု (အထူးသဖြင့် ပြိုင်ဘက်တစ်ဦး) အပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရခြင်းရဲ့ အားနည်းချက်ကို Apple က ကောင်းကောင်း သဘောပေါက်သွားခဲ့ပါတယ်။

ဒါကြောင့် ဒီပြဿနာဟာ Apple ကိုယ်တိုင် ကိုယ်ပိုင် 5G modem chip (Apple C1 Chip) ကို အရှိန်မြှင့် တီထွင်ထုတ်လုပ်ဖို့အတွက် အဓိက တွန်းအားဖြစ်စေခဲ့ပါတယ်။

C1 Chip ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်းဟာ Qualcomm အပေါ် မှီခိုမှုကို အပြီးတိုင် အဆုံးသတ်နိုင်ဖို့အတွက် Apple ရဲ့ အရေးအကြီးဆုံး ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

Apple C1 Chip သည် Apple ကုမ္ပဏီမှ ကိုယ်တိုင်ဒီဇိုင်းထုတ်လုပ်ထားသော ပထမဆုံး 5G cellular modem chip ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိတ်ဆက်ခဲ့သော iPhone 16e တွင် ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုခဲ့သည်။

Apple C1 Chip သည် Apple ၏ Qualcomm ကဲ့သို့သော ပြင်ပ chip ထုတ်လုပ်သူများအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ၎င်း၏ ထုတ်ကုန်များအတွက် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

C1 Chip သည် 5G ကွန်ရက်ကို Support ပေးနိုင်သော်လည် လက်ရှိတွင် sub-6 GHz လှိုင်းနှုန်းစဉ်ကိုသာ အဓိကထား အလုပ်လုပ်သည်။

Qualcomm ၏ modem chip အများစုတွင် ပါဝင်သော ပိုမိုမြန်ဆန်သည့် millimeter wave (mmWave) 5G နည်းပညာကိုမူ လက်ရှိတွင် မထောက်ပံ့သေးပေ။

Apple ၏ အဆိုအရ C1 Chip သည် iPhone များတွင် အသုံးပြုခဲ့ဖူးသမျှ modem chip များထဲတွင် စွမ်းအင်သုံးစွဲမှု အသက်သာဆုံးဖြစ်သည်။

ဒီအချက်က iPhone 16e ၏ ဘက်ထရီသက်တမ်းကို သိသိသာသာ တိုးတက်ကောင်းမွန်စေသည်။

C1 Chip ကို iPhone 16e တွင် ပါဝင်သော A18 processor chip နှင့် အကောင်းဆုံး တွဲဖက်အလုပ်လုပ်နိုင်ရန် အထူးဒီဇိုင်းထုတ်ထားသည်။

ဒီလို ပေါင်းစပ်ထားခြင်းဖြင့် ဒေတာလွှဲပြောင်းမှုများကို ပိုမိုလျင်မြန်စေပြီး စွမ်းအင်သုံးစွဲမှုကိုလည်း ပိုမိုသက်သာစေသည်။

C1 Chip တွင် GPS စနစ်နှင့် ဂြိုဟ်တုဆက်သွယ်ရေးစနစ် (Satellite Connectivity) တို့လည်း ပါဝင်သည်။

ဒီအချကက် ဆယ်လူလာကွန်ရက် မရရှိနိုင်သော နေရာများတွင် အရေးပေါ်အခြေအနေများအတွက် အထောက်အကူပြုနိုင်သည်။

Apple C1 Chip ၏ baseband modem ကို 4-nanometer (4nm) နည်းပညာဖြင့် ထုတ်လုပ်ထားပြီး transceiver ကိုမူ 7-nanometer (7nm) နည်းပညာဖြင့် ပြုလုပ်ထားသည်။

ခေတ်မီထုတ်လုပ်မှု နည်းပညာများက chip ၏ စွမ်းဆောင်ရည်နှင့် စွမ်းအင်သုံးစွဲမှုကို ပိုမိုကောင်းမွန်စေသည်။

Apple C1 Chip ကို မိတ်ဆက်ခြင်းသည် Apple အတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး Qualcomm အပေါ် မှီခိုမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် C1 Chip ၏ ကွန်ရက်အမြန်နှုန်းသည် Qualcomm ၏ modem chip များနှင့် နှိုင်းယှဉ်ပါက အချို့သောနေရာများတွင် အနည်းငယ်နိမ့်ကျနေဆဲဖြစ်ကြောင်း သုံးသပ်မှုအချို့ရှိနေသည်။

သို့သော် စွမ်းအင်သုံးစွဲမှုအပိုင်းတွင်မူ C1 Chip က သိသိသာသာ သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

Apple အနေဖြင့် C1 Chip ကို iPhone 16e တွင်သာမက နောင်ထွက်ရှိမည့် iPhone မော်ဒယ်များနှင့် အခြား Apple ထုတ်ကုန်များတွင်လည်း တဖြည်းဖြည်း တိုးချဲ့အသုံးပြုသွားရန် အစီအစဉ်ရှိပါသည်။

ဒီ chip သည် Apple ၏ ကိုယ်ပိုင် hardware စနစ်ကို ပိုမိုပြည့်စုံခိုင်မာလာစေမည့် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

Midjourney https://www.midjourney.com ဆိုတာ သင့်ရဲ့ စိတ်ကူးတွေကို လက်တွေ့ဆန်ဆန် ပုံရိပ်တွေအဖြစ် ဖန်တီးပေးနိုင်တဲ့ AI အနု...
08/06/2025

Midjourney https://www.midjourney.com ဆိုတာ သင့်ရဲ့ စိတ်ကူးတွေကို လက်တွေ့ဆန်ဆန် ပုံရိပ်တွေအဖြစ် ဖန်တီးပေးနိုင်တဲ့ AI အနုပညာရှင် တစ်ဦးပါပဲ။

စာသားအနည်းငယ် ရိုက်ထည့်လိုက်ရုံနဲ့ အံ့သြစရာကောင်းတဲ့ ရုပ်ပုံတွေကို မြန်မြန်ဆန်ဆန် ဖန်တီးပေးနိုင်တဲ့ text-to-image AI generator ထဲက ထိပ်တန်းဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Midjourney က ဘာတွေလုပ်ပေးနိုင်လဲ

သင်ဘာမြင်ချင်တယ်ဆိုတာကို စာသား (prompts) နဲ့ ဖော်ပြလိုက်ရုံပါပဲ။ ဥပမာ - "နတ်သမီးတောအုပ်ထဲက တောက်ပနေတဲ့ မြစ်" လို့ ရေးလိုက်တာနဲ့ Midjourney က သင့်အတွက် အနုပညာမြောက်တဲ့ ပုံရိပ်တွေကို ဖန်တီးပေးပါလိမ့်မယ်။

Midjourney ရဲ့ အားသာချက်က ပုံရိပ်တွေရဲ့ အရည်အသွေးပါပဲ။

ဓာတ်ပုံနဲ့တူတဲ့ (photorealistic) ပုံစံကနေ အနုပညာဆန်ဆန် (artistic) ပုံစံအထိ အမျိုးမျိုး ဖန်တီးနိုင်ပါတယ်။

အသေးစိတ်ကျပြီး လှပတဲ့ ပုံရိပ်တွေကို ထုတ်လုပ်ပေးပါတယ်။

ပုံစံ၊ အရောင်၊ အလင်း၊ အချိုးအစား စတဲ့ အသေးစိတ်တွေကို သင်ကိုယ်တိုင် ချိန်ညှိနိုင်တဲ့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

ဒါကြောင့် သင့်စိတ်ကြိုက်ပုံစံအတိုင်း ရရှိနိုင်မှာပါ။

စက္ကန့်ပိုင်းအတွင်းမှာပဲ ပုံရိပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။

ပုံရွေးချယ်စရာ (၄) မျိုးအထိ ထုတ်ပေးတာကြောင့် အကောင်းဆုံးပုံကို ရွေးချယ်နိုင်ပါတယ်။

အစပိုင်းမှာ Discord ကနေတစ်ဆင့် အသုံးပြုရပေမယ့်၊ အခုဆိုရင် Midjourney ရဲ့ ကိုယ်ပိုင် Website (midjourney.com) ကနေ တိုက်ရိုက်ဝင်ရောက် ဖန်တီးနိုင်ပါပြီ။

ဒါကြောင့် ပိုပြီး အဆင်ပြေလာပါတယ်။

Midjourney ဟာ သူ့ရဲ့ AI model တွေကို အမြဲတမ်း အပ်ဒိတ်လုပ်နေပါတယ်။

နောက်ဆုံးထွက် Version 7 မှာဆိုရင် ပုံတွေရဲ့ အရည်အသွေး ပိုမိုကောင်းမွန်လာသလို၊ Draft Mode လိုမျိုး မြန်ဆန်တဲ့ ဖန်တီးမှုနည်းလမ်းတွေနဲ့ text-to-video စွမ်းရည်တွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။

Midjourney ဟာ အနုပညာရှင်တွေ၊ ဒီဇိုင်နာတွေ၊ content creator တွေ၊ စျေးကွက်ရှာဖွေသူတွေ၊ စာရေးဆရာတွေ၊ ဂိမ်းထုတ်လုပ်သူတွေ အပါအဝင် မည်သူမဆိုရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

စိတ်ကူးတွေကို လက်တွေ့အဖြစ် လျင်မြန်စွာ ဖော်ဆောင်ချင်သူတွေအတွက် အလွန်အသုံးဝင်တဲ့ ကိရိယာတစ်ခုပါပဲ။

Midjourney ကို စတင်အသုံးပြုဖို့အတွက် midjourney.com မှာ သင့်ရဲ့ Google account ဒါမှမဟုတ် Discord account နဲ့ sign up လုပ်ရပါမယ်။

Free plan မရှိတော့ပေမယ့် သင့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ subscription plan တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

ပြီးရင်တော့ သင်လိုချင်တဲ့ ပုံကို စာနဲ့ရေးပြီး စတင်ဖန်တီးနိုင်ပါပြီ!

Midjourney အကြောင်း ဘာများ ထပ်သိချင်ပါသေးလဲ အသေးစိတ်လာမေးချင်မေးလို့ရတယ်နော်၊

သင့်အနေနဲ့ Midjourney Plan တွေကို စိတ်ဝင်စားလို့ အသုံးပြုချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ရဲ့

နိုင်ငံတကာ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကနေ ပစ္စည်းဝယ်ယူတာ၊ 𝐆𝐚𝐦𝐞 တွေ၊ 𝐀𝐩𝐩 တွေ ဝယ်ယူရာမှာ ကိုယ့်မှာ 𝐂𝐚𝐫𝐝 မရှိလို့ ဒါမှမဟုတ် ရှင်းလို့မရလို့ စိတ်ညစ်နေရပါသလား?

𝐊𝐎 𝐍𝐘𝐀𝐍 𝐋𝐈𝐍 - 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 & 𝐌𝐨𝐛𝐢𝐥𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞'𝐬 𝐒𝐮𝐩𝐩𝐨𝐫𝐭 က အခုပဲ ကူညီဖြေရှင်းပေးပါမယ်။

ကျွန်တော်တို့ရဲ့ 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကနေတစ်ဆင့် မြန်မာနိုင်ငံကနေ ငွေပေးချေဖို့ အခက်အခဲရှိတဲ့ နိုင်ငံတကာ Website တွေအတွက် သတ်မှတ်စျေးနှုန်းအတိုင်း လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

တရားဝင် 𝐀𝐮𝐭𝐡𝐨𝐫𝐢𝐳𝐞𝐝 𝐂𝐫𝐞𝐝𝐢𝐭 𝐂𝐚𝐫𝐝 များကိုသာ အသုံးပြုတာကြောင့် စိတ်ချယုံကြည်စွာ ဝန်ဆောင်မှုရယူနိုင်ပြီး၊ ငွေပေးချေမှု ပြီးဆုံးကြောင်း 𝐓𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ကိုလည်း ၂၄ နာရီအတွင်း ပို့ပေးပါတယ်။

📩 လိုချင်တဲ့ 𝐰𝐞𝐛𝐬𝐢𝐭𝐞, 𝐚𝐩𝐩, 𝐬𝐮𝐛𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧 နဲ့ ဈေးနှုန်းမေးမြန်းဖို့ 𝐌𝐞𝐬𝐬𝐚𝐠𝐞 ပေးလိုက်ပါနော်။

🏡 𝗞𝗢 𝗡𝗬𝗔𝗡 𝗟𝗜𝗡𝗡 - 𝗞𝗡𝗟 𝗖𝗢𝗠𝗣𝗨𝗧𝗘𝗥 & 𝗠𝗢𝗕𝗜𝗟𝗘 𝗦𝗘𝗥𝗩𝗜𝗖𝗘
🗺️ 𝗡𝗢. 𝟱𝟴, 𝗞𝗔𝗖𝗛𝗜𝗡 𝗦𝗨, 𝗡𝗘𝗔𝗥 𝗟𝗔𝗡𝗘 𝟱, 𝗤𝗨𝗔𝗥𝗧𝗘𝗥 𝟭𝟵, 𝗣𝗬𝗜𝗡 𝗢𝗢 𝗟𝗪𝗜𝗡.
📞 𝟬𝟵 𝟵𝟲𝟬 𝟲𝟬𝟮 𝟱𝟲𝟬, 𝟬𝟵 𝟮𝟱𝟲 𝟯𝟲𝟮 𝟲𝟵𝟵

✨ iPhone Trick ✨iPhone ကိုင်ဆောင်ထားတဲ့ KO NYAN LIN - Computer & Mobile Service's Support  ရဲ့မိတ်ဆွေတို့အတွက် ရှိနေတာကြ...
08/06/2025

✨ iPhone Trick ✨

iPhone ကိုင်ဆောင်ထားတဲ့ KO NYAN LIN - Computer & Mobile Service's Support ရဲ့မိတ်ဆွေတို့အတွက် ရှိနေတာကြာပြီဖြစ်ပြီး လူသုံးနည်ပေမယ့် တကယ် အရမ်းမိုက်တဲ့ Trick လေးတစ်ခု ပြောပြမယ်နော်။ 😉

ဒါကတော့ "Back Tap" 📲 ဆိုတဲ့ Feature ပါ။

ဖုန်းကျောဘက်ကို လက်ညှိုးလေးနဲ့ တို့ထိရုံနဲ့ ကိုယ်လိုချင်တဲ့ Action တွေကို အမြန်ဆုံးခေါ်သုံးနိုင်မှာပါ။

ဥပမာအနေနဲ့ -

🔹 Screenshot အမြန်ရိုက်တာ
🔹 ဓာတ်မီး (Flashlight) ဖွင့်/ပိတ်လုပ်တာ
🔹 ဖုန်းကို Silent Mode ပြောင်းတာ
🔹 Camera အမြန်ဖွင့်တာ ... စတာတွေကို လက်တစ်ဖက်တည်းနဲ့ လွယ်လွယ်ကူကူ လုပ်နိုင်သွားမှာပါ။

✅ Setting ထဲမှာ ဘယ်လိုဖွင့်ရမလဲ?

1️⃣ အရင်ဆုံး Settings App ကိုသွားပါ။
2️⃣ Accessibility ကိုရွေးပါ။
3️⃣ Touch ကိုနှိပ်ပါ။
4️⃣ အောက်ဆုံးကိုဆွဲချပြီး Back Tap ကိုရွေးပါ။
5️⃣ အဲ့ဒီထဲမှာ Double Tap (၂ ချက်ပုတ်) နဲ့ Triple Tap (၃ ချက်ပုတ်) အတွက် ကိုယ်ကြိုက်တဲ့ Action ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။

အရမ်းလွယ်ပြီး အရမ်းအသုံးဝင်တဲ့ Trick မိုက်လေးမို့ iPhone သုံးတဲ့သူငယ်ချင်းတွေကိုလည်း Mention ခေါ်ပြီး ပြပေးလိုက်ဦးနော်။ 😊

နိုင်ငံတကာ Website တွေကနေ ပစ္စည်းဝယ်ချင်တာ၊ ဒါမှမဟုတ် Game တွေ၊ App တွေဝယ်ချင်ပေမယ့် ကိုယ့်မှာ Card မရှိလို့၊ ဒါမှမဟုတ် ကိုယ့် Card နဲ့ရှင်းလို့မရလို့ စိတ်ညစ်နေရပါသလား?

KO NYAN LINN - KNL Computer & Mobile Service က အားလုံးအတွက် တာဝန်ယူ ဖြေရှင်းပေးနေပါပြီ။

ကျွန်တော်တို့ရဲ့ Payment Service ကနေတစ်ဆင့် မြန်မာနိုင်ငံကနေ ငွေရှင်းလို့မလွယ်တဲ့ ဘယ်လို Website မျိုးကိုမဆို သတ်မှတ်စျေးနှုန်းအတိုင်း လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်ပါတယ်။

Authorized Credit Card တွေကိုသာ အသုံးပြုတာကြောင့် 100% လုံခြုံစိတ်ချရပြီး ငွေပေးချေပြီးကြောင်း Transaction Screenshot ကိုလည်း ၂၄ နာရီအတွင်း ပံ့ပိုးပေးပါတယ်။

🏠 KO NYAN LIN - COMPUTER & MOBILE SERVICE
📍 အမှတ် ၅၈၊ ကချင်စုလန်းသွယ် ၅ အနီး၊ ရပ်ကွက်ကြီး ၁၉၊ ပြင်ဦးလွင်။
📞 09 960 602 560, 09 256 362 699

iOs သမားတွေတွက် AI Photo Editor App လေး Lifetime Member Accept ပေးနေတာလေးတွေထားလို့ Telegram မှာ ထည့်ပေးထားတယ်နော်လိုရမယ...
07/06/2025

iOs သမားတွေတွက် AI Photo Editor App လေး Lifetime Member Accept ပေးနေတာလေးတွေထားလို့ Telegram မှာ ထည့်ပေးထားတယ်နော်

လိုရမယ်ရ free ရတုန်းယူထားကြပါဦး

https://t.me/knlmobileservice/115

Digital Gift Card တွေ ကျနော်စီမှာ ပြန်ရပါပြီ လိုအပ်တယ်ဆိုရင် အားပေးကြပါဦးခဗျာ .......- iTune ,  က စပြီး အစုံပြန်ထားပေးပါ...
07/06/2025

Digital Gift Card တွေ ကျနော်စီမှာ ပြန်ရပါပြီ လိုအပ်တယ်ဆိုရင် အားပေးကြပါဦးခဗျာ .......

- iTune , က စပြီး အစုံပြန်ထားပေးပါတယ်,

Page Copyright ပြန်ထိမာစိုးလို့ ကျနော် Telegram မှာတင်ပေးထားပါတယ်

https://t.me/knlmobileservice/114

Office 365 နဲ့ Office 2024 ဘာတွေကွာခြားလဲ? သင့်အတွက် ဘယ်ဟာပိုသင့်တော်မလဲ?++++++++++++++++++++++++++++++Microsoft Office ...
06/06/2025

Office 365 နဲ့ Office 2024 ဘာတွေကွာခြားလဲ? သင့်အတွက် ဘယ်ဟာပိုသင့်တော်မလဲ?
++++++++++++++++++++++++++++++

Microsoft Office Product တွေနဲ့ပတ်သက်ပြီး စဉ်းစားနေတဲ့အခါ Office 365 (အခုအခါ Microsoft 365 လို့ အဓိကခေါ်ပါတယ်) နဲ့ Office 2024 ကြား ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနိုင်ပါတယ်။

ဒီနှစ်ခုကြားက အဓိကကွာခြားချက်တွေကို အောက်မှာ ရှင်းပြပေးထားပါတယ်။

1. Pricing (Licensing Model)
————————————-—
Office 365 (Microsoft 365)
………………………………
Subscription Based (လစဉ်/နှစ်စဉ်ကြေးပေးစနစ်) ဒါကတော့ ဝန်ဆောင်မှုတစ်ခုကို လစဉ် သို့မဟုတ် နှစ်စဉ်ကြေးပေးပြီး ငှားရမ်းသုံးစွဲသလိုမျိုးပါပဲ။

Subscription ကာလအတွင်းမှာ နောက်ဆုံးပေါ် Feature တွေ၊ Update တွေနဲ့ Security Patch တွေကို အမြဲတမ်းရရှိနေမှာပါ။

မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ပါ ဝေမျှသုံးစွဲနိုင်တဲ့ Plan တွေ (ဥပမာ: Microsoft 365 Family) လည်းရှိပါတယ်။

ကုန်ကျစရိတ်ကို တစ်ခါတည်း အများကြီးမကုန်ဘဲ လစဉ် သို့မဟုတ် နှစ်စဉ် ခွဲပြီးပေးချေချင်သူတွေအတွက် အဆင်ပြေပါတယ်။

Office 2024
………………………………
One-Time Purchase (တစ်ကြိမ်ဝယ်ယူ တစ်သက်တာအသုံးပြုစနစ်) Office Software ကို တစ်ကြိမ်တည်း ဝယ်ယူပြီး တစ်သက်တာ (Perpetual License) အသုံးပြုနိုင်ပါတယ်။

တစ်ကြိမ်တည်းပေးရတဲ့ စျေးနှုန်းက များနိုင်ပေမယ့် နောက်ထပ်လစဉ်/နှစ်စဉ်ကြေးပေးစရာမလိုတော့ပါဘူး။

သင်ဝယ်ယူလိုက်တဲ့ Version ရဲ့ Software တွေကိုသာ အသုံးပြုနိုင်မှာဖြစ်ပြီး နောက်ပိုင်းထွက်လာမယ့် Version အသစ်တွေ (ဥပမာ: Office 2027) ကို အခမဲ့ Upgrade ရရှိမှာ မဟုတ်ပါဘူး။

Upgrade လုပ်ချင်ရင် Version အသစ်ကို ထပ်ဝယ်ရပါမယ်။

2. Feature တွေနဲ့ Update များ
————————————-—
Office 365 (Microsoft 365)
………………………………
အမြဲတမ်း Update နဲ့ Feature အသစ်တွေရရှိ Microsoft ကနေ ထုတ်ပြန်တဲ့ Feature အသစ်တွေ၊ AI နဲ့ချိတ်ဆက်ထားတဲ့ Tools တွေ (ဥပမာ: Copilot)၊ စွမ်းဆောင်ရည်မြှင့်တင်မှုတွေနဲ့ Security Update တွေကို အမြဲတမ်းရရှိနေမှာပါ။

Cloud-connected ဖြစ်တာကြောင့် Online Collaboration အတွက် အထူးသင့်တော်ပါတယ်။

Office 2024
………………………………
Security Update များသာရရှိ Software ထဲမှာ ပါဝင်တဲ့ Feature တွေကတော့ ဝယ်ယူချိန်မှာ ရရှိတဲ့ Feature တွေပဲဖြစ်ပါတယ်။

Feature အသစ်တွေ ထပ်ပေါင်းထည့်ပေးမှာ မဟုတ်ဘဲ Security နဲ့ Bug Fixes တွေအတွက် Update တွေကိုသာ ရရှိမှာပါ။

Cloud Service တွေ၊ AI Tools တွေ (ဥပမာ: Copilot) ပါဝင်မှာ မဟုတ်ပါဘူး။

3. Cloud Storage နဲ့ Online Services
————————————-—
Office 365 (Microsoft 365)
………………………………
Cloud Storage နဲ့ Online Service များစွာပါဝင်အ သုံးပြုသူတစ်ဦးချင်းစီအတွက် 1TB (Terabyte) ပမာဏရှိတဲ့ OneDrive Cloud Storage ကို ရရှိမှာပါ။

Microsoft Teams လို Online Meeting နဲ့ Collaboration Tools တွေ၊ Exchange Online လို Professional Email Service တွေလည်း ပါဝင်နိုင်ပါတယ်။

Cloud ပေါ်မှာ Files တွေသိမ်းဆည်းနိုင်ပြီး ဘယ်နေရာကနေမဆို Access လုပ်နိုင်ပါတယ်။

Office 2024
………………………………
Cloud Storage မပါဝင် Office 2024 မှာ Cloud Storage Service တွေပါဝင်မှာ မဟုတ်ပါဘူး။

Files တွေကို သင့်ရဲ့ ကွန်ပျူတာ (Local Storage) ပေါ်မှာပဲ သိမ်းဆည်းရမှာပါ။

အင်တာနက်ချိတ်ဆက်မှုမရှိတဲ့ အနေထားမှာ(Offline Environments) မှာ အဓိကထား အသုံးပြုလိုသူတွေအတွက် ပိုအဆင်ပြေနိုင်ပါတယ်။

4. Device ပေါင်းစုံမှာ အသုံးပြုနိုင်မှု
————————————-—
Office 365 (Microsoft 365)
………………………………
Device မျိုးစုံမှာ အသုံးပြုနိုင် Subscription Plan အမျိုးအစားပေါ်မူတည်ပြီး ကွန်ပျူတာ၊ Mac၊ Tablet နဲ့ Phone မျိုးစုံမှာ Sign-in လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

တစ်ပြိုင်နက်တည်း Device မျိုးစုံမှာ သုံးစွဲနိုင်တဲ့ အခွင့်အရေးလည်း ရရှိနိုင်ပါတယ်။

Office 2024
………………………………
များသောအားဖြင့် Device တစ်ခုအတွက်သာ တစ်ကြိမ်ဝယ်ယူတဲ့ License တွေဟာ များသောအားဖြင့် PC သို့မဟုတ် Mac တစ်ခုအတွက်သာ ဖြစ်ပါတယ်။

အခြား Device တွေမှာ အသုံးပြုချင်ရင် သီးခြား License ထပ်ဝယ်ရနိုင်ပါတယ်။

5. ဘယ်ဟာကို ရွေးချယ်သင့်လဲ?
————————————-—
Office 365 (Microsoft 365) ကို ရွေးချယ်သင့်သူများ နောက်ဆုံးပေါ် Feature တွေ၊ AI Tools တွေနဲ့ အမြဲတမ်း Up-to-date ဖြစ်ချင်သူများ။

Cloud Storage နဲ့ Online Collaboration (ပူးပေါင်းလုပ်ဆောင်မှု) ကို လိုအပ်သူများ။

Device မျိုးစုံမှာ အသုံးပြုချင်သူများ (PC, Mac, Tablet, Phone)။

လစဉ် သို့မဟုတ် နှစ်စဉ်ကြေးပေးပြီး သုံးစွဲမှုကို နှစ်သက်သူများ။

လုပ်ငန်းခွင်အတွက်ပဲဖြစ်ဖြစ်၊ ပညာရေးအတွက်ပဲဖြစ်ဖြစ် အွန်လိုင်းနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ရသူများ။

Office 2024 ကို ရွေးချယ်သင့်သူများ
————————————-—
Software ကို တစ်ကြိမ်တည်းဝယ်ပြီး တစ်သက်တာ အသုံးပြုချင်သူများ (No Recurring Fees)။

အင်တာနက်ချိတ်ဆက်မှု မရှိဘဲ Offline အဓိကထား အလုပ်လုပ်သူများ။

Feature အသစ်တွေ အမြဲတမ်းမလိုအပ်ဘဲ အခြေခံရုံးသုံး Software တွေကိုသာ အသုံးပြုသူများ။

Stability ကို နှစ်သက်ပြီး မကြာခဏ Feature အပြောင်းအလဲတွေကို မလိုလားသူများ။

တစ်ကြိမ်ဝယ်၊ တစ်ကြိမ်သုံး၊ နောက်ထပ်ဘာမှ အထပ်အကျပ်မရှိချင်သူများ။

သင့်ရဲ့လိုအပ်ချက်၊ အသုံးပြုပုံနဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး
KO NYAN LINN KNL - Computer & Mobile Service ကနေ သင့်တော်တဲ့ Office Product ကို ရွေးချယ်ဖို့ ကူညီပေးနိုင်ပါတယ်။

Digital License Keys တွေနဲ့ Payment Service တွေအတွက်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

KO NYAN LINN KNL - COMPUTER & MOBILE SERVICE
🏠 No. 58, Near Kachin Su Lan Thwel 5, Ward 19, Pyin Oo Lwin
📞 09 960 602 560, 09 256 362 699

💻 iDevice သုံးတဲ့သူတွေအတွက် မသိမဖြစ် Apple ID Tips!Apple ID ဆိုတာ ကိုယ့်ရဲ့ iPhone, iPad, Mac တွေအတွက် အသက်ပါ။ ဒါပေမယ့် ...
03/06/2025

💻 iDevice သုံးတဲ့သူတွေအတွက် မသိမဖြစ် Apple ID Tips!

Apple ID ဆိုတာ ကိုယ့်ရဲ့ iPhone, iPad, Mac တွေအတွက် အသက်ပါ။ ဒါပေမယ့် သေချာဂရုမစိုက်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ ဒီနေ့မှာ Apple ID နဲ့ပတ်သက်တဲ့ မသိမဖြစ် Tips လေးတွေ မျှဝေပေးမယ်နော်။

1. Two-Factor Authentication (2FA) ကို ဖွင့်ထားပါ။
ဒါက ကိုယ့် Apple ID ကို ကာကွယ်ဖို့ အရေးကြီးဆုံး လုပ်ဆောင်ချက်ပါပဲ။ 2FA ဖွင့်ထားရင် တခြားသူတွေ ကိုယ့် Apple ID password သိရင်တောင် ကိုယ့်ဆီ code ရောက်လာမှ Sign In လုပ်လို့ရမှာပါ။ Settings > Profile > Sign-In & Security ထဲမှာ ဖွင့်လို့ရပါတယ်။

2. Password ကို ခဏခဏ ပြောင်းပေးပါ။
လုံခြုံရေးအတွက် ကိုယ့် Apple ID Password ကို ပုံမှန်ပြောင်းပေးသင့်ပါတယ်။ ခန့်မှန်းရခက်တဲ့၊ စာလုံးအကြီးအသေး၊ ဂဏန်း၊ သင်္ကေတတွေ ရောထားတဲ့ Password မျိုးကို သုံးပါ။

3. Recovery Contact ထည့်ထားပါ။
ကိုယ် Apple ID ကို မတော်တဆ Lock ကျသွားတာမျိုး၊ Password မေ့သွားတာမျိုးဆိုရင် Recovery Contact ထားတာက အရမ်းအသုံးဝင်ပါတယ်။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိသားစုဝင်တစ်ဦးကို ထည့်ထားသင့်ပါတယ်။ Settings > Profile > Sign-In & Security > Account Recovery ထဲမှာ ထည့်လို့ရပါတယ်။

4. သုံးပြီးသား Device တွေကို ပြန်ဖယ်ပါ။
ကိုယ်အသုံးမပြုတော့တဲ့ iPhone, iPad တွေကို ကိုယ့် Apple ID ကနေ ဖယ်ရှားဖို့ မမေ့ပါနဲ့။ ဒါမှ မလိုအပ်ဘဲ ကိုယ့်အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်စရာမလိုမှာပါ။ Settings > Profile ထဲမှာ အောက်ကိုဆင်းပြီး ကိုယ်နဲ့မဆိုင်တော့တဲ့ device တွေကို Remove လုပ်လို့ရပါတယ်။

5. Phishing Scams တွေ သတိထားပါ။
Apple ကနေ ပို့တာပါဆိုပြီး လာတဲ့ email တွေ၊ message တွေကို သတိထားပါ။ သံသယဖြစ်စရာ link တွေ၊ ပုံမှန်မဟုတ်တဲ့ email address တွေဆိုရင် မဖွင့်မိပါစေနဲ့။ Apple က ကိုယ့် password ကို email ကနေ ဘယ်တော့မှ မတောင်းပါဘူး။

ဒီ Tip လေးတွေက သင့် Apple ID ကို လုံခြုံစေဖို့ အများကြီး အထောက်အကူပြုပါလိမ့်မယ်။

KO NYAN LINN - COMPUTER & MOBILE SERVICE
🏠 No. 58, Near Kachin Su Lan Thwel 5, Ward 19, Pyin Oo Lwin
📞 09 960 602 560, 09 256 362 699

iPad Pro M - Series မှာ Power Adapter တပ်သုံးတာနဲ့ Battery နဲ့သုံးတာ Performance ကွာခြားပုံ+++++++++++++++++++++++++++++...
02/06/2025

iPad Pro M - Series မှာ Power Adapter တပ်သုံးတာနဲ့ Battery နဲ့သုံးတာ Performance ကွာခြားပုံ
+++++++++++++++++++++++++++++++++++

ယေဘုယျအားဖြင့်ပြောရရင် iPad Pro 4 (သို့မဟုတ် M-series chip ပါတဲ့ Apple device တော်တော်များများ) တွေမှာ Performance ပိုင်း Power adapter တပ်သုံးတာနဲ့ Battery နဲ့သုံးတာ သိသိသာသာ ကွာခြားမှုမရှိပါဘူး။
ဒါဟာ M-series chip တွေရဲ့ အဓိကအားသာချက်တစ်ခုပါပဲ။

M-series Chips များရဲ့ စွမ်းဆောင်ရည်မြင့်မားခြင်း

Apple ရဲ့ M-series chip တွေဟာ စွမ်းအင်သုံးစွဲမှု အလွန်သက်သာပြီး Performance မြင့်မားအောင် ဖန်တီးထားပါတယ်။
ဒါကြောင့် ဘက်ထရီနဲ့သုံးနေချိန်မှာတောင် Performance ကို လျှော့ချစရာမလိုဘဲ အမြင့်ဆုံးအထိ ပေးစွမ်းနိုင်ပါတယ်။

Power Adapter ကနေ တိုက်ရိုက် Power အသုံးပြုခြင်း

iPad တွေ (အထူးသဖြင့် iPad Pro လိုမျိုး) ဟာ Power adapter တပ်ထားတဲ့အခါ လိုအပ်တဲ့ Power ကို ဘက်ထရီကနေ မဟုတ်ဘဲ Power adapter ကနေ တိုက်ရိုက်ရယူနိုင်ပါတယ်။
ဒါကြောင့် ဘက်ထရီကုန်ခန်းမှုနှုန်းကိုလည်း လျှော့ချပေးပြီး ဘက်ထရီသက်တမ်းကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။

"High Power Mode" မရှိခြင်း

MacBook Pro ရဲ့ M1 Max/M - SERIES Max/M3 Max chip ပါတဲ့ 16-inch မော်ဒယ်အချို့မှာ "High Power Mode" ဆိုတာမျိုးရှိပြီး ဒါကိုဖွင့်လိုက်ရင် Processor ရဲ့ အမြင့်ဆုံး Performance ကို ထုတ်ပေးနိုင်ပါတယ်။
ဒါပေမဲ့ iPad တွေမှာတော့ ဒီလို "High Power Mode" သီးသန့် မရှိပါဘူး။
ဘယ်လိုအခြေအနေမျိုးမှာမဆို (Low Power Mode ဖွင့်မထားသရွေ့) Performance အပြည့်နဲ့ အလုပ်လုပ်နိုင်ပါတယ်။

Low Power Mode ၏ သက်ရောက်မှု

သင်သာ Low Power Mode ကို ဖွင့်ထားမယ်ဆိုရင်တော့ iPad ရဲ့ Performance အနည်းငယ်ကျဆင်းသွားပါလိမ့်မယ်။
ဒါပေမဲ့ ဒါကလည်း ဘက်ထရီသက်တမ်းကို ဆွဲဆန့်ဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ Feature တစ်ခုဖြစ်ပြီး High Work Flow တွေအတွက် Low Power Mode နဲ့တော့ အလုပ်မလုပ်သင့်ပါဘူး။

အားသွင်းကြိုး တပ်ပြီး အသုံးပြုခြင်း

သင်က High Work Flow (ဥပမာ: ကြီးမားတဲ့ Video Editing, 3D Rendering, Pro Gaming) တွေလုပ်နေပြီး အားသွင်းကြိုးက iPad Pro ရဲ့ Power Demand ကို မလိုက်နိုင်ဘူးဆိုရင် (ဥပမာ: Watt နည်းတဲ့ အားသွင်းကြိုး သုံးတာ) တော့ ဘက်ထရီကနေ Power ကို မျှဝေဆွဲယူသွားပါလိမ့်မယ်။
ဒီလိုအခြေအနေမျိုးမှာ ဘက်ထရီက တစ်ချိန်တည်းမှာ သုံးလည်းသုံး၊ အားလည်းပြန်ဖြည့်နေတာမျိုးဖြစ်နိုင်လို့ Performance အနည်းငယ် ရုတ်တရက်ကျသွားတာမျိုး၊ ဘက်ထရီ မြန်မြန်ကုန်တာမျိုး ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ Apple ရဲ့ မူရင်း 20W Power Adapter ကတော့ ပုံမှန်အသုံးပြုမှုတွေအတွက် လုံလောက်ပါတယ်။
Hight Work Flow တွေအတွက်ဆိုရင် ပိုများတဲ့ Wattage (ဥပမာ: 30W သို့မဟုတ် 60W) ရှိတဲ့ USB-C Power Adapter တွေကို အသုံးပြုနိုင်ပါတယ်။

အပူလွန်ကဲခြင်း

iPad က အပူလွန်ကဲလာတဲ့အခါ (Overheating) ဘက်ထရီနဲ့ Chipset တွေကို ကာကွယ်ဖို့အတွက် သူ့ဘာသာသူ Performance ကို လျှော့ချနိုင်ပါတယ်။ ဒါဟာ Power adapter တပ်ထားသည်ဖြစ်စေ၊ မတပ်ထားသည်ဖြစ်စေ ဖြစ်တတ်တဲ့အခြေအနေပါ။

Address

Sinlan Kachinsu No . 58
Maymyo
05081

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959774355760

Alerts

Be the first to know and let us send you an email when KO NYAN LIN - Computer & Mobile Service's Support posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KO NYAN LIN - Computer & Mobile Service's Support:

Share