Broken Feelings

Broken Feelings ဒီpageမှာ
ခံစားချက် အတိုအထွာလေးတွေ
ဖလှ

24/04/2019

အဲ့ဒီမျက်​ဝန်းဝိုင်းဝိုင်း​လေး​တွေနဲ့
အကြည့်​ခြင်းဆုံတဲ့အခိုက်
ငါ့ကမ္ဘာ​လောကကြီး
ခဏတာရပ်​တန့်​သွားသလို
ချိုမြိန်​တဲ့ရင်​ခုန်​သံ​တွေကို
အရသာခံခဲ့ဖူးတယ်​...
အဲ့ဒီအကြည့်​​လေး​တွေ​အောက်​မှာဘဲ
မီးပင်​လယ်​ကိုလက်​ပစ်​ကူးမယ့်
ဆယ်​​ကျော်​သက်​သတ္တိ​တွေ ရခဲ့ဖူးတယ်​...
ချိုမြိန်​တဲ့​နေ့စွဲ​လေး​တွေကို
ကံကြမ္မာက Jဝင်​​တော့
ခမ်းနား​ပေမယ့်​ လှပတဲ့တဲ့​နေ့စွဲ​လေး​တွေ
နိဂုံးချုပ်​ခဲ့တယ်​..
ခု​တော့နင်​ငိုရင်​ငါမနှိမ့်​သိမ့်​နိုင်​သလို
ငါစိတ်​ဓာတ်​ကျရင်​ အား​ပေးမယ့်​သူမရှိ​တော့ဘူး
ပျော်​စရာ​တွေ​ဝေမျှရင်း
Tom & jerry လိုရန်​ဖြစ်​သံ​တွေ
ပျောက်​ဆုံးခဲ့ပြီ..
ဝေးခဲ့ရပြီ​ပေါ့ မျက်​နက်​ဝန်း​လေး​ရေ
"ကမ္ဘာကြီးရဲ့ တ​ထောင့်​​တစ်​​နေရာမှာ​တော့
ငါတို့အတူရှိ​နေမှာပါ"ဆိုတဲ့
စကား​လေးတစ်​ခွန်းနဲ့
ကျေနပ်​ခဲ့ရတယ်​..
နင့်​ဆန္ဒ​တွေကို ဖျက်​ဆီးခဲ့တဲ့
ကံကြမ္မာကိုလည်း ငါမုန်းတယ်
လောကဓ့ကို အံမတုနိုင်​တဲ့
ငါ့ကိုယ်​ငါလည်း မုန်းတယ်​..
ဒီဘဝ​တော့ဒီမျှ​ပေါ့
မျက်​နက်​ဝန်း​လေး​ရေ
နောင်​ဘဝသာရှိခဲ့ရင်
မင်းနဲ့ဆုံချင်​​သေးတယ်​လို့
တောင်းဆုပြုရင်း.......

22/06/2017

ဝေးကွာသွားတဲ့ အချိန်ကျမှ...

ကိုယ်သူ့အပေါ် ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်မိလဲ..

နားလည်လာတယ်....😪

21/06/2017

ရှုံးမယ်မှန်း ကြိုသိတဲ့တိုက်ပွဲကို

သိက္ခာတွေ စတေးပြီး

ဆက်မတိုက်ဝံ့တော့ဘူးလေ.....😔

02/04/2017

အချစ်ဆိုတာ..
အရိုးများတဲ့ငါးလိုဘဲ
မစားတတ်ရင် အရိုးမျက်မယ်
ခက်နေတာက အဲ့ဒီအရိုးက
အာခေါင်မစူးဘဲ
နှလုံးသားမှာစူးနေတာ....

02/02/2017

တစ်လှေလုံးပုပ်ခဲ့ရင်တောင်
အဲ့ငါးခုံးမလေးဘက်က
ငါ......
စာနာသနားချင်တယ်
မြေနိမ့်ရာလှံစိုက်ဆိုတာ
သူရဲကောင်းတွေရဲ့စကားပုံမှမဟုတ်တာ........

06/11/2016

လွမ်းရတိုင်းသာ
ချရေးဖြစ်ရင်
ငါ့အတွေးတွေအားလုံး
ကဗျာတွေဖြစ်လာမယ်
သတိရတယ်ဆိုရုံလောက်နဲ့
မပြည့်စုံတဲ့ခံစားချက်
လှံဖျားထက်မှာရပ်နေရသလိုဘဲ
ရင်ထဲမှာ နာလိုက်တာ
ကဗျာတပုဒ်မှာငါလွမ်းမယ်
နောက်တပုဒ်မှာငိုကြွေးမယ်
ဒီလိုနဲ့......
ဒို့ဝေးခဲ့ရတဲ့ အဖြစ်အပျက်လေးဟာ
ခမ်းနားလာမယ်

30/10/2016

#ရှိနေပြီလား???

ဘာကိစ္စပဲဖြစ်ဖြစ်
သွားပြီးပြောပြချင်နေတဲ့သူမျိုး....😉😉😉

*Genius*

12/10/2016

မေတ္တာကို အရည်ကျို😍
ချစ်ခြင်းကို ငါးပါးရော😘
သစ္စာကို ပြင်းပြင်းထည့်😚
ချိုမြန်တဲ့ နှလုံးသားဟင်းတစ်ခွက်😍😍😍😍
မြည်းကြည့်ပေါ့ချစ်သူ😘😘😘😘
အစပ်အဟပ် မတည့်သေးရင်ပြော😭😭😭
လိုအပ်ရင် ငါ့အသည်းနှလုံးပါပေးမယ်😪😪😪
ကျေနပ်ပါ ချစ်ရသူ..😥😥😥

12/10/2016

တိမ်ဖုံးပါလို့
လမသာ
ကြယ်တာယာ
မလင်းတလင်း
ငါလွမ်းနေတာ
မင်း...... #,¡i|¹i¡¡i¹|i¡,
`'¹li¡|¡|¡il¹´

09/10/2016

#သီချင်းတွေဆိုပြဖူးတယ်...🎤
#ကဗျာတွေရေးပေးဖူးတယ်...📖
#အမှတ်တရတွေအများကြီးရှိဖူးတယ်...⌚
#မျက်ရည်တွေလဲကျခဲ့ဖူးတယ်...😪
#ပြီးတော့.................ဘာမှဆက်မဖြစ်တော့ဘူး..😂

08/10/2016

#နင့်ဘက်က စပြောလာမယ့်...
Bye ဆိုတဲ့ စကားတစ်ခွန်း...
#ငါ့အတွက်တော့....
#မအိုစာ ဗျတ်ဝိကိုပေးခဲ့တဲ့...
#ကွမ်းတစ်ယာရေတစ်မှုတ်နဲ့..သွားတူနေမလားပဲ...

*Genius*

26/09/2016

#အမှတ်တရတွေကိုတိမ်ပေါ်ပစ်တင်...
#သံယောဇဉ်တွေကိုငွေ့ရည်ဖွဲ့ပြီး....
#အချစ်တွေကိုမိုးအဖြစ်ရွာချခဲ့ပေမယ့်...
#ရည်ရွယ်သူရဲ့နှလုံးသားကထီးဆောင်းထားလေရဲ့...😪

#

Address

Maymyo

Telephone

09260960799

Website

Alerts

Be the first to know and let us send you an email when Broken Feelings posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category