Pyin Oo Lwin Media

Pyin Oo Lwin Media မြန်မာပြည် သတင်းစုံ

မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ မန္တလေးတိုင်း၊ မိတ္တီလာမြ...
18/09/2024

မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထီလာပြည်သူ့ ကာကွယ်​ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးရှိ ရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဖောက်ခွဲမှုကြောင့် ရဲ ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“ပွဲတော်ရှိတဲ့အချိန် အဲလိုဂိတ်လေးတွေကို ရပ်ကွက်ဆုံတဲ့နေရာ၊ လမ်းဆုံနေရာတွေမှာ ဖွင့်ထားတဲ့ ဂိတ်ပါ။ ဒီကလည်း ဖောင်တော်ဦး ဘုရားပွဲရက်ရှိတော့ ဖွင့်တာ၊ ဘုရားပွဲမရှိရင်တော့ အဲဒီရှေ့ကို တိုး ပြီးတော့ လုပ်တယ်၊ အဲဒီဂိတ်က အမြဲတမ်းလိုလို ရှိတယ်၊ မနက်ပိုင်းပွဲတော်မစခင် ၈ နာရီလောက်မှာ ခွဲခဲ့လိုက်တာ၊ ၂ ဦးသေသွားတယ်၊၁ ဦးကတော့ သေမလားမသိဘူး။ သေဖို့ကတော့များတယ်လို့ ပြော တယ်၊ နှစ်ယောက်ကတော့ ခြေထောက်ပြတ်တယ်၊ ရဲမေနှစ်ယောက်မှာ တစ်ယောက်က ထိခိုက် ဒဏ်ရာပြင်းထန်တယ်ပေါ့၊ တစ်ယောက်ကတော့ မျက်လုံးထွက်သွားတယ်၊သေတာက ၂ ယောက်၊ အ ပြင်းအထန်ဒဏ်ရာရတာက ၃ ယောက်၊သိပ်မပြင်းထန်တဲ့ဒဏ်ရာရတာက ၄ ယောက်ပါ၊ ပြည်သူမပါ ဘူး။ ရဲနဲ့ စခလိုလားတဲ့ အုပ်ချုပ်ရေးတွေတော့ပါလောက်တယ်” ဟု မိတ္တီလာမြို့နယ် ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စက်တင်ဘာလ ၁၆ ရက် ည ၉ နာရီဝန်းကျင် အချိန်ခန့်ကလည်း မိတ္ထီလာမြို့ပေါ်ရှိ မြို့မ ရဲစခန်းရှေ့၌လည်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံးပေါက်ကွဲပြီး တစ်လုံးပေါက် ကွဲမှုမရှိကြောင်း၊မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ နှင့် မိတ္ထီလာခရိုင်တပ်ရင်း ၄ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

မိတ္တီလာမြို့မှ ပြည်သူတစ်ဦးက "မနက် ၈ နာရီလောက်မှာ မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် သံလမ်းနားက အစောင့် ရဲကင်းနား ဗုံးကွဲတယ်။ ရဲ ၁ ဦး ခြေ ထောက်ပြတ်တယ်။ အခြား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သူတွေ ဒဏ်ရာပြင်းထန်တယ်။ ဆိုင်ကယ်တွေကတော့ အများကြီးပဲ ပျက်စီးတာ" ဟု ပြောဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ပြီး ဂိတ်ချ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မိတ္ထီလာမြို့နယ် ပကဖနှင့် မိတ္ထီလာခရိုင်တပ်ရင်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား များကို အရှိန်မြှင့်တိုက်ခိုက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းလုပ်ကိုင် နေထိုင်ခြင်းမပြုရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင် ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဆယ်အိမ်မှူးရာအိမ်မှူးများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Pyin Oo Lwin Media

#သတင်း #မအလ #ပန်ဆယ်လို #ဗိုလ်နဂါး #စကစ #မန်းလေး #လားရှိုး #ရခိုင် #ကရင်နီ

16/09/2024

ရန်ကုန် လည်းတန်း ဂုန်းတတားအောက်က ရေဘေးအတွက် အလှူခံနေကျတဲ့

လားရှိုး သိန်းမြင့်

#လားရှိုး #ရန်ကုန် #ပရဟိတ

16/09/2024

မြန်မာနိုင်ငံ အနှံ့ရေကြီးရေခြံဖြစ်နေတာကြောင့် သွားရေလာရေးခက်ခံနေတဲ့သူတွေအတွက် ဖုန်းဘေအလှူလေးလုပ်ပေးချင်လို့ပါ ကိုယ်တက်နိုင်တဲ့ဘက်က ပါဝင်ကူညီတာပါ!!
တစ်ကယ်လိုအပ်တဲ့သူတွေ မန့်မှာ ဖုန်းနံပတ်လေးတွေ ချပေးခဲ့ပါ

Pyin Oo Lwin Media

#နေပြည်တော် #ပျဉ်းမနား #လယ်ဝေး #ရမည်းသင်း #အောင်ပန်း #တောင်ကြီး #အင်းလေး #တပ်ကုန်း #ကရင်နီ #ပရဟိတ #ပဲခူး #ကယား #ကလော

အင်းလေး၊ ဟဲယာရွာမတွင် ရေ ၉ ပေကျော် မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ နီးပါး ရေမြုပ်နေပြီး  သောက်ရေနှင့်စားနပ်ရိက္ခာများ အဓိက ...
16/09/2024

အင်းလေး၊ ဟဲယာရွာမတွင် ရေ ၉ ပေကျော် မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ နီးပါး ရေမြုပ်နေပြီး သောက်ရေနှင့်စားနပ်ရိက္ခာများ အဓိက လိုအပ်နေ

ပြင်ဉီးလွင်

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်အတွင်း ရေပေါ်ရွာဖြစ်သည့် ဟဲယာရွာမတွင် ရေများ အဆမတန်မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ ကျော်ရှိသည့်အနက်မှ အိမ်ခြေ ၂၀ ကျော်သာ ရေလွတ်ပြီး ပြည်သူများစွာ အခက်တွေ့နေကာ သောက်ရေနှင့် အစားအစာ အကူအညီများ အဓိက လိုအပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လတ်တလော တစ်ထပ်အိမ်အားလုံးရေနစ်မြှုပ်နေ၍ ၂ ထပ်အိမ်အပေါ်ထပ်တွင်သာ အိမ်ထောင်စုများ စုနေရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း၊ လက်ရှိတွင် သောက်သုံးရေအခက်အခဲ အဓိက လိုအပ်နေပြီး စားစရာပါအခက်ကြုံနေကြောင်း သိရှိရသည်။

"လက်ရှိ ​ရေက တန့်နေတယ် မကျဘူး။​ ရေ​ဘေး​ကြောင့် ခု​တော့ အစားအ​သောက်နဲ့ ​သောက်​ရေ အခက်အခဲရှိတယ်။ထိခိုက်မှုက​တော့ ​ရေလွှဲ​ပေါက်နဲ့ ကပ်ရက် ရွာ​တွေမှာ အိမ်အလုံးလိုက်ပါသွားတာ​တွေ ရှိမယ်။ ဟဲယာရွာမတော့ မဟုတ်ဘူး"ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အင်းလေးကန်အတွင်းတွင် နေ့စဉ်ညစဉ် ရေတက်လာနေပြီး လက်ရှိတွင် မူလရေမျက်နှာပြင် ထက် ၉ ပေကျော် ရေမြင့်တက်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်း SMS ဖြင့်သာ ဆက်သွယ်၍ ရတော့ကြောင်း သိရှိရသည်။

ထို့ပြင် အင်လေးကန်တွင်းရှိ ရွာတစ်ရွာဖြစ်သည့် ဟဲလုံရွာတွင်လည်း ဒေသပြည်သူများမှာ သောက်ရေအတွက် သီးသန့်မရှိဘဲ ရရာရေသောက်သုံးရသည့်အတွက် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိတွင် အင်းလေးကန်အတွင်း ကျေးရွာပေါင်း ၁၇၁ ရွာ ရေဘေးသင့်နေကာ အင်းလေးဖောင်တောင်ဦးဘုရားပရဝဏ်အတွင်းအထိ ရေများ နစ်မြုပ်နေကြောင်း သိရှိရသည်။

Pyin Oo Lwin Media

#တောင်ကြီး #အင်းလေး #ရှမ်းပြည်နယ် #ကလော #အေးသာယာ #အောင်ပန်း #ဟိုပုံး #ပရဟိတ

ရေဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ကို သိန်းနှစ်ဆယ်လှူဒါန်းခဲ့တဲ့ မင်းသမီးကြီးခိုင်နှင်းဝေ 😍       #ရေဘေး  #တပ်ကုန်း  #ပျဉ်း...
16/09/2024

ရေဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ကို သိန်းနှစ်ဆယ်လှူဒါန်းခဲ့တဲ့ မင်းသမီးကြီးခိုင်နှင်းဝေ 😍

#ရေဘေး #တပ်ကုန်း #ပျဉ်းမနား #အလှူ

15/09/2024

ရေစီးသန်ချက် လူပါမျောတယ် 🙏🙏🙏

Pyin Oo Lwin Media

#ရမည်းသင်း #လားရှိုး #ဖြူး #မန်းလေး #တောင်ငူ #ပျဉ်းမနား #သတင်းစုံ #ရေဘေး #တောင်ကြီး #ကလော #အောင်ပန်း #အင်းလေး

တောင်ငူမြို့ရေကြီးမှု ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိ စစ်တောင်မြစ်ရေဝင်ရောက်၍ တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မ...
15/09/2024

တောင်ငူမြို့ရေကြီးမှု ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိ

စစ်တောင်မြစ်ရေဝင်ရောက်၍ တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေရာ ရုပ်အလောင်းအချို့ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ် ဆောင်နေသူအချို့က ပြောသည်။

ရုပ်အလောင်းအချို့တွေ့ရှိခဲ့သည့်ရပ်ကွက်မှာ တောင်ငူမြို့အရှေ့ဘက်ခြမ်း မြစ်ကမ်းနှင့်နီးသည့် (၂၃)ရပ်ကွက်အတွင်းတွေ့ရှိခြင်းဖြစ်ပြီး ယနေ့(စက်တင်ဘာ ၁၅)မွန်းလွဲပိုင်းအထိ ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

"မြစ်ဘေးဆိုတော့ ရေတိုးမြန်တာရယ်၊ ရွှေ့ဖို့ခက်ခဲတာရယ်​၊ ကယ်ဆယ်ရေးဝင်ဖို့ အခက်အခဲရှိတာတွေကြောင့်ပါ"ဟု (၂၃)ရပ်ကွက်အတွင်း ပြည်သူအချို့ပိတ်မိခဲ့သည့်အခြေအနေကို ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

လက်ရှိရေးဘေးအတွင်း ကယ်ဆယ်ရေးလုပ်နိုင်ရန် ပြည်သူများအား အိမ်တိုင်ရာရောက်သွား ရောက်ခေါ်ဆောင်ခဲ့သော်လည်း အချို့ပြည်သူများမှ နေအိမ်မှ မရွှေ့ပြောင်းချင်ကြဘဲ ရေထပ်တက်၍ ညအချိန်မတော်ကြမှ လာရောက်ခေါ်ဆောင်ပေးရန် အကူအညီတောင်းခံမှုများရှိရာ ကယ်ဆယ်ရေးလှေအချို့ ညအမှောင်၌ လှေမှောက်သည့်ဖြစ်စဥ်များလည်း ရှိခဲ့သည်ဟု ဆိုသည်။

"အချိန်က မှောင်နေပြီ။ ဒါပေမဲ့ မငြီးမငြူသွားကယ်တယ်။ မှောင်နေတော့ ကျနော်တို့လည်း စမ်းတဝါးဝါးသွားရတယ်။ သေချာဂရုစိုက် ကယ်တယ်။ ကျနော်တို့ စက်လှေမှောက်တယ်။ ဒါပေမဲ့ ကယ်ရမယ့်သူတွေကို မထိခိုက်ဘူး။ ဖြစ်စေချင်တာက ကယ်ဆယ်ရေးသမားတွေလာခေါ်ရင် မိမိဥစ္စာထက် မိမိအသက်ကို ဦးစားပေးပါလို့"ဟု ကယ်ဆယ်ရေးလုပ်နေသူ နောက်ထပ်တစ်ဦးက ပြောသည်။

စစ်တောင်းမြစ်ရေ ရုတ်တရက မြင့်တင်လာနိုင်၍ တောင်ငူမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များအပါအဝင် တောင်ငူခရိုင်အတွင်းရှိ ​မြစ်ချောင်းများအနီးနေထိုင်သူများအနေဖြင့် ရေးဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် လိုအပ်ပါက ကြိုတင်ပြောင်းရွှေ့ထားကြရန် မိုးလေဝသပညာရှင်များနှင့် ဒေသခံအချို့မှ မြစ်ရေမတက်ခင် ၂ ရက် ၃ ရက်ခန့်အလိုကတည်းက ကြိုတင်သတိပေးမှုများရှိခဲ့သည်။

"ပြောတာက လွယ်တယ်။ တချို့ သက်ကြီးရွယ်အိုတွေက အိုးအိမ်ကိုခင်တွယ်ကြတယ်။ သူတို့ရဲ့ အိုးအိမ်လေးကနေ ဘယ်မှသွားချင်တာမဟုတ်ဘူး။ စိတ်မချဘူးလေ။ သူတို့မှာ တစ်နေရာကိုရွှေ့ဖို့ စားသောက်နေထိုင်ဖို့ဆိုတာ အဆင်ပြေပါ့မလားစဉ်းစားကြတယ်။ တစ်ချိူ့က သူတို့အိမ်က တိရိစ္ဆာန်လေးတွေ၊ နွားတွေ၊ ၀က်တွေကို ဘယ်မှာထားမလဲပူရတယ်။ သူတို့အကောင်လေးတွေကို စိတ်မချကြဘူး။ ကိုယ်အလှည့်ကျရင် နားလည်းလာမှာပါ"ဟု ရေဘေးကြုံနေရသည့် တောင်ငူဒေသခံတစ်ဦးက ပြောသည်။

ရေးဘေးနှင့်စပ်လျဥ်းပြီး တာဝန်ရှိသည့် စစ်ကောင်စီကမူ မည့်သည့် ကြိုတင်သတိပေးမှုမှ ပြုလုပ်ခြင်းမရှိသကဲ့သို့ လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ၎င်းတို့ခွင့်ပြုသည့်နေရာများသို့သာ သွားရောက်ကယ်ဆယ်စေခြင်း၊ ကယ်ဆယ်ရေးလှေများသယ် ဆောင်လာသည်ကို မြို့အဝင်ဂိတ်များမှတဆင့် တားဆီးကာ လှေများကို ယူဆောင်ထားခြင်းအပါအဝင် ပိတ်ပင်တားဆီးမှုများလုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသည့် ကယ်ဆယ်ရေးသမားအချို့က ပြောသည်။

"ကိုယ်တို့ အသက် ၇၀ ကျော်သူကိုယ်တိုင် ဒီလို၊ဒီလောက် ရေကြီးတာ မကြုံခဲ့ဖူးဘူး။ အခုကြုံရတာပဲ။ တာဝန် ရှိသူတွေက ကြိုတင်သတိပေးရမှာ။ ပေးတယ်ဆိုရာမှာလည်း ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ ရှင်းရှင်း လင်းလင်းသတိပေးရမှာ။ နောက်တခု ဖြစ်လာရင် ဘာတွေဘယ်လိုလုပ်မလဲ ကြိုတင်စီစဥ်ထားရမှာ။ အခု ဖြစ်ကာမှ အဝေးကလှေပြေးယူ အသက်ကယ် အင်္ကျီမရှိ။ တိုင်းပြည်ဆင်းရဲတာဆင်းရဲတာပဲ တခြားတိုင်းပြည်တွေဆီက အတုယူသင့်တာယူကြရမှာပါ"ဟု တောင်ငူမြို့ခံ သက်ကြီးပိုင်းတစ်ဦးက မှတ်ချက်ပေးသည်။

လတ်တလောတွင် ရေကြီးနစ်မြုပ်သည့် တောင်ငူမြို့ပေါ်ရပ်ကွက်တစ်ခုအတွင်း ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းအချို့နှင့်စပ်လျဥ်းပြီး ကျား၊ မ၊ အသက်အရွယ်နှင့် မည်သူမည်ဝါဖြစ်သည် စသည့်အချက်အလက်များအား မသိရသေးပေ။

တောင်ငူမြို့တွင် ရေဘေးသင့်ပြည်သူများအား မြို့ခံပရဟိတအသင်းများနှင့် ဒေသအသီးသီးမှ ကယ်ဆယ်ရေးအဖွဲ့များသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျှက်ရှိရာတွင် ကယ်ဆယ်ရေးစခန်း ၃၆ခုကျော်ရှိ​ပြီး လူဦးရေသောင်းဂဏန်းခန့် ခိုလှုံနေကြရကြောင်း စုံစမ်းသိရသည်။

Pyin Oo Lwin Media
#ရမည်းသင်း #ဖြူး #တောင်ကြီး #မန်းလေး #တောင်ငူ #ပျဉ်းမနား #သတင်းစုံ #ရေဘေး #လားရှိုး #မအလ

ရေသန့်ဘူးများဖြင့်အသက်ကယ် အင်္ကျီ နဲ့ လှေများ ပြုလုပ်ပုံပါ။လိုအပ်ရင် ကြိုတင်ကာကွယ်ဖို့ အသုံးပြုနိုင်အောင်ပါ။Pyin Oo Lwin...
14/09/2024

ရေသန့်ဘူးများဖြင့်အသက်ကယ် အင်္ကျီ နဲ့ လှေများ ပြုလုပ်ပုံပါ။လိုအပ်ရင် ကြိုတင်ကာကွယ်ဖို့
အသုံးပြုနိုင်အောင်ပါ။

Pyin Oo Lwin Media

#ရေဘေး #ပျဉ်းမနား #သတင်းစုံ #တောင်ကြီး #ကလော #မန်းလေး #ရမည်းသင်း #တောင်ငူ #ဖြူး #ပဲခူး #

ကရင်နီတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းများကြောင့် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပ...
14/09/2024

ကရင်နီတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းများကြောင့် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေ

ကရင်နီပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ၊ မြေပြိုခြင်းများ နေရာအနှံ့ဖြစ်ပေါ်နေပြီး ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ယာယီရွှေ့ပြောင်းနေထိုင်ရသူ ၂၈၇၃၅ ဦးအတွက် အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အိမ်ထောင်စု ၅၇၄၇ စုအတွက် အရေးပေါ် တစ်ကိုယ်သန့်ရှင်းရေးအပါအဝင် သောက်သုံးရေးများ လိုအပ်လျက်ရှိကာ ပါဝင်လှူဒါန်းရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက နှိုးဆော်ထားသည်။

ဖယ်ခုံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်း ၃ ခု၊ လူဦးရေ ၂၆၀၀ ကျော် ရေဘေးသင့်နေရသည့်အပြင် တိကျိတ်ကျေးရွာတွင် တောင်ကျရေစီးဆင်းသည့်အတွက် မြေပြိုကာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ် ၂၅ လုံးခန့်ပျက်စီးခဲ့ရကြောင်း၊ လွိုင်ကော်မြို့တွင်မူ အကြမ်းဖက်စစ်တပ်က မိုးဗြဲရေကာတာက ရေထပ်မံလွှတ်ချလိုက်၍ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာနှင့် စစ်ရှောင်စခန်း ၁ ခုတွင် လူဦးရေ ၅၀၀၀ ခန့် ရေလွှမ်းမိုးမှု ခံနေရကြောင်း၊ စိုက်ပျိုးထားသည့် လယ်ယာစပါးဧက ၃၀၀၀ ကျော် ရေလွှမ်းမိုးပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရေဘေးသင့် ကျေးရွာနေ ပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူရေ စုစုပေါင်း ၁၀၀၀၀ ခန့်ရှိကြောင်း၊ ရေကြီးရေလျှံသည့်အတွက် စစ်ရှောင်စခန်း ၇ ခုရေလွှမ်းခံ၍၍ အရေးပေါ် ရွှေ့ပြောင်း ယာယီနေရာချထားရကာ စပါးစိုက်ခင်းဧက ၁၀၀၀ အပါအဝင် အခြား ကောက်ပဲ သီးနှံ့နှင့် နှမ်းစိုက်ခင်းများ လွှမ်းမိုးပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ဖရူဆိုမြို့နယ်တွင်လည်း တစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသည့်အတွက် ကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားကာ ကျေးရွာခန်းမဆောင် ၁ ဆောင်၊ စပါးကျီ ၁ လုံး ပျက်စီးကာ ကျေးရွာအတွင်း မြေအက်ကြောင်းများ ဖြစ်ပြီး အိမ်ခြေ ၃၀ ၊ လူဦးရေ ၂၀၀ ခန့် အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည့်အပြင် လမ်းနှင့် တံတားများ ပြိုကျပျက်စီးမှုကြောင့် ဒေသပြည်သူများနှင့် စစ်ရှောင် ၁၀,၀၀၀ ခန့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ရှားတောမြို့နယ် ခေါ် ဆိုမိုပရေဆိုးလေးမြို့နယ်အတွင်းတွင်လည်း ပွန်ချောင်းရေကြီးရေမြင့်တက်မှုကြောင့် စူးဖဲလော့ကျေးရွာ၊ နော်ပလုကျေး ရွာ၊ ပွန်ချောင်း ကျေးရွာနှင့် စစ်ရှောင်စခန်တစ်ခုတို့ကို ရေလွှမ်းမိုးခဲ့သည့်အတွက် လူဦးရေ ၁၃၃၅ ဦးခန့် ရေဘေးသင့်ကာ နေအိမ်များအပါ အဝင် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

Pyin Oo Lwin Media
#ပျဉ်းမနား

ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှုမြေပြိုမှု ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၄ရက်နေ့တွင် ကူညီရေးနှင့် ရှင်းလင်...
14/09/2024

ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှုမြေပြိုမှု ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၄ရက်နေ့တွင် ကူညီရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ အလောင်း ၅၀ခန့် ပြန်လည် တွေ့ရှိနေပြီး အများစုသော အလောင်းများကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိဘဲ သဂြိုလ်နေရလို့ သိရပါတယ်
ပျောက်ဆုံးသူ ၂၀၀ ဝန်းကျင်ရှိခန့်လဲ ရှိနေပါသေးတယ်
ပုံ//ကလော
Pyin Oo Lwin Media

#ကလော #တောင်ကြီး #ရေဘေး #သတင်းစုံ #ပျဉ်းမနား

ရေကြီးမြေပြိုမှုကြောင့် ရမည်းသင်းမြို့နယ် သပြေပင်ရွာတွင် ရုပ်အလောင်း ၃၀ကျော်တွေ့ရှိ၊ ၄၀ဦးခန့် ပျောက်ဆုံးနေမန္တလေးတိုင်း...
14/09/2024

ရေကြီးမြေပြိုမှုကြောင့် ရမည်းသင်းမြို့နယ် သပြေပင်ရွာတွင် ရုပ်အလောင်း ၃၀ကျော်တွေ့ရှိ၊ ၄၀ဦးခန့် ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် ရုပ်အလောင်း ၃၀ကျော်တွေ့ရှိထားကာ စာရင်းအရ ၄၀ဦးခန့် ပျောက်ဆုံးနေပြီး သေဆုံးသူအရေအတွက် များပြားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၁ရက်ကတည်းက မိုးရွာသွန်းမှုများပြားခြင်း၊ မြေပြိုခြင်းများကြောင့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာ၌ ရုပ်အလောင်းအများအပြား တွေ့ရှိထားကြောင်း၊ ထို့အပြင်
ဝါးဖြူတောင်အောက်ရွာ၊ ချောင်းဖျားရွာ၊ ကြွက်တောရွာနှင့် ကန်သာအေးကျေးရွာတို့မှ ပြည်သူများလည်း သေဆုံးပျောက်ဆုံးမှုများရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

" ဒီနေ့အထိ သေဆုံးနဲ့ ပျောက်ဆုံး ၇၅ဦး စာရင်းရရှိထားတယ်။ ၃၀လောက်သေဆုံးပြီး ၄၀ ကျော်ပျောက်ဆုံးနေတယ်။ အခြေအနေအရ ဘယ်လိုမှအတိအကျမထွက်သေးဘူး။ မသိနိုင်သေးဘူး။ တောင်ပေါ်ကို တက်ဖို့လည်း လမ်းကြောကပြတ်နေတယ်။ တက်လို့မရဘူးဖြစ်နေတယ်။"ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ပေါ်ကျေးရွာများတွင် ရွှေလုပ်ကွက်အများအပြားရှိပြီး ယင်းလုပ်ကွက်များ၌ နေထိုင်သည့် စာရင်းမပေါက်သောကျေးရွာအများအပြားလည်းရှိနေကြောင်း၊ အဆိုပါကျေးရွာများမှာလည်း ရွာလုံးကျွတ် မြေအောက်ရောက်သွား၍ သေဆုံးသူ များပြားကြောင်း ဒေသခံများက ပြောသည်။

"အလောင်းတွေကလည်း မကောက်ရသေးဘူး။ ပုပ်နေကုန်ပြီ။ ဒီနေ့နဲ့ဆို ​လေးညအိပ်ငါးရက်ရှိပြီ။ ၂၀ကျော်လောက် အလောင်းတွေကတွေ့တယ်။ ဖော်ရဦးမှာ။ ဒိုက်တွေအောက်တွေမှာလေ။ သပြေပင်ကတစ်ရွာလုံးပဲ။ တောင်ဘက်မှာလည်းရွာတွေကရှိသေးတယ်။"ဟု ရမည်းသင်း ဒေသခံတစ်ဦးက ပြောသည်။

သပြေပင်ကျေးရွာသည် ရွာ၏ ၉၀ရာခိုင်နှုန်းခန့် ရေအောက်ရောက်ခဲ့ပြီး လက်ရှိစာရင်းအရ
သေဆုံးသူ ဦးရေ ၃၀ခန့်နှင့်ပျောက်ဆုံး ၅၀ဦးခန့်ရှိနေကြောင်း၊ ထို့အပြင် ကားအစီးရေ ၂၇စီး ရေထဲမျောပါခဲ့ကြောင်း သွားရောက်ကူညီခဲ့သူ ကိုခိုင်ကြီးဆိုသူက လူမှုကွန်ရက်၌ ရေးသားသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင်လည်း ရမည်းသင်းမြို့နယ် ရေကြီးမှုတွင် စက်တင်ဘာလ ၁၁ရက်က ၁၀ဦးသေဆုံးပြီး စက်တင်ဘာလ ၁၂ရက်တွင် မြင်းနားရွာမှ ၇ ဦး၊ ကျီးနီကန်ရွာမှ ၂၈ဦး၊ တူးကုန်းရွာမှ သုံးဦး၊ သပြေပင်ရွာမှ ၈၀ဦး၊ ချောင်းဖျားရွာမှ ၁၀၀ဦး သေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၂၈ဦး ရှိကြောင်း ရေးသားနေသည်။

ထို့အပြင် ရွာလုံးကျွတ် ရေထဲပါသွားသော ဝါးဖြူတောင် အထက်ရွာ၊ ဝါးဖြူတောင် အောက်ရွာနှင့် ရွှေတောမိုင်းတို့၏ သေဆုံးမှုမသိရသေး၍ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟုလည်း ရေးသားနေကြသည်။

စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာနကလည်း ရမည်းသင်းနယ်၌ ရေဘေးကြောင့် သေဆုံးသူ ၁၇ ဦးရုပ်အလောင်းများ ဆယ်ယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုအခါ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေပြီး အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပါ ဆိုးရွားနေကြောင်း ဒေသခံများက ပြောသည်။

Pyin Oo Lwin Media
#ရမည်းသင်း #သပြေပင်ရွာ #ရန်ကုန် #မန်းလေး #နေပြည်တော် #သတင်းစုံ #ရေဘေး #ပျဉ်းမနား #တပ်ကုန်း

Address

Maymyo
Maymyo
77777

Website

Alerts

Be the first to know and let us send you an email when Pyin Oo Lwin Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share