Hein Thant Car Service Center

Hein Thant Car Service Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein Thant Car Service Center, Media, Maymyo.

23/06/2021
ကားဘောနက်ဟစိ နဲ့ Heat တက်တဲ့ အယူအဆ အမှားများ🚘အခု ရန်ကုန်က Taxi တချို့ Car Bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး...
12/05/2021

ကားဘောနက်ဟစိ နဲ့ Heat တက်တဲ့ အယူအဆ အမှားများ🚘

အခု ရန်ကုန်က Taxi တချို့ Car Bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ ။

အရင်က အဲ့ဒါမျိုးတွေ့ရနည်းပြီး ၊ အခုနောက်ပိုင်း Taxi တွေရော အိမ်စီးကား တချို့လည်း ဘောအနက်ကို ဟစိလေးလုပ်မောင်းနေတာ တွေ့ရတယ် ။

အဲ့ဒါနဲ့ ဘာလို့ ဟစိလေးလုပ်ထားရတာလဲ မေးကြည့်တော့ အပြင်မှာ နေပူလို့ အင်ဂျင် Heat တက်သက်သာအောင်ဖွင့်ထားတာတဲ့ ။

အဲ့ဒီအယူအဆ လုံးဝ(လုံးဝ) မှားပါတယ် ။

ဘာလို့မှားလဲ ကျတော် နည်းပညာအယူအဆ အရရှင်းပြပါမယ် ။

Engine မှာ အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးရှိပါတယ် ။

(1) Internal Combustion Engine
(အတွင်းပူအင်ဂျင်)
(2) External Combustion Engine
(အပြင်ပူအင်ဂျင်)

ဆိုပြီးတော့ ၂ မျိုးပါ ။

အခု ကျနော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ Engine တွေအကုန်လုံးနီးပါးဟာ

Internal Combustion Engine ဖြစ်တဲ့ အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုနဲ့ လည်ပတ်ရတဲ့အင်ဂျင်တွေပါ ။
ဒီအင်ဂျင်တွေလည်ပတ်နိုင်ဖို့ NOT ( Normal Operation Temperature ) ဆိုတဲ့ သတ်မှတ်
အပူချိန် တခုလိုပါတယ် ။

ဒီတော့ တချို့ လူတွေထင်သလို အင်ဂျင်အေးရင်ကောင်းတယ်ဆိုတဲ့ အယူအဆဟာလုံးဝမှားပါတယ် ။
အင်ဂျင်ဟာ မအေးလွန်း မပူလွန်းဘဲ သတ်မှတ်အပူချိန် စင်တီဂရိတ်ကြားမှာရှိနေမှ ဒီအင်ဂျင်လည်ပတ်နိုင်သလို ၊ အင်ဂျင်သက်တမ်းကြာရှည်ခံပါမယ် ။

အေးလွန်းရင်အင်ဂျင် မလည်ပတ်နိုင်သလို ( အေးသောရာသီမှာ ဆိုင်ကယ် ၊ ကားအင်ဂျင်တွေ နှိုးရခက်တာ သတိရပါ )
၊ ပူလွန်းရင် အင်ဂျင်ထဲက စလစ် ( Sleeve ) ဟာ ပွလာပြီး စလစ် ရဲ့အချင်း Diameter တွေကျဉ်းသွားပါမယ် ၊ စလစ်ထဲမှာ အတက်အဆင်းလုပ်ရတဲ့ Piston (ပစ်စတင်) တွေ ပွလာပြီး အချင်း Diameter ကျယ်လာပါမယ် ။ အဲ့ဒီမှာ Piston နဲ့ Sleeve ဖမ်းပြီး အင်ဂျင်ပျက်စီးပါမယ် ။

နောက် Engine head နဲ့ Engine Block ကြားက Gasket ပျက်ပါမယ် ၊ နောက်ထပ် Engine Head ခုံးတာ ကော့တာ လိမ်တာဖြစ်နိုင်ပါသေးတယ် ။

ဒီလို မဖြစ်ရအောင် ကားအင်ဂျင် ထုတ်လုပ်တဲ့ Company တွေက Normal Operation Temperature တခုသတ်မှတ်ပေးပြီး သတ်မှတ်အပူချိန် မကျော်လွန်အောင် အအေးပေးစနစ်တွေ သုံးပြီးထိန်းချုပ်ပါတယ် ။

Normal Opeartion Temperature ကိုတော့ ကား
Company တွေရဲ့ Engineering Design အပေါ်မူတည်ပြီး ယေဘူယျအားဖြင့် 80 Degrees Celsius ကနေ 95 Degree Celsius အထိ သတ်မှတ်ထားပြီး အပူချိန်သတ်မှတ်ပေးထားပါတယ် ။ ( အင်ဂျင်ဒီဇိုင်းပေါ်မူတည်ပြီး သတ်မှတ်အပူချိန် အတိအကျကတော့ ကွဲပြားပါတယ် )

အဲ့ဒီလို NOT အပူအတွင်းရှိအောင် ဘာနဲ့ ထိန်းချုပ်သလဲဆိုရင်

Cooling System ဆိုတဲ့ အအေးပေးစနစ်နဲ့ ထိန်းချုပ်ပါတယ် ။

Cooling System မှာ

(1) Air Cool
(2) Water Cool ဆိုပြီး အခြေခံ အအေးပေးစနစ်နှစ်မျိုးရှိပါတယ် ။

ယခုခေတ် ကားတွေမှာ အသုံးပြုနေတာက ရေတိုင်ကီလို့ ခေါ်တဲ့ Radiator တွေထဲကရေတွေကို Impeller Pump နဲ့ Circulation လုပ်ပြီး အအေးခံတဲ့ Water Cool System ပါ ။ ဒါကြောင့် ဘောနက် ဟစိပဲလုပ်လုပ် မလုပ်လုပ် ၊ အပြင်နေပူပူ မပူပူ အင်ဂျင်ပူတာ မပူတာ ဘာမှ ကွာခြားမှုမရှိပါဘူး ။

အင်ဂျင်ရဲ့ Cooling System မှာရှိတဲ့ ပစ္စည်းတွေအကုန်ကောင်းပြီး သူတို့ရဲ့ Mechanism တွေ တိကျမှန်ကန်စွာ အလုပ်လုပ်နေသ၍ အင်ဂျင်ဟာ မပူလွန်း မအေးလွန်းဘဲ Normal Operation Temperature အတွင်းမှာပဲရှိနေမှာပါ ။

ဘောနက်ဟစိလုပ်လို့ ဒီ အပူချိန် ကျမသွားသလို ၊ ဘောနက်ပိတ်ထားလို့လဲ ပိုမပူပါဘူး ။

သတ်မှတ်အပူချိန် 80 to 85 လောက်ဖြစ်လာရင် အင်ဂျင်မှာရှိတဲ့ Thermostat ဆိုတဲ့ ဘားကဖွင့်မယ် ရေတိုင်ကီနဲ့ အင်ဂျင်ထဲက ရေတွေ လည်ပတ်မယ် 85 ကနေ 90 ကျော်လာရင် Radiator မှာရှိတဲ့ Fan က ထလည်ပြီး ရေတိုင်ကီကို အအေးခံမယ် ။ ရေတိုင်ကီပြန်အေးရင် သာမိုစတတ်ပြန်ပိတ်မယ် ။ ပြန်ပူလာမယ် ။

အစရှိသဖြင့် အအေးပေးစနစ် သံသရာလည်ပါမယ် ။

ဘောနက်ဟစိလုပ်လို့ ဘာမှ မထူးခြားပါ ။ နောက်ပိုင်းဘယ်ကား Company မှ အပူချိန် သက်သာအောင် ဘောနက်ဖွင့်မောင်းရမယ်ဆိုပြီး Recommendation ပေးထားတာ မတွေ့ဖူးပါ ။ ဒီတော့ ဘောနက်ဖွင့်မောင်းလို့ အပူသက်သာတယ်ဆိုတာ လုံးဝမှားပါတယ် ။

မြို့ထဲမှာ မောင်းနေရင်း ဘောနက်ဟစိလုပ်တာ မသိသာပေမယ့် ၊ အဝေးပြေးလမ်းမပေါ်တက်လို့ ဘောနက် Lock ကျအောင်မပိတ်ဘဲ ဟစိလေးလုပ်မောင်းနေရင်
100 Km/h နှုန်းလောက်နဲ့ မောင်းနေချိန် Lock ပြုတ်ပြီး လေတိုးအားအရှိန်နဲ့ ဘောနက်ထပွင့်ရင် ရှေ့မြင်ကွင်းကွယ်ပြီး အားလုံး ဒုက္ခရောက်နိုင်ပါတယ် ။

နောက်ထပ် ကားကို တောက်လျှောက်မောင်းလို့ အင်ဂျင်ပူနေချိန် ၊ အင်ဂျင်ကိုရေလောင်းတာလည်း နည်းစနစ်မှားပါတယ် ။

အင်ဂျင်တွေဟာ သတ္တုအင်ဂျင် သံအင်ဂျင်တွေပါ ။ သတ္တုတွေ သံတွေဟာ အရမ်းပူနေချိန် ချက်ခြင်း ရုတ်တရုတ်အေးတာ ၊ အရမ်းအေးနေချိန် ရုတ်တရက်ပူတာမျိုးဖြစ်ရင် သတ္တုအဆွဲအကြုံ့သဘောအရ Crack ဖြစ်ပြီး ကွဲတတ်ပါတယ် ။

ဒီလောက်ဆို မိတ်ဆွေတွေ မှားနေတဲ့ အယူအဆအမှားတချို့ ကြေပျက်လောက်မယ်ထင်ပါတယ် ။

ဒီ Normal Operation Temperature အကြောင်းသဘောပေါက်ပြီဆိုရင် နေပူလို့ ကားHeat တက်တယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆက်စပ်စဉ်းစားနိုင်ကြပါစေဗျာ ။

နည်းပညာဗဟုသုတ တိုးတက်ကြပါစေခမျာ ။

Crd. Lynn Zarni (P.T.U)

23/01/2021
20/11/2020
Made In GermanyRUPEDL/5W-30(Fully Synthetic)/E-Hoelite CVT/Engine System CleanerBIZOL/Coolant(G 12+)Honda Fitလေးရှယ်လန်း...
18/06/2020

Made In Germany
RUPEDL/5W-30(Fully Synthetic)/E-Hoelite CVT
/Engine System Cleaner
BIZOL/Coolant(G 12+)
Honda Fitလေးရှယ်လန်းသွားတယ်😍😍

မော်တော်ကားနဲ့သက်ဆိုင်သောအတိုအကောက်များ********************************************၏ အဓိပ္ပာယ်များ*************** ABS - A...
02/09/2018

မော်တော်ကားနဲ့သက်ဆိုင်သောအတိုအကောက်များ
********************************************၏ အဓိပ္ပာယ်များ
***************

ABS - Anti-log Braking System
AC -Alternating Current
A - Air conditioning
ACTS-Air Charged Temperature Sensor
ADB-Automatic Damping Control
AEB-Automatic Enrichment Vehicle
A/F -Air Fuel Ratio
AFC -Air Fuel Control
AFM -Air Flow Meter
AFS -Air Flow Sensor
ALCL -Assembly Line Communication Link
ALDL- Assembly Line Data Link
AM -Amplitude Modification
APO - All Power Option
APS -Absolute Pressure Sensor
ASC =Automatic Stability Control
ASC-T =Automatic Stability Control And Traction
ASDM-Air Bag System Diagnosics Module
AT -Auto Transmission
ATC -Adaptive Transmission Control
ATF-Automatic Transmission Fluid
AW -Allow Wheels
AWD - All Wheel Drive


B+ - Battery Terminal
BARO -Barometric Pressure
BAT -Battery
BAS -Braking Assist System
BCM -Body Control Module
BHP -Brake Horse Power
BMAP-Barometrical Manifold Absolute Pressure
Btu -British Thermal Unot
BRK -Brake
BF -Battery Fail Safe


•C - Degree Celsious
CAS -Crank Angle Sensor
CBC -Conering Brake Control
CC -Cubic Centimeter
CDI-Capacitor Discharge Ignition
CEAB-Cold Engine Air Bleed
CECU-Central Electronic Controlled Unit
CESS-Cold Engine Sensor Switch
CFI-Central Fuel Injection
CFM-Cubic Feet Per Minute
CID-Cubic Inch Displacement
CIS-Containous Injection System
CMP-Camshaft Position Sensor
CKP-Cranksshaft Position Sensor
CO2-Carbon Dioxide
COP-Coil on Plug Ignition
CPU-Central Processing Units
CSSA-Cold Start Spark Advance
CTS-Coolant Temperature Sensor
CTVS-Choke Therminal Vacuum Switch
CVR-Control Vacuum Regulator
CVT-Containously Varriable Transmission


DBC -Dynamic Brake Control
DC -Direct Current
DEFI-Digital Electrnic Fuel Injection
DFS-Deceleration Fuel Shut-off
DLC-Data Link Converter
DOHC-Double Overhead Camshaft
DTC-DiagnosicsTrouble Code
DVOM-Digital Volt Ohm Meter


E-Economy
EACV-Electronic Air Controlled Valve
EBM-Electronic Body Module
ECA-Electronic Controlled Assembly
ECU-Engine Control Units
ECT-Engine Coolant Tempearture
EDC-Electronic Damping Control
EDTC-Engine Drag Torque Control
EEC-Engine Emission Control
EFC-Electronic Fuel Control
EFCA- Electronic Fuel Control Assembly
EGR-Exhaust Fas Recirculation
EGRT-EGR Temperature
EH-Electronic Hydraulic
EI-Electronic Injection
ELC-Electronuc Level Control
EVP-EGR valve position sensor


F-Farhenheit
FCS-Fuel Control Solenoid
FDC-Fuel Deceleration Valve
FM-Frequency Module
Ft-Lb =Foot Pound
FWD-Four Wheels Drive


Gal/Gl -Gallon
GDI-Gasoline Direct Injection
GEN-Generator
GND-Ground
GPM-Grams Per Mile
GVW-Gross Vehicle Weight
GMC-General Motor Corporation


H-Hydrogen
HC-High Compression
HD-Heavy Duty
HDC-Hill Descent Control
HEGS-Heated Exhaust Gas Sensor
HEI-Highy Energy Ignition
Hg-Mercury
Hp-'Horse Power
HYD-Hydraulic
HT-Hight Tension
HMMF-Honda Multi Matic Fluid


IAC-Idle Air Control
IATS-Intake Air Temperature Sensor
IAT-Intake Air Temperature
IC-Integrated Circuit
ICM-Ignition Control Module
ICS-Idle Control Switch
ID-Inside Diameter
IFI-Inteligent Fuel Injection
IGN-Ignition
ISO-International Standard Originization
ITCS-Ignition Timing Control System
ITS-Idle Tracking Switch


JAS-Jet Air System


KHZ-Kilo Hertz
KM-Kilometer
EOEC-Key On ;Engine Cranking
Kpa-Kilo Pascal
KS/KNK-Knock Sensor
KV-Kilo Volt


L-Liter
Lb-Ft=Pound Foot
LC-Low Compression
LED-Light Emitting Diode
LSD-Limitted Slipped Differentail
LSR-Land Speed Control
LWB-Long Wheel Base


MAf-Mass Air Flow
MAP-Manifold Absolute Pressure
Max-Maximum
MBS-Maximum Brake Supports
Mch-Mechanical
MCS-Mixture Comtrol Solenoid
MCT-Manifold Charge Temperatre
MFI-Multi-port Fuel Injection
MIL-Malfunction Indicator Light
MPFI-Multi port Fuel Injection
Mpg-Mile Per Gallons
Ms-Milli Second
MT-Manual Transmission


NEG-Negative
Nm-Neutom Meter


O2-Oxygen
O2S-Oxygen Sensor
OBD-On-board Diagnosis
OD-Over Driven
OE-Original Equipment
OHC-Overhead Camshaft
ORD-Off Road Vehicle


PA-Pressure Air
PAS-Power Assisted Sterring
PB-Power Brake
PCM-Power Control Module
PCV-Positive Crankase Ventilation
PDC-Park Distance Control
PECV-Power Enrichment Control Valve
PID-Parameter ID
PL-Power Locks
P/N-Park /Neutral
PNP-Park Neutral Switch
Pos-Positive
PROM-Program Read Only Memmory
PS-Power Steering
Psi-Pound Per Square Inches
PSP-Power Steering Pressure
PTC-Pending Trouble Code
PWR-PowervTo Weight Ratio
PW-Power Window


RAM-Rendom Access Memmory
RFI-Radio FrequencyInterface
RHD-Right Hand Drive
RON-Reacted Octane Number
RPM-Revolution Per Minute
RWD-Rear Wheel Drive


SAE-Socienty Of Automobile Engineering
SC-Super Charged
SES-Service Engine Scan (Light)
SLS-Self Leveling Control
SOHC-Single Overhead Camshaft
SR-Sun Roof
SRS-Supplyment Resistance System
SS-Speed Sensor
SSI-Solid State Ignition
SWB-Short Wheels Base


TAXH-Tachometer
TB-Throttle Body
TC-Turbo Charged
TCM-Transmission Control Module
TCS-Traction Control System
TD-Turbo Diesel
TDC-Top Dead Center
TMC-Toyota Motor Corporation
TPS-Throttle Position Sensor
TUR-Turbo
TV-Throttle Valve
TVS-Throttle Valve Switch
TWC-Three Way Catalystic Converter


V-volt
VAC-Vacuum
VAF-Voltage Air Flow
VCM-Vehicle Control Module
VDC-Volts Direct Currents
VR-Voltage Regulator
VS-Vehicle Sensor
VSC-Vegicle Speed Control
VVC-Varruavle Valve Control
VVti-Intelligent of varriable of varriable valve timing


WOT-Wide Open Throttle


ZEV-Zero Emission Vehicle



Y.M.T

ကိုယ်မောင်းနေတဲ့ကား ဘာတွေဖြစ်နေသလဲ🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🎩ကားဆရာ တစ်ယောက်ဟာ ကားမောင်းနေစဉ်မှာ အာရုံငါးပါးကို အသုံးချပြီး ကားတစ်စ...
02/09/2018

ကိုယ်မောင်းနေတဲ့ကား ဘာတွေဖြစ်နေသလဲ
🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧

🎩ကားဆရာ တစ်ယောက်ဟာ ကားမောင်းနေစဉ်မှာ အာရုံငါးပါးကို အသုံးချပြီး ကားတစ်စီးရဲ့ ထူးခြားမှု ဖြစ်စဉ်တွေကို အမြဲဂရုစိုက်ရပါတယ်။ အင်ဂျင် အပူတက်နေပြီလား။ ဘယ် နားက ညှော်နံရနေတာလဲ။ ဘာတွေ ညှော်နေတာလဲ။ ဒီအသံက ထူးခြား တယ်။ သာမန်ကြားနေကျ အသံ မဟုတ်ဘူး။ ကလပ်ခ်ျကလား၊ ဘရိတ် ကလား၊ အင်ဂျင်ကလား။ တုန်နေ တာ၊ ခါနေတာ ဘာကြောင့်လဲ။ တာယာဘီးကလား၊ ကားအောက် ပိုင်းကလား။ ကား လူးနေတယ်။ စတီ ယာရင်ချိုးလို့ မကောင်းဘူး။ အိတ်ဇော က ဘာသံထွက်နေတာလဲ စသည်ဖြင့် ပေါ့။ ကိုယ်ကိုင်နေတဲ့ကားကို ဂရု တစိုက် စစ်ဆေးနေရပါတယ်။ထူးခြား မှုဖြစ်စဉ်ဆိုတာ ကားတစ်စီး ချွတ် ယွင်းတော့မယ့် ရှေ့ပြေးလက္ခဏာပါ ပဲ။ ဒီလိုထူးခြားတာမျိုးကို ဂရုစိုက် တတ်မှ အာရုံခံတတ်မှတကယ့်ကား ဆရာ ၀ါရင့်တစ်ယောက်ဖြစ်ပါတယ်။ ပရော်ဖယ်ရှင်နယ် ဒရိုင်ဘာတစ်ယောက် ဖြစ်ပါတယ်။
ကားကို ဂရုစိုက်ထိန်းသိမ်း တတ်မှ ကားသက်သမ်းရှည်ပါတယ်။ ကားပဲမောင်းတတ်ပြီး ကားဘာဖြစ်နေ တယ်ဆိုတာ နားမလည်ခဲ့ရင် ဒီကား ကို ဒီဒရိုင်ဘာလက်ထဲအပ်လိုက်တာ နဲ့ မြန်မြန်ပျက်စီးသွားနိုင်ပါတယ်။

🎩ကားဆိုတဲ့အမျိုးက စနစ်ပေါင်းများ စွာနဲ့ ဖွဲ့စည်းထားတဲ့ ယန္တရားအစု အဝေးကြီးပါ။ စနစ်တစ်ခု ချွတ်ယွင်း ပျက်စီသွားရင် ကျန်တဲ့ဆက်နွှယ်နေ တဲ့ စနစ်တစ်ခုကို သွားပြီးထိခိုက်တတ် ပါတယ်။ ကားဆရာတစ်ဦးဟာ ကား တစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ကားအုံနာမှာ လည်း တာဝန်ရှိပါတယ်။
ကားဆိုတဲ့ စက်ယန္တရားအစု အဝေးဟာ အချိန်တန်ရင် ပွန်းစား ပျက်စီးသွားတာ သဘာဝပါပဲ။ ကား အင်ဂျင်တစ်လုံး ချောမွေ့စွာလည်ပတ် ဖို့ချောဆီပို့စနစ်က အင်ဂျင်ဝိုင်တွေကို ဖိအားတစ်ခုနဲ့ ဆီလိုင်းတွေအားလုံးကို ရောက်အောင် တွန်းပို့ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့် ချောဆီပို့ စနစ်မှာ ချွတ်ယွင်းအားနည်းမှုတွေ ဖြစ်လာခဲ့ရင် အင်ဂျင်ဆီငတ်တဲ့ ပြဿနာဖြစ်လာပါတယ်။ ချောဆီ ငတ်ရာကနေ အင်ဂျင်အစိတ်အပိုင်းတွေ ပွတ်တိုက် ပွန်းစားချောင်သွား တတ် ပါတယ်။

🎩လည်ပတ်စေခိုင်းနေတဲ့ အင်ဂျင် တစ်လုံးက ထူးခြားတဲ့ ဆူညံသံ (Noise)တွေကြားရရင် သတိထား ပြီး စစ်ဆေးပါ။ အင်ဂျင်အသံပုံမှန် ရှိနေရာကနေ အသံပြောင်းသွားတာ ထူးခြားမှုတစ်ခုခုရှိနေလို့ပါပဲ။ ဒီ အသံ ဘယ်ကလာတာလဲ၊ အင်ဂျင်ံHead အပေါ်ပိုင်း Camshaft အဖုံး ကလား၊ အင်ဂျင်ထဲကလား၊ ဘယ်လို အခြေအနေမှာ ဒီလိုမျိုးမူမမှန်တဲ့အသံ ကိုကြားနေရတာလဲ၊ အင်ဂျင်လည် ပတ်နှုန်း (Speed) ကို အမျိုးမျိုး ပြောင်းပြီးလှည့်ကြည့်ပါ။ အင်ဂျင် မြန်ရင် အသံပိုကျယ်လာတာလား။

🎩အင်ဂျင် Clicking Noise ဆူညံသံ
ကားစက်နိုးပြီး လီဗာတဖြည်း ဖြည်းနင်း၍ အင်ဂျင် Speed ကို မြှင့် လိုက်ပါက ဗားတိုက်ပစ်တိုက်သံ ]ကလစ်}၊ ]ကလစ်} ဟူသော မြည်သံ ထွက်နေလျှင် မူမမှန်သော အသံဖြစ် ပါတယ်။ ပထမဆုံး စစ်ဆေးကြည့် ရမှာက Camshaft နဲ့ Valve တွေ အထိ အင်ဂျင်ဝိုင်တက် ^မတက်ပါပဲ။ Oil Pump က တွန်းပို့တဲ့ ဆီဖိအား နည်းနေတာလား။ အင်ဂျင်ဆီခံခွက် (Oil Pan)ထဲမှာကိုက အင်ဂျင်ဝိုင် Level ကျနေတာလား။

🎩ဆီတိုင်းတဲ့ ထောက်တံနဲ့ တိုင်းကြည့်ပါ။ ဆီလိုင်း တစ်လျှောက်တစ်နေရာမှာ ဆီပိတ်နေ တာလား။ Oil Pump မကောင်းလို့ ဆီတွန်းပို့ပေးတဲ့ Pressure မပြည့် တာလား။ အင်ဂျင်ဝိုင်တွေ စေးပျစ် လွန်းနေတာလား။ အင်ဂျင်ဝိုင်အစစ် ဘူးမှာ ပိတ်နေတာလား။ Oil Cooler သုံးတဲ့အင်ဂျင်ဆိုရင် Oil Cooler မှာ ဆီချေးတွေ အနယ်ထိုင်ပြီး ပိတ်ဆို့နေ တတ်ပါတယ်။

🎩OHC အင်ဂျင်တွေမှာ Camshaft နှင့် Valve Train ကို အင်ဂျင်ဝိုင် အရောက်နည်းတာ၊ အင်ဂျင်ဝိုင်ရောက် တာနောက်ကျလွန်းတာတွေကြောင့် ကြာလာရင် ပွန်းစားမှုများပြီး ချောင် လာတတ်ပါတယ်။ Valve lifter နဲ့ ဗားတိုင်ကြားလွတ်အကွာအဝေးကို ပြန်ချိန်ပေးရပါတယ်။ တစ်ခါတစ်ရံ ဗားစပရိန်ကျိုးနေတာ၊ Pushrod ကောက်နေတာကြောင့်လည်း အသံ ထွက်နိုင်ပါတယ်။ ခရီးမိုင် (၃၀၀၀၀) လောက်မောင်းပြီးတိုင်း Valve Lash အကွာအဝေးကို ပြန်ချိန်ပေးသင့်ပါ တယ်။ ဗားအကွာအဝေး အလွတ် ကစားတာကိုတိုင်းဖို့ Feeler Gauge ကိုသုံးရပါတယ်။ ဘယ်လောက်အကွာ အဝေးထားရမယ်ဆိုတာ အင်ဂျင် အမျိုးအစားအလိုက် ထုတ်လုပ်သူက Shop Manual မှာ ဖော်ပြထားပါ တယ်။

🎩အင်ဂျင်ထဲမှာ ဖြစ်ပေါ်နေတဲ့ မူမမှန်တဲ့ အသံတွေကို သာမန်နားနဲ့ မကြားနိုင်ပါဘူး။ ဘာကြောင့်ဖြစ် တယ်၊ ဘယ်နေရာကဖြစ်နေတယ်ဆို တာမျိုး စုံစမ်းလို့ရအောင် Listening Rod (or) Stethoscope နားကြပ်သုံး ရပါတယ်။ ဆရာဝန်ကိုင်တဲ့ နားကြပ်နဲ့တော့ မတူပါဘူး။ မက္ကင်း နစ်ဆရာကိုင်တဲ့နားကြပ်က ထောက် တံ အရှည်ကြီးပါနေပါတယ်။ လူနာ တစ်ယောက်ရဲ့ ကိုယ်ခန္ဓာထဲမှာ ဖြစ် ပေါ်နေတဲ့အသံတွေကို ဆရာဝန်က နားကြပ်နဲ့နားထောင်ပြီး စမ်းသပ် စစ် ဆေးပါတယ်။ ဒီလိုသဘောမျိုးပါ ပဲ။ မက္ကင်းနစ်ဆရာတွေလည်း အင်ဂျင်တစ် လုံး၏အသံတွေကို စမ်းသပ်စစ်ဆေး ဖိှု့ Stethoscope ကို သုံးရပါ တယ်။

🎩အင်ဂျင်မီးခေါက်သံ (Detonation)
တောင်ကုန်းတက်လမ်းတွေမှာ ၀န်ကုန်ချိန် (Load) ကိုရုန်းတက်ရတဲ့ အခြေအနေမျိုးမှာ ဂီယာမပြောင်းဘဲ ဆက်မောင်းရင် အင်ဂျင်မီးခေါက်သံ ထွက်လာပါတယ်။ အင်ဂျင်ပူလွန်းရင်၊ ဖိအားများလွန်း ရင် မီးခေါက်သံ ထွက်တတ်ပါတယ်။ အောက်တိန်းနံပါတ် နိမ့်လွန်းတဲ့ သာမန်ဓာတ်ဆီတွေကြောင့်လည်း မီး ခေါက်သံထွက်နိုင်ပါတယ်။

🎩ပစ္စတင်ရိန်းအသံ (Ring Noise)
အင်ဂျင်ထဲမှာ အပေါ်တက် အောက်ဆင်းလှုပ်ရှားနေတာ ပစ္စတင် ပါ။ ပစ္စတင်နဲ့ ဆလင်ဒါကြားမှာ Ring တွေရှိပါတယ်။ Ring ကျိုးနေ မယ်၊ Ring ချောင်နေမယ်ဆိုရင် ရိန်း မြည်သံထွက်နိုင်ပါတယ်။ Ring ကွင်း တွေကြောင့် အသံထွက်တာဟုတ် ^မဟုတ် စမ်းသပ်နည်းကတော့ ပလပ် တွေဖြုတ်ပြီး အင်ဂျင်ဝိုင်(15 CC)လောက်ကို ဆင်လင်ဒါတိုင်းမှာ လောင်းထည့်ပေးပါ။ ပြီးရင် ပလပ် တွေ ပြန်တပ်ပြီး စက်နိုးကြည့်ပါ။

🎩ဆူညံသံတွေ လျော့သွားတယ်ဆိုရင် Ring ကြောင့်ထွက်တဲ့ အသံဆိုတာ သေချာပါတယ်။ ပိုပြီးသေချာအောင် အင်ဂျင် Compression Test လုပ် ကြည့်ပါ။
Connecting Rod မြည်သံ
ကွန်နတ်တိန်းဘယ်ရင် စားပြီး ချောင်နေတာကြောင့် ဒီအသံမျိုးတွေ ထွက်ပေါ်လာတာပါ။ ပစ္စတင် (၄) လုံးထိုးအင်ဂျင်ဆိုရင် ကွန်နတ်တိန်း ရော့တ် ဘယ်နံပါတ်မှာ ဖြစ်နေတာလဲ ဆိုတာ စုံစမ်းဖို့လိုပါတယ်။ Spark Plug (၁) လုံးချင်းကို မီးမပေးဘဲ စမ်း သပ်ကြည့်နိုင်ပါတယ်။ Plug ထိပ်ဖျား မှာ ၀က်အူလှဲ့ တစ်ချောင်းနဲ့ ထောက် ပြီး Short လုပ်ကြည့်ပါ။

🎩ဆူညံသံ လျော့သွားခဲ့ရင် အဲ့ဒီပစ္စတင်နဲ့တွဲ ထားတဲ့ ကွန်နတ်တိန် ဘယ်ရင် မကောင်းတာ သေချာပါတယ်။
Plug မီးမပွင့်တဲ့အတွက် ပါဝါ စတုတ်မှာ အလုပ်မလုပ်တော့ပါဘူး။ ဒီအချိန်မှာ ဆူညံသံလျော့သွားရင် ဒီနေရာက Connecting Rod ဘယ် ရင်တွေစားပြီး ချောင်နေတယ်လို့ ယူဆလို့ရပါတယ်။
ပစ္စတင် Pin မှ ဆူညံသံ
ပစ္စတင်နဲ့ ကွန်နတ်တိန်းရော့ ကို Pin နဲ့ ဆက်ထားပါတယ်။ ပစ္စတင် Pin ရော၊ ဘွတ်ပါ ပွန်းစားပြီးချောင် နေခဲ့ရင် အင်ဂျင်လည်တဲ့ အချိန်မှာ ဆူညံသံထွက်ပါတယ်။

🎩အင်ဂျင် Slow လည်တဲ့ အချိန်မှာပိုပြီး သိသာပါ တယ်။ ဒီလိုမျိုး ပစ္စတင် Pin ပွန်းစား သွားတာ အင်ဂျင်ဝိုင အတက်နည်းနေ လို့ဖြစ်ပါတယ်။ ကားမောင်းနေတဲ့ အမြန်နှုန်း 30 mph လောက်မှာ ဒီ အသံကို ပိုပြီးကြားရပါတယ်။
ပစ္စတင်ရိုက်သံ (Piston Slop)
ပစ္စတင်အပေါ် ^အောက်ရွေ့ လျားနေစဉ်မှာပဲ ဘေးတိုက်ရှေ့တိုး၊ နောက်ဆုတ်ရွေ့လျားတာကြောင့် ဆလင်ဒါနဲ့ ရိုက်တဲ့အသံ ထွက်လာ တာပါ။ ပစ္စတင်ပွန်းစားတာ ဆလင် ဒါစလစ်ပွန်းစားပြီး ချောင်နေတာ၊ ကွန်နတ်တိန်းရှော့ကောက်နေတာ၊ ပစ္စတင်စကပ်လိမ်နေတာတွေကြောင့် ဒီလို ရိုက်သံထွက်လာရတာ ဖြစ်ပါ တယ်။

🎩အရည်အသွေးညံ့လွန်းတဲ့ အင်ဂျင်ဝိုင်သုံးစွဲပြီး အင်ဂျင်ဝိုင် မှန်မှန်မလဲနိုင်တာကြောင့် အင်ဂျင် အတွင်းပိုင်းမှာ ပွန်းစားသွားတာဖြစ် နိုင်ပါတယ်။ Air Cleaner မကောင်း တာကြောင့် လေနဲ့အတူ ဖုန်တွေ၊ သဲ တွေအင်ဂျင်ထဲကို ၀င်ရောက်ရာကနေ ပွန်းစားမှုမြန်တာလည်း ဖြစ်နိုင်ပါ တယ်။

🎩အင်ဂျင်ဘယ်ရင်အသံ
အသုံးပြုတာကြာလာတဲ့ အင်ဂျင် အဟောင်းတွေမှာ အင်ဂျင် ဘယ်ရင် ခြမ်းတွေစားပြီး ကရိုင်းရှပ်ခါတဲ့အသံ ထွက်လာပါတယ်။ ကွန်နတ်တိန်း အတံနဲ့ ကရိုင်းရှပ်ဆက်သွယ်တဲ့ ဘယ်ရင်ခြမ်းတွေလည်း ပွန်းစားပြီး ချောင်လာတတ်ပါတယ်။ ဘယ်ရင် စားပြီးချောင်နေရင် အင်ဂျင်လည်တဲ့ အချိန်မှာ ဆူညံသံထွက်လာပါတယ်။ အဓိကဖြစ်ရတဲ့ အကြောင်းရင်းက တော့ အင်ဂျင်ဝိုင်ပန့်မကောင်းရာကနေ ချောဆီလိုင်းတွေထဲကို အင်ဂျင်ဝိုင် အလုံအလောက်မရောက်လို့ ပွန်းစား ကုန်တာဖြစ်ပါတယ်။ အရည်အသွေး ကောင်းတဲ့ အင်ဂျင်ဝိုင်ကိုသုံးပြီး ပုံမှန် ဆီလဲပေးဖို့ ဆီစစ်ဘူးပါ လဲဖို့လိုပါ တယ်။

🎩ဘယ်ရင်တွေ ပွန်းစားပြီး ချောင်လွန်းရင် ကွန်နတ်တိန်းထိပ်ဖျား နဲ့ ပစ္စတက် Pin အထိအင်ဂျင်ဝိုင် အတတ်နည်းသွားနိုင်ပါတယ်။ အင်ဂျင် ဘယ်ရင်တွေစားပြီး ချောင်လွန်းရင် တော့ အင်ဂျင်ချပြီး အကြီးစားပြင် ရပါတော့မယ်။ ဘဲဥပုံလိုက်နေတဲ့ ကရိုင်းရှပ်ကို စက်စားပေးဖို့လိုပါတယ်။ ကရိုင်းရှပ် Size ကျန်သလောက် သင့်လျော်တဲ့ဘယ်ရင် Size ကို ပြန် သုံးရပါတယ်။

🎩အင်ဂျင်တစ်လုံးရဲ့ မူမမှန်တဲ့ အသံတွေဟာ အင်ဂျင်ပျက်စီးစေမယ့် ရှေ့ပြေး လက္ခဏာတွေဖြစ်ပါတယ်။ ဒီအသံတွေကို စမ်းသပ်ရှာဖွေစစ်ဆေး ပြီး မက္ကင်းနစ်စက်ဆရာနဲ့ တိုင်ပင် ဆွေးနွေးရပါတယ်။ ဒီအပြစ်တွေ ပျောက်အောင်ဘာတွေပြုပြင်သင့် သလဲ စဉ်းစားဆုံးဖြတ်ရပါတယ်။ ကားအင်ဂျင်တစ်လုံး သက်တမ်း ကြာကြာခံသုံးနိုင်ဖို့ အရေးကြီးတဲ့ အချက်ကတော့ ပုံမှန်ပြုပြင်ထိန်းသိမ်း တာတွေလုပ်ပေးဖို့ပါပဲ။ အရည် အသွေးကောင်းတဲ့အင်ဂျင်ဝိုင်ကိုသုံး ပါ။

🎩အင်ဂျင်ဝိုင်မှန်မှန်လဲပါ။ အင်ဂျင် အပူချိန်မြင့်တက်မသွားအောင် ဂရု စိုက်ထိန်းသိမ်းပေးပါ။
💲💲💲💲💲

Y.M.T

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Hein Thant Car Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category