03/01/2026
Celebrating two years of academic journey in Canada🇨🇦!
Lake Louise & Banff, Calgary
နှစ်နှစ်ဆိုတဲ့အချိန်က အရမ်းကိုမြန်သွားသလိုပဲ ခံစားရပါတယ်။
စင်္ကာပူမှာ အချိန်ပြည့်အလုပ်ကို စွန့်လွှတ်ပြီး စုထားတဲ့ငွေတွေအကုန် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံကာ ကနေဒါ PR ကို ရယူဖို့ လမ်းကြောင်းတစ်ခုကို စတင်ခဲ့ပါတယ်။
Canada PR Dream ကတော့ လွယ်ကူပြီး ရိုးရှင်းသလို ထင်ရပေမယ့် ပညာသင်ကြားခဲ့တဲ့ နှစ်များအတွင်း ခက်ခဲမှုတွေ မတည်ငြိမ်မှုတွေ စိတ်ရှုပ်ထွေးမှုတွေ များစွာနဲ့၊ ကိုယ်ရဲ့ ဆုံးဖြတ်ချက်တွေ မှားသွားပီလားဆိုပီး တွေးခဲ့မိတဲ့ အချိန်တွေ ကြုံခဲ့ရတယ်။ ပထမ ခြောက်လက အရမ်းကို ခက်ခဲခဲ့ပါတယ်။
ရာသီဥတုအပြောင်းအလဲ ဘဝပုံစံအသစ်နဲ့ ကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့ အချိန်တွေကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပါတယ်။
ဒုတိယ ခြောက်လမှာတော့ Assignments, Group Projects, Midterms,Final Exams, Presentation တွေ ဆက်တိုက်နဲ့ အတော်ကို ဖိစီးမှုများတဲ့ လတွေပါပဲ။
ဒုတိယနှစ်မှာတော့ အရာအားလုံး ပိုပြီး ချောမွေ့လာခဲ့ပါတယ်။
နောက်ဆုံးနှစ်မှာတော့ နေသားကျလာခဲ့တယ် ပုံမှန်ဝင်ငွေရနေတဲ့ အချိန်ပိုင်းအလုပ်ရယ်၊ သူငယ်ချင်းတွေလဲ ပိုများလာပြီး၊ ကနေဒါဟာ အစစအရာရာ စျေးကြီးပေမဲ့ အရမ်းကိုလှတဲ့ Third Country ဖြစ်လာပါတော့တယ်။
ချစ်တဲ့
MNK
03 Jan 26, 2:30PM