Stretford Digest

Stretford Digest HERE WE GO! မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံးရသတင်းများနဲ့ သုံးသပ်ချက်များကို တင်ဆက်​ပေးနေသည်။

Vidic x Ferdinand
12/10/2025

Vidic x Ferdinand

Well Done! CR7Our Billionaire 👏👏👏
09/10/2025

Well Done! CR7
Our Billionaire
👏👏👏

ဘောလုံးလောကရဲ့ ပထမဆုံး ဘီလီယံနာတစ်ဦးဖြစ်လာခဲ့တဲ့ CRISTIANO RONALDO!!!

Cristiano Ronaldo ရဲ့ ဘောလုံးကစားသမားဘဝ အောင်မြင်မှုလမ်းစတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူစတင်ခဲ့ပြီး အင်္ဂလန်မြေကနေတစ်ဆင့် စံချိန်တင်ပြောင်းရွှေ့ကြေးအတူ စပိန်ကလပ် ရီးရဲမက်ထရစ်အသင်းဆီပြောင်းရွှေ့သွားခဲ့ပြီး သူ့ရဲ့ ဘောလုံးသမိုင်းကြောင်းကို ရေးထိုးနိုင်မယ့် သွင်းဂိုးများစွာကို သွင်းယူနိုင်ခဲ့သည်။

ဆယ်စုနှစ် ၂ ခုစာလောက်ကြာအောင် ဥရောပရဲ့ ထိပ်တန်းအသင်းတွေမှာ ကစားခဲ့တဲ့ အသက် ၄၀ အရွယ် ပေါ်တူဂီသားကြီးဟာ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်သည့် NIKE, ARMANI တို့ကဲ့သို့သော ကုပဏ္ဏီတွေဆီကနေလည်း ဝင်ငွေများစွာလည်းရရှိခဲ့သည်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက လက်ရှိကစားနေတဲ့ Al-Nassar အသင်းနဲ့အတူ ဒေါ်လာသန်း ၄၀၀ ကျော်တန်ကြေးရှိသည့် စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပြီးနောက် အားကစားလောကအတွင်း အချမ်းသာဆုံးသူ အဖြစ်မှတ်တမ်းဝင်ဖို့ဖြစ်လာခဲ့သည်။

Bloomberg Billionaires Index ရဲ့ ထုတ်ပြန်ချက်အရ Cristiano Ronaldo ရဲ့ ယခုလက်ရှိအသားတင်ကြွယ်ဝမှု Net Worth သည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံအထိရှိလာခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ ဘီလီယံနာဖြစ်လာဖို့ အစပြုမှုသည် ၂၀၂၃ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံပြောင်းရွှေ့မှုဖြစ်ခဲ့သည်။

ဥရောပတစ်ခွင်မှာ အရာအားလုံးကို အနိုင်ယူနိုင်ခဲ့သည့် Cristiano Ronaldo တစ်ယောက် အရှေ့အလယ်ပိုင်း ဆော်လ်ဒီကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် များစွာသော လုပ်ခလစာနဲ့အတူ အကျိုးခံစားခွင့်တွေပါဝင်သည့် စာချုပ်တွေကို ချုပ်ဆိုနိုင်ခဲ့သည်။

ယခုလက်ရှိ Cristiano Ronaldo ရဲ့ငွေကြေးပိုင်ဆိုင်ရာကို စီမံခန့်ခွဲပေးနေသူမှာ Lisbon အခြေစိုက် LMcapital Wealth Management မှ Miguel Marques ဖြစ်သည်။ သို့ပေမယ့် ၎င်းစီမံခန့်ခွဲနေရသော Cristiano Ronaldo ရဲ့ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁.၄ ဘီလီယံနဲ့ပက်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သည်။

Madeira ဆိုတဲ့ ပေါ်တူဂီနိုင်ငံရဲ့ ကျွန်းငယ်ကလေးမှာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာခဲ့တဲ့ Cristiano Ronaldo ဟာ အသက် ၁၄ နှစ်အရွယ်မှာပဲ ကျောင်းပညာရေးကနေထွက်ပြီး ဘောလုံးလောကထဲကို ဝင်ရောက်နိုင်ဖို့ Lisbon ဆိုတဲ့မြို့ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် Sporting CP အသင်းမှာ ဘောလုံးသမားဘဝကို စတင်ကာ သိပ်မကြာခင်မှာခင် နှစ်အပိုင်းခြားတစ်ခုဖြစ်တဲ့ ၂၀၀၃ ခုနှစ်မှာ Sir Alex Ferguson ရဲ့ ခေါ်ယူမှုကြောင့် အင်္ဂလန်နိုင်ငံရဲ့ အကြီးကျယ်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ ယင်းအချိန်မှာ Cristiano Ronaldo ရဲ့အသက်ဟာ ၁၇ နှစ်သာရှိသေးသည်။ ယခုအချိန်မှာ Cristiano Ronaldo ဟာ ၎င်းရဲ့ မွေးရပ်မြေ Madeira မှာ the Cristiano Ronaldo International Airport , Museum CR7 , Hotel Pestana CR7 တို့ကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်သည်။

Cristiano Ronaldo သည် Professional ဘောလုံးသမားဘဝစတင်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေ ဥရောပမှာ နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ဘောလုံးလစာငွေ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော်ကို ရှာဖွေထားနိုင်ခဲ့သည်။ ဒါ့အပြင် ဆယ်စုနှစ်တစ်ခုစာအတွင်း NIKE နဲ့စာချုပ်မှ နှစ်စဉ် ဒေါ်လာ ၁၈ သန်းကိုရရှိခဲ့ပြီး နာမည်ကြီး Brand ဖြစ်တဲ့ Armani, Castrol တို့ဆီမှလည်း ဒေါ်လာ ၁၇၅ သန်းကိုရရှိခဲ့သည်။ ယင်းဝင်ငွေအားလုံးကို ၎င်းရဲ့ အသားတင်ပိုင်ဆိုင်မှုထဲသို့ပေါင်းထည့်နိုင်ခဲ့သည်။ နောက်ထပ်အကြီးမားဆုံးဝင်ငွေကတော့ ၂၀၂၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆော်လ်ဒီကလပ် Al-Nassr အသင်းဆီပြောင်းရွှေ့သွားခဲ့ပြီး လက်မှတ်ထိုးကြေး ဒေါ်လာ သန်း ၃၀ အပါဝင် အခြားအကျိုးခံစားခွင့်များနဲ့ အတူ ဝင်ငွေခွန်အလွတ် လုပ်ခလစာ တစ်နှစ် ဒေါ်လာ သန်း ၂၀၀ ဖြင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။

Cristiano Ronaldo ဟာ ယနေ့ခေတ်ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် Social Media မှာလည်း ရေပန်းအစားဆုံးသူတစ်ယောက်ဖြစ်ပြီး Instagram မှာ Follower သန်း ၆၆၀ ကျော်ဖြင့် ကမ္ဘာပေါ်မှာ Follower အများဆုံးသူအဖြစ်ရပ်တည်နေသည်။ ဒါ့အပြင် ကမ္ဘာပေါ်ရှိ ဇိမ်ခံပစ္စည်းများဖြစ်သည့် ကိုယ်ပိုင်ဂျက်လေယာဉ်၊ ရွက်လှေ၊ ပြိုင်ကား၊ နာရီ အစရှိသည့် Limitted Edittion ဖြင့်သာ ထုတ်လုပ်သည့် Luxury Branded အားလုံးကိုတစ်ဦးတည်းပိုင်ဆိုင်ထားသည်။ အရာအားလုံးရဲ့နောက်ဆုံးမှာတော့ Cristiano Ronaldo တစ်ယောက် ဘောလုံးလောကရဲ့ ဘီလီယံနာတစ်ဦးအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါပြီ။

WELL DONE ! CR7 👏👏👏
(Bloomberg မှဖော်ပြချက်များကိုကောက်နုတ်ရေးသားထားခြင်းဖြစ်သည်)

🚨BREAKING : မန်ချက်စတာယူနိုက်တက်အသင်းသည် ဘရန့်ဖို့အသင်းရဲ့ Chief Operating Officer ဖြစ်သူ Ameesh Manek ကို အသင်းရဲ့ Dire...
09/10/2025

🚨BREAKING : မန်ချက်စတာယူနိုက်တက်အသင်းသည် ဘရန့်ဖို့အသင်းရဲ့ Chief Operating Officer ဖြစ်သူ Ameesh Manek ကို အသင်းရဲ့ Director of Football Operation အဖြစ်ခန့်အပ်လိုက်ပြီဖြစ်သည်။

[]

နည်းပြ Ruben Amorim အတွက် အချိန် ၃ နှစ်ထပ်ပေးမယ့် အသင်းပိုင်ရှင် Sir Jim Ratcliffe…“Ruben အတွက် ပြီးခဲ့ ရာသီဟာ အကောင်းဆု...
09/10/2025

နည်းပြ Ruben Amorim အတွက် အချိန် ၃ နှစ်ထပ်ပေးမယ့် အသင်းပိုင်ရှင် Sir Jim Ratcliffe…

“Ruben အတွက် ပြီးခဲ့ ရာသီဟာ အကောင်းဆုံးရာသီတစ်ခုမဖြစ်ခဲ့ဘူး။Ruben အနေနဲ့ အကောင်းဆုံးနည်းပြအဖြစ် သက်သေပြဖို့ဆိုရင် ၃ နှစ်လောက် အချိန်ယူဖို့လိုပါမယ်။ အဲ့အတွက်လည်း ကျွန်တော့်ဘက်က အချိန်ပေးဖို့ အဆင်သင့်ပါပဲ။
တစ်ခါတစ်လေကျရင် ကျွန်တော့်အနေနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ Ruben Amorim ကိုမေးတဲ့ မီဒီယာသမားတွေရဲ့ မေးခွန်းတွေကို နားမလည်နိုင်ဖြစ်မိတယ်။ သူတို့က တစ်ညတည်းနဲ့ အောင်မြင်မှုကို လိုချင်နေကြတာ။ ပြောရမယ်ဆိုရင် ဒီနေ့ သစ်ပင်စိုက် မနက်ဖြန် ပန်းတွေပွင့်တာကို လိုချင်နေကြတာဗျ။ သူ့တို့က အပြောင်းလဲတစ်ခုလုပ်ရတာကို လွယ်တယ်လို့ထင်နေကြတာ။
တကယ်တော့ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ရတာဟာ အပြောလွယ်သလောက် လက်တွေ့မှာ အင်မတန်ခက်ပါတယ်။ Sir Alex Ferguson ရဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဘဝ ပထမဆုံး ၂ နှစ်မှာလည်း ရလဒ်ပိုင်းတွေကြောင့် အထုတ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေကို ခုထိမှတ်မိနေတုန်းပါပဲ။ နောက်ပြီး နည်းပြ Arteta ရဲ့ အာဆင်နယ်အသင်းနည်းပြဘဝသည်လည်း ဒီလိုပါပဲ။ အရမ်းခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေကို ကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရတာပဲ မဟုတ်လား။
အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အနာဂတ်ကိုမျှော်ကြည့်ကာ Ruben နဲ့ပက်သက်ပြီး စိတ်ရှည်ဖို့လိုပါတယ်။ အဲ့ဒိအတွက်လည်း ကျွန်တော့်အနေနဲ့ Ruben ကိုအချိန် ၃ နှစ်ပေးပါမယ်။ ဘာလို့လဲဆိုတော့ အောင်မြင်မှုဆိုတာ တစ်ညတည်းနဲ့ ယူလို့ရတဲ့ အရာမဟုတ်လို့ပါပဲ”

🗣️Sir Jim Ratcliffe


🚨BREAKING : Saudi အစိုးရ GEA ရဲ့ ဥက္ကဌ၊ အစိုးရလက်အောက် Royal Court ရဲ့ Adviser ဖြစ်သူ Turki Alalshikh ကတော့ ၎င်းရဲ့ Soci...
09/10/2025

🚨BREAKING : Saudi အစိုးရ GEA ရဲ့ ဥက္ကဌ၊ အစိုးရလက်အောက် Royal Court ရဲ့ Adviser ဖြစ်သူ Turki Alalshikh ကတော့ ၎င်းရဲ့ Social Media တစ်ခုဖြစ်သည့် X ကနေ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်အပြောင်းအလဲ အကြောင်းအရာနဲ့ပက်သက်ပြီး “ဒီကနေ့ အတွက် အပျော်ရွှင်ဆုံးသတင်းထူးရှိပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ရင်းနှီးမြုပ်နှံသူ အသစ်ထံရောင်းချဖို့ ဆွေးနွေးမှုမှာ အတော်လေးခရီးပေါက်နေပြီဖြစ်ပါတယ်။ ကျွန်တော်ကတော့ ယခင်ကလပ်အသင်းပိုင်ရှင်တွေထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ထားတယ်။" ဟုဆိုကာ ရေးသားဖော်ပြခဲ့သည်။




သတင်းကတော့ထူးတယ်။ နောက်ဆက်တွဲသတင်းတွေကိုပဲ စောင့်ကြည့်ရပါမယ်။ 👏👏👏

🚨BREAKING NEWS : နောက်ခံကစားသမား Lisandro Martinez သည် International Break အပြီးမှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်တော...
08/10/2025

🚨BREAKING NEWS : နောက်ခံကစားသမား Lisandro Martinez သည် International Break အပြီးမှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်တော့မည်ဖြစ်သည်။

[Simon Jones, ]

🚨INFO : မန်ချက်စတာယူနိုက်တက်အသင်းသည် လာမယ့် နွေရာသီအပြောင်းရွှေ့မှာ ကွင်းလယ်ကစားသမား Bruno Fernandes ကို ရောင်းချဖို့ပြင...
08/10/2025

🚨INFO : မန်ချက်စတာယူနိုက်တက်အသင်းသည် လာမယ့် နွေရာသီအပြောင်းရွှေ့မှာ ကွင်းလယ်ကစားသမား Bruno Fernandes ကို ရောင်းချဖို့ပြင်ဆင်ထားပြီး ကစားသမားအတွက် ပေါင်သန်း ၆၀ ကျော်ရရှိဖို့ မျှော်လင့်ထားသည်။
အရှေ့အလယ်ပိုင်း ဆော်လ်ဒီကလပ်အသင်းတွေဟာ Bruno Fernandes နဲ့ပက်သက်ပြီး စိတ်ဝင်စားမှုမြင့်တက်နေကြသည်။

[]

🚨BREAKING : မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပူးတွဲပိုင်ရှင် Sir Jim Racliffe နဲ့  နည်းပြ Ruben Amorim တို့ကြား System နဲ့ပက်...
07/10/2025

🚨BREAKING : မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပူးတွဲပိုင်ရှင် Sir Jim Racliffe နဲ့ နည်းပြ Ruben Amorim တို့ကြား System နဲ့ပက်သက်ပြီးအပြုသဘောဆောင်​တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပြီးသည့်နောက်တွင် အသင်းရဲ့တာဝန်ရှိသူတွေဟာ နည်းပြ Ruben Amorim ကို အပြည့်ဝယုံကြည်ထောက်ခံပေးကြဖို့ ကစားသမားအားလုံးကို စည်းရုံးခဲ့ကြသည်။

ဒါ့အပြင် အသင်းရဲ့ CEO Omar Berrada နဲ့ အားကစားဒါရိုက်တာ Jason Wilcox တို့သည်လည်း အသင်းခေါင်ဆောင် Bruno Fernandes နဲ့တကွ အသင်းရဲ့ Leadership အာလုံးကို တွေ့ဆုံကာ နည်းပြ Ruben Amorim ရဲ့ အနာဂတ်နဲ့ပက်သက်ပြီး စကားပြောခဲ့ကြသည်။ ရလဒ်အနေအားဖြင့် ကစားသမားတွေဘက်ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုးပေးခဲ့ကြသည်။

[]

🚨TRANSFER NEWS : တိုက်စစ်မှူး Jousha Zirkzee သည် အသင်းမှာ သူ့ရဲ့ လက်ရှိအခြေနေနဲ့ပက်သက်ပြီး အလွန်အမင်း စိတ်ပျက်နေပြီး ဇန်...
07/10/2025

🚨TRANSFER NEWS : တိုက်စစ်မှူး Jousha Zirkzee သည် အသင်းမှာ သူ့ရဲ့ လက်ရှိအခြေနေနဲ့ပက်သက်ပြီး အလွန်အမင်း စိတ်ပျက်နေပြီး ဇန်နဝါရီအပြောင်းရွှေ့မှာ အသင်းသစ်ရှာဖွေဖို့ အပူတစ်ပြင်းကြိုးပမ်းမည်ဖြစ်သည်။

Zirkzee ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် နယ်သာလန်လူစာရင်းပါဝင်ခွင့်ရဖို့ စိတ်အားထက်သန်နေပြီး အကယ်၍ ယူနိုက်တက်မှာသာ ပွဲထွက်ခွင့်မရလျှင် ကမ္ဘာ့ဖလားပါဝင်ကစားခွင့် အိမ်မက်သည်လည်း ဝေဝါးသွားနိုင်တာကြောင့် ဇန်နဝါရီမှာပဲ အသင်းပြောင်းရွှေ့ကစားလိုသည်။

[, ]

🚨INFO : မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းပိုင်း လာရောက်အစမ်းသပ်ခံနေတဲ့ အသက် ၁၇ နှစ်အရွယ် ...
07/10/2025

🚨INFO : မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းပိုင်း လာရောက်အစမ်းသပ်ခံနေတဲ့ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး Mouhamed Dabo ကို တရားဝင်ခေါ်ယူနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
အသင်းရဲ့တာဝန်ရှိသူတွေဟာ ကစားသမားလေးရဲ့ ခြေစွမ်းပိုင်းကို အလွန်သဘောကျနေပြီး အမြန်ဆုံး တရားဝင်စာချုပ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည့်ထားသည်။

Fabrizio Romano

🚨TRANSFER NEWS : မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့အတွင်း Antoine Semenyo အတွက် ဘုန်းမောက်အသင်းန...
07/10/2025

🚨TRANSFER NEWS : မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့အတွင်း Antoine Semenyo အတွက် ဘုန်းမောက်အသင်းနဲ့ ဆွေးနွေးမှုများရှိခဲ့ပြီးနောက် ယခုထိလည်း ကစားသမားရဲ့ အခြေနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
ဘုန်းမောက်အသင်းဘက်ကတော့ Antoine Semenyo အတွက် ပေါင် ၇၅ သန်းအထက် စျေးသတ်မှတ်ထားသည်။

[]

🚨INFO :  ကထုတ်ပြန်ခဲ့တဲ့ ယခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားစာရင်းမှာ ဂိုးသမား Senne Lammens နဲ့  တိုက်စစ်မှ...
06/10/2025

🚨INFO : ကထုတ်ပြန်ခဲ့တဲ့ ယခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားစာရင်းမှာ ဂိုးသမား Senne Lammens နဲ့ တိုက်စစ်မှူး Benjamin Sesko တို့ပါဝင်ခဲ့သည်။

Address

Thazin Street
Meiktila

Website

Alerts

Be the first to know and let us send you an email when Stretford Digest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share