Laymro Media Group

Laymro Media Group Independent News ပြန်ကြားရေး၀န်ကြီးဌာနမှ သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြုလက်မှတ်အမှတ် (၀၀၃၄၃)ကို ရရှိထားသည့် တရား၀င်သတင်းဌာနဖြစ်ပါသည်။

ပေါက်တောမာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ယောက်ကို ထောင် ၁၅ နှစ်ချမှတ်အာရက္ခပြည် ပေါက်တောမြို့နယ်မာ သက်ငယ်မုဒိမ်းမှုကျူးလွ...
04/04/2025

ပေါက်တောမာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ယောက်ကို ထောင် ၁၅ နှစ်ချမှတ်

အာရက္ခပြည် ပေါက်တောမြို့နယ်မာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရရဲ့ တရားရီးဌာနက အလုပ်ကြမ်းနန့် ထောင်ဒဏ် (၁၅) နှစ် ချမှတ်လိုက်ရေလို့ သိရပါရေ။

ထောင်ဒဏ်ချမှတ်ခံရလူစွာ ပေါက်တောမြို့နယ်၊ သရက်‌ချောင်းကျေးရွာက အသက် (၂၄) နှစ်အရွယ် ကိုကြည်လှဌေးဖြစ်ပြီးကေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နန့် ထောင်ဒဏ် ၈ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ နန့် ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း အလုပ်ကြမ်းနန့် ထောင်ဒဏ် ၁၅ နှစ်ကို ချမှတ်လိုက်စွာလို့ သိရပါရေ။

တရားခံ ကိုကြည်လှဌေးစွာ ပြီးခဲ့‌ေရ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှာ ပေါက်တောမြို့နယ်က အသက် ၃ နှစ်အရွယ် မမာ့‌ေသှျတစ်ယောက်ကို အချိုရည်တစ်ဗူးနန့် မုန့်တစ်ထုပ်ပီးပနာ အဓမ္မပြုကျင့်ခရေလို့ သိရပါရေ။

လေးမြို့မီဒီယာ
ဓာတ်ပုံ - အင်တာနက်

ARSA အကြမ်းဖက်အဖွဲ့က မောင်တောဒေသကို တိုက်ခိုက်ဖို့ အင်အားမကန်ဖြည့်ပနာ ပြင်ဆင်နီအကြမ်းဖက်  ဘာသာရေးအစွန်းရောက်မူဆလင်တိနန့်...
03/04/2025

ARSA အကြမ်းဖက်အဖွဲ့က မောင်တောဒေသကို တိုက်ခိုက်ဖို့ အင်အားမကန်ဖြည့်ပနာ ပြင်ဆင်နီ

အကြမ်းဖက် ဘာသာရေးအစွန်းရောက်မူဆလင်တိနန့် ဖွဲ့စည်းထား‌ေရ ARSA အဖွဲ့စွာ အာရက္ခဒေသ မောင်တောမြို့နယ်ကို အင်အားမကန်ဖြည့်ပနာ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လားဖို့လို့ အာဆာခေါင်းဆောင်တိက ဒေရက်ပိုင်းမှာ အွန်လိုင်းဗီဒီယိုဖိုင်ကနီတဆင့် ထုတ်ဖော်ကြေညာထားပါရေ။

လေးမြို့မီဒီယာ
(ဓါတ်ပုံ - အကြမ်းဖက်အာဆာအဖွဲ့)

မောင်တောမာ အကြမ်းဖက် ARSA အဖွဲ့သတ်ဖြတ်လို့ ပြည်သူ ၄ ဦး သီဆုံး အာရက္ခပြည် မောင်တောမာ အကြမ်းဖက် မူဆလင် လက်နက်ကိုင် ARSA တ...
02/04/2025

မောင်တောမာ အကြမ်းဖက် ARSA အဖွဲ့သတ်ဖြတ်လို့ ပြည်သူ ၄ ဦး သီဆုံး

အာရက္ခပြည် မောင်တောမာ အကြမ်းဖက် မူဆလင် လက်နက်ကိုင် ARSA တိ သတ်ဖြတ်လို့ ပြည်သူ ၄ ဦး သီဆုံးလခရေလို့ သိရပါရေ။

သီဆုံးလခရေလူတိစွာ ဘူးသီးတောင်မြို့နယ် ၊ ဂုပ္ပီ (ခမီ) ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်သာအေးကျော် ၊ အောက်ဂန္ဒရူး (ခမီ)ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီး ၊ အိုဗြို (ခမီ) ကျေးရွာက အသက် ၄၁ နှစ်အရွယ် ဦးမောင်ဘ နန့် မောင်တောမြို့နယ် ၊ မြဂတီ (ခမီ) ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ကိုအောင်နိုင်ထွန်း ရို့ ဖြစ်ကတ်ပါရေ။

ယင်းသူရို့စွာ မတ်ခ်ျလ ၂၉ ရက်နိ ၊ မိုးထသား ၇ နာရီအချိန်လောက်က မောင်တောမြို့နယ် မြဝတီ (ခမီ) ကျေးရွာမှ အောဂန္ဒရူးကျေးရွာသို့ လားစိာင် အကြမ်းဖက် မူဆလင်လက်နက်ကိုင် ARSA တိက ဖမ်းဆီးသတ်ဖြတ်ပလိုက်ဖြစ်ပြီးကေ ရုပ်အလောင်းတိကို မယူတောင် ၊ ဘဒဂါးတောင်ကျော်လမ်းတွင် စွန့်ပစ်ထားခရေလို့ သိရပါရေ။

လေးမြို့မီဒီယာ
Photo by ABN

ကျောက်ဖြူနယ်က ကုလဘာရွာကို စစ်ကောင်စီ ဒရုန်းနန့် ဗုံးကြဲတိုက်ခိုက်ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို မာ့ချ် ၃၀ ရက်နိ၊ ညဇာသား ...
31/03/2025

ကျောက်ဖြူနယ်က ကုလဘာရွာကို စစ်ကောင်စီ ဒရုန်းနန့် ဗုံးကြဲတိုက်ခိုက်

ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို မာ့ချ် ၃၀ ရက်နိ၊ ညဇာသား ၇ နာရီ ၊ မိနစ် ၂၀ လောက်က စစ်ကောင်စီက ဒရုန်းနန့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခရေအတွက် ကုလဘာရွာအနောက်ဖက်ဟိ ဦးမောင်ဝင်း၏ အိမ်နန့်ကပ်လျက်ဟိရေ တီဗွီပျင်ဆိုင်ခန်းမာ ကျရောက်ပေါက်ခရေလို့ သိရပါရေ။

လေးမြို့မီဒီယာ
ဓါတ်ပုံ - APM

ဘင်္ဂလာနယ်စပ်နားမာ အာဆာအကြမ်းဖက်တိ တိုက်ခိုက်လို့ အာရက္ခတပ်တော် တပ်ဖွဲ့၀င် (၂) ဦး ကျဆုံးအာရက္ခ - ဘင်္ဂလာနယ်စပ် ၊ မောင်တေ...
31/03/2025

ဘင်္ဂလာနယ်စပ်နားမာ အာဆာအကြမ်းဖက်တိ တိုက်ခိုက်လို့ အာရက္ခတပ်တော် တပ်ဖွဲ့၀င် (၂) ဦး ကျဆုံး

အာရက္ခ - ဘင်္ဂလာနယ်စပ် ၊ မောင်တောဒေသ တောင်ပြို-ကြိမ်ချောင်း ကားလမ်းနားမာ ဆိုင်ကယ်နန့် ကင်းလှည့်လားလာနီရေ AA တပ်ဖွဲ့နှစ်ဦးကို အင်အား ၂၀ ခန့်ပါရေ ARSA တပ်ဖွဲ့ဝင်တိက မတ်ခ်ျ့လ ၂၉ နိက ခြုံခိုတိုက်ခိုက်ခ ရေအတွက် ကျဆုံးလခရေလို့ သိရပါရေ။

လေးမြို့မီဒီယာ

ငလျင်နန့်ပတ်သက်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်
30/03/2025

ငလျင်နန့်ပတ်သက်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်

အာရက္ခ-ဘင်္ဂလာနယ်စပ်နှစ်နိုင်ငံချစ်ကြည်ရီးတန်းထားကို ပြန်ပနာအသုံးပြုနီအာရက္ခပြည်-ဘင်္ဂလာနယ်စပ်၊တောင်ပြိုလက်ဝဲမြို့ဟိ အာရ...
30/03/2025

အာရက္ခ-ဘင်္ဂလာနယ်စပ်နှစ်နိုင်ငံချစ်ကြည်ရီးတန်းထားကို ပြန်ပနာအသုံးပြုနီ

အာရက္ခပြည်-ဘင်္ဂလာနယ်စပ်၊တောင်ပြိုလက်ဝဲမြို့ဟိ အာရက္ခ-ဘင်္ဂလာနှစ်နိုင်ငံချစ်ကြည်ရီးတံတားကို တရားဝင်ဖွင့်ပနာ ပြန်လို့အသုံးပြုနီကြောင်း သိရပါရေ။

ကောင်းမကြာသိမ့်ခင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက် ဘင်္ဂလာနိုင်ငံကို ရောက်ဟိခရေနောက်ပိုင်း နှစ်နိုင်ငံချစ်ကြည်ရီးတန်းထားကို တရားဝင်ဖွင့်လှစ်လာစွာလေ့ ြဖစ်ပါရေ။

ယင်းချင့်စွာ အာရက္ခတပ်တော်၏ နိုင်ငံတကာဆက်ဆံရီးနယ်ပယ်တစ်ခု ပွင့်လာစွာလို့လည်း ပြောဆိုနိုင်ပါရေ။

လေးမြို့သတင်းမီဒီယာ
ဓါတ်ပုံ - Border News Agency

ယနေ့ ဧပြီလ ၁၇ ရက်နေ့ ၊ ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်နေသည့် "၀"ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေးတည...
17/04/2024

ယနေ့ ဧပြီလ ၁၇ ရက်နေ့ ၊ ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်နေသည့် "၀"ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေးတည်ထောင်မှု နှစ် (၃၅) နှစ်ပြည့် အခမ်းအနား

ဘူးသီးတောင်မှာ စစ်ကောင်စီနဲ့ အာဆာတို့ ပူးပေါင်းပြီး ပြဿနာများဖန်တီး‌ေနကြောင်း ဒေသခံမွတ်ဆလင်များက ဆိုရက္ခိုင်ပြည် ၊ ဘူးသီ...
16/04/2024

ဘူးသီးတောင်မှာ စစ်ကောင်စီနဲ့ အာဆာတို့ ပူးပေါင်းပြီး ပြဿနာများဖန်တီး‌ေနကြောင်း ဒေသခံမွတ်ဆလင်များက ဆို

ရက္ခိုင်ပြည် ၊ ဘူးသီးတောင်မြို့နယ်မှာ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်မှုပြဿနာလုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံအချို့နှင့် အကြမ်းဖက် ARSA (အာဆာ) အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ကျူးလွန်နေကြကြောင်း ဘူးသီးတောင်ဒေသခံ မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

''ကျနော်တို့မြို့ပေါ်ကမွတ်ဆလင်တွေနဲ့ကမြို့ပေါ်နေသူအားလုံးနဲ့အဆင်ပြေပါတယ်။၂၀၁၂ကနေခုထိဘာမှမဖြစ်ခဲ့ပါဘူး။၂၀၁၇ တုန်းကလည်းမဖြစ်ခဲ့ပါဘူး။ခုကအာဆာတွေ၊စစ်တပ်လူတွေကမြို့ပေါ်တက်လာပြီးပြဿနာတွေဖန်တီးနေ ကြတာပါ။''လို့ ဘူးသီးတောင်မြို့၊အနောက်ကွင်းနေမွတ်ဆလင်စျေးသည်တစ်ဦးက ပြောကြောင်း မောင်တောအခြေစိုက် Border News Agency က ရေးသားဖော်ပြထားသည်။

ဘူးသီးတောင်မြို့ပေါ်မှာ မွတ်ဆလင်လူမျိုးငါးထောင်ကျော် လူသတ်လုယက်ဖျက်ဆီးဖောက်ထွင်းခိုးယူအကြမ်းဖက်မှုတွေကျူးလွန်နေကြ‌ေကြာင်း သိရပြီး အများစုမှာ စစ်ကောင်စီတပ်က စစ်သင်တန်းပေးစည်းရုံးခေါ်ဆောင်ထားသူများနှင့် မိမိဆန္ဒအလျှောက်ပါဝင်လုပ်ဆောင်နေသူများပါဝင်သလို အတင်းအဓမ္မစေခိုင်းခံနေကြရသူများလည်း ပါဝင်‌ေကြာင်း ဘူးသီးတောင်မြို့ပေါ်နေ မွတ်ဆလင်ဒေသခံများက ဆိုသည်။

ရက္ခိုင်လူမျိုးအများစုကလည်း စစ်ကောင်စီက မော‌င်တောခရိုင်ကို အာရက္ခတပ်တော် (AA) ထံ ပေးလိုက်ရမည်စိုးရိမ်၍ အကြမ်းဖက် အာဆာအဖွဲ့၀င်များနှင့်ပူးပေါင်းကာ လူမျိုးအဓိကရုဏ်းများဖြစ်လာအောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ရှုမြင်နေကြသည်။

လေးမြို့မီဒီယာ
ဓါတ်ပုံ - မွတ်ဆလင်အချုိ့ကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ
Telegram - http://t.me/laymro

ရက္ခိုင်ပြည်သိမ်းတိုက်ပွဲများအတွင်း ၀င်ရောက်ကူညီပေးခဲ့ပြီး ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက ကြိုဆိ...
16/04/2024

ရက္ခိုင်ပြည်သိမ်းတိုက်ပွဲများအတွင်း ၀င်ရောက်ကူညီပေးခဲ့ပြီး ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက ကြိုဆို

မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA)၏ ရက္ခိုင်ပြည်သိမ်းတိုက်ပွဲများတွင် ၀င်ရောက်ပူးပေါင်းကူညီပေးခဲ့ပြီး ဌာနေပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

ဗမာလူမျိုးအများစုဖြင့် စုဖွဲ့ထားသည့် ယောကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့၀င်များသည် အာရက္ခတပ်တော် (AA) ၏ ကျောက်တော်မြို့သိမ်းတိုက်ပွဲများတွင် အဓိကထားကူညီတိုက်ပေးခဲ့ကြောင်း သိရပြီး စစ်ပညာရပ်များနှင့် စစ်ရေး အတွေ့အကြုံများ ရယူကာ ယောဒေသကို အပြည့်အဝကာကွယ်ပေးနိုင်ရေးသာမက နိုင်ငံအနှံ့ စစ်အာဏာရှင် ကျ၊ရှုံးရေး တိုက်ပွဲများတွင် ‌ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ရေးအတွက် ရည်ရွယ်ထားသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

လေးမြို့မီဒီယာ
ဓါတ်ပုံ - ယောကာကွယ်ရေးတပ် (YDF)
Telegram - http://t.me/laymro

AA ထိုးစစ်ကို ကြောက်၍ မောင်တောက နယ်ခြားစောင့်ရဲ ၃၀၀ လောက် စခန်းစွန့်ခွာ■ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို ကြောက်၍ ရက္ခိုင...
15/04/2024

AA ထိုးစစ်ကို ကြောက်၍ မောင်တောက နယ်ခြားစောင့်ရဲ ၃၀၀ လောက် စခန်းစွန့်ခွာ

■ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို ကြောက်၍ ရက္ခိုင်ပြည် မောင်တောမြို့နယ်မြောက်ပိုင်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၇) လက်အောက်ခံ၊ နယ်မြေ (၅) ငါးခူရ နယ်ခြားစောင့်ရဲစခန်းမှ တပ်ဖွဲ့ဝင် အင်အားသုံးရာနီးပါးသည် ယ‌မန်နေ့ ဧပြီလ ၁၄ ရက်က တပ်စခန်းကို စွန့်ခွာသွားခဲ့ကြကြောင်း သိရပြီး ၎င်းစခန်းကို အာရက္ခတပ်တော် (AA) က ဝင်ရောက်ရှင်းလင်းနေကြောင်း သိရသည်။

လေးမြို့မီဒီယာ
(ဓါတ်ပုံ - မောင်တောမြို့နယ်က စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့၀င်တစ်ဦး /ပုံဟောင်း)

Telegram Link .... http://t.me/laymro

မင်းပြားမြို့မဈေးကြီး မီးလောင် ၊ ဆိုင်ခန်းပေါင်းရာချီ ဆုံးရှုံးယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ၊ ည ၁၀ နာရီခွဲ၀န်းကျင်လောက်က မင်း...
14/04/2024

မင်းပြားမြို့မဈေးကြီး မီးလောင် ၊ ဆိုင်ခန်းပေါင်းရာချီ ဆုံးရှုံး

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ၊ ည ၁၀ နာရီခွဲ၀န်းကျင်လောက်က မင်းပြားမြို့မဈေးကြီး တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ရာချီမီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

လေးမြို့မီဒီယာ

ရက္ခိုင်ဒေသရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု AA က ဆိုရက္ခိုင်ပြည်သိမ်းတိုက်ပွဲမ...
13/04/2024

ရက္ခိုင်ဒေသရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု AA က ဆို

ရက္ခိုင်ပြည်သိမ်းတိုက်ပွဲများ ဆင်နွဲ‌ေနသည့် အာရက္ခတပ်တော် (AA)က ရက္ခိုင်ပြည်တစ်၀က်‌ေကျာ်ကို သိမ်းယူနိုင်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ဒေသရှိ စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင်ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

လေးမြို့မီဒီယာ

13/04/2024

AA ထိုးစစ် သံတွဲအထိ ကျယ်ပြန့်ရောက်ရှိလာ

ရက္ခိုင်ပြည်အား စစ်ကောင်စီလက်ထဲမှ ပြည်သိမ်းတိုက်ပွဲဆင်နွဲနေသည့် အာရက္ခတပ်တော် (AA)၏ ပြည်သိမ်းတိုက်ပွဲခရီးစစ်မျက်နှာသည် ယခုအခါ ရက္ခိုင်ပြည်တောင်ပိုင်း သံတွဲမြို့နယ်အထိ ကျယ်ပြန့်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ ၊ နံနက် ၅ နာရီခန့်လောက်က သံတွဲ - တောင်ကုတ်ကားလမ်းမပေါ်ရှိ ကွေ့ချောင်းရွာနှင့် ရေစင် ကျေးရွာကြားတွင် လက်နက်ကြီး ၊ လက်နက်ငယ်သံများကို ကြား‌ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတေ‌ွ့ဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်သည်ဟု ဧရာ၀တီသတင်းက ဖော်ပြသော်လည်း ဒေသခံတစ်ချို့က စစ်ကောင်စီဘက်မှ AA တပ်ဖွဲ့၀င်များရှိလိမ့်မည်ဟု ယူဆ‌သည့် နေရာများကို တစ်ဖက်သတ် ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ပြောဆိုကြသည်။

လေးမြို့မီဒီယာ
Video Clip by Yan Naing Tun

မောင်တောရှိ စစ်ကောင်စီ၏ အင်အားကြီး ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ရင်းကို AA သိမ်းယူ(မောင်တော ၊ ဧပြီ ၁၂)အာရက္ခပြည် ၊ မော...
12/04/2024

မောင်တောရှိ စစ်ကောင်စီ၏ အင်အားကြီး ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ရင်းကို AA သိမ်းယူ
(မောင်တော ၊ ဧပြီ ၁၂)

အာရက္ခပြည် ၊ မောင်တောမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီ၏ အင်အားကြီးတပ်စခန်းတစ်ခုဖြစ်သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ-၇ ကို ဧပြီလ ၁၂ ရက် ယနေ့နံနက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးဖြစ်ကြောင်း မောင်တောဒေသခံများထံမှ သိရသည်။

လေးမြို့မီဒီယာ
Photo by RFA - Burmese

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့ရွာများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ကို သတိမပေါ့က...
12/04/2024

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့ရွာများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ကို သတိမပေါ့ကြရန် အာရက္ခပြည်သူများအား အသိပေးထားသည်ကို တွေ့ရစဉ်

ရက္ခိုင်ဒေသ၌ တိုက်ပွဲများပြင်းထန်နေသဖြင့် သင်္ကြန်ကာလလူစုလူဝေးများ မပြုလုပ်ကြရန်  အာရက္ခတပ်တော်မှ မေတ္တာရပ်ခံ
12/04/2024

ရက္ခိုင်ဒေသ၌ တိုက်ပွဲများပြင်းထန်နေသဖြင့် သင်္ကြန်ကာလလူစုလူဝေးများ မပြုလုပ်ကြရန် အာရက္ခတပ်တော်မှ မေတ္တာရပ်ခံ

Address

No. 26, Mraung Bwe Street, Alaypine Ward
Minbya
11021

Opening Hours

09:00 - 17:00

Telephone

+959450541794

Alerts

Be the first to know and let us send you an email when Laymro Media Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Laymro Media Group:

Share