23/04/2026
ပျူလူမျိုးနှင့် ချင်းလူမျိုး ဆိုင်ရာ
ချေပချက်
ဆလိုင်းရွှေလင်း ရေးသည်။
ချင်းလူမျိုးသည် ပျူလူမျိုးမှ ဆင်းသက်လာသည် ဆိုသော အယူအဆသည် မှန်သလား။ မှားသလား။
ယခုထိ တိကျပြတ်သားသောအဖြေမရသေးပေ။ မှန်သည် သို့မဟုတ် မှားသည် ဆိုသူ ၂ ဖက်စလုံး၏ အထောက်အထားတင်ပြချက်များကိုသေသေချာချာ လေ့လာသင့်ပါသည်။
အထက်ပါ လင့်ပါ ပို့စ်တွင် ဖေါ်ပြထားသော အချက်များသည် အထောက်အထားအလွန်အားနည်းပြီး ရမ်းတုတ်ထားတာများနေကြောင်း ထောက်ပြလိုပါသည်။
ချင်းလူမျိုးများသည် ပျူလူမျိုးများမှ ဆင်းသက်လာသည်ဆိုသော အယူအဆနှင့် ပတ်သက်၍ သမိုင်းပညာရှင်များ၊ မနုဿဗေဒပညာရှင်များနှင့် ဘာသာဗေဒပညာရှင်များက အထောက်အထားမျိုးစုံဖြင့် လေ့လာသုံးသပ်ထားကြကြောင်း၊ ဤအယူအဆသည် မဖြစ်နိုင်ခြေများကြောင်းကို ဖေါ်ပြထားသော်လည်း
ဘာထောက်အထားမှ တိတိကျကျ
မပါ၀င်ပေ။ ရွှီးထားခြင်းသက်သက်မျှသာဖြစ်သည်။
၁။ ဘာသာစကားဆိုင်ရာ ခြားနားချက် (Linguistic Evidence)
ချင်းဘာသာစကားနှင့် ပျူဘာသာစကားတို့သည် တိဗက်-မြန်မာ (Tibeto-Burman) နွယ်ဝင်ချင်း တူညီကြသော်လည်း အုပ်စုကွဲပြားကြကြောင်း၊
ချင်းဘာသာစကားသည် Kuki-Chin အုပ်စုထဲတွင် ပါဝင်ပြီး ယင်းဘာသာစကား၏ ဝိသေသလက္ခဏာများသည် ပျူဘာသာစကားနှင့် သိသိသာသာ ကွဲပြားကြောင်း၊
ပျူဘာသာစကားသည် ပျူစာကျောက်စာများအရ ၎င်းတို့၏ ဘာသာစကားသည် သီးခြားကွဲထွက်နေသော အုပ်စုတစ်ခုဖြစ်ကြောင်း၊ အကယ်၍ ချင်းသည် ပျူမှ တိုက်ရိုက်ဆင်းသက်လာပါက အခြေခံဝေါဟာရများနှင့် သဒ်ဒါတညျဆောကျပုံတို့တှငျ ပိုမိုနီးစပ်မှုရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ကြောင်း၊ခပ်တည်တည်ရေးသားထားသည်။
ချင်းစကားသည် ဒေသန္တရစကားကွဲများအတော်များပြားသဖြင့် ဘုံစကားအဖြစ် အဆင်သင့်အသုံးပြုနိုင်သောစကားပင် မရှိပါ။ ပျူစာ ပျူစကားသည် တိမ်မြုတ်ပျောက်ကွယ်သွားသောစကားဖြစ်ပြီး ကျောက်စာပါ ပျူစာများသည်လည်း ခန့်မှန်းဖေါ်ထုတ်ချက်များသာဖြစ်ကာ ပျူစာ၏ ၅ ရာခိုင်နှုံးမျှ လောက်ပင် အဓိပ်ပါယျမဖေါျထုတျနိုငျသေးကွောငျး ပညာရှင်များက ၀နျခံထားကွသညျ။
ထို့ကြောင့် ချင်းစကားနှင့် ပျူစကား
မတူဘူးဆိုတာကို သက်သေမပြနိုင်ပေ။ ထိုသို့ဖြစ်ပါလျက် ချင်းစကားနှင့် ပျူစကားမတူဟု ဆိုခြင်းမှာ ရမ်းတုတ်လိုက်ခြင်းသာဖြစ်သည်။
ဘာသာစကားများ၏ ပြောင်းလဲမှုကိုလည်း စဥ်းစားရမည်ဖြစ်သည်။ ယခုထိ ဆက်လက်ရှင်သန်နေသော မြန်မာစာသည်ပင် ပုဂံခေတ်ကျောက်စာပါစာနှင့် အဘယ်မျှ ကွဲလွဲသွားသည်ကို သိနိုင်သည်။ ယခုအခါ တိမ်မြုတ်ပျောက်ကွယ်သွားသော ပျူစကားသည် ချင်းစကားနှင့် တူ မတူကို ဘာသာဗေဒအရ မှန်ကန်စွာ ဆန်းစစ်နိုင်မည်မဟုတ်ပေ။
၂။ နေထိုင်ရာဒေသနှင့် ရွှေ့ပြောင်းအခြေချမှု (Migration Patterns)
သမိုင်းကြောင်းအရ ရွှေ့ပြောင်းအခြေချပုံချင်း မတူညီကြကြောင်း၊
ပျူလူမျိုးများသည် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ရှိ မြေပြန့်ဒေသများ (ဥပမာ- ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) တွင် မြို့ပြနိုင်ငံများ တည်ထောင်ကာ အခြေချခဲ့ကြသူများ ဖြစ်ကြောင်း ဖေါ်ပြချက်မှာ မှန်ကန်ပါသည်။
ချင်းလူမျိုးများသည် ချင်းတို့၏ သမိုင်းကြောင်းအရ ၎င်းတို့သည် တရုတ်-မြန်မာ နယ်စပ်နှင့် ချင်းတောင်တန်းများသို့ အနောက်ဘက်မှသော်လည်းကောင်း၊ မြောက်ဘက်မှသော်လည်းကောင်း တောင်တန်းဒေသများကို အခြေပြု၍ ဝင်ရောက်လာခဲ့ကြသူများ ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ဝှမ်းရှိ ပျူမြို့ပြများ ပျက်စီးချိန်တွင် ချင်းလူမျိုးများသည် တောင်တန်းဒေသများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် အခြေခိုင်နေပြီးဖြစ်ကြောင်း ယူဆရေကြာင်း
ဖေါ်ပြချက်မှာ ပြည့်စုံမှန်ကန်မှုမရှိပေ။
ချင်းမျိုးနွယ်စုများအနက် မင်းတပ် ကန်ပက်လက်နယ်ရှိ ချိုချင်းများနှင့် အခြားချင်းမျိုးနွယ်စုအချို့၏ နှုတ်ပြောမှတ်တမ်းများ၊ ပုံပြင်များအရ
ဧရာဝတီမြစ်ဝှမ်းရှိ ပျူမြို့ပြများတွင် နေထိုင်ခဲ့သော အထောက်အထားများစွာရှိပါသည်။
ပျူလူမျိုးများ နေထိုင်ခဲ့ရာ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ရှိ မြေပြန့်ဒေသများ (ဥပမာ- ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) တွင် ရှေးပေ၀သဏီကာလမှ ယခုတိုင် အရှိုချင်းများစွာ နေထိုင်လျက်ရှိပါသည်။
၃။ ယဉ်ကျေးမှုနှင့် လူမှုဖွဲ့စည်းပုံ (Cultural & Social Structure)
ပျူယဉ်ကျေးမှုအရ ပျူတို့သည် ဗုဒ္ဓဘာသာကို အခြေခံပြီး မြို့ရိုးများ၊ နန်းတော်များနှင့် အဆင့်မြင့် ဆည်မြောင်းစနစ်များကို အသုံးပြုသည့် "မြို့ပြယဉ်ကျေးမှု" (Urban Civilization) ကို ပိုင်ဆိုင်ထားသူများဖြစ်ကြောင်း၊
ချင်းယဉ်ကျေးမှုအရ ချင်းလူမျိုးတို့သည် မိရိုးဖလာ ကိုးကွယ်ယုံကြည်မှု (Animism) နှင့် ဆက်နွှယ်ပြီး ရွာသူကြီးစနစ်၊ မျိုးနွယ်စုအလိုက် ဖွဲ့စည်းပုံနှင့် **"တောင်တန်းလူနေမှုစနစ်"** ကို အခြေခံကြောင်း၊
အကယ်၍ အဆင့်မြင့်မြို့ပြယဉ်ကျေးမှုရှိသော ပျူတို့မှ ဆင်းသက်လာပါက မြို့ပြတည်ဆောက်ပုံ အကြွင်းအကျန်များနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အစဉ်အလာများ ချင်းလူမျိုးတို့ထံတွင် ကျန်ရှိနေရမည် ဖြစ်သော်လည်း ထိုသို့ သဲလွန်စမျိုး မတွေ့ရေကြောင်း ဖေါ်ပြချက်များမှာ လေ့လာမှုအလွန်အားနည်းကြောင်း သိသာသည်။
လူမျိုးတစ်မျိုးသည် အခြေအနေအရ ပြောင်းလဲမှုများရှိတတ်သည်။ဥပမာ တရုတ်နိုင်ငံတွင် လူနည်းစုမန်ချုးရီးယားလူမျိုးများက ဧကရာဇ်မင်းဆက်အဖြစ် နှစ် ၃၀၀ ခန့် တရုတ် ဟန်လူမျိုးများအား အုပ်ချုပ်ခဲ့ရာ ထိုမင်းဆက် ကျဆုံးသွားသောအခါ မန်ချုးရီးယားလူမျိုးများသည် မိမိလူမျိုးကိုပင် အမှန်အတိုင်းမပြောရဲပဲ ဇာတ်မြှုပ်နေကြရသည်။ သူတို့စကား သူတို့ဓလေ့များကို ထိန်းသိမ်းနိုင်မှုအားနည်းကာ ပျောက်ကွယ်လု ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မြို့ပြနေ ပျူများသည် တောင်တန်းပေါ်သို့
ရောက်လာသောအခါ အခြေအနေအရ နေထိုင်ရှင်သန်ရခြင်းများဖြစ်နိုင်သည်။
၄။ သမိုင်းမှတ်တမ်းများ (Historical Records)
ပျူတို့သည် အေဒီ ၉ ရာစု (နန်ချောင်တို့ တိုက်ခိုက်ပြီးနောက်) တွင် အင်အားနည်းပါးသွားပြီး မြန်မာလူမျိုးများနှင့် တဖြည်းဖြည်း ရောနှောသွားခဲ့ကြသည်ဟု ရာဇဝင်ပညာရှင်အများစုက ယူဆကြကြောင်း၊ ချင်းလူမျိုးတို့နှင့် ပတ်သက်သည့် အစောဆုံးမှတ်တမ်းများကို ပုဂံခေတ် ကျောက်စာများတွင် "ချင်း" ဟု သီးခြားဖော်ပြထားခြင်း ရှိကွောငျး၊ အကယ်၍ ပျူက ချင်းဖြစ်သွားပါက ထိုခေတ်မှတ်တမ်းများတွင် ပျူနှင့် ချင်းကို ခွဲခြားဖော်ပြစရာ အကြောင်းမရှိဟု
ရေးထားသည်။ ပုဂံခေတ်ကျောက်စာတွင် ချင်းဟု ဖေါ်ပြချက်များကို အထောက်အထားပြဖို့ လိုပါသည်။ချင်းဟု ပါလျှင်ပင် ပျူကိုပင် ချင်းဟု ခေါ်ခြင်းမျိုး မရှိနိုင်ဘူးလားဟုစဥ်းစားသင့်ပါသည်။ တရုတ်ကိုပင် ပေါကျဖေါျကွီးဟု ခေါ်သလိုဖြစ်နိုင်သည်။ ပျူက ဗမာနှင့်ရောသွားသည်ဟု ဆိုလျှင် မရောသွားသောပျူများကလည်း ချင်းတွေ ဖြစ်လာနိုင်သည်သာဖြစ်ပါသည်။
တရုတျပွညျရောကျ ပျူကချေသည်များ၏မျက်နှာတွင်
ပါးမဲထိုးထားသည်ဟု သိရခြင်းအပါအ၀င် သမိုင်းမှတ်တမ်းများ (Historical Records)တွင် ပျူနှင့် ချင်း ဆက်စပ်မှုများကို လေ့လာနိုင်ပါသည်။
၅။ မျိုးရိုးဗီဇ (DNA/Genetic Evidence)
မျက်မှောက်ခေတ် မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုအချို့အရ ချင်းလူမျိုးတို့သည် မြောက်ဘက်နှင့် အနောက်ဘက် (အိန္ဒိယ-မြန်မာနယ်စပ်) ရှိ မျိုးနွယ်စုများနှင့် ပိုမိုနီးစပ်ကြောင်း တွေ့ရှိရေကြာင်းဖေါ်ပြချက်မှာ အငြင်းပွါးဖွယ်မရှိပေ။
ပျူတို့၏ အကြွင်းအကျန်ဟု ယူဆရသော မြေပြန့်ဒေသရှိ မျိုးရိုးဗီဇများနှင့် ကွာဟမှုရှိနေကြောင်း ဖေါ်ပြထားချက်မှာမူ လိမ်ညာမှုသာ ဖြစ်သည်။ အထောက်အထားမရှိပေ။
ယခုအခါ မျိုးရိုးဗီဇ (DNA) ဆိုင်ရာ
အဖြေများသည် ရာနှုံးပြည့်မမှန်ကြောင်း၊ မှားယွင်းမှုများလည်းရှိကြောင်း တွေ့လာရသည်။ ထိုဖြစ်ရပ်များ အထောက်အထားပြနိုင်ပါသည်။
နိဂုံးချုပ်အားဖြင့်
ပျူမှ ချင်းဖြစ်လာသည်မှာ ခိုင်လုံမှု မရှိကြောင်း ဖေါ်ပြထားသော်လည်း ပျူမှ ချင်းဖြစ်လာသည် မှာ မဟုတ်နိုင်ဆိုသော အချက်ကိုလည်း သက်သေပြနိုင်ခြင်းမရှိပေ။
ဆလိုင်းရွှေလင်း
22-4-26