Mindat K'Cho Chin

Mindat K'Cho Chin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mindat K'Cho Chin, Mindat.

K'Cho စကားနဲ့ Pa Cawng ကိုမြန်မာလိုသိကြလား?
27/08/2026

K'Cho စကားနဲ့ Pa Cawng ကိုမြန်မာလိုသိကြလား?




K'Cho သမိုင်းအမှန်အကန်မထွက်ရသေးတဲ့အကြောင်းရင်း...၁. Pakhui တစ်ခုနဲ့တစ်ခု မနာလိုဝန်တိုပြီး တစ်ဦးရဲ့သမိုင်တစ်ဦးကသမိုင်းမ...
19/08/2026

K'Cho သမိုင်းအမှန်အကန်မထွက်ရသေးတဲ့အကြောင်းရင်း...

၁. Pakhui တစ်ခုနဲ့တစ်ခု မနာလိုဝန်တိုပြီး တစ်ဦးရဲ့သမိုင်တစ်ဦးကသမိုင်းမပေါ်စေလိုခြင်း။

၂. K'Cho Khaw မှာ ရှေးအကျဆုံးရောက်လာတဲ့ Pakhui ကိုမေးမြန်မူ့မရှိပဲ ကိုထင်ရာ တွေ့သမျှလူကြီးလို့ထင်တဲ့သူတွေကိုသာမေးမြန်ပြီးသမိုင်းပြုစုခြင်း။

၃. သမိုင်းပြုစုရာတွင် အိမ်နီးနာရွာတွေရဲ့သမိုင်းကိုသာအတည်ပြုရေးသားခြင်းနှင့် ကိုယ့်ရဲ့ Patha စုကိုသာ ထင်ပေါ်စေလိုခြင်း။

၄. အင်္ဂလိပ်ခေတ်မတိုင်မှီ K'Cho Khaw မှာ ဘယ် Pakhui က လွမ်းမိုးဦးဆောင်သလဲဆိုတာကိုမသိချင်ယောင်ဆောင်ခြင်း။

၅. စာပေအတတ်ပညာနောက်ကျနေတဲ့ Pakhui(မျိုးနွယ်စု)တွေရဲ့သမိုင်းမှန်ကိုမဖော်ထုတ်ရဲပဲ သူတို့သမိုင်းကို ကိုယ့်သမိုင်းအဖြစ်ပြောင်းလဲရေးသားခြင်း။

၆. ဒေသ (Khaw) အမည်နာမတွေကို မျိုနွယ်စုအမည်အဖြစ်သမိုင်းဖျောက်ရေးသားခြင်း။

၇.K'Cho သမိုင်းဆိုပြီး ကိုယ်ရဲ့ဘိုးဘေးမျိုးဆက်သုံးလေဆက်သာရှိသေးတဲ့ မိသားစု အရေးသာ ရေးသားခြင်း။

၈. သမိုင်းနဲ့ကျောင်းပြီးတယ်ဆိုတဲ့အမည်နာမတစ်ခုထဲနဲ့ ကိုယ်နဲ့နီးစပ်ရာလူတွေကိုသားမေမြန်ပြီး K'Cho Pakhui အားလုံးရဲ့သမိုင်းမဟုတ်တဲ့သမိုင်းအမည်ဖြင့်ရေးသား​ပြောဆိုခြင်း။

၉. K'cho သမိုင်းမှာအဓိကအရေးပါတဲ့ Pakhui တွေကို မသိချင်ယောင်ဆောင်ခြင်း။

၁၀.သီချင်းဖြင့်လက်ဆင့်ကမ်းလာတဲ့သမိုင်းတွေနဲ့ နုတ်ရာဇဝင်သမိုင်းတွေကိုတန်ဖိုးမထားပဲ လက်ရှိအရေးအသားနဲ့အပြောအဆိုတွေကိုသာယုံကြည်ခြင်း။

18/08/2026

K'Cho ရိုးရာဆိုကရေးတီး





#မင်းတပ်

17/08/2026

In ancient times
K'Cho People lifestyle





17/08/2026

K'Cho Tradational Gong Ensemble





ပျူစောထီးမျိုးဆက်အလောင်းစည်သူမင်းနယ်လှည့်တုန်းကတည်ခဲ့သော K'Cho ဒေသက အမှတ်တရစေတီပျူစောထီးကနေ တိုက်ရိုက်သားစဉ်မြေးဆက်အဖြစ်...
16/08/2026

ပျူစောထီးမျိုးဆက်အလောင်းစည်သူမင်းနယ်လှည့်တုန်းကတည်ခဲ့သော K'Cho ဒေသက အမှတ်တရစေတီ

ပျူစောထီးကနေ တိုက်ရိုက်သားစဉ်မြေးဆက်အဖြစ် ရာဇဝင်မှာ ဖော်ပြထားတဲ့ မျိုးရိုးကို စီကြည့်ရင် ရာဇဝင်ကျမ်းမူကွဲတွေရှိတာကြောင့် အောက်ပါအတိုင်း နားလည်ရလွယ်ပါမယ်။

ပုံဂံမင်းဆက်များ
ရာဇဝင်ကျမ်းထဲက.....

ပျူစောထီး

ထီးမင်းယင်

ယင်မင်းပိုက်

ပိုက်သလဲ

သလဲကျောင်း

ကျောင်းဒွေယစ်

သေထန်

ငတပါ

သရမွန်ဖြား

သိုက်တိုင်

သလဲကျောင်းငယ်

သလဲပိုက်

ခန်လောင်း

ခန်လတ်

ထွန်တိုက်

ထွန်ပြိုက်

ထွန်ချစ်

ပုပ္ပားစောရဟန်း

ရွှေအုန်းသီး

ပထုန်

ပထောင်

ငခွေး

မြင်းခွေး

သိန်ခါ

သိန်းစုံ

ရွှေလောင်း

ထွန်တွင်

ရွှေမောက်

မွန်လတ်

စောခင်နစ်

ခဲလူး

ပျဉ်ပြားမင်း

တန်နက်

စလေငခွေး

သိန်းခို

စောယဟန်

ကျောင်းဖြူ

ညောင်ဦးစောရဟန်း (ကျည်စိုး)

စုက္ကတေး

အနော်ရထာမင်း

စောလူးမင်း

ကျန်စစ်သားမင်း.......အလောင်းစည်သူမင်းနောက်ဆုံးမင်း✍

"လူမျိုးစုတစ်ခုလုံးဝါးမျိုခြင်းခံလိုက်ရတဲ့၊ အိန္ဒိယနိုင်ငံထဲက၊ အဟုမ်ရှမ်း(Tai Ahom)"အာသံအဟုမ်ရှမ်းဘုရင့်နိုင်ငံအ ဖြစ်၊ (...
16/08/2026

"လူမျိုးစုတစ်ခုလုံးဝါးမျိုခြင်းခံလိုက်ရတဲ့၊ အိန္ဒိယနိုင်ငံထဲက၊
အဟုမ်ရှမ်း(Tai Ahom)"

အာသံအဟုမ်ရှမ်းဘုရင့်နိုင်ငံအ ဖြစ်၊ (နှစ်၆၀၀)ကိုယ်ပိုင်တိုင်းပြည်အဖြစ်ရပ်တည်လာခဲ့သောဘဝမှ၊ လူမျိုးပါပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသောအကြောင်းအရင်းများ~

၁။ ၁၈၂၆ ခုနှစ်မှစ၍ အာသံပြည်တွင်၊ Taiအဟုမ်ရှမ်းလူဦးရေနှင့် နိုင်ငံရေးအာဏာကျဆင်းလာရခြင်းမှာ၊ စစ်ပွဲများ၊ ယဉ်ကျေးမှုဝါးမျိုခံရမှုနှင့် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအောက်တွင်၊ ၎င်းတို့၏အုပ်ချုပ်မှုအဆင့်အတန်း ဆုံးရှုံးခဲ့ခြင်းတို့ကြောင့်ဖြစ်သည်။

၁၈၂၆ ခုနှစ်တွင်၊ ရန္တပိုစာချုပ်ကို လက်မှတ်ရေးထိုးသောအခါ၊ သက်တမ်း ၆၀၀ ရှိ အဟုမ်ရှမ်းနိုင်ငံတော်၏တရားဝင်အဆုံးသတ် မှုခံရ၍၊ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီထံ၊ အုပ်ချုပ်မှုလွှဲပြောင်းပေးခံခဲ့ရသည်။ ၎င်းတို့၏လူမျိုးဖြစ်တည်မှုနှင့်ထူးခြားသောဝိသေ သလက္ခဏာများလည်း၊ လျော့ကျသွားခဲ့ရသည်။

"အဓိက ၄ ချက်"ဖြစ်သည်။

၁။ ကျူးကျော်မှုများနှင့် လူဦးရေ လျော့နည်းလာခြင်း။

မိုအာမိုရီးယားပုန်ကန်မှုပြည်တွင်း စစ်-(1769-1805)တွင်ဖြစ်ပွားခဲ့သော၊ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်သည်၊ အာသံပြည်ရှိ၊
အဟုမ်ရှမ်းလူဦးရေကိုပြင်းထန်စွာလျော့ကျစေပြီး၊တိုင်းပြည်၏စီး ပွားရေးကိုပါဖျက်ဆီးပစ်ခဲ့သည်။

မြန်မာဘုရင်၏ကျူးကျော်မှုများ (1817-1826):
ဗြိတိသျှအုပ်ချုပ်မှုမတိုင်မီကပင် ၊မြန်မာဘုရင်တပ်ဖွဲ့များ၏အကြိမ် ကြိမ်ကျူးကျော်မှုများသည်၊ အာသံပြည်ကို၊ များစွာပျက်စီးစေခဲ့သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့် ကျယ်ပြန့်သောအကြမ်း ဖက်မှုများသည်၊ အသက်ဆုံးရှုံးမှုများစွာကိုဖြစ်ပေါ်စေခဲ့ပြီး၊ ထိုဒေသမှအစုလိုက်အပြုံလိုက်ရွှေ့ ပြောင်းမှုများကိုပါ၊ ဖြစ်ပေါ်စေခဲ့သည်။

၂။ နိုင်ငံရေးနှင့်စီးပွားရေးအဆင့် အတန်းဆုံးရှုံးခြင်း

အဟုမ်ရှမ်းလူမျိုးများသည်၊ လူမှုအသိုင်းအဝိုင်းကိုပေါင်းစည်းပေးရန်ရည်ရွယ်၍၊ မဖြစ်မနေလုပ် အားပေးမှုနှင့်စစ်မှုထမ်းခြင်းဆိုင် ရာမူဘောင်တစ်ခုဖြစ်သည့် ပါ့ခ်စနစ်ကိုကျင့်သုံးခဲ့ကြသည်။

ဗြိတိသျှတို့သည်၊ ဤစနစ်ကိုဖျက် သိမ်းခဲ့ပြီး၊ အဟုမ်မင်းမျိုးမင်း နွယ်များ၏ဖွဲ့စည်းပုံဆိုင်ရာအာ ဏာထိန်းချုပ်မှုနှင့်စီးပွားရေးအ ခွင့်ထူးရယူထားမှုများကိုရုတ်သိမ်းခဲ့သည်။

ဗြိတိသျှတို့၏နှိပ်ကွပ်မှုခံရခြင်း- ဗြိတိသျှတို့သည်အဟုမ်မင်းမျိုး မင်းနွယ်များကိုအုပ်ချုပ်ရေးအသစ်တွင်၊ အသုံးမပြုခဲ့ပါ။ ယင်းအစား၊ ၎င်းတို့သည်ဘင်္ဂလားမှ ပညာတတ်စာရေးများကိုခေါ်ဆောင်လာပြီး၊အခြားဒေသခံအုပ်စုများကိုမျက်နှာသာပေးခဲ့ပြီး၊ ရှမ်းအဟုမ်အထက်တန်းလွှာကို၊ လူမှုစီးပွားရေးနောက်ကျကျန်စေခဲ့ရန်၊ လုပ်ခဲ့သည်။

၃။ ယဉ်ကျေးမှုပေါင်းစည်းဝါးမျိုခံရခြင်း

ဘာသာစကားပြောင်းလဲမှု- လူမှုအသိုင်းအဝိုင်းအတွင်း၊ အာသံမျိုးနွယ်စုဘာသာစကားကို၊ ပိုမိုကျင့် သုံးလာရသည်နှင့်အမျှ၊ ဘိုးဘွားအဟုမ်ရှမ်းဘာသာစကားသည်၊ တ ဖြည်းဖြည်းပျောက်ကွယ်မှေးမှိန်သွားခဲ့ရသည်။

ဘာသာရေးပြောင်းလဲမှု- အချိန်ကြာလာသည်နှင့်အမျှ၊ အဟုမ်ရှမ်းလူမျိုးများသည်အာသံဟိန္ဒူမျိုးနွယ်စုများနှင့်ပေါင်းသင်းလက် ထပ်လာရာမှ၊ ဟိန္ဒူဘာသာကိုလက်ခံကျင့်သုံးခဲ့လာကြရသည်။ ၎င်းတို့သည်ဟိန္ဒူဇာတ်အဆင့်အ တန်းနှင့်ပေါင်းစည်းလာရသည်နှင့်အမျှ၊ ၎င်းတို့၏ထူးခြားသော ရှမ်းဘာသာရေးအလေ့အကျင့်များနှင့်လူမျိုးစုဝိသေသလက္ခဏာများ သည်၊ အာသံလူဦးရေအများစုကြားထဲသို့ပျောက်ကွယ်သွားခဲ့ရသည်။

၄။ "အဟုမ်" လူမျိုး၏အမှတ် အသားဝိသေသ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များပြောင်းလဲသွားခြင်း-

အဟုမ်နိုင်ငံတော်အထွတ်အထိပ်ရှိချိန်တွင်၊ မတူညီသောလူမျိုးစုများစွာသည်၊ အဟုမ်လူမျိုးအဖြစ်၊ယဉ်ကျေးမှုပေါင်းစည်းခြင်းလုပ် ငန်းစဉ်မှတစ်ဆင့်"အဟုမ်ရှမ်း" လူမျိုးအဖြစ်ရပ်တည်လာခဲ့ကြသည်။

အဟုမ်ရှမ်းဘုရင်စနစ်ပြိုလဲသွားသောအခါ၊ အဟုမ်လူမျိုးအဖြစ်သတ်မှတ်ခြင်းပါ၊ ပျောက်ကွယ်သွားလုနီးပါးဖြစ်ခဲ့ရသည်။
--------

ဗြိတိသျှတို့သည် ၁၈၇၂ နှင့် ၁၈၈၁ ခုနှစ်တွင် ၎င်းတို့၏ပထမဆုံးသန်းခေါင်စာရင်းများကိုပြုလုပ်ချိန်တွင်၊ အဟုမ်တိုင်းရင်းသားလူ ဦးရေသည်၊ အာသံဒေသ၏ ၁၀% အောက်သာရှိတော့သည်ဟု၊ မှတ် တမ်းတင်ထားသည်။

မိမိကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှု၊ ဘုရင့်နိုင်ငံအဖြစ်၊ နှစ်ပေါင်း ၆၀၀ ဦးဆောင်ရပ်တည်လာခဲ့ရာမှ၊ ဗမာနှင့်အဂ်လိပ်ကိုလိုနီလက်အောက်ဘဝမှစ၍၊ မိမိလူ မျိုးစုကိုယ်ပိုင်လက္ခဏာအသွင်ပြင်၊ အလုံးစုံပျက်သုန်းသွားခဲ့ရသည်။

ယခုအခါ၊ တရားဝင်အားဖြင့်၊ အိန္ဒိယနိုင်ငံတွင်၊ လူဦးရေ ၁.၇ သန်းခန့်သည်၊ အဟုမ်လူမျိုးအ ဖြစ်၊ ခွဲခြားသတ်မှတ်ထားကြပြီး၊ အများစုမှာ၊ အာသံပြည်နယ်တွင်နေထိုင်ကြသည်။ လက်ရှိအာသံပြည်နယ်တွင်၊ လူဦးရေ ၃၇ သန်းခန့်ရှိသည်။

၎င်းတို့သည်၊ သမိုင်းကြောင်းအရ အဟုမ်နိုင်ငံတော်ကိုနှစ်ပေါင်း ၆၀၀ နီးပါးအုပ်ချုပ်ခဲ့သော၊ (Tai) ရှမ်းလူမျိုးစုတစ်စုဖြစ်သော်လည်း ၊ ရာစုနှစ်များစွာကြာအောင်၊ ဒေသ ခံလူဦးရေနှင့်သိသာထင်ရှားသော ပေါင်းစည်းဝါးမျိုမှုကိုကြုံတွေ့ခဲ့ရသည်။

ယနေ့ခေတ်တွင်၊ ခေတ်သစ်အဟုမ်အားလုံးနီးပါးသည်၊ အာသံဘာသာ စကားကို၎င်းတို့၏မိခင်ဘာသာစ ကားအဖြစ်သာ၊ ပြောဆိုကြတော့ သည်။

မူရင်းအဟုမ်ရှမ်းဘာသာစကားသည်၊ အလွန်အန္တရာယ်ရှိသောအ ခြေအနေတွင်ရှိနေသည်။ နေ့စဉ်အသုံးပြုမှုတွင်အများအားဖြင့်၊ ပျောက်ကွယ်သွားသည်ဟုယူဆရသော်လည်း၊ ဘာသာစကား၊ ဘာ သာရေးထုံးတမ်းစဉ်လာများနှင့်
အဟုမ်ရှမ်းအက္ခရာများကို၊ ပြန် လည်ရှင်သန်လာစေရန်၊ ယဉ်ကျေး မှုပြန်လည်ရှင်သန်ရေးလှုပ်ရှားမှုများကို၊ ခေတ်ပညာတတ်လူငယ်များမှ၊ တက်ကြွစွာလုပ်ဆောင်
လျှက်ရှိသည်။

မြန်မာပြည်ရှိ၊ တိုင်းရင်းသားမျိုးနွယ်စုများအတွက်၊ သင်ခန်းစာယူနိုင်ရန်ရည်ရွယ်၍၊ ပြုစုရေးသားရခြင်းဖြစ်သည်။

မိမိလူမျိုး၏သွေး၊ ဘာသာစကား၊ စာပေ၊ ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံး စံများကို၊ မပျောက်ပျက်အောင်၊ ထိန်းသိမ်းမြှင့်တင်ကာကွယ်ကြဖို့၊ အလွန်အရေးကြီးသည်။




TMA

K'Cho Tradational Dance  People Lifestyle
15/08/2026

K'Cho Tradational Dance
People Lifestyle


13/08/2026

K'Cho ဒေသထွက် Organic Coffee


11/08/2026

Lifestyle

Address

Mindat

Website

Alerts

Be the first to know and let us send you an email when Mindat K'Cho Chin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mindat K'Cho Chin:

Shortcuts

Share