08/01/2025
မင်းလှမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
=================
မင်းလှမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အကျုံးဝင်သော သာယာဝတီခရိုင်၊ သာယာဝတီနယ်တွင် ပါဝင် သည့် မင်းလှမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ သရက်ခရိုင်တွင် ရှိသော မင်းလှကို အထက်မင်းလှ ဟုခေါ်၍ သာယာဝတီခရိုင်ရှိ မင်းလှမြို့ကို အောက်မင်းလှ ဟုခေါ်သည်။
မင်းလှမြို့သည် ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ မင်းလှမြို့ ဘူတာရုံကို ခရစ် ၁၈၇၇ ခုနှစ်က ဖွင့်လှစ်ခဲ့၍ ပထမဆုံးဖွင့်သော ဘူတာရုံများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ မင်းလှမြို့သည် ရန်ကုန်မြို့၏ မြောက် ဘက် ၉၁ မိုင်နှင့် သာယာဝတီမြို့၏ မြောက်ဘက် ၂၃ မိုင် အကွာတွင် တည်ရှိသည်။ ပြည်မြို့မှ တောင်ဘက် ရထားလမ်း အတိုင်း မိုင် ၇ဝ ကွာဝေးသည်။ ရန်ကုန်-ပြည် မီးရထားလမ်း သာလျှင် မင်းလှမြို့ကို ဖြတ်သန်းသွားသည်။ ရန်ကုန်-ပြည် ကားလမ်းမူကား မြို့နှင့် ၂ မိုင်ကွာရှိ ရှမ်းတောကို ဖြတ်သန်း သွားသည်။ ရှမ်းတောသို့ မော်တော်ကားလမ်းတို့ဖြင့် ဆက်ထား သည်။ မင်းလှမှ လက်ပံတန်းသို့ မော်တော်ကားလမ်းတစ်လမ်း ရှိသည်။ မီးရထားလမ်း၏ လက်ဝဲဘက်ကဖြစ်သည်။ ရန်ကုန်- ပြည်ကားလမ်းသည် မီးရထားလမ်း၏ လက်ယာဘက်က ဖြစ် သည်။ မင်းလှမြို့မှ မိုးညိုသို့ မော်တော်ကားလမ်း ပေါက်သည်။
မင်းလှမြို့သည် ဆန်စပါးရောင်းဝယ်ရာတွင် ကြီးကျယ် ထင်ရှား၍ မြို့တွင် ဆန်စက်များရှိသည်။ ကြီးကျယ်သော အခြားလုပ်ငန်းမရှိသော်လည်း ကုန်စည်ရောင်းဝယ်ဖောက်ကားမှု မှာ မြို့နှင့်လိုက်အောင် အသင့်အတင့်ဖွံ့ဖြိုးလေသည်။ လူဦးရေ မှာ ၁၉၆၂ ခုနှစ်သန်းခေါင်စာရင်းအရ ၇၁၉၆ ယောက် ရှိကာ မင်းလှမြို့ လူဦးရေ စုစုပေါင်း( ၁၉၉၆)ခုနှစ်တွင် (၁၁၅၁၈၄) ဦးရှိ၍အိမ်ထောင်စုပေါင်းမှာ(၃၉၇၄၇)ရှိခဲ့သည်
တောင်သူလယ်သမား ဦးရေမှာ(၁၀၁၅၀၁)ဦးရှိရာ တောင်သူလယ်သမား ဦးရေမှာ စုစုပေါင်းလူဦးရေ၏
(၈၈) ရာခိုင်နှုန်းကျော်ရှိသည် လယ်သမားအိမ်ထောင်စု(၃၆၈၉၄)ရှိသည်ဖြစ်ရာ အိမ်ထောင်စု ၏(၉၄ ) ရာခိုင်နှုန်းနီးပါးမှာလယ်သမားအိမ်ထောင်စု များဖြစ်ကြသည်။၂၀၁၄သန်းခေါင်စာရင်းတွင် လူဦးရေစုစုပေါင်း
၁၂၇၄၃၃ဦးအထိရှိသည်
၁။နောက်ခံသမိုင်းအကျဉ်း
***********************
၂။ မင်းလှမြို့နယ်ဖြစ်တည်ပုံရာဇဝင်နှင့်ပတ်သက်၍ အဆို (၂)ရပ်ရှိပါသည်။ ပထမအဆိုမှာ ပုဂံမင်းဆက် နရသီဟပတေ့မင်းလက်ထက် တရုတ်တို့ရန်ကြောင့် အောက်ပြည်သို့ တိမ်းရှောင်ရာတွင်တူတော်သုံးပါး ဖြစ်သည့် မောင်မောင်ကြီး (သတိုးနော်ရထာဘွဲ့ခံသာယာဝတီမြို့ဟောင်း အားတည်ထောင်ခဲ့သူ)မောင်မောင်လတ်နှင့်မောင်မောင်ငယ် တို့ပါဝင်ခဲ့ရာမင်းလှမြို့ကို မောင်မောင်လတ်(ခ) မင်းလတ်မှ တည်ထောင်ခဲ့သဖြင့် မင်းလတ်၏ အမည်ကိုစွဲမှတ်၍မင်းလတ် မြို့ နောင်အခါမင်းလှမြို့ဟု ခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည်။
ဒုတိယအဆိုမှာ မင်းလှမြို့ခေါ်အကြေဒေသမင်းလှမြို့မှာ ပုဂံခေတ်နှောင်းပိုင်းတွင်ထွန်းပေါ်ခဲ့သော ကျစွာမင်း၏အနွယ်တော် နောင်တော် သတိုးအနော်ရထာမင်း၏စစ်သေနာပတိချုပ် သတိုးမင်းလတ်စံမြန်းရာဒေသ။(ယခု ခေတ်ချိုကွင်းရွာ၊ မင်းလှကြီးရွာရှိ)ပဲခူးရိုးမတောင်ခြေမင်းလတ်ရွာ၊မင်းလတ်ချောင်းကိုအစွဲပြု၍ မင်းလှမြို့ဟုခေါ်တွင်ခဲ့ပါသည်။မူကွဲအားဖြင့် မင်းစသောအကြီးအကဲများကပင် ငေး၍ကြည့်ရလောက်အောင်လှသော မမင်းလှ၊သမိုင်းတွင်ထင်ရှားလှသော ကြေးနီရောင် ဆင်တော်လော်ရှိန်း(လောဟိတဟတ္ထိ)ကိုဖမ်းမိနိုင်ရေး အခါပေးဟောကြားသော လွန်စွာချောမော လှပသည့် အကြားအမြင်ရ **မမင်းလှ**(နတ်ဝင်သည်) နေထိုင်ရာအရပ်ကိုအစွဲပြု၍**မင်းလှမြို့**ခေါ်ကြောင်းသမိုင်းဟောင်းတို့တွင်လေ့လာတွေ့ရှိရသည်။......
၁၈၇၇ခုနှစ်၊ မေလ(၁) ရက်နေ့မြန်မာနိုင်ငံ၏ ပထမဆုံးမီးရထားလမ်း ဖြစ်သည့် ရန်ကုန်-ပြည်မီးရထား လမ်းစတင်ဖွင့်လှစ်ခဲ့ရာတွင် လမ်းကြောင်းပေါ်ရှိ မီးရထားဘူတာ အား မင်းလှ ဘူတာဟု သတ်မှတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍မင်းလှမြို့ဟု ခေါ်တွင် ခဲ့ကြောင်းသမိုင်းအထောက်အထားများအရသိရှိရပါသည်။
၂။တည်နေရာနှင့် အကျယ်အဝန်း
*******************************
မင်းလှမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ မိနစ်၅၂ ဝဝစက္ကန့်နှင့်၁၈ဒီဂရီ ၁၀မိနစ် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၂ မိနစ် ဝဝ စက္ကန့်အကြားတွင်တည်ရှိပါသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၂၅၈.၃၁) မိုင်ရှိပါ သည်။
အရှေ့ အနောက် (၁၆ ) မိုင်ရှိ၍ တောင်မှမြောက် အကျယ်ဆုံး(၁၄) မိုင်ရှိသည်
ရန်ကုန် ပြည်မီးရထားလမ်းပေါ်တွင်တည်ရှိသည်
ရန်ကုန်မြို့၏မြောက်ဘက် မီးရထားလမ်းအကွာ အဝေး(၉၁ )မိုင်တွင်မင်းလှမြို့ရှိသည်
မင်းလှမြို့ရှိသည်ရန်ကုန် ပြည် ကားလမ်းသည်
မင်းလှမြို့ အရှေ့ဘက် (၂ မိုင် ၆ဖာလုံ)ကွာမှ ဖြတ် သန်းသွားကာ ယင်း လမ်းကို ကတ္တရာလမ်းဖြင့်ဆက်သွယ်ထားသည်
မင်းလှမြို့နယ်၏အကျယ်အဝန်းမှာ
(ဝ.၈၃)၊ကျေးရွာအုပ်စုစတုရန်းမိုင်(၂၅၆.၀၃)၊စုစုပေါင်းမြို့နယ်နှင့်ကျေးရွာအုပ်စုအကျယ်အဝန်း(၂၅၈.၃၁) မိုင်ဖြစ်ပါသည်။
မင်းလှမြို့တွင် မြို့မြေ အကျယ်အဝန်းမှာ(၁၉၂)ဧက
ရွာမြေ (၃၉၅၇ )ဧက လမ်းမြေ(၁၈၈၄) ဧက နှင့် သစ်တောမြေ(၄၀၈၀ )ဧက ရှိသည်
နယ်နိမိတ်
**********
မင်းလှမြို့နယ်၏အရှေ့ဘက်တွင် ကျောက်တံခါးမြို့နယ်၊ ပဲခူးမြို့နယ်၊ တောင်ဘက်တွင် လက်ပံတန်းမြို့နယ်၊ အနောက်ဘက်တွင် မိုးညိုမြို့နယ်နှင့်ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် အုတ်ဖိုမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
****************
မင်းလှမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးရိုးမတောင်တန်း နှင့်သစ်တောများဖုံးလွှမ်းသည့် တောင်ကုန်းဒေသ ဖြစ် ပါသည်။ အလယ်ပိုင်းဒေသမှာ မြေပြန့်ဒေသဖြစ်ပြီး အနောက်ဘက်ခြမ်းမှာ အင်း၊အိုင်၊ချောင်း၊မြောင်းများ ဖြစ်ကာ နှစ်စဉ်တောင်ကျရေများ လွှမ်းမိုးသည့် မြေနိမ့် လွင်ပြင် ဒေသဖြစ်ပါသည်။
ရေဆင်း
******
မင်းလှမြို့နယ်အတွင်း မြစ်ချောင်းများမှာ ဂမုန်းချောင်း သည် အရှေ့မြောက်မှအနောက်တောင်သို့ စီးဆင်းပြီး (၁၃.၈)မိုင်၊ မင်းလှချောင်းသည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းပြီး (၁၈.၉)မိုင်၊ သရက်တပင်ချောင်းသည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းပြီး (၁၈.၂)မိုင်၊ မုက္ခာချောင်းသည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းပြီး (၂၀.၉)မိုင်၊ ကံတင် ဘီးလင်းသည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်း ပြီး (၁၀.၅)မိုင်၊ မြစ်မခမြစ်သည် အနောက်မှအရှေ့ တောင်သို့ စီးဆင်းပြီး (၁၁.၂)မိုင် ရှည်လျားပါသည်။.
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
*******************************
မင်းလှမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်( ၇၆ )ပေတွင် တည်ရှိပါသည်။မင်းလှမြို့နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာဒီလှိုင်း ကျေးရွာ နှင့် ရွှေလောင်းကျေးရွာတို့ဖြစ်ပါသည်။
ရာသီဥတု
မင်းလှမြို့နယ်သည် ပူနွေးစိုစွတ်သော ရာသီဥတုရှိပြီး၊
အမြင့်ဆုံး အပူချိန် (၁၀၂.၇၀ဒီကရီ F)နှင့် အနိမ့်ဆုံးအပူချိန်မှာ(၈၀,ဝဒီကရီF)နှင့်ဖြစ်ပါသည်။တစ်နှစ်ပတ်လုံး
မိုးရေချိန်အများဆုံး(၆၅)လက်မမှ မိုးရေချိန်အနည်းဆုံး(၂၇)လက်မရရှိသည်။
သဘာဝပေါက်ပင်များ
ပူနွေးစိုစွတ်သော ရာသီဥတုရှိသဖြင့် အရှေ့ဘက်ပဲခူးရိုးမတောင်တန်းတွင် ရွက်ကြွေသစ်တောများဖုံးလွှမ်းလျက် အဖိုးတန်သစ်များ ဖြစ်သည့်ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ ပိတောက်၊ အင်၊အင်ကြင်း၊ ယမနေ၊ နှော၊ ဘင်ဂ၊ ပျဉ်းမ၊ ပေါက်၊ ထောက်ကြန့်စသည့်အပင်အမျိုးမျိုး၊ ဝါးအမျိုးမျိုးနှင့် ဆေးဘက်ဝင် အပင်များပေါက်ရောက်ပါသည်။
တောရိုင်းတိရစ္ဆာန်များ
အရှေ့ဘက်တောင်ပေါ် သစ်တောများတွင် သဘာဝတောရိုင်းတိရစ္ဆာန်များ ဖြစ်သည့် တောဆင်ရိုင်း၊ ကြောင်၊ ဆတ်၊ ဂျီ၊ ဒရယ်၊တောဝက်၊ ကျား၊ ကျားသစ်၊ မျောက်၊ မျောက်ဝံ၊ ဖွတ်၊ ပဒတ်စသည်များရှိပါသည်။ မြို့နယ်၏ အနောက်ဘက်တွင် အင်း၊ အိုင်များရှိသဖြင့် ရေနေ သတ္တဝါ များဖြစ်သည့် ရေလိပ်၊ ငါးအမျိုးမျိုးရှိပါသည်။ ပိုးမွှားများဖြစ်သည့်ငန်းမြွေ၊ စပါးကြီး၊ မြွေဟောက်၊စပါးအုံး လင်းမြွေ အမျိုးမျိုး၊ ကင်းအမျိုးမျိုး လည်းတွေ့ရှိရပါသည်။
သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ
မင်းလှမြို့နယ်၏ အရှေ့ဘက်ခြမ်းသည် ပဲခူးရိုးမနှင့်ဆက်စပ်တည်ရှိပြီး တောတောင်သစ်တောများ တည်ရှိပါသည်။ သစ်တော၊ဝါးတောများ ပြုန်းတီးလာမှုကို နိုင်ငံတော်မှ ပုဂ္ဂလိက စိုက်ခင်းများပြုလုပ်၍ ဆောင်ရွက်လျက် ရှိပါသည်။ မြို့နယ်၏ အနောက်ဘက်ခြမ်းသည် မြေနိမ့်ပိုင်းဖြစ်ပြီး မြစ်မခမြစ်နှင့် အင်းအိုင်များတည်ရှိပါသည်။ ဆည်မြောင်း တာတမံများတည်ဆောက်မှုကြောင့်
အင်းအိုင်များ တိမ်ကောကာစိုက်ပျိုးမြေများ တဖြည်းဖြည်းချင်းဖြစ်ပေါ်လျက်ရှိ ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
မင်းလှမြို့နယ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက်ကြိုး ဝိုင်းတော(၂၈၁၉၅)ဧက၊ ကြိုးပြင်တော(၇၄၈)ဧကထိန်းသိမ်းလျက်ရှိပါသည်။သစ်တောစိုက်ခင်း တည်ထောင်နိုင်မှုမှာ ပုဂ္ဂလိကကျွန်း စိုက်ခင်း (၃၀)ဧက၊ သစ်မာ(၁၃၀)ဧက၊ကျေးရွာထင်း စိုက်ခင်း (၂၄၄၉)ဧက ဖြစ်ပါသည်။
စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
မင်းလှမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီးစီးပွားရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။မြို့နယ် အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိက လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မင်းလှမြို့နယ်သည်ကုန်းလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ ပဲဖြစ်ပြီး ရန်ကုန်သို့အများဆုံး တင်ပို့ရောင်းချပါသည်။ မင်းလှမြို့နယ်သည် စပါး၊ ပဲ အများအပြား ထွက်ရှိသည့်အတွက် ဒေသအတွင်းရှိတောင်သူများသည် စားဝတ်နေရေး ပြေလည်ကောင်းမွန်မှု ရှိပါသည်။အခြားဒေသထွက်သီးနှံများကိုလည်း ရာသီ အလိုက်စိုက်ပျိုးလုပ်ကိုင်ကြပါသည်။
၄။ ရပ်ကွက်/ကျေးရွာအုပ်စုအရေအတွက်
*************************************
၁။ မြို့(၂)မြို့
၁။ ရပ်ကွက် (၁၂) ရပ်ကွက်
၂။ ကျေးရွာအုပ်စု (၅၅) အုပ်စု
၃။ ကျေးရွာ (၂၄၆) ရွာ
ရပ်ကွက်များ
၁။ဇီးကုန်းလေး
၂။ကန်ကြီးတန်း
၃။လမ်းမတော်
၄။ရုံးလမ်း
၅။မင်းတန်း
၆။ဈေးချိုတန်း
၇။ပြည်တော်သာ
၈။ပန်းဘဲချောင်
၉။ဘီးလင်းတန်း
၁၀။ဝဇီယာ
၁၁။မြောက်စု
၁၂။မြို့မ
ကျေးရွာအုပ်စုများ
၁။လက်ဆက်
၂။သရော(ဂျီ)
၃။ပန်းတော
၄။လက်ပံရေကျော်
၅။သရော(အမ်)
၆။လှည်းပြင်တင်
၇။ထောက်ကြန့်ကွင်း(အမ်)
၈။ညောင်ဝင်း
၉။သရက်တပင်
၁၀။ကျွဲတလင်း
၁၁။စမ်းတောင်ကွေ့
၁၂။ဘွတ်စိန်ဘု
၁၃။ခွက်မ
၁၄။ကိုင်းပြင်ကြီး
၁၅။စမ်းဘုတ်
၁၆။ဝက်လှကြီး
၁၇။ဦးတိုကညင်ပင်
၁၈။စီကုန်း
၁၉။သင်အိုင်
၂၀။ရွေးကုန်း
၂၁။ဇရစ်ချောင်း
၂၂။အင်ကြင်းကုန်း
၂၃။ပက်တန်း
၂၄။ထောက်ကြန့်
၂၅။ညောင်သုံးပင်
၂၆။စာနီစု
၂၇။အိုးကွဲ
၂၈။ကျောင်းရွာ
၂၉။ဂန့်ဂေါ်ပင်
၃၀။စစ်ကွင်း
၃၁။ပေါက်ကုန်း
၃၂။ရှားတောကွင်း
၃၃။ဗျက်ကြီး
၃၄။သာယာကုန်း
၃၅။တနာပို
၃၆။ကံသာယာ
၃၇။ကြို့ကုန်း(၂)
၃၈။ဝက်လှကလေး
၃၉။သင်တောကန်
၄၀။ရှမ်းကုန်း
၄၁။ပေပင်တန်း
၄၂။ညောင်ကုန်း
၄၃။အုတ်တွင်း
၄၄။သဲကော
၄၅။ရွှေလောင်း
၄၆။ကြို့ကုန်း(၁)
၄၇။လှည်းကူး
၄၈။ဒီလှိုင်း
၄၉။စိန်ဘု
၅၀။ထန်းပင်ကုန်း
၅၁။ဆင်တဲကုန်း
၅၂။သင်တောရိုး
၅၃။အလယ်ကုန်း
၅၄။အင်းဘုတ်ကုန်း
၅၅။အုန်းပင်ပေါက်
မင်းလှမြို့နယ်မှကျေးရွာများ(အက္ခရာစဉ်)
က
ကဇွန်းအင်းရွာ၊ မင်းလှမြို့နယ်
ကဇွန်းအင်းရွာ၊ ရှားတောကွင်း
ကညင်ကောက်ရွာ၊ မင်းလှမြို့နယ်
ကညင်ပင်ရွာ၊ မင်းလှမြို့နယ်
ကညင်ပင်ရွာ၊ သဲကော
ကန့်လန့်ကုန်းရွာ၊ မင်းလှမြို့နယ်
ကပ်ကျော်ရွာသစ်ရွာ၊ မင်းလှမြို့နယ်
ကရင်စီကွရွာ၊ မင်းလှမြို့နယ်
ကရင်စုရွာ၊ မင်းလှမြို့နယ်
ကရင်တအိမ်ရွာ၊ မင်းလှမြို့နယ်
ကလမန်းကုန်းရွာ၊ မင်းလှမြို့နယ်
ကလသဖရွာ၊ မင်းလှမြို့နယ်
ကိုင်းပြင်ကြီး (မြောက်စု)ရွာ၊ မင်းလှမြို့နယ်
ကိုင်းပြင်ကြီးရွာမရွာ၊ မင်းလှမြို့နယ်
ကုလားကုန်းရွာ၊ မင်းလှမြို့နယ်
ကုလားစုရွာ၊ မင်းလှမြို့နယ်
ကောက်ကွေးတန်းရွာ၊ မင်းလှမြို့နယ်
ကံကုန်း (အနောက်စု)ရွာ၊ မင်းလှမြို့နယ်
ကံကုန်း (အရှေ့စု)ရွာ၊ မင်းလှမြို့နယ်
ကံသာယာ (အနောက်စု)ရွာ၊ မင်းလှမြို့နယ်
ကံသာယာကြီးရွာ၊ မင်းလှမြို့နယ်
ကံသာယာလေးရွာ၊ မင်းလှမြို့နယ်
ကျောက်တိုင်ရွာ၊ မင်းလှမြို့နယ်
ကျောင်းစုရွာ၊ စမ်းတောင်ကွေ့
ကျောင်းစုရွာ၊ မင်းလှမြို့နယ်
ကျောင်းစုရွာ၊ ဝက်လှကလေး
ကျောင်းစုရွာ၊ သာယာကုန်း
ကျောင်းရွာ၊ မင်းလှမြို့နယ်
ကျေးတပင်ရွာ၊ မင်းလှမြို့နယ်
ကျွန်းကုန်းရွာ၊ မင်းလှမြို့နယ်
ကျွဲတလင်း (အနောက်စု)ရွာ၊ မင်းလှမြို့နယ်
ကျွဲတလင်း (အရှေ့စု)ရွာ၊ မင်းလှမြို့နယ်
ကျွဲတဲကုန်းရွာ၊ မင်းလှမြို့နယ်
ကျွဲမကိုင်းရွာ၊ မင်းလှမြို့နယ်
ကြက်တောကွင်းကြီးရွာ၊ မင်းလှမြို့နယ်
ကြက်တောကွင်းလေးရွာ၊ မင်းလှမြို့နယ်
ကြည်ကုန်းရွာ၊ မင်းလှမြို့နယ်
ကြို့ကုန်းရွာမရွာ၊ မင်းလှမြို့နယ်
ကြို့ကုန်းရွာသစ်ရွာ၊ မင်းလှမြို့နယ်
ကြီးလူးရွာ၊ မင်းလှမြို့နယ်
ကွင်းကလေးရွာ၊ မင်းလှမြို့နယ်
ကွင်းကြီး (တောင်စု)ရွာ၊ မင်းလှမြို့နယ်
ကွင်းကြီး (မြောက်စု)ရွာ၊ မင်းလှမြို့နယ်
ခ
ချောင်းဂွရွာ၊ မင်းလှမြို့နယ်
ချောင်းနက်ရွာ၊ မင်းလှမြို့နယ်
ချောင်းနားရွာ၊ ဇရစ်ချောင်း
ချောင်းနားရွာ၊ မင်းလှမြို့နယ်
ချောင်းနားရွာ၊ ရှားတောကွင်း
ချောင်းနားရွာ၊ သင်အိုင်
ချောင်းသစ်တန်းရွာ၊ မင်းလှမြို့နယ်
ခွက်မရွာ၊ မင်းလှမြို့နယ်
ဂ
ဂင်ဒိတ်ကုန်းရွာ၊ ကျွဲတလင်း
ဂင်ဒိတ်ကုန်းရွာ၊ မင်းလှမြို့နယ်
ဂန့်ဂေါ်ပင်ရွာမရွာ၊ မင်းလှမြို့နယ်
ဂန့်ဂေါ်ပင်ရွာသစ်ရွာ၊ မင်းလှမြို့နယ်
ဂွေးတောက်ကုန်းရွာ၊ မင်းလှမြို့နယ်
င
ငမိုးရိပ်ရွာ၊ မင်းလှမြို့နယ်
ငလှစမ်းရွာ၊ မင်းလှမြို့နယ်
ငါးအိမ်တန်းရွာ၊ မင်းလှမြို့နယ်
ငှက်ကြီးသိုက်ရွာ၊ မင်းလှမြို့နယ်
စ
စက်ကလေးစုရွာ၊ မင်းလှမြို့နယ်
စက်ကြီးတန်းရွာ၊ မင်းလှမြို့နယ်
စစ်ကွင်းရွာ၊ မင်းလှမြို့နယ်
စစ်ပြန်ကွင်းရွာ၊ မင်းလှမြို့နယ်
စမ်းကြီးရွာ၊ မင်းလှမြို့နယ်
စမ်းတောင်ကွေ့ရွာ၊ မင်းလှမြို့နယ်
စမ်းဘုတ်ရွာ၊ မင်းလှမြို့နယ်
စာနီစုရွာ၊ မင်းလှမြို့နယ်
စာဖြူစုရွာ၊ တနာပို
စာဖြူစုရွာ၊ မင်းလှမြို့နယ်
စာဖြူစုရွာ၊ သင်အိုင်
စိန်ကန့်လန့်ရွာ၊ မင်းလှမြို့နယ်
စိန်ပုရွာသစ်ရွာ၊ မင်းလှမြို့နယ်
စိန်ဘုရွာ၊ မင်းလှမြို့နယ်
စီကုန်းရွာ၊ မင်းလှမြို့နယ်
စီပင်ကုန်းရွာ၊ မင်းလှမြို့နယ်
ဆ
ဆင်ကူးရွာ၊ မင်းလှမြို့နယ်
ဆင်ချောင်းရွာ၊ မင်းလှမြို့နယ်
ဆင်တဲကုန်းရွာ၊ မင်းလှမြို့နယ်
ဆင်ပချပ်ရွာ၊ မင်းလှမြို့နယ်
ဆင်အိုင်ချောင်းပေါက်ရွာ၊ မင်းလှမြို့နယ်
ဆင်အိုင်ရွာ၊ မင်းလှမြို့နယ်
ဆင်အိုင်ရွာ၊ သင်တောရိုး
ဆပ်ဖားရိုးရွာ၊ မင်းလှမြို့နယ်
ဆားချောင်းရွာ၊ စမ်းဘုတ်
ဆားချောင်းရွာ၊ မင်းလှမြို့နယ်
ဇ
ဇရစ်ချောင်းရွာ၊ မင်းလှမြို့နယ်
ဇရစ်မျှောင်ရွာ၊ မင်းလှမြို့နယ်
ည
ညောင်ကုန်းရွာ၊ မင်းလှမြို့နယ်
ညောင်နီကုန်းရွာ၊ မင်းလှမြို့နယ်
ညောင်ပင်သာရွာမရွာ၊ မင်းလှမြို့နယ်
ညောင်ပင်သာရွာသစ်ရွာ၊ မင်းလှမြို့နယ်
ညောင်ပင်သာရွာ၊ မင်းလှမြို့နယ်
ညောင်ပင်သာရှမ်းစုရွာ၊ မင်းလှမြို့နယ်
ညောင်ဝင်းရွာ၊ မင်းလှမြို့နယ်
ညောင်သုံးပင်ရွာ၊ မင်းလှမြို့နယ်
တ
တက်တိုးမကုန်းရွာ၊ မင်းလှမြို့နယ်
တင်းငုတ်စုရွာ၊ မင်းလှမြို့နယ်
တနာပိုကြီးရွာ၊ မင်းလှမြို့နယ်
တနာပိုလေးရွာ၊ မင်းလှမြို့နယ်
တယ်ပင်ကုန်းရွာ၊ မင်းလှမြို့နယ်
တယ်ပင်ကျောရွာ၊ မင်းလှမြို့နယ်
တာကလေးရွာ၊ မင်းလှမြို့နယ်
တာကျိုးရွာ၊ မင်းလှမြို့နယ်
တာကွေ့ရွာ၊ မင်းလှမြို့နယ်
တာဆုံရွာ၊ မင်းလှမြို့နယ်
တာရဲကွင်း (အရှေ့စု)ရွာ၊ မင်းလှမြို့နယ်
တာရဲကွင်း (အလယ်စု)ရွာ၊ မင်းလှမြို့နယ်
တာရဲကွင်းရွာမရွာ၊ မင်းလှမြို့နယ်
တာရဲကွင်းရွာသစ်ရွာ၊ မင်းလှမြို့နယ်
တူးမြောင်း (အထက်စု)ရွာ၊ မင်းလှမြို့နယ်
တူးမြောင်း (အောက်စု)ရွာ၊ မင်းလှမြို့နယ်
တူးမြောင်း (၁)ရွာ၊ မင်းလှမြို့နယ်
တူးမြောင်း (၂)ရွာ၊ မင်းလှမြို့နယ်
တောကမန်ရွာ၊ မင်းလှမြို့နယ်
တောင်ပို့ကြီးရွာ၊ မင်းလှမြို့နယ်
တောင်ပြတ်ရွာမရွာ၊ မင်းလှမြို့နယ်
တောင်ပြတ်ရွာသစ်ရွာ၊ မင်းလှမြို့နယ်
တောင်သလဲကုန်းရွာ၊ မင်းလှမြို့နယ်
တဲကုန်းရွာ၊ မင်းလှမြို့နယ်
တံခွန်တိုင်ရွာ၊ မင်းလှမြို့နယ်
ထ
ထန်းပင်ကုန်းရွာ၊ မင်းလှမြို့နယ်
ထောက်ကြန့်ကွင်းရွာ၊ မင်းလှမြို့နယ်
ထောက်ကြန့်ရွာ၊ မင်းလှမြို့နယ်
ဒ
ဒီလှိုင်းရွာ၊ မင်းလှမြို့နယ်
ဒေါ်ဘုတ်စံစုရွာ၊ မင်းလှမြို့နယ်
န
နတ်ကျရွာ၊ မင်းလှမြို့နယ်
နတ်ထမင်းရွာ၊ မင်းလှမြို့နယ်
နှမ်းကုန်းရွာ၊ မင်းလှမြို့နယ်
ပ
ပက်တန်းကြီးရွာ၊ မင်းလှမြို့နယ်
ပက်တန်းလေးရွာ၊ မင်းလှမြို့နယ်
ပက်လက်ကုန်း (ပုလဲကုန်း)ရွာ၊ မင်းလှမြို့နယ်
ပန်းတောရွာ၊ မင်းလှမြို့နယ်
ပန်းတောရွာ၊ ရွှေလောင်း
ပေပင်တန်းရွာ၊ မင်းလှမြို့နယ်
ပေါက်ကုန်းရွာ၊ မင်းလှမြို့နယ်
ပေါက်ချောင်းရွာ၊ မင်းလှမြို့နယ်
ပျဉ်ထောင်တွင်းရွာ၊ မင်းလှမြို့နယ်
ပျဉ်းမကုန်းရွာ၊ မင်းလှမြို့နယ်
ဖ
ဖားလေးကွင်း (တောင်စု)ရွာ၊ မင်းလှမြို့နယ်
ဖားလေးကွင်း (အနောက်စု)ရွာ၊ မင်းလှမြို့နယ်
ဖားလေးကွင်း (အရှေ့စု)ရွာ၊ မင်းလှမြို့နယ်
ဖားလေးကွင်းရွာ၊ မင်းလှမြို့နယ်
ဖြူကွင်းရွာ၊ မင်းလှမြို့နယ်
ဗ
ဗိုလ်တထောင်ရွာ၊ မင်းလှမြို့နယ်
ဗိုလ်ရုံကုန်းရွာ၊ မင်းလှမြို့နယ်
ဗိုလ်ရုံတန်းရွာ၊ မင်းလှမြို့နယ်
ဗောဓိကုန်းရွာ၊ မင်းလှမြို့နယ်
ဗျက်ကြီး (အနောက်စု)ရွာ၊ မင်းလှမြို့နယ်
ဗျက်ကြီး (အရှေ့စု)ရွာ၊ မင်းလှမြို့နယ်
ဗျက်ကြီးရွာ၊ မင်းလှမြို့နယ်
ဘ
ဘန့်ဘွေးကုန်းရွာ၊ မင်းလှမြို့နယ်
ဘန့်ဘွေးပင်ရွာ၊ မင်းလှမြို့နယ်
ဘီလူးမရေတွင်းရွာ၊ မင်းလှမြို့နယ်
ဘုရားကွင်း + အင်တောသာရွာ၊ မင်းလှမြို့နယ်
ဘုရားငုတ်တိုရွာ၊ မင်းလှမြို့နယ်
ဘွတ်စိန်ဘုရွာ၊ မင်းလှမြို့နယ်
မ
မကျီးကွင်းရွာ၊ မင်းလှမြို့နယ်
မအူကုန်းရွာ၊ မင်းလှမြို့နယ်
မုက္ခာရွာ၊ မင်းလှမြို့နယ်
မြန်မာစီကွရွာ၊ မင်းလှမြို့နယ်
မြောက်ကြို့ကုန်းရွာ၊ မင်းလှမြို့နယ်
မြောက်ချောကုန်းရွာ၊ မင်းလှမြို့နယ်
မြောက်လုပ်ပင်ရွာ၊ မင်းလှမြို့နယ်
ရ
ရေကြည်ရွာ၊ မင်းလှမြို့နယ်
ရေနှစ်မွှာရွာ၊ မင်းလှမြို့နယ်
ရွာမရွာ၊ မင်းလှမြို့နယ်
ရွေးကုန်းရွာ၊ မင်းလှမြို့နယ်
ရွှေဇံပြည့်ရွာ၊ မင်းလှမြို့နယ်
ရွှေလောင်းရွာ၊ မင်းလှမြို့နယ်
ရှမ်းကုန်းရွာ၊ ကျောင်းရွာ
ရှမ်းကုန်းရွာ၊ မင်းလှမြို့နယ်
ရှမ်းစီကွရွာ၊ မင်းလှမြို့နယ်
ရှမ်းစုရွာ၊ ဇရစ်ချောင်း
ရှမ်းစုရွာ၊ မင်းလှမြို့နယ်
ရှမ်းစုရွာ၊ အုတ်တွင်း
ရှမ်းတောရွာ၊ မင်းလှမြို့နယ်
ရှမ်းတောရွာ၊ ဝက်လှကလေး
ရှားကုန်းရွာ၊ မင်းလှမြို့နယ်
ရှားတောကွင်းရွာ၊ မင်းလှမြို့နယ်
ရှားပင်ကွေ့ရွာ၊ မင်းလှမြို့နယ်
ရှားဖြူကွင်းရွာ၊ မင်းလှမြို့နယ်
လ
လက်ဆက် (အနောက်စု)ရွာ၊ မင်းလှမြို့နယ်
လက်ဆက်ရွာမရွာ၊ မင်းလှမြို့နယ်
လက်ပံရေကျော်ရွာ၊ မင်းလှမြို့နယ်
လယ်ဦးစုရွာ၊ မင်းလှမြို့နယ်
လူပျိုကြီးကွင်း (တောင်စု)ရွာ၊ မင်းလှမြို့နယ်
လူပျိုကြီးကွင်း (မြောက်စု)ရွာ၊ မင်းလှမြို့နယ်
လွင်ပြင်ရွာ၊ မင်းလှမြို့နယ်
လှည်းကူးရွာ၊ မင်းလှမြို့နယ်
လှည်းပြင်တင် (တောင်စု)ရွာ၊ မင်းလှမြို့နယ်
လှည်းပြင်တင် (အနောက်စု)ရွာ၊ မင်းလှမြို့နယ်
လှည်းပြင်တင်ရွာမရွာ၊ မင်းလှမြို့နယ်
လှေတော်ကွင်းရွာ၊ မင်းလှမြို့နယ်
ဝ
ဝက်လှကလေးရွာ၊ မင်းလှမြို့နယ်
ဝက်လှကြီးရွာ၊ မင်းလှမြို့နယ်
သ
သက်ငယ်ကုန်းရွာ၊ မင်းလှမြို့နယ်
သင်ကန်းချောင်းရွာ၊ မင်းလှမြို့နယ်
သင်တောကန်ရွာ၊ မင်းလှမြို့နယ်
သင်တောရိုးရွာ၊ မင်းလှမြို့နယ်
သင်တောရိုးရွာ၊ သင်တောရိုး
သစ်တူးအိုင်ရွာ၊ မင်းလှမြို့နယ်
သပြေစမ်းရွာ၊ မင်းလှမြို့နယ်
သဖန်းပင်ဆိပ်ရွာ၊ မင်းလှမြို့နယ်
သရက်ကုန်းရွာ၊ မင်းလှမြို့နယ်
သရက်တပင် (တောင်)ရွာ၊ မင်းလှမြို့နယ်
သရက်တပင် (မြောက်စု)ရွာ၊ မင်းလှမြို့နယ်
သရက်တောရွာ၊ မင်းလှမြို့နယ်
သရက်ပင်ဆိပ်ရွာ၊ မင်းလှမြို့နယ်
သရော (ဂျီ)ရွာ၊ မင်းလှမြို့နယ်
သရော (အမ်)ရွာ၊ မင်းလှမြို့နယ်
သရော်ကုန်ရွာ၊ မင်းလှမြို့နယ်
သာယာကုန်းရွာ၊ မင်းလှမြို့နယ်
သုံးတန်းရွာ၊ မင်းလှမြို့နယ်
သဲကောရွာ၊ မင်းလှမြို့နယ်
အ
အင်ကြင်းကုန်း (တောင်)ရွာ၊ မင်းလှမြို့နယ်
အင်ကြင်းကုန်း (မြောက်)ရွာ၊ မင်းလှမြို့နယ်
အင်းဘုတ်ကုန်းရွာ၊ မင်းလှမြို့နယ်
အင်းမတန်းရွာ၊ မင်းလှမြို့နယ်
အဆင်အိုင်ချောင်းပေါက်ရွာ၊ မင်းလှမြို့နယ်
အညာတန်းကြီးရွာ၊ မင်းလှမြို့နယ်
အညာတန်းလေးရွာ၊ မင်းလှမြို့နယ်
အနောက်ကြို့ကုန်းရွာ၊ မင်းလှမြို့နယ်
အနောက်သင်အိုင်ရွာ၊ မင်းလှမြို့နယ်
အရှေ့ကြို့ကုန်းရွာ၊ မင်းလှမြို့နယ်
အရှေ့သင်အိုင်ရွာ၊ မင်းလှမြို့နယ်
အလယ်ကုန်းရွာ၊ မင်းလှမြို့နယ်
အလယ်စုရွာ၊ မင်းလှမြို့နယ်
အိုးကွဲရွာ၊ မင်းလှမြို့နယ်
အုတ်တွင်းကျောင်းစုရွာ၊ မင်းလှမြို့နယ်
အုတ်တွင်းရွာမရွာ၊ မင်းလှမြို့နယ်
အုတ်တွင်းရွာသစ်ရွာ၊ မင်းလှမြို့နယ်
အုန်းနှဲချောင်းရွာ၊ မင်းလှမြို့နယ်
အုန်းပင်ပေါက်ရွာ၊ မင်းလှမြို့နယ်
အုပ်ဖိုစုရွာ၊ မင်းလှမြို့နယ်
အောက်ကိုင်းကြီးရွာ၊ မင်းလှမြို့နယ်
အောက်ကိုင်းလေးရွာ၊ မင်းလှမြို့နယ်
အောက်ကိုင်းလေးရွာ၊ အုန်းပင်ပေါက်
ဦ
ဦးတိုကညင်ပင်ရွာ၊ မင်းလှမြို့နယ်
ဦးတိုကျွဲလမ်းစုရွာ၊ မင်းလှမြို့နယ်
ဦးတိုစာဖြူစုရွာ၊ မင်းလှမြို့နယ်
ဦးတိုတာကလေးရွာ၊ မင်းလှမြို့နယ်
ဦးတိုတောင်စုရွာ၊ မင်းလှမြို့နယ်
ဦးတိုမြန်မာစုရွာ၊ မင်းလှမြို့နယ်
ဦးတိုရွာသစ်ရွာ၊ မင်းလှမြို့နယ်
ဦးတိုရွာ၊ မင်းလှမြို့နယ်
၅။ လူဦးရေ ကျား/မစာရင်း (၂၀၁၄သန်းခေါင်စာရင်း)
**************************
အသက်(၁၈)နှစ်အထက်
***********************
မြို့ပေါ်နေ ကျား(၅၇၆၈) ဉီး၊ မ(၇၂၅၈) ဉီး၊
စုစုပေါင်း (၁၃ဝ၂၆) ဉီး
ကျေးလက်နေ ကျား (၃၄၁၅၃) ဉီး၊ မ (၃၈၃၃ဝ) ဉီး၊
စုစုပေါင်း(၇၂၄၈၄) ဉီး
အသက်(၁၈)နှစ်အောက်
***********************
မြို့ပေါ်နေ ကျား (၂၆၆၃) ဉီး၊ မ (၂၅၉၃) ဉီး
စုစုပေါင်း (၅၂၅၆) ဉီး
ကျေးလက်နေ ကျား (၁၈၃၅၁) ဉီး၊ မ (၃၆၆၆၇) ဉီး
စုစုပေါင်း (၅၂၄၇ဝ) ဉီး
မြို့နယ်အတွင်း ကျား (၆၀၉၀၁) ဉီး၊ မ (၆၆၅၃၂) ဉီး၊
စုစုပေါင်း (၁၂၇၄၃၃) ဉီး
၆။ တိုင်းရင်းသားလူမျိုးစုအလိုက်လူဉီးရေ
*************************************
မင်းလှမြို့နယ်တွင်နေထိုင်ကြသောတိုင်းရင်းသားလူမျိုးစုအလိုက်
လူဉီးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁။ ကချင် - ( - ) ဉီး
၂။ ကယား - ( _ ) ဉီး
၃။ ကရင် - (၇၇၅၅) ဉီး
၄။ ချင်း - ( ၆ ) ဉီး
၅။ မွန် - (၁) ဉီး
၆။ ဗမာ - (၁၁၆၈၇၈) ဉီး
၇။ ရခိုင် - (၄၇) ဉီး
၈။ ရှမ်း - (၆၅၁) ဉီး
မြို့နယ်ချုပ် - (၁၂၅၃၃၈) ဉီး
၇။ ဘာသာရေးကိုးကွယ်မှု
************************
မင်းလှမြို့နယ်တွင်နေထိုင်ကြသူများ၏ဘာသာရေးကိုးကွယ်မှုနှင့်ဓလေ့ထုံးစံများမှာ -
၁။ ဗုဒ္ဓဘာသာဝင်ဉီးရေ(၁၂၀၇၄၅)ဉီး၊
၂။ ခရစ်ယာန်ဘာသာဝင်ဉီးရေ(၅၂၃၄)ဉီး
၃။ ဟိန္ဒူဘာသာဝင်ဉီးရေ(၅၆၉)ဉီး၊
၄။ အစ္စလာမ်ဘာသာဝင်ဉီးရေ(၈၈၅) ဉီး၊
စုစုပေါင်း (၁၂၇၄၃၃) ဉီး၊
၈။ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများနှင့်အကြီးအကဲများ
************************************
အုပ်ချုပ်ရေးမှူးရုံးများ
*****************
မြို့နယ်အုပ်ချုပ်ရေးမှူး(၁)ဦး၊
မြို့နယ်ရုံး(၁)ရုံး၊မြို့ရုံး(၁)ရုံး ရပ်ကွက်ရုံး(၁၂)ရုံး၊ ကျေးရွာအုပ်စုရုံး(၅၄)ရုံး
မင်းလှမြို့နယ်ရှိ ဌာနဆိုင်ရာများ
***************************
၁။ မြို့နယ်ထွေ/အုပ်ဌာန
၂။ မြို့နယ်တရားရုံး
၃။ မြို့နယ်ဥပဒေရုံး
၄။ မြို့နယ်ကော်မရှင်ရုံး
၅။ မြို့နယ်စာရင်းစစ်ရုံး
၆။ မြန်မာနိုင်ငံရဲတပ်ဖွဲ့
၇။ မီးသတ်ဦးစီးဌာန
၈။ စည်ပင်သာယာရေးအဖွဲ့
၉။ ပြန်/ဆက်ဦးစီးဌာန
၁၀။ သမဝါယမဦးစီးဌာန
၁၁။ မျိုးသန့်ခြံ
၁၂။ စိုက်ပျိုးရေးဦးစီးဌာန
၁၃။ လယ်/စီဦးစီးဌာန
၁၄။ ဆည်မြောင်း
၁၅။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၆။ ဆက်သွယ်ရေး
၁၇။ မြန်မာ့မီးရထား
၁၈။ ပတ်ဝန်းကျင်/သစ်တော
၁၉။ မြန်မာ့လျှပ်စစ်လုပ်ငန်း
၂၀။ လဝက
၂၁။ စားသုံးသူရေးရာ
၂၂။ အား/ကာ
၂၃။ ပညာရေး
၂၄။ ကျန်းမာရေး
၂၅။ ကျေးလက်ဖွံ့ဖြိုးရေး
၂၆။ ကျေးလက်လမ်းဖွံ့ဖြိုးရေး
၂၇။ မြန်မာ့စီးပွားရေးဘဏ်
၂၈။ပြည်တွင်းအခွန်များ
၂၉။ စီမံကိန်း
၃၀။ လမ်းဦးစီးဌာန
၃၁။ ငါးလုပ်ငန်းဦးစီးဌာန
၃၂။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
၃၃။ စာတိုက်
၃၄။ မြို့နယ်လူမှုဖူလုံရေး
၃၅။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
၉။ နိုင်ငံရေးပါတီအမည်စာရင်း၊ ပါတီခေါင်းဆောင်နှင့်လွှတ်တော်ကိုယ်စားလှယ်များ
****************************
(က) နိုင်ငံရေးပါတီများ
****************
၁။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၄။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ
၅။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
၆။ ညီညွတ်သောဒီမိုကရစ်တစ်ပါတီ
( ခ ) လွှတ်တော်ကိုယ်စားလှယ်များ
****************************
ပြည်သူ့လွှတ်တော်
-------------------
ဒေါက်တာသန်းအောင်စိုး (NLD ပါတီ)
အမျိုးသားလွှတ်တော်
-------------------
ဒေါက်တာဝင်းမြင့် (NLD ပါတီ)
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
*************************************
ဉီးအောင်အောင် (NLD ပါတီ) တိုင်းဒေသကြီးလွှတ်တော်(၁)
ဦးအောင်ဇော်နိုင် (NLD ပါတီ) တိုင်းဒေသကြီးလွှတ်တော်(၂)
တိုင်းရင်းသားလွှတ်တော်
-------------------
ဒေါ်နော်ပွယ်စေး (NLD ပါတီ)
၁၀၊ စိုက်ပျိုးရေးနှင့်ဆည်တမံများ
******************************
(က) စိုက်ပျိုးရေး
****************
အဓိကသီးနှံစိုက်ပျိုးထုတ်လုပ်မှု
******************************
(၁) စပါးပေါင်း - နွေ(၃၀၀၀)ဧက၊မိုး (၇၆၁၃၉)ဧက
(၂) မတ်ပဲ - (၇၈၄၈၈)ဧက
(၃) ပဲတီစိမ်း-ဆောင်း(-)ဧက
(၄) မြေပဲ - မိုး(၄၅၃)ဧက၊ဆောင်း(၅၈၅)ဧက
(၅) နှမ်း - မိုး(၁၀၄)ဧက၊ဆောင်း(၂၂၅)ဧက
(၆) နေကြာ - ဆောင်း(၅၀)ဧက
နှစ်ရှည်သီးနှံစိုက်ပျိုးမှုအခြေအနေ
************************************
(၁) ရာဘာ - (၂၅)ဧက
(၂) သစ်ဆိမ့် - (၉၀)ဧက
(၃) ရှောက် - (၁၂)ဧက
(၄) သရက် - (၄၁၅)ဧက
(၅) ကျွဲကော/ ရှောက်ချို - (၈)ဧက
(၆) သီဟိုဠ်- (၂၀)ဧက
(၇) ဆီသပြေ- (၈၅)ဧက
အခြားဈေးကွက်ဝင်သီးနှံများစိုက်ပျိုးမှုအခြေအနေ
************************************
(၁) ကြက်သွန်နီ - (-) ဧက
(၂) ငရုတ်ခြောက် - (-)ဧက
(၃) ငရုတ်စို - (၄)ဧက
(၄) ငရုတ်ကောင်း - (-)ဧက
(၅) ဟင်းသီးဟင်းရွက် - (၄၅၇)ဧက
(၆) ကုလားပဲ - (-)ဧက
( ခ ) ဆည်/တာတမံများ
******************
ကံတင်ဘီးလင်းဆည် မြေသား အမြင်ဆုံးရေမှတ် (၂၃၅)ပေ၊ကန်ရေပြည့်ရေလှောင်ပမာဏ(၁၃၀၂၈၅)၊ ရေအမှတ်(၂၂၀.ဝဝ)၊ရေလှောင်ပမာဏ(၆၃၆၆၅)
၁၁။ မွေးမြူရေးလုပ်ငန်း
**********************
(က) မွေးမြူရေးလုပ်ငန်းများ
***************************
(၁)ကျွဲ (၅၇၇၀)ကောင်
(၂) နွား (၅၉၀၄၃)ကောင်
(၃) ဝက် (၅၃၈၆၀)ကောင်
(၄) သိုး/ ဆိတ် (၁၆၄၀)ကောင်
(၅) ကြက် (၂၀၅၄၀၃၅)ကောင်
(၆) ဘဲ (၁၅ဝ၂၁၃)ကောင်
( ခ ) မြို့နယ်အသားထုတ်လုပ်မှုပိဿာ
************************************
(၁) နွား (၈၀၉၇၀၆ )ပိဿာ
(၂) ဝက် (၁၈၆၀၈၈၇ )ပိဿာ
(၃) သိုး/ ဆိတ် (၁၀၆၃၀)ပိဿာ
(၄) ကြက် (၃၅၂၆၆၂၅)ပိဿာ
(၅) ဘဲ (၉၃၈၀၉၄ )ပိဿာ
( ဂ ) မြို့နယ်ကြက်/ဘဲ/ငုံးဥထုတ်လုပ်မှု (လုံး)
*************************************
(၁) ကွကျဥ ၅၀၈၉၁၀၄၀
(၂) ဘဲဥ ၉၆၆၈၀၇၀
၁၂။ အဓိကစီးပွားရေးလုပ်ငန်းကြီးများ
******************************
(က) မြို့နယ်ရှိစက်ရုံများ
***********************
(၁) ရေသန့်စက် (၂)ရုံ
(၂) ဆန်စက် (၁၅)ရုံ
စုစုပေါင်း စက်ရုံ (၁၇)ရုံ
မင်းလှမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိ ပြီး စီးပွားရေး အချက်အချာကျသော မြို့ဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မင်းလှမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏အဓိကထွက်ကုန်များမှာ ဆန်စပါးနှင့်မတ်ပဲသီးနှံများဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အများ ဆုံး တင်ပို့ရောင်းချပါသည်။
(ခ) မြို့နယ်ရှိပုဂ္ဂလိကအလုပ်ရုံများ
********************************
(၁) တွင်ခုံ(-)ခု
(၂) သံဂဟေလုပ်ငန်း(၆)ခု
(၃)ဝပ်ရှော့(၅)ခု
စုစုပေါင်းအလုပ်ရုံ(၁၁)ရုံ
(ဂ) အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ
***********************************
(၁) စက်ချုပ်လုပ်ငန်း (၂၉)ခု
(၂)ပန်းတိမ်လုပ်ငန်း(၅)ခု
(၃)ပန်းဘဲလုပ်ငန်း(၁)ခု
(၄)မုန့်လုပ်ငန်း(၆)ခု
(၅) အုန်းဆံကြိုးလုပ်ငန်း(၂)ခု
(၆)အိုးလုပ်ငန်း (၂)ခု
(၇) ဝါးဖြင့်ပြုလုပ်သောအသုံးအဆောင်လုပ်ငန်း (၂)ခု
(၈) ကွန်ကရစ်လုပ်ငန်း (၃)ခု
စုစုပေါင်းလုပ်ငန်း(၅၀)ခု
၁၃။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံစာရင်း၊ အထက်တန်းကျောင်းများ၊
*************************************
အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်
***************************************************************
ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မူကြိုကျောင်းများ
*************************************************
(က) မင်းလှမြို့နယ်တွင် အထက်တန်းနှင့်ထ(ခွဲ)ကျောင်း - ( ၁၂ ) ကျောင်း
( ခ ) အလယ်တန်းနှင့်လ(ခွဲ)ကျောင်း - ( ၁၄ ) ကျောင်း
( ဂ ) မူလွန်နှင့်မူလတန်းကျောင်း - (၁၂၄) ကျောင်း
(ဃ) ဘုန်းတော်ကြီးသင်ကျောင်းများ - (၄)ကျောင်း
( င ) ကိုယ်ပိုင်ကျောင်းများ - ( - ) ကျောင်း
( စ ) မိခင်နှင့်ကလေးမူကြိုကျောင်း - ( ၄ ) ကျောင်း
၁၄။ ဆေးရုံ၊ တိုက်နယ်၊ ကျန်းမာရေးဌာနခွဲ၊ ပုဂ္ဂလိကပိုင်ဆေးခန်းများ
***************************************************************
(က) မြို့နယ်ဆေးရုံ - ( ၁ ) ရုံ
( ခ) တိုက်နယ်ဆေးရုံ ( ၁ ) ရုံ
( ဂ) ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ - ( ၂၉ ) ခု
( ဃ ) ဆေးပေးခန်းများ - အစိုးရ( ၁၂ ) ခု
ပုဂ္ဂလိက (၁၄)ခု
၁၅။ ဘာသာရေးဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ၊သီလရှင်
****************************************************************
ကျောင်းများ၊ ဗလီများ၊ ဟိန္ဒူဘုရားကျောင်း၊ တရုတ်ဘုရားကျောင်း၊
**************************************************************
ခရစ်ယာန်ဘုရားကျောင်းများ
****************************
(က) ဘုန်းတော်ကြီးကျောင်းများ - (၁၆၇) ကျောင်း
( ခ ) သီလရှင်ကျောင်းများ - ( ၁၆ ) ကျောင်း
( ဂ ) ဗလီများ - ( ၄ ) ကျောင်း
( ဃ ) ဟိန္ဒူဘုရားကျောင်းများ - ( ၁ ) ကျောင်း
( င ) တရုတ်ဘုရားကျောင်းများ - ( ၂ ) ကျောင်း
( စ ) ခရစ်ယာန်ဘုရားကျောင်းများ - ( ၁၈ ) ကျောင်း