Momeik Gallery

Momeik Gallery Gp designer

26/11/2025

၂၆.၁၁.၂၀၂၅
#မိုးမိတ်
မိုးမိတ်အချေအနေက ဘာဖြစ်လာမယ် ကြိုပြိီး ခန့်မန်းဖို့ခက်တယ်။
လက်ရှိ အချေအနေကတော့ လိပ်ခဲတင်းတင်းလို့ ပြောရမယ်။
ပြည်သူအချို့ကတော့
လုံခြုံမယ့် နေရာတွေကို ကြိုပြီးရှောင်ကြတာ တွေ့ရပါတယ်။

ဘေးရန် အပေါင်းကင်းဝေးကြပါစေ
@

20/11/2025

မလုပ်ရဲတာ ဘာမှ မရှိဘူး
​ေT ရဲရင်ထွက်ခဲ့ ဆိုတဲ့ကောင်တွေလေ
၁ရုတ်ဘောစုပ်ရုံတင် အားမရဘူး
အခုTNLA ဘောပါ ခိုနေရပြီလေ မမြင်ဖူးရင် မိုးကုတ် မိုးမိတ်မှာလာကြည့်ကြတော့ TNLAရဲ့ဘောမှာ တွဲလွဲ ပုံးခိုပြီး မိုးကုတ်ကိုဝင်လာဖို့စီစဥ်😆😆
မင်းတို့တပ်မတော်ကြီးက သတ္တိ ရှိလတယ်ဆို PDFကို စာမဖွဲ့ဘူးဆို အခုတော့ ချီးချမ်းအောင်တုန်နေပြီမလား😆
ဟိုဘောပြေးစုပ်ဒီဘောပြေစုပ်😆

13/11/2025

နွေဦးတော်လန်ရေး ချိနဲ့ မသွားရအောင်

NUG နှင့်PDFတော်လန်ရေးအဖွဲ့များ တရုတ်ကြီးကို ဖိအားပေးနိုင်မဲ့နည်းလမ်းတွေ ရှာဖွေသင့်ပြီ။

မဟုပ်ရင် တရုတ်က NUG ဆိုတာကို ဆာမထည့် ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင်မထင်ဘူး
ရှင်းရှင်းပြောရရင် ဂရုမစိုက်ဘူးဆိုတဲ့သဘော၊
အဲ့ဒီတော့ ကိုယ့်ဘက်ကလဲ တန်ပြန်သက်ရောက်နိုင်တဲ့ နည်းလမ်းကို ရှာဖွေကြမှဖြစ်မယ်
မဟုပ်ရင် ထိပ်ပုတ် ခေါင်းပုတ် ခံနေရမှာပဲ။

တရုတ်ရဲ့ကြားဝင် ဖိအားပေး စွက်ဖက်မှုကြောင့်
တော်လန်ရေးကို ထိခိုက်လာနိုင်တယ်။

12/11/2025

မိုးကုတ်-မန္တလေးကားခ

တိုက်ပွဲတွေ တကြော့ပြန်လည်ဖြစ်ပွားလာနိုင်တဲ့ အခြေအနေတွေကြောင့် မိုးကုတ်မြို့ခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခတွေဟာ အရင်ကထက် ၅ ဆနီးပါးအထိမြင့်တက်သွားခဲ့တယ်လို့ မိုးကုတ်
ဒေသခံတွေက ပြောပါတယ်။

"လူတွေကနေ့တိုင်းကားလက်မှတ်ဝယ်ဖို့ကြိုးစားနေကြတယ်။ အဓိကကတော့ မန္တလေးဖက်ကိုပေါ့။ ကားငှားရအရမ်းခက်သလို ဈေးကလည်းခေါင်ခိုက်နေတယ်၊ ဒါလည်းသွားချင်တဲ့သူကအများကြီးပဲ"လို့ မိုးကုတ်မြို့ခံတစ်ဦးကပြောပါတယ်။

အဲ့ဒီအပြင် ကုန်ကျစရိတ်အနည်းငယ်သက်သာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ဖက်ကိုလည်းရှောင်တိမ်းသူတွေရှိနေပြီး
မိုးကုတ် - ကျောက်မဲကားခ
တစ်ဦးကို ၂ သိန်းကနေ ၄ သိန်းအထိပဲရှိတယ်လို့ မြို့ခံယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

12/11/2025
TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့မှ ABSDFနှင့် PDF တို့ကို KIA က စစ်ရေး ကူညီမည်ဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောဆိ...
12/11/2025

TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့မှ ABSDFနှင့် PDF တို့ကို KIA က စစ်ရေး ကူညီမည်ဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို၊

နိုဝင်ဘာ ၁၂

မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး ABSDF ၊ PDF တို့နှင့်အတူ ပူးတွဲရှိနေကြောင်း၊ တပ်ပေါင်းစုအဖြစ် အတူတူနေထိုင်ပြီး အခြေချထားကြောင်း၊ KIA အနေဖြင့် TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့နှင့်ပတ်သက်၍ စစ်ရေးအရ ဆောင်ရွက်ရန် မရှိသော်လည်း ABSDF နှင့် PDF တို့၏ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာလျှင် KIA က ကူညီသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

"မိုးမိတ်မြို့နယ်ထဲမှာ ကျနော်တို့ KIA တပ်ရင်း ၃၄ ရှိတယ်။ KIA PDF တပ်ပေါင်းစု အတူအတူနေတယ်။ အခြေချထားတယ်။ မိုးမိတ်မြို့နဲ့ပတ်သက်လို့ သီးသန့် KIA ကတော့ ဘာမှ လုပ်ဖို့မရှိဘူး။ ဒါပေမယ့် မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်" ဟု ဗိုလ်မှူးကြီး နော်ဘူ ပြောဆိုသည်။

အားလုံး ဘေးအန္တရာယ်များ ကင်းဝေးကြပါစေ။
ပုံ crd

11/11/2025

#မိုးမိတ်ခရိုင်ပကဖ
#အတူတူတော်လှန်ကြမယ်
#အရေးတော်ပုံအောင်ရမည်

11/11/2025

တရုတ်ကြီးကို ပြည်သူတွေ ဆန့်ကျင် ဆန္ဒပြသင့်ပြီ
-----------------
အခုဆိုရင် ရှမ်းမြောက်မှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက် အကျတ်ကိုင်တောင်းဆိုမှုကြောင့် တမြို့ပြီး တမြို့ ပြန်ပေးနေရတယ် ပြီးရင်ဘယ်မြို့တွေကို ဖိအားပေးအကျတ်ကိုင် ပြန်တောင်းပေးဥိီးမလဲ မသိ​သေး
ဘူး တာနဲ့တင် ပြီးအူးမယ် မထင်ဘူးတောင်းအူးမှာပဲ။

တရုတ်ကြီးကို လွတ်မြောက်နယ်မြေတွေအားလုံး ကြယ်ကြယ်ပြန့်ပြန့် ဆန့်ကျင် ဆန္ဒပြ ရုံ့ချသင့်ပြီ။

ဒီရေးဟာ ပေါ့ရော့နေလို့ မဖြစ်ဘူး ငြိမ်ခံနေရင် ပြည်သူတွေက တရုတ်ကြီးကိုပဲ ကျေးဇူးတင်နေသရောင် ကျေးဇူးရှင်ကြီးလိုလို ကယ်တင်ရှင်ကြီးလိုလို ရှေ့ကို တိုးသထက် တိုးလာပြီ။

ပြည်သူတွေက ကြားဝင်စွက်ဖက်တာကို မလိုလားဘူးဆိုတာ ထုပ်ဖော် ပြသသင့်တယ်။

မိုးကုတ်သူ မိုးကုတ်သားတွေကတော့ တာဝန်ကြေစွာ
လုပ်သင့်လုပ်ထိုက်တဲ့ ဆန္ဒပြ သံပုံးတီး သပိတ်ကို တနိုင်ငံလုံးကို မျက်စီဖွင့် နားဖွင့် ဦးဆောင် လမ်းဖောက်ပေးခဲ့ပြီ ၊
လွတ်မြောက်နယ်မြေတွေဖြစ်တဲ့ အခြားမြို့တွေလိုက်လာဖို့ပဲ လိုတော့တယ်။

ကိုယ့်မြို့မထိရင်ပြီးရော နေလို့မရဘူး

ဆန့်ကျင်ဆန္ဒပြချင်းဟာ
ဒါဟာ မထိရောက်ဖူးလို့တော့မထင်လိုက်နဲ့ သာတက တခုပြောပြမယ်၊
မြောက်ပိုင်းမဟာမိတ်တွေ ၁၀၂၇ စစ်ဆင်ရေးစပြီး တမြို့ပြီးတမြို့
မြို့တွေ စစ်စခမ်းတွေ သိမ်းဆီးခံရလို့ စကစ အကြီးအကြယ် ရှံးနိမ့်နေချိန်က စကစကို ထောက်ခံတဲ့ မီဒီယာတွေမှာ
တရုပ်က နည်းပညာ ပေးနေတယ် ကူညီနေတယ် ​ပြည်တွင်းရေး ဝင်စွက်တယ်လို့ ဇော်မဲလုံးကြီး တဆာဆာအော်ခဲ့သေးတာ
ကျော်မျိုးမင်းဆိုတဲ့သူတောင်းစားကတောင် တရုတ်တွေ ယူနီဖောင်းလဲပြီး တိုင်းရင်းသားတွေဘက်က
ဝင်တိုက်ပေးနေတယ်လို့တောင် ဝါဒဖြန့်ခဲ့ကြပြီးနောက်

မှတ်မိကြဦးမလား နေပြည်တော်မှာ ကြံဖွတ်က ဦးဆောင်ပြီး မဘသ အဖွဲ့တွေနဲ့ တရုတ်ဆန်ကျင်ရေး ဆန္ဒပြခဲ့တာတွေ ဘောမ မီဒိယာတွေမှာပါ အုပ်အော်သောင်းနင်း အော်ကြပြောကြ ဆိုခဲ့ကြတာ၊
အဲ့ဒီနောက်ပိုင်းမှာ တရုပ်ဟာ စကစ ဘက်ကို အလေးသာပြီး သိတောင့်သိသာကော
မသိတောင့် မသိသာကော အခုဆို ပေါ်ပေါ် ထင်ထင်
အကူအညီပေး ဝင်ရောက်စွက်ဖက်လာပြီး စကစကို ကလေးပြန်ချော့သလို့ ခါးပိုက်ထဲထည့် စကစ အကြိုက်လိုက်လုပ်ပေးလာတာ
အဲ့တာ သူတို့တရုတ်ကြီးကို ဆန္ဒပြလိုက်တဲ့ရလဒ်ပဲ။

အခုလဲ ပြည်သူတွေက တရုတ်ဝင်ရောက်စွက်ဖက်တာကို လက်မခံဘူး ဆိုတာကို ကမ္ဘာက သိအောင် လွတ်မြောက်နယ်မြေတွေမှာ တရုပ်ဆန့်ကျင် ဆန္ဒပြ ရှုံ့ချ လုပ်ပြသင့်တယ်လို့ ပြောပါရစေ။
ပြည်သူအားလုံး အာဏာရှင်
မိတ္ဆာဘေးမှ ကင်းဝေးကြပါစေ။

11.11.2025

11/11/2025

လက်ရှိ မိုးမိတ်ဂိတ်တွေက မန်းလေးကို၂သိန်းပါ
စိန်နန်းစိုး ကျားဂေါင်း

မိုးကုတ်ဂိတ်တွေက စျေးနှုံး အရမ်းကွာဟနေတယ်

မိုးကုတ်ဂိတ်တွေနဲ့ မိုးမိတ်ဂိတ် ဘာကြောင့် အဲ့ဒီလောက်စျေးကွာနေရတာလဲ?

မိုးကုတ်-မန္တလေးကြား ဖော့တောလမ်းဆုံအနီး တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုများအသာစီးရနေ MDY PDF အပါအဝင် နွေဦးတေ...
11/11/2025

မိုးကုတ်-မန္တလေးကြား ဖော့တောလမ်းဆုံအနီး တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုများအသာစီးရနေ

MDY PDF အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုတွေက မိုးကုတ်၊ မိုးမိတ်အပါ စိုးမိုးနယ်မြေတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ကြေငြာခဲ့ပြီး ဒေသခံပြည်သူအချို့ကတော့ စစ်ရေးအခြေအနေတင်းမာလာနိုင်တာမို့ ကြိုတင်စစ်ဘေးရှောင်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဒီလိုတိုက်ပွဲအခြေအနေကြောင့်
မိုးကုတ်မြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုဘက် စစ်ရှောင်သွားကြရတဲ့ ပြည်သူအချို့ဟာ လမ်းမှာဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

"ဟိုရက်က မိုးကုတ်ကနေ ကျောက်မဲကို စစ်ဘေးရှောင်တဲ့ ခရီးသွားပြည်သူ ကား(၇)စီးဓားပြတိုက်ခံရတာပါ၊ အမျိုးသမီးတွေဆို အင်္ကျီ ရင်သား တွေထဲထိ နှိုက်ရှာတာလို့ ပြန်သိရတယ်၊ အဲ့လမ်းပိုင်းက စစ်တပ်စိုးမိုးတဲ့နယ်လို့ပြောပါတယ်၊ လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းဖြစ်စဥ်လိုမျိုး မနှစ်က မိုးမိတ်စစ်ရှောင်တွေကို မိုးမိတ်မြို့အထွက် ပေါက်ပင်တန်းမှာ ပြည်သူတွေကို ကတ္တရာလမ်းဘေးမှာ မှောက်ခိုင်းပြီး ပါလာသမျှ ပိုက်ဆံနှင့် ရွှေထည်ပစ္စည်းတွေကို (တပ်မ၉၉)က လုယူထားလိုက်တာမျိုး ဖြစ်ခဲ့ဘူးပါတယ်။

လက်ရှိမှာတော့ မိုးကုတ်မြို့ပတ်ချာလည်ကို ကာကွယ်ဖို့အတွက် အညာမြေမှ တော်လှန်ရေးအင်အားစုအချို့လည်း ရောက်ရှိနေပြီး ဒေသခံပြည်သူအချို့ တိမ်းရှောင်တာတွေရှိသလို အချို့ကလည်း တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေရှိတယ်လို့ သိရပါတယ်။

Photo.crd

07/11/2025

#တရုတ်နိုင်ငံကို ဆန့်ကျင်ဆန္ဒပြ
--------------
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတွင်
နိုဝင်ဘာ ၆ ရက် ည ၈ နာရီမှာ နွေဦးတော်လှန်ရေးကို တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်တာကို ဆန့်ကျင်တဲ့အနေနဲ့
မြို့ခံပြည်သူတွေက သံပုံးတီးပြီး သွေးသစ္စာသီချင်းကို သီဆိုကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

#မိုးကုတ် #သံပုံးတီး

Address

Momeik

Website

Alerts

Be the first to know and let us send you an email when Momeik Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share