11/08/2020
🅡🅡🅠 🅗🅞🅢🅗🅘 ၂ ထပ်ကွမ်း ချန်ပီယံဖြစ်လာနိုင်မလား နှင့် MPL Indonesia Season 6 ရဲ့လားရာ ။
(ဖတ်ရန်ကြာချိန် - ၄ မိနစ်)
ပြီးခဲ့တဲ့ MPL Indonesia Season 5 မှာ RRQ Hoshi အသင်းက Evos Legends အသင်းရဲ့အချိန်တစ်ခုထိကြာေအာင် လွှမ်းမိုးမှုကို အဆုံးသတ်ပြီး ကျော်ဖြတ်ဗုိလ်စွဲခဲ့ပါတယ်။
လတ်တလော အပြီးမသတ်နိုင်သေးတဲ့ Covid 19 ကြောင့် M2 ပြိုင်ပွဲကို မကျင်းပနိုင်ခဲ့ချိန်မှာတော့ ဒီ MPL Season 6 အပြီးမှာ M2 ပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်မယ့် အရိပ်အယောင်တွေ မြင်တွေ့နေရပါတယ်။
MPL Philippines လိုမျိုး Global Draft တွေ မပါဝင်သေးတာကြောင့် MSC 2019 က Onic Esports ရဲ့ Chou,Lolita လိုမျိုး Play style တစ်ခုတည်းနဲ့ Grand Final ထိ အရောက်သွားနိုင်မယ့်အသင်းတွေ ထွက်ပေါ်လာဦးမှာလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
RRQ တို့အနေနဲ့ ဗိုလ်စွဲခဲ့တာက Evos Legends ကအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ Oura က Professional Player ဘဝကနေ အနားယူသွားတာ၊Donkey မကစားသလောက်ဖြစ်ခဲ့တာတွေက အခရာဖြစ်ခဲ့ပေမယ့် RRQ အသင်းရဲ့ Meta ကိုအမှီလိုက်နိုင်မှု၊လူသစ်ခေါ်ယူမှု မှန်ကန်နေတာတွေက ငြင်းလို့မရပါဘူး။M1 တုန်းက မကစားခဲ့တဲ့ R7 လို player မျိုး ပြန်ပါလာတာ၊ယခု Genflix Aerowolf အဖြစ်ယှဉ်ပြိုင်ကစားနေတဲ့ (ယခင် Lourve Esports) အသင်းရဲ့ Carry Player - Wizzking၊Bigetron Alpha အသင်းက LJ တို့ကို ခေါ်ယူနိုင်ခဲ့တာတွေက တခြားအသင်းတွေအားလုံးရဲ့ ပြင်ဆင်မှုထက် ခေါင်းတစ်လုံးလောက်သာခဲ့ပါတယ်။ရှိရင်းစွဲ player တွေဖြစ်တဲ့ Lemon - multi role ကစားနိုင်မှု၊MDL ကနေ MPL ထိလက်စွမ်းပြလာတဲ့ Xinnn တို့ကြောင့် Tuturu ပါ Main roster ရဲ့အပြင်ဘက်ခပ်လှမ်း"ကို ထွက်ပေးခဲ့ရပါတယ်။
MSC 2019 အပြီးတည်းက လက်ရည်ကျသွားတဲ့ Onic တို့အနေနဲ့ ပြီးခဲ့တဲ့ Season 5 မှာ ထင်သလောက်မဖြစ်ခဲ့တာတွေကို ဒီ season မှာ ပြန်လည်ချေပနိုင်မလားဆိုတာလည်း ကြည့်ရပါဦးမယ်။Evos Legends အနေနဲ့ Substitute player တွေအနေနဲ့ ဖိအားဒဏ်ခံစားရတာ၊Oura,Donkey တို့ရဲ့နေရာကို အပြည့်အဝ မဝင်နိုင်ချိန်မှာ Bigetron Alpha အသင်းရဲ့ သိသိသာသာတိုးတက်လာမှုကလည်း ရှိလာတော့ ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါတယ်။
တခြားအပြောင်းအရွှေ့ေတွအနေနဲ့ကတော့ ပရိသတ်တွေနဲ့ သိပ်မစိမ်းတဲ့ Onic Esports အသင်းက Mage player - Udil ရဲ့ Alter Ego အသင်းကိုပြောင်းရွှေ့သွားတာရယ်၊Multi role ကစားနိုင်တဲ့ Taka,Rippo တို့ BTR ကိုရောက်လာတာကလွဲရင် သိပ်တော့မရှိခဲ့ပါဘူး။
RRQ ရဲ့လူစာရင်းမှာတော့ Liam ပါဝင်လာသလို၊Luminaire ကတော့ Evos Legends မှာ မတွေ့ရသေးပါဘူး။
MPL Indonesia Season 6 ကစားမယ့် RRQ Hoshi - Evos Legends - Bigetron Alpha - Onic Esports - Geek Fam ID - Alter Ego - Genflix Aerowolf - Aura ID အသင်းတွေရဲ့ ကစားသမားတွေနဲ့ သူတို့အဓိကကစားကြတဲ့ Main role တွေကို ပုံတွေနဲ့အတူဖော်ပြပေးထားပါတယ်။