Sai Khun Min Lal

Sai Khun Min Lal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sai Khun Min Lal, News & Media Website, Mu-se.

07/06/2025

၂၀၂၅ ဇွန်လ ၇ ရက်နေ့၊ ညနေ ၃ နာရီမှ ည ၉ နာရီအတွင်း မိုးထစ်ချုန်းရွာမည့်ဒေသများ ခန့်မှန်းချက်

ကချင်ပြည်နယ်
နောင်မွန်း၊ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ဆော့လော်၊ ချီဖွေ၊ အင်ဂျန်းယန်၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်၊ ရွှေကူ၊ မြို့လှ၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်၊ မံစီ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ အင်းတော်ကြီး။

ကယားပြည်နယ်
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူးဆို၊ ဘောလခဲ၊ ဖားဆောင်း၊ ရွာသစ်၊ မယ်စဲ့၊ ရှားတော၊ လောပိတ။

ကရင်ပြည်နယ်
လိပ်သို၊ ဘောဂလိ၊ သံတောင်၊ သံတောင်ကြီး၊ ဖာပွန်၊ ကမမောင်း၊ ရှမ်းရွာသစ်၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ၊ မဲဆောက်၊ ကြာအင်းဆိပ်ကြီး၊ စုကလိ၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ။

ချင်းပြည်နယ်
ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိခေါ်ဒါရ်၊ ထန်တလန်၊ ဟားခါး၊ ရေဇွာ၊ မတူပီ၊ ဆမီး၊ ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်။

မွန်ပြည်နယ်
သိမ်ဇရပ်၊ ကျိုက်ထို၊ ကျိုက်ထီးရိုးတောင်၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ချောင်းဆုံ၊ လမိုင်း၊ ရေး၊ ခေါဇာ။

ရှမ်းပြည်နယ်
မိုးမိတ်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေါ့၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်လန်၊ လားရှိူး၊ သိန္နီ၊ ကွတ်ခိုင်၊ သာမိုးညဲ၊ မုံးကိုး၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ ဟိုပန်၊ နမ့်တစ်၊ ပန်လုံ၊ မိုင်းမော၊ နားဖန်း၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းပြင်း၊ တုံတာ၊ ကျိုင်းတုံ၊ မိုင်းယောင်း၊ ကျိုင်းလတ်၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းခုတ်၊ မိုင်းဆတ်၊ တာချီလိတ်၊ မယ်ဆိုင်၊ မိုင်းတုံ၊ ပုံပါကျင်၊ မိုင်းပန်၊ မုန်းထ၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ လွိုင်လင်၊ နမ့်စန်၊ မိုင်းနဲ၊ အင်တော၊ ရပ်စောက်၊ ရွာငံ၊ ပင်းတယ၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ အေးသာယာ၊ တောင်ကြီး၊ ဟိုပုန်း၊ ညောင်ရွှေ၊ တီကျစ်၊ နောင်တရား၊ ကျောက်တလုံးကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ ပေါင်းလောင်း၊ ဖယ်ခုံ၊ မိုးဗြဲ။

စစ်ကိုင်းတိုင်း
ပန်ဆောင်၊ နန်းယွန်း၊ လဟယ်၊ ခန္တီး၊ လေရှီး၊ ထမံသီ၊ ဆွမ္မရာ၊ ဟုမ္မလင်း၊ ခမ်းပတ်၊ ကလေး၊ ကလေးဝ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်သို၊ အင်းတော်။

မန္တလေးတိုင်း
သပိတ်ကျင်း၊ ​မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပလိပ်၊ မြစ်ငယ်၊ အမရပူရ၊ ပြင်ဦးလွင်၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး။

မကွေးတိုင်း
ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ စေတုတ္တရာ၊ တောင်တွင်းကြီး။

နေပြည်တော်
တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနား၊ ဧလာ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ။

ပဲခူးတိုင်း
ဆွာ၊ ရေတာရှည်၊ ကေတုမတီ၊ အုတ်တွင်း၊ တောင်ငူ၊ ထန်းတပင်၊ ညောင်ခြေထောက်၊ ဇေယျဝတီ၊ ဖြူး၊ ကညွတ်ကွင်း၊ ကျောက်ကြီး၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ပိန်းဇလုတ်၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဉီး၊ မဒေါက်၊ ရွှေကျင်၊ ပျဉ်ပုံကြီး၊ ဘုရားကြီး၊ ဝေါ၊ ပဲခူး၊ သနပ်ပင်၊ ကဝ၊ တဝ၊ အင်းတကော်၊ သက္ကလ။

ရန်ကုန်တိုင်း
အဖျောက်၊ ဥက္ကံ၊ တိုက်ကြီး၊ လှည်းကူး၊ ဖောင်ကြီး၊ မှော်ဘီ၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ သန်လျင်၊ သုံးခွ၊ ကျောက်တန်း၊ ခရမ်း၊ တံတား၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ​မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ၊ ကမာရွတ်၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ။

ဧရာဝတီတိုင်း
မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ အိမ်မဲ၊ ဝါးခယ်မ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း။

တနင်္သာရီတိုင်း
ကလိန်အောင်၊ ရေဖြူ၊ မေတ္တာ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ပလောက်၊ ကျွန်းစု၊ မြိတ်၊ တနင်္သာရီ၊ ပြည်ကြီးမဏ္ဍိုင်၊ ဘုတ်ပြင်း၊ ကရသူရိ၊ ခမောက်ကြီး၊ ကော့သောင်း။

ဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...

ရွာတယ်မရွာဘူးဆိုတာလဲ ပြန်လာပြောပြပေးပါ။ ဒါမှနောက်နောင် ပိုမှန်ကန်ပြီး တိကျသေချာအောင် ချိန်ဆတွက်ချက်ပေးလို့ ရမှာပါ။

7-06-2025-13-40

#ဒေါက်တာစိုင်းခွန်အာကာ

“လာမည့် (၂၄) နာရီအတွင်း  မူဆယ်၊ ကွတ်ခိုင်၊ ဖာပွန်နှင့် ညောင်လေးပင်ခရိုင်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာန...
03/05/2025

“လာမည့် (၂၄) နာရီအတွင်း
မူဆယ်၊ ကွတ်ခိုင်၊ ဖာပွန်နှင့် ညောင်လေးပင်ခရိုင်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး ထားဝယ်၊ ဘုတ်ပြင်း၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပါသည်။ ကျန်တစ်ပြည်လုံးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

Sai Khun Min Lal

ဒုတိယ ဝေဝေမြင့် ဖြစ်လာပြန်ပြီ..တကယ်တော့ သူတို့တွေဟာ တကယ်ရိုးသားကြပါတယ်လုပ်စားမီဒီယာတွေနဲ့ မြှောက်ပေးနေတဲ့လူတွေကြောင့်သူတ...
02/05/2025

ဒုတိယ ဝေဝေမြင့် ဖြစ်လာပြန်ပြီ..

တကယ်တော့ သူတို့တွေဟာ တကယ်ရိုးသားကြပါတယ်

လုပ်စားမီဒီယာတွေနဲ့ မြှောက်ပေးနေတဲ့လူတွေကြောင့်

သူတို့ဟာ အသုံးချခံဖြစ်လာတာ...စာနာစိတ်လေးတော့ ရှိကြပါ

ဘာလိုလိုနဲ့ ၁လတောင်ပြည့်သွားပြီပဲ..တောင်သူတွေတွက်အကျိုးပေး...မိုးလေဝသပညာရှင်တွေကြားထဲ လေးစားထိုက်တဲ့သူ Su Su San ကောင်းရ...
02/05/2025

ဘာလိုလိုနဲ့ ၁လတောင်ပြည့်သွားပြီပဲ..
တောင်သူတွေတွက်အကျိုးပေး...
မိုးလေဝသပညာရှင်တွေကြားထဲ လေးစားထိုက်တဲ့သူ Su Su San ကောင်းရာသုခဘုံ လားနေမယ်မျှော်လင့်ရင်း...
သတိရ..အမှတ်ရပါကြောင်း...
နောက်ထပ်လဲ ပညာရှင်ပေါ်လာနိုင်ပါစေ...

“လာမည့် (၃၆) နာရီအတွင်း  တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင်...
02/05/2025

“လာမည့် (၃၆) နာရီအတွင်း

တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ ကချင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းပြီး တနင်္သာရီတိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ကျန်တိုင်းနှင့်ပြည်နယ်များတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။”

ဒေသအလိုက်မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းအန္တရာယ် သတိပေးချက် (EWT)စာအမှတ် - EWT010525A1၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်          ...
01/05/2025

ဒေသအလိုက်မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းအန္တရာယ် သတိပေးချက် (EWT)

စာအမှတ် - EWT010525A1
၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်

အရှေ့ဘက်မှလာသော အားကောင်းသော လေပွေလှိုင်းများကြောင့် (၂-၅-၂၀၂၅) ရက်နေ့မှ (၁၅-၅-၂၀၂၅) ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ မိုးသက်လေပြင်းကျစဉ် မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) ခန့်၊ တစ်ခါတစ်ရံ (၄၅) မိုင်နှုန်းအထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအနေဖြင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း အန္တရာယ်အား ကြိုတင်သတိပြုနိုင်ပါရန် သတိပေးချက် (EWT အဆင့်) ထုတ်ပြန်အပ်သည်။

စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီ

လာမည့် (၄၈) နာရီအတွင်း  ချီဖွေ၊ မုံရွာ၊ မော်လိုက်၊ တမူး၊ ယင်းမာပင်၊ မင်းဘူး၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး၊ ပျဉ်းမနား၊ ကျ...
01/05/2025

လာမည့် (၄၈) နာရီအတွင်း

ချီဖွေ၊ မုံရွာ၊ မော်လိုက်၊ တမူး၊ ယင်းမာပင်၊ မင်းဘူး၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး၊ ပျဉ်းမနား၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်း၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုးမိတ်၊ မက်မန်း၊ ဟိုပန်၊ တောင်ကြီး၊ ကလော၊ လွိုင်လင်၊ နမ့်စန်၊ မိုင်းရှူး၊ လင်းခေး၊ လွိုင်ကော်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ပြင်ဦးလွင်၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင်တို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

လာမည့် (၄၈) နာရီအတွင်း   ပြည်၊ နတ္တလင်း၊ သာယာဝတီ၊ ညောင်လေးပင်၊ ပဲခူး၊ ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မအူပင်၊ ဖျာ...
01/05/2025

လာမည့် (၄၈) နာရီအတွင်း

ပြည်၊ နတ္တလင်း၊ သာယာဝတီ၊ ညောင်လေးပင်၊ ပဲခူး၊ ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ လပွတ္တာ၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ သထုံ၊ မော်လမြိုင်၊ ကျိုက်ထို၊ ရေး၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ အမ်းနှင့် တောင်ကုတ်ခရိုင်တို့တွင်
မိုးအနည်းငယ် ထစ်ချုန်း ရွာနိုင်ပြီး
အများအားဖြင့် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

လာမည့် (၄၈) နာရီအတွင်း  ပူတာအို၊ တနိုင်း၊ ဗန်းမော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ရေဦး၊ ရွှေဘို၊ ခန္တီး၊ ဟုမ္မလင်း...
01/05/2025

လာမည့် (၄၈) နာရီအတွင်း

ပူတာအို၊ တနိုင်း၊ ဗန်းမော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ရေဦး၊ ရွှေဘို၊ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ဂန့်ဂေါ၊ ပခုက္ကူ၊ ချောက်၊ မကွေး၊ သရက်၊ အောင်လံ၊ မိုင်းယန်း၊ မိုင်းလား၊ မိုင်းယောင်း၊ လားရှိုး၊ လောက်ကိုင်၊ ဒီးမော့ဆို၊ မယ်စဲ့၊ ဘောလခဲ၊ အမရပူရ၊ တံတားဦး၊ မြင်းခြံ၊ ညောင်ဦး၊ ဘားအံ၊
ကော့ကရိတ်နှင့် ဖာပွန်ခရိုင်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပါသည်။

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်==========================...
29/04/2025

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်
===================================
ရခိုင်ပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းခဲ့ကာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ကာ ကယားပြည်နယ်တွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး ကျန်တစ်ပြည်လုံးတွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၅.၃) ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့နှင့် မြင်းမူမြို့တို့တွင် (၄၃) ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် (၄၂.၈) ဒီဂရီဆဲလ်စီးယပ်၊ တံတားဦးမြို့၊ မင်းဘူးမြို့၊ ရမည်းသင်းမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် (၄၂.၅) ဒီဂရီဆဲလ်စီးယပ်စီ၊ ဇောင်းတူမြို့တွင် (၄၂) ဒီဂရီဆဲလ်စီးယပ်နှင့် ညောင်ဦးမြို့၊ ကျောက်ဆည်မြို့၊ မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် (၄၁.၈) ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ ယမန်နေ့က ရွာသွန်းခဲ့သည့် မိုးရေချိန်များမှာ သိမ်ဇရပ်မြို့တွင် (၄.၀၉) လက်မ၊ မြဝတီမြို့တွင် (၃.၃၉) လက်မ၊ ကျိုက္ခမီမြို့တွင် (၂.၆၈) လက်မ၊ ရွှေကျင်မြို့တွင် (၂.၆၄) လက်မ၊ တာချီလိတ်မြို့တွင် (၂.၃၅) လက်မ၊ ပေါင်မြို့တွင် (၁.၈၅) လက်မ၊ ချောင်းဆုံမြို့တွင် (၁.၈၁) လက်မ၊ မှော်ဘီမြို့တွက် (၁.၇၇) လက်မ၊ မင်္ဂလာဒုံမြို့တွင် (၁.၆၁) လက်မနှင့် ကျိုက်မရောမြို့တွင် (၁.၅၇) လက်မတို့ ဖြစ်ကြပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ

လာမည့် (၄၈) နာရီအတွက် ခန့်မှန်းချက်===============================            ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တို...
29/04/2025

လာမည့် (၄၈) နာရီအတွက် ခန့်မှန်းချက်
===============================
ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ နေ့အပူချိန်များသည် တစ်ပြည်လုံးတွင် ဧပြီလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ
=========================
​မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ (၂) ပေမှ (၅) ပေခန့် ရှိနိုင်ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...

ထူးခြားမိုးလေဝသသတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Sai Khun Min Lal Page အား Follow ပြုလုပ်ထားနိုင်ပါသည်။

လာမည့် (၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိ...
29/04/2025

လာမည့် (၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်း အောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေရာကွက်၍ မိုးများနိုင်ပါသည်။ ကျန်တိုင်းနှင့်ပြည်နယ်များတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

အချိန်နဲ့တပြေးညီ သတင်းတွေတင်ဆက်ပေးမှာမို့ Sai Khun Min Lal pageကို follow လုပ်ထားပါခဗျ

Address

Mu-Se

Website

Alerts

Be the first to know and let us send you an email when Sai Khun Min Lal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share