Sai Khun Min Lal

Sai Khun Min Lal မိုးလေဝသသတင်း

“လာမည့် (၂၄) နာရီအတွင်း  မူဆယ်၊ ကွတ်ခိုင်၊ ဖာပွန်နှင့် ညောင်လေးပင်ခရိုင်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာန...
03/05/2025

“လာမည့် (၂၄) နာရီအတွင်း
မူဆယ်၊ ကွတ်ခိုင်၊ ဖာပွန်နှင့် ညောင်လေးပင်ခရိုင်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး ထားဝယ်၊ ဘုတ်ပြင်း၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပါသည်။ ကျန်တစ်ပြည်လုံးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

Sai Khun Min Lal

ဒုတိယ ဝေဝေမြင့် ဖြစ်လာပြန်ပြီ..တကယ်တော့ သူတို့တွေဟာ တကယ်ရိုးသားကြပါတယ်လုပ်စားမီဒီယာတွေနဲ့ မြှောက်ပေးနေတဲ့လူတွေကြောင့်သူတ...
02/05/2025

ဒုတိယ ဝေဝေမြင့် ဖြစ်လာပြန်ပြီ..

တကယ်တော့ သူတို့တွေဟာ တကယ်ရိုးသားကြပါတယ်

လုပ်စားမီဒီယာတွေနဲ့ မြှောက်ပေးနေတဲ့လူတွေကြောင့်

သူတို့ဟာ အသုံးချခံဖြစ်လာတာ...စာနာစိတ်လေးတော့ ရှိကြပါ

ဘာလိုလိုနဲ့ ၁လတောင်ပြည့်သွားပြီပဲ..တောင်သူတွေတွက်အကျိုးပေး...မိုးလေဝသပညာရှင်တွေကြားထဲ လေးစားထိုက်တဲ့သူ Su Su San ကောင်းရ...
02/05/2025

ဘာလိုလိုနဲ့ ၁လတောင်ပြည့်သွားပြီပဲ..
တောင်သူတွေတွက်အကျိုးပေး...
မိုးလေဝသပညာရှင်တွေကြားထဲ လေးစားထိုက်တဲ့သူ Su Su San ကောင်းရာသုခဘုံ လားနေမယ်မျှော်လင့်ရင်း...
သတိရ..အမှတ်ရပါကြောင်း...
နောက်ထပ်လဲ ပညာရှင်ပေါ်လာနိုင်ပါစေ...

“လာမည့် (၃၆) နာရီအတွင်း  တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင်...
02/05/2025

“လာမည့် (၃၆) နာရီအတွင်း

တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ ကချင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းပြီး တနင်္သာရီတိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ကျန်တိုင်းနှင့်ပြည်နယ်များတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။”

ဒေသအလိုက်မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းအန္တရာယ် သတိပေးချက် (EWT)စာအမှတ် - EWT010525A1၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်          ...
01/05/2025

ဒေသအလိုက်မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းအန္တရာယ် သတိပေးချက် (EWT)

စာအမှတ် - EWT010525A1
၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်

အရှေ့ဘက်မှလာသော အားကောင်းသော လေပွေလှိုင်းများကြောင့် (၂-၅-၂၀၂၅) ရက်နေ့မှ (၁၅-၅-၂၀၂၅) ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ မိုးသက်လေပြင်းကျစဉ် မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) ခန့်၊ တစ်ခါတစ်ရံ (၄၅) မိုင်နှုန်းအထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအနေဖြင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း အန္တရာယ်အား ကြိုတင်သတိပြုနိုင်ပါရန် သတိပေးချက် (EWT အဆင့်) ထုတ်ပြန်အပ်သည်။

စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီ

လာမည့် (၄၈) နာရီအတွင်း  ချီဖွေ၊ မုံရွာ၊ မော်လိုက်၊ တမူး၊ ယင်းမာပင်၊ မင်းဘူး၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး၊ ပျဉ်းမနား၊ ကျ...
01/05/2025

လာမည့် (၄၈) နာရီအတွင်း

ချီဖွေ၊ မုံရွာ၊ မော်လိုက်၊ တမူး၊ ယင်းမာပင်၊ မင်းဘူး၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး၊ ပျဉ်းမနား၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်း၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုးမိတ်၊ မက်မန်း၊ ဟိုပန်၊ တောင်ကြီး၊ ကလော၊ လွိုင်လင်၊ နမ့်စန်၊ မိုင်းရှူး၊ လင်းခေး၊ လွိုင်ကော်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ပြင်ဦးလွင်၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင်တို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

လာမည့် (၄၈) နာရီအတွင်း   ပြည်၊ နတ္တလင်း၊ သာယာဝတီ၊ ညောင်လေးပင်၊ ပဲခူး၊ ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မအူပင်၊ ဖျာ...
01/05/2025

လာမည့် (၄၈) နာရီအတွင်း

ပြည်၊ နတ္တလင်း၊ သာယာဝတီ၊ ညောင်လေးပင်၊ ပဲခူး၊ ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ လပွတ္တာ၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ သထုံ၊ မော်လမြိုင်၊ ကျိုက်ထို၊ ရေး၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ အမ်းနှင့် တောင်ကုတ်ခရိုင်တို့တွင်
မိုးအနည်းငယ် ထစ်ချုန်း ရွာနိုင်ပြီး
အများအားဖြင့် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

လာမည့် (၄၈) နာရီအတွင်း  ပူတာအို၊ တနိုင်း၊ ဗန်းမော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ရေဦး၊ ရွှေဘို၊ ခန္တီး၊ ဟုမ္မလင်း...
01/05/2025

လာမည့် (၄၈) နာရီအတွင်း

ပူတာအို၊ တနိုင်း၊ ဗန်းမော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ရေဦး၊ ရွှေဘို၊ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ဂန့်ဂေါ၊ ပခုက္ကူ၊ ချောက်၊ မကွေး၊ သရက်၊ အောင်လံ၊ မိုင်းယန်း၊ မိုင်းလား၊ မိုင်းယောင်း၊ လားရှိုး၊ လောက်ကိုင်၊ ဒီးမော့ဆို၊ မယ်စဲ့၊ ဘောလခဲ၊ အမရပူရ၊ တံတားဦး၊ မြင်းခြံ၊ ညောင်ဦး၊ ဘားအံ၊
ကော့ကရိတ်နှင့် ဖာပွန်ခရိုင်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပါသည်။

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်==========================...
29/04/2025

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်
===================================
ရခိုင်ပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းခဲ့ကာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ကာ ကယားပြည်နယ်တွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး ကျန်တစ်ပြည်လုံးတွင် ဧပြီလ၏ ပုံမှန်နေ့အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၅.၃) ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့နှင့် မြင်းမူမြို့တို့တွင် (၄၃) ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် (၄၂.၈) ဒီဂရီဆဲလ်စီးယပ်၊ တံတားဦးမြို့၊ မင်းဘူးမြို့၊ ရမည်းသင်းမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် (၄၂.၅) ဒီဂရီဆဲလ်စီးယပ်စီ၊ ဇောင်းတူမြို့တွင် (၄၂) ဒီဂရီဆဲလ်စီးယပ်နှင့် ညောင်ဦးမြို့၊ ကျောက်ဆည်မြို့၊ မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် (၄၁.၈) ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ ယမန်နေ့က ရွာသွန်းခဲ့သည့် မိုးရေချိန်များမှာ သိမ်ဇရပ်မြို့တွင် (၄.၀၉) လက်မ၊ မြဝတီမြို့တွင် (၃.၃၉) လက်မ၊ ကျိုက္ခမီမြို့တွင် (၂.၆၈) လက်မ၊ ရွှေကျင်မြို့တွင် (၂.၆၄) လက်မ၊ တာချီလိတ်မြို့တွင် (၂.၃၅) လက်မ၊ ပေါင်မြို့တွင် (၁.၈၅) လက်မ၊ ချောင်းဆုံမြို့တွင် (၁.၈၁) လက်မ၊ မှော်ဘီမြို့တွက် (၁.၇၇) လက်မ၊ မင်္ဂလာဒုံမြို့တွင် (၁.၆၁) လက်မနှင့် ကျိုက်မရောမြို့တွင် (၁.၅၇) လက်မတို့ ဖြစ်ကြပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ

လာမည့် (၄၈) နာရီအတွက် ခန့်မှန်းချက်===============================            ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တို...
29/04/2025

လာမည့် (၄၈) နာရီအတွက် ခန့်မှန်းချက်
===============================
ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ နေ့အပူချိန်များသည် တစ်ပြည်လုံးတွင် ဧပြီလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ
=========================
​မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ (၂) ပေမှ (၅) ပေခန့် ရှိနိုင်ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...

ထူးခြားမိုးလေဝသသတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Sai Khun Min Lal Page အား Follow ပြုလုပ်ထားနိုင်ပါသည်။

လာမည့် (၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိ...
29/04/2025

လာမည့် (၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်း အောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေရာကွက်၍ မိုးများနိုင်ပါသည်။ ကျန်တိုင်းနှင့်ပြည်နယ်များတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

အချိန်နဲ့တပြေးညီ သတင်းတွေတင်ဆက်ပေးမှာမို့ Sai Khun Min Lal pageကို follow လုပ်ထားပါခဗျ

မုန်တိုင်းအဆင့်ထိ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အတွင်း မေလလယ်လောက် ဖြစ်ပေါ်နိုင် မုန်တိုင်းနဲ့ပတ်...
28/04/2025

မုန်တိုင်းအဆင့်ထိ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အတွင်း မေလလယ်လောက် ဖြစ်ပေါ်နိုင်

မုန်တိုင်းနဲ့ပတ်သက်တာတွေကို အချိန်နဲ့တပြေးညီ တင်ပေးမှာမို့ Sai Khun Min Lal pageကို follow လုပ်ထားပါခဗျ

Address

Mu-Se

Website

Alerts

Be the first to know and let us send you an email when Sai Khun Min Lal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share