မြိုင်မြို့နယ်ဟစ်တိုင်

  • Home
  • Myanmar
  • Myaing
  • မြိုင်မြို့နယ်ဟစ်တိုင်

မြိုင်မြို့နယ်ဟစ်တိုင် ဘေးရန် ကင်းကွာ ကျန်းမာကြပါစေ

>>တစ်နေ့ကို  #ခရမ်းကဆော့သီး(၁၀) လုံးပဲ အစိမ်းလိုက်ဝါးစားပါ...။
02/07/2025

>>တစ်နေ့ကို #ခရမ်းကဆော့သီး(၁၀) လုံးပဲ အစိမ်းလိုက်ဝါးစားပါ...။

နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်....ခရေစေ့-------------------------------------...
21/06/2025

နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်....ခရေစေ့
----------------------------------------------

လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်..မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး..{ စီထရင်း (သိုမဟုတ်)ဘာမီတွန်} သောက်ရင် ပျောက်ပါသည်။

ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။.. တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ (၃)ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက်..တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်... အနံဆိုးများတော့ မထွက်သေးပါ။လွန်ခဲ့တဲ့ (၃) လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။

သူ ၁၄ နှစ်တိုင်တိုင် ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်ဆေးနဲ့ကုသလို့မပျောက်တဲ့ နှာမွှန်ရောဂါကို ခရေစေ့ကိုသွေးလိမ်း၊ ခရေစေ့ကို မီးဖုတ်၊မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီစစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းတာ ၃ ရက်နဲ့ ပျောက်တယ်လို့ တင်ထားတာတွေ့တာနဲ့ ခရေသီးမှည့်ချိန် (အခုအချိန်)
ကြုံတာနဲ့ ခရေသီးအမှည့်ထဲကအစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန် နှာခေါင်းမှာနှာတံဆွဲသလိုလိမ်း၊နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ခြောက်တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြားကို( ၉၀ ရာခိုင်နှုန်း )ခန့် သက်သာပျောက်ကင်းနေတာ အံသြဖွယ်တွေ့ရပါတယ်...အခုစာရေးနေချိန်မှာ ဆေးလိမ်းချိန် (၁) ရက်နဲ့ တမွန်းတက်သာရှိသေးချိန်မှာ (၉၅) ရာခိုင်နှုန်းခန့် ပျောက်ကင်းနေပါပြီ။(မီးဖုတ်လို့ ထောင်းပြီး အုန်းဆီနှင့် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ)

ကျတော်ရဲ့သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ဖြစ်ခဲ့လို့ စိတ်ညစ်နေခဲ့ရင်ငွေကုန်ကြေးကျမရှိတဲ့ခရေစေ့လေးသာသွေးလိမ်းကြည့်ကြပါလို့ကိုယ်ပျောက်ခဲ့တာလေးကို ဝမ်းသာအားရမျှဝေပါရစေ။

Crd. ..မူရင်း

#ကျန်းမာရေးဗဟုသုတရကြပါစေ

14/06/2025

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.
⭐🌟⭐🌟ပေးကြပါအုံး
Whenever you see the Stars icon, you can send me Stars.

13/06/2025

မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးကြပါစေ

13/06/2025

အားလုံး မင်္ဂလာပါ

15/11/2024

တန်ဆောင်တိုင်ညမှစပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပါတယ်

လွမ်းကြရပေါ့အညာရယ် အညာဒေသမှာပဲအတွေ့ရများတဲ့ပုံရိပ်လေးပါ Photo.Crd
10/09/2024

လွမ်းကြရပေါ့အညာရယ်
အညာဒေသမှာပဲအတွေ့ရများတဲ့ပုံရိပ်လေးပါ
Photo.Crd

09/08/2024

မင်္ဂလာသတင်းတွေ ဆက်တိုက်ကြားနေရပါလား

23/07/2024

စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်
ဇူလိုင်လ (၂၂) ရက်မှ (၂၈)ရက်အထိ

ဘင်္ဂလားပင်လယ်အော် အခြေအနေ။
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်မှု အခြေအနေ။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

အမြင့်ဆုံးအပူချိန် အခြေအနေ။
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၇၁)ဒီဂရီဖာရင်ဟိုက်မှ (၈၀)ဒီဂရီ ဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၁)ဒီဂရီဖာရင်ဟိုက်မှ (၉၀)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၉၁)ဒီဂရီဖာရင်ဟိုက်မှ (၁၀၀)ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

အနိမ့်ဆုံးအပူချိန် အခြေအနေ။
ချင်းပြည်နယ်တွင် (၅၃)ဒီဂရီဖာရင်ဟိုက်ခန့်၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ဧရာ၀တီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၆၃)ဒီဂရီဖာရင်ဟိုက်မှ (၇၃)ဒီဂရီဖာရင်ဟိုက်အတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၄)ဒီဂရီဖာရင်ဟိုက်မှ (၈၄)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

လေထုစိုထိုင်းဆ အခြေအနေ။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် (၆၈%)မှ (၇၉%)အတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၈၀%)မှ (၉၀%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉၁%)မှ (၁၀၀%)အတွင်း ရှိနိုင်ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၀)မီလီမီတာမှ (၂၀)မီလီ မီတာအတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၂၁)မီလီမီတာမှ (၃၀)မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၃၁)မီလီ မီတာမှ (၄၀)မီလီမီတာအတွင်း ရှိနိုင်ပါသည်။

Sources : စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ

23/07/2024

နေရာရာကျဉ်းကျဉ်းလေးမှာ ဒီလို‌ေလးဖန်တီးကြမယ်

ဒွတ္တဘောင် မင်းကြီးဟာစစ်တိုက်ပြီးပြန်လာတော့ပန်ထွာမင်းသမီးရဲ့တိုင်းပြည်မှာတစ်ည၀င် အိပ်ခဲ့တယ်။ပန်ထွာမင်းသမီးဟာမငျးကျွီးဘုန...
23/07/2024

ဒွတ္တဘောင် မင်းကြီးဟာ
စစ်တိုက်ပြီးပြန်လာတော့
ပန်ထွာမင်းသမီးရဲ့
တိုင်းပြည်မှာ
တစ်ည၀င် အိပ်ခဲ့တယ်။

ပန်ထွာမင်းသမီးဟာ
မငျးကျွီးဘုနျးကံနိမျ့အောငျ
ဆိုပြီး
မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့
မျက်နှာသုတ်ပဝါကို
မျက်နှာသုတ်ဖို့ပေးခဲ့တယ်။

မင်းကြီးလည်း
အဲဒီမျက်နှာသုတ်ပဝါကိုမျက်နှာသုတ်လိုက်
တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ဟာ
ကွယ်ခဲ့တယ်။မင်းကြီးလည်းဘုန်းနိမ့်မှန်း
သိပြီးပြန်လာခဲ့တယ်။

လမ်းရောက်တော့
မိုးရွာတဲ့အတွက်
တ ရော်ပင် အောက်မှာ
မိုး၀င် ခိုခဲ့တယ်။

တ ရော်ကင်းပွန်းကစီးကျလာတဲ့မိုးရေဟာ
မင်းကြီးအ ပေါ်ကျပြီးဘုန်းကျက်သ ရေ
ရှိစေတဲ့မှဲ့ရှင် ဟာပြန်ပေါ်လာခဲ့တယ်။

မင်းကြီးလည်း
တ ရော်ဟာဘုန်းကျက်သ ရေရှိစေတယ်
ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို
မကြာခဏလုပ်ပေးတာကစပြီး

မြန်မာဘုရင် အဆက်ဆက်ဟာ
တ ရော်ကင်းပွန်းနဲ့
ဦးခေါင်းဆေးမင်္ဂလာကို
ပြုလုပ်တဲ့ အယူအဆ
ပေါ်ပေါက်ခဲ့တယ်။

ကင်းပွန်းသီးရဲ့အာနိသင် က
အပုပ်အစပ်နိုင် တာပါ။
ဘယ်လောက်ပဲ့ အပုပ်နံ့ နံပါစေ
ကင်းပွန်းသီးကို မီးမြှိုက်လိုက် ရင်
အပုပ်နံ အားလုံး ပျောက်ကွယ်သွားပါတယ်။

ဒါကြောင့်
ဦးခေါင်းကအနံ့ကိုပျောက်အောင်
ကင်းပွန်းသီးကစွမ်းဆောင် နိုင်ပြီး
ဘုန်းကျက်သ ရေရှိဖို့ကို
တ ရော်က စွမ်းဆောင် ပေးပါတယ်။

အဲဒါကြောင့်
မြန်မာလူမျိုးတွေဟာ
အသုဘပို့ပြန်လာတဲ့အခါတွေ
မီးနေသည်အိမ်ကပြန်လာတဲ့အခါတွေမှာ
တ ရော်ကင်းပွန်းကိုအသုံးပြုကြတာ
ဒီနေ့အထိပါပဲ့။

Credit to writer

ပါချုပ်ဆရာတော်ဘုရားကြီးကမိန့်ဖူးတယ်။ 🙏🏻"လွဲချော်သွားတိုင်း ကံဆိုးလို့ မဟုတ်ဖူး။ တခါတလေ ကောင်းတာတွေ ဖြစ်လာဖို့ ဆိုးတာတွေန...
09/06/2024

ပါချုပ်ဆရာတော်ဘုရားကြီးကမိန့်ဖူးတယ်။ 🙏🏻
"လွဲချော်သွားတိုင်း ကံဆိုးလို့ မဟုတ်ဖူး။ တခါတလေ ကောင်းတာတွေ ဖြစ်လာဖို့ ဆိုးတာတွေနဲ့ လွဲပေးလိုက်ရတာတွေရှိတယ်။"

ကိုယ်အရမ်းကြိုးစားခဲ့တဲ့ အခွင့်အရေးကိုမရခဲ့ဘူး၊ ဒါပေမဲ့ အဲထက်ပိုကောင်းတဲ့ အခွင့်အရေး ပေါ်လာတယ်။
ကိုယ်လျှောက်တဲ့ အလုပ်မရခဲ့ဘူး။ ဒါပေမဲ့ ဆက်ကြိုးစားရင်း လစာ၊ ရာထူးပိုကောင်းတဲ့ အလုပ်မျိုးရသွားတယ်။
ကိုယ်အရမ်းချစ်ရတဲ့သူက အကြောင်းကြောင်းကြောင့် ကိုယ့်ကိုထားသွားလို့ နာကျင်ခဲ့ရမယ်၊ ဒါပေမဲ့ ကိုယ့်ကို တကယ်ချစ်ပြီး အစစအရာရာ နားလည်ပေး ဂရုစိုက် ကုစားပေးတဲ့သူ နဲ့လာတွေ့ရတယ်။
အကြာကြီး ကိုယ်စုဆောင်းထားတဲ့ ငွေကြေး ဥစ္စာအလိမ်ခံလိုက်ရတယ်။ မကြာပါဖူး အဲဒါထက်ပိုတဲ့ အမောင့်မျိုး တနည်းနည်းနဲ့ ပြန်ဝင်လာတယ်။
တခါတလေ ငါတယောက်ထဲ ဘာလို့ကွက် ကံဆိုးရတာလဲ၊ ငါ့ကျမှ ဒီလောက်အဆင်မပြေဖြစ်နေရတာလဲ လို့ မချိမခံသာ ခံစားဖူးကြမှာပါ။
ကံဆိုးတာတွေ ဖစ်တယ်ဆိုတာ ကံကောင်းတာတွေလာဖို့ အရင်စမ်းသပ်တဲ့သဘောပါ။ ကြံ့ကြံ့ခံပြီး ကိုယ့်စိတ်ထားကိုမပြောင်းလဲလိုက်ဖို့ဘဲလိုတယ်။
တခါတလေ လွဲပါစေ၊ ဖယ်ပါစေ၊ ဘယ်လောက်ကံဆိုးမလဲ ဆိုးလိုက်စမ်းပါ။ ဆိုးပြီးရင်ကောင်းဖို့ဘဲရှိတော့တယ်။ အရာရာက ပိုကောင်းဖို့အတွက်အကြောင်းဖန်လာတယ်ဆိုတာ ယုံကြည်ပါ။
Crd

Address

Myaing Pakokku Main Road
Myaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959974090190

Alerts

Be the first to know and let us send you an email when မြိုင်မြို့နယ်ဟစ်တိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share