Myaung Regional News

Myaung Regional News မင်္ဂလာပါ..မြောင်နယ်သူနယ်သားများ

22/12/2023

❤️ မြောင် ❤️ 🌳🏘️

🎼🎤တေးဆို-နေရဲ

မြောင်နယ်ဒေသထွက် စားစရာတစ်မျိုးခုချိန်ပေါ်နေပြီ ။ စားဖူးကြရဲ့လား ။
09/12/2023

မြောင်နယ်ဒေသထွက် စားစရာတစ်မျိုး
ခုချိန်ပေါ်နေပြီ ။ စားဖူးကြရဲ့လား ။

❤️မြောင်❤️ ညာတရာမုန့်လေး😋စားဘူးကြရဲ့လား ...
04/10/2022

❤️မြောင်❤️ ညာတရာမုန့်လေး
😋စားဘူးကြရဲ့လား ...

04/03/2022

မြောင်မြို့နယ်အတွင်း

📵 အင်တာနက်လိုင်းများ

ပြတ်တောက်လျက်ရှိပါသည်။

မြောင်မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆင်ရှင်ကျောင်း ဆရာတော်  ဦးပညာသာမိသည် ယနေ့ ၂၇- ၂- ၂၀၂၂ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်တ...
27/02/2022

မြောင်မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆင်ရှင်ကျောင်း ဆရာတော် ဦးပညာသာမိသည် ယနေ့ ၂၇- ၂- ၂၀၂၂ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်တွင် ၉၆ ပါးသောရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူကြောင်းသတင်းရရှိပါသည်။

မင်းတုန်းမင်းဟာ မိန်းမလှလှ မြင်ရင်သိမ်းပိုက်လေ့ရှိတယ်။သိမ်းပိုက်ပြီးရင်လဲအဲဒီမိန်းမရဲ့ ဦးလေးတွေ အကိုတွေမောင်တွေကိုပါရြော...
22/02/2022

မင်းတုန်းမင်းဟာ
မိန်းမလှလှ မြင်ရင်
သိမ်းပိုက်လေ့ရှိတယ်။

သိမ်းပိုက်ပြီးရင်လဲ
အဲဒီမိန်းမရဲ့ ဦးလေးတွေ
အကိုတွေမောင်တွေကိုပါ
ရောပြီးမြှောက်စား
တဲ့အနေနဲ့ ဟိုနယ်စားစေ..
ဒီနယ်စားစေ
ဆိုပြီး နယ်စားတွေ
လျှောက်ပေး ပစ်တာ။

ဟိုသကောင့်သားတွေကလဲ
အုပ်ချုပ်ရေးဆိုလို့
နကန်းတစ်လုံးမှ နားမလည်တဲ့
စာမတတ် ပေမတတ်လယ်သမား
ထန်းတက်သမား တောသားတွေ။

ရှင်ဘုရင်နဲ့
အမျိုးတော်ပြီဟေ့လဲဆိုရော
အော်တိုမက်တစ်
မြို့စားနယ်စားတွေ ဖြစ်ကုန်ရော..

ဘုမသိ ဘမသိ အုပ်ချုပ်တော့
စနစ်တကျ ဖြစ်မလာဘဲ
အကုန် ကစဥ့်ကလျားတွေ
ဖြစ်ကုန်ပြီး မြို့ခံနယ်ခံ လူထုခမျာ
အတော် ဒုက္ခရောက်ရှာကြရတယ်။

အဲဒါကို အမြင်မတော်တဲ့ပုဂ္ဂိုလ်
တစ်ယောက် ရှိခဲ့တယ်။
သူကတော့ တခြားသူ မဟုတ်ဘူး..

မြန်မာ့သမိုင်းမှာ
အထင်ကရ မှူးမတ်ကြီး
ယောအတွင်းဝန် ဦးဘိုးလှိုင်..

ရှင်ဘုရင် နှာဘူးထလို့
ကို့ရို့ကားရား ဖြစ်နေတဲ့
နိုင်ငံ့အရေးမှာ မလွှဲမရှောင်သာ
ဝင်ပြောရတော့တယ်..

အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊
လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊
ထိုအမတ်သည်၊ အတတ်မရှိ၊
တတ်သိကင်းကွာ၊ ဘုန်းကြီးလာမူ၊
ပြည်ရွာပျက်ကြောင်း၊ တစ်ပါးတည်း..
ရယ်လို့ စာစပ်ပြီး သံတော်ဦးတင်လိုက်တယ်..

အဲဒီမှာ မင်းတုန်းက
ရှက်ရမ်းရမ်းပြီး
သူ့ရဲ့လက်စွဲတော် လှံကို
ဆွဲထုတ်လိုက်တယ်..
တကယ်တော့ အဲဒါ မိုက်ကြေးခွဲတဲ့
လမ်းဘေးကွက်ပဲ..

ကိုယ့်မှာ
အင်အားရှိလို့ကတော့
ဘယ်သူမဆို အဲဒီလို
ခြိမ်းခြောက်ရဲတယ်..

မင်းတုန်းလည်း
ဦးဘိုးလှိုင်ကို
သွေးတိုးစမ်းကြည့်တယ်..

မောင်မင်း.. ဒီလှံကို သိလား
မှန်ပါ.. သိကြောင်းပါ
ဒီလှံနဲ့ ဘယ်သူ အစီရင်ခံရဖူးလဲ
ကျွန်တော်မျိုးရဲ့ဖခင်
ရင်းတောဝန်ကြီးပါဘုရား"

မင်းတုန်းမင်းက
ခေါင်းတဆတ်ဆတ်ငြိမ့်နေတယ်..
ဘိုးလှိုင်တစ်ယောက်တော့
ကြောက်နေရှာပြီပေါ့..

အဲဒါနဲ့ ဆက်ပြီး ဖြဲခြောက်လိုက်တယ်..
ဒီလှံနဲ့ အစီရင်ခံလိုသလား"

အဲဒီမှာ ဦးဘိုးလှိုင်က ထပြီး
ရင်ကော့ပေးလိုက်တယ်..
"ထိုးတော်မူပါဘုရား"

မင်းတုန်းလည်း ရှက်ရမ်းရမ်းကာမှ
တကယ့်သတ္တိခဲနဲ့ လာတိုးနေတော့
ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ
ပလ္လင်ပေါ်ကထပြီး
အတွင်းဆောင်ကို ပြန်သွားတယ်..

တစ်ချိန်လုံး ငြိမ်ဝပ်နေတဲ့
တခြားအမတ်တွေက အဲဒီတော့မှ
ဦးဘိုးလှိုင်ကို ဝိုင်းပြောကြတယ်..

ဝန်မင်းရာ.. တင်းတင်းမာမာ
ရဲပဲရဲလွန်းလှတယ်ဗျာ ..

ဦးဘိုးလှိုင်က အိ‌နြေ္ဒမပျက်
ပြန်ပြောလိုက်တယ်..

ကျုပ်ဟာ အမတ်
တစ်ယောက် ဖြစ်တယ်..
အမတ်ဆိုတဲ့အတိုင်း
လွဲနေတာတွေ့ရင်
တည့်တည့်မတ်မတ်ဖြစ်အောင်
ထိန်းမတ်ပေးရမှာပဲ...တဲ့

ဦးဘိုးလှိုင်လို
သမာသမတ်ကျပြီး
သတ္တိရှိတဲ့ ဝန်ထမ်းကောင်းတွေ
များများ ပေါ်ထွက်လာမှ
ဒီတိုင်းပြည် နလန်ထူနိုင်ပါလိမ့်မယ်..

# Crd...

02/02/2022

မြောင်မြို့ အုန်းမြင့် ၏ ...
စစ်ကိုင်းတိုင်းက ...
`မြောင်မြို့ဌာနေ´ သီးချင်းလေးနဲ့ ဖိတ်ခေါ်ပါရစေ။

31/01/2022

မြန်မာနိုင်ငံရဲ့ ကမ္ဘာ့ ပထမဦးဆုံး ဖြစ်လာနိုင်တဲ့
စစ်ကိုင်းတိုင်းဒေသကြီး-မြောင်မြို့နယ် အတွင်းက
``မဟာနာဂဒီပ အေးငြိမ်းချမ်းသာ´´အင်းကြင်းစေတီ
Crd

ပရိမ္မ ဝါဆို​ကျောင်း ၃၃ ကြိမ်မြောက် ပဋ္ဌာန်းဖွင့်ပွဲ အခမ်းအနားcrd
25/01/2022

ပရိမ္မ ဝါဆို​ကျောင်း ၃၃ ကြိမ်မြောက်
ပဋ္ဌာန်းဖွင့်ပွဲ အခမ်းအနား
crd

"ငါ့နယ်သားကွ ၊ သူ့နယ်သားကွ"(ကျန်စစ်မင်းကြီးဇာတိရွာ)မြန်မာ့သမိုင်းမှာ နာမည်ကျော်ထင်ရှားခဲ့တဲ့ ကျန်စစ်မင်းကြီးရဲ့ မွေးဖွား...
23/01/2022

"ငါ့နယ်သားကွ ၊ သူ့နယ်သားကွ"
(ကျန်စစ်မင်းကြီးဇာတိရွာ)

မြန်မာ့သမိုင်းမှာ နာမည်ကျော်ထင်ရှားခဲ့တဲ့ ကျန်စစ်မင်းကြီးရဲ့ မွေးဖွားရာ ရွာ အငြင်းပွားဖွယ်ရာလေးကို မင်မင်ပြောပြချင်တယ်။
ကျန်စစ်မင်းကြီးရဲ့ ဇာတိရွာအဖြစ် အငြင်းပွားဖွယ်ရာ ရွာ နှစ်ရွာကတော့ မြစ်အနောက်ဘက်ကမ်းက ဝါယာရွာ၊ မြစ်အရှေ့ဘက်ကမ်းက ပရိမ္မရွာတို့ ဖြစ်ပါတယ်။

ဝါယာ ရွာ

ကျန်စစ်မင်းကြီးရဲ့ ဇာတိဟာ ပရိမ္မရွာလို့ မင်မင်တို့ ငယ်ငယ်က ဖတ်ခဲ့မှတ်ခဲ့ဖူးပါတယ်။သို့ပေမဲ့ ကျန်စစ်မင်းကြီးရဲ့ ဇာတိအဖြစ် ဝါယာရွာကိုလည်း ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။အကြောင်းမဲ့သက်သက် ထည့်သွင်းစဉ်းစားဖို့ ပြောနေတာတော့မဟုတ်ပါဘူး။ သမိုင်းအထောက်အထားနဲ့ ဖြစ်ရပ်တွေကြောင့် မင်မင် ပြောရခြင်းပါ။
ကျန်စစ်သားရဲ့မယ်တော်ဖြစ်လာမဲ့ ပဉ်ဧကလျာဏီမင်းသမီး ဟာ ကိုယ်ဝန်ကြီးနဲ့ပဲ ပုဂံကနေ ဝါယာနယ်ဘက်ကို ​ရောက် လာခဲ့ရတယ်။
ကျန်စစ်သားရဲ့မယ်တော်ဟာ ပရိမ္မနယ်ဘက်ကို ကူးဖို့ လှေမရှိတာကြောင့် အဓိဌာန်နဲ့ ဆုတောင်းလိုက်တဲ့အခါ ကျောက်တုံးကြီးတွေက အသက်ဝင်ပြီး ကူးခတ်ပို့ကြတယ်လို့ပြောကြပါတယ်။ ထိုကျောက်တုံးတွေကူးခတ်ပို့ရာက ကျောက်ခတ်ရွာရယ်လို့ ဖြစ်လာတာပါ။
ဒါ့အပြင် ကျန်စစ်သားကို မွေးဖွားတဲ့ နေရာက ဝါးရုံပင်တွေကြားမှာဖြစ်ရာက ဝါယာရွာရယ်လို့ အမည်တွင်ခဲ့တယ်လို့ သိရပြန်ပါတယ်။ဝါယာရွာမှာပဲ ကျန်စစ်မင်းကြီးနဲ့ ဆက်စပ်တဲ့ ဘုရားစေတီတွေလည်း တည်ရှိပြန်ပါသေးတယ်။
ကျန်စစ်သားကလေးဘဝက ပုခက်စီးဖို့တိုင်ထူခဲ့တဲ့ နေရာမှာ ပုခက်တိုင်စေတီ ၂ ဆူ၊ ကျန်စစ်သားဟင်းခါးချက်သောက်တဲ့ နေရာမှာ ဟင်းခါးအိုးစေတီ၊ အာနန္ဒာဂူဘုရားပုံစံ ပုဂံခေတ်အုတ်စီပုံတွေအတိုင်းတည်ထားတဲ့ ပျူစောထီးစေတီလည်း ရှိပါတယ်။

ပရိမ္မ ရွာ

ကျန်စစ်သားရဲ့ ဇာတိအဖြစ်အများသိထားကြတဲ့ နယ်ပါ။ထီးလှိုင်ရှင်ဘုရားတည်ရှိရာနယ်ဆိုလည်းဟုတ်ပါတယ်။
ပရိမ္မရွာကလည်း ကျန်စစ်သားဇာတိအဖြစ်သတ်မှတ်ရနိုင်လောက်တဲ့ အထောက်အထားတွေအများကြီးရှိပါတယ်။ကျန်စစ်သားရဲ့ ဘဝတစ်စိတ်တစ်ပိုင်းဟာ ပရိမ္မမှာ ကုန်ဆုံးခဲ့ရတာပါ။အပယ်ရတနာရဲ့ အသက် ၂နှစ်လောက်မှာ ကျန်စစ်သားဟာ ပုဂံကို အမှုတော်ထမ်းပါသွားပြန်ပါတယ်။သက္ကရာဇ် ၄၁၈ ကုန်ခါနီး ကျန်စစ်သား ပရိမ္မကို ပြန်လာတဲ့အချိန်လောက်မှာတော့ အပယ်ရတနာဟာ အပျိုကြီးဖားဖားဖြစ်နေခဲ့ပါပြီ။မဏိစန္ဒာ အရေးနဲ့ပတ်သတ်လို့ အနော်ရထာဟာ ကျန်စစ်သားကို အမြတ်တော်ရှပြီး ကိုယ်တိုင်စီရင်ရာက လှံ က ကြိုးကိုထိ၊ ကြိုးပြတ်တော့ လှံကို ယူကာ ပရိမ္မဘက်ကို ရာဇဝတ်သားအဖြစ်နဲ့ ရှောင်လာခဲ့ဖူးပါတယ်။

မွေးတာက ဝါယာ
ကြီးပြင်းတာက ပရိမ္မလို့ ဆိုကြပါသေးတယ်။

ပါးစပ်ရာဇဝင်တွေမလို့ ဝါယာရွာက ကျန်စစ်သားဇာတိ မဖြစ်နိုင်ဘူးလို့ ပြောမရပါဘူး။ဘာကြောင့်လဲဆိုတော့ ကျန်စစ်သားမင်းကြီးကလေးဘဝက ပုခက်တိုင်ထူခဲ့တဲ့ နေရာက ပုခက်တိုင်​စေတီ၊ ဟင်းခါးအိုးစေတီ၊ပျူစောထီးဘုရားတို့ဟာ ပုဂံခေတ်လက်ရာရှေးဘုရားတွေဖြစ်တာကြောင့် သူ့ကိုလည်း ကျန်စစ်သားဇာတိအဖြစ် သတ်မှတ်ရမလိုလိုပါပဲ။ဒီလိုပါပဲ ပရိမ္မကိုလည်း ကျန်စစ်သားဇာတိအဖြစ် သတ်မှတ်ရမလိုလိုပါပဲ။
နှစ်ရွာစလုံးက အထောက်အထားကိုယ်စီနဲ့မလို့ ဘယ်ရွာဟာ ဇာတိရွာအစစ်ပါလို့တော့ ပြောမတတ်ပါဘူး။
မည်သို့ပင်ဆိုစေကာ မြန်မာ့သမိုင်းအတွက်အရေးပါတဲ့ နယ်မြေတွေမလို့ တန်ဖိုးထားစေချင်ပါတယ်။

သေချာတာတစ်ခုကတော့ အပယ်ရတနာမိဖုရားဟာ ပရိမ္မသူဆိုတာပါပဲ။

မင်မင် ကြားဖူးသလောက်သိသလောက်ပြောပြတာပါ။ ကျန်စစ်သားဇာတိနဲ့ ပတ်သတ်လို့ သိထားတာရှိရင် ပြောပြခဲ့လို့ရပါတယ်။
မင်မင်ကိုယ်တိုင်က ကျန်စစ်သားဟာ ဘယ်ရွာသားလဲဆိုတာ အတိအကျမသိရသေးတာကြောင့် လေ့လာနေရဆဲပါ။ ဒါကြောင့် အမှားပါသွားခဲ့ရင် တောင်းပန်ပါတယ်

Address

Myaung

Website

Alerts

Be the first to know and let us send you an email when Myaung Regional News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share