OSIRIS အိုဆိုင်းရစ်

OSIRIS အိုဆိုင်းရစ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OSIRIS အိုဆိုင်းရစ်, Yangon.
(1)

Orion Starseeds
Modern Shamanic Healer
Alternative Spiritual Mentor

Telegram Channel
https://t.me/+NmEWlVE_ye8yOThl

YouTube Channel
https://youtube.com/?si=HIBWEJJSCuXvONjo

09/08/2025
ပီလခတ်ဘုရားကျောင်းအထိသွားပြီး မယ်တော်ဆီက အကာအကွယ်‌တွေ၊ မေတ္တာဓာတ်တွေ ၇ ရက်သားသမီးတွေအတွက် ခံယူ။
09/08/2025

ပီလခတ်ဘုရားကျောင်းအထိသွားပြီး မယ်တော်ဆီက အကာအကွယ်‌တွေ၊ မေတ္တာဓာတ်တွေ ၇ ရက်သားသမီးတွေအတွက် ခံယူ။

Universe နဲ့ စိတ်ခွန်အားတွေ အပြန်အလှန်အပေးအယူလုပ်ပါတယ်နော်။ Osiris
08/08/2025

Universe နဲ့ စိတ်ခွန်အားတွေ အပြန်အလှန်အပေးအယူလုပ်ပါတယ်နော်။

Osiris

ဝန္တာမိပါ🙏🙏🙏မေတ္တာဓာတ်တွေ ခံယူပါတယ်။
08/08/2025

ဝန္တာမိပါ🙏🙏🙏
မေတ္တာဓာတ်တွေ ခံယူပါတယ်။

Lion Gate Portal နဲ့ Karma (Tonight 7:30) TRUST school
=========================
Energetic Period ဖြစ်ပြီး
New Timeline အတွက် Doorway အခွင့်အလမ်းတစ်ခုလို့ လူသိများပါတယ်

ဒီနေ့ တစ်နေကုန် အချိန်ရတဲ့ အချိန်
Karma ရှုထောင့်ကနေ
လုပ်လို့ရတဲ့ အလုပ်တွေကို
ပြောပြချင်တာပါ

ဘဝတစ်သက်စာမှာ
ကိုယ်အကြိမ်ကြိမ်ကြိုးစားသော်လည်း ဖြစ်မလာခဲ့တဲ့ အရာတွေဆိုတာ

အတိတ်က ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေရဲ့ ဝဋ်ကြွေးတစ်ခု အနေနဲ့
ပိတ်ဆို့ခံနေတတ်လို့ပါပဲ

တပါးသူတွေ အလွယ်တကူရတတ်ပြီး ကိုယ့်အလှည့်မှ ရမလာတတ်တဲ့
ဝဋ်တွေကို ချေဖို့ အချိန်အခါကောင်းပါပဲ

ပြုခဲ့ဖူးတဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ နှစ်နှစ်ကာကာ တောင်းပန်ဖို့ လိုပါတယ်

ကိုယ့်ကို တပါးသူတွေက
ပြုမူထားတာတွေကိုလည်း
ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေ
ခွင့်လွှတ်ပေးနိုင်ဖို့ပါ

ကံဆေးဖို့ အခွင့်ကောင်းပါ။

အရာရာကို သီးခံ၊ ခွင့်လွှတ်၊ တောင်းပန်ပြီး
နားလည်မှုတွေ အပြည့်ရှိလာမှ
Karmic Liberation အပြည့်ရပါမယ်။

Reiki run
တစ်နေ့တာ အလုပ်တွေကို
အာရုံ မှန်သမျှ စိတ်က ဆင်ခြင်သိနိုင်ကြရင် အလွန် အင်မတန် ပစ္စုပ္ပါန် တည့်ခွင့် အကျင့်တွေ အတွက်

Lion Portal Gate အတွက်
အကျင့်ကောင်း၊ အချိန်အခါကောင်းပါ။

လုပ်နိုင်တဲ့ သူတိုင်းအတွက်
Karmic Cleansing ရပြီး
Karmic Acceleration ရစေနိုင်မှာ မုချပါ။

တတိယအပိုင်း
==========
မိမိတစ်သက်စာ အတွက် Cover ဖြစ်စေနိုင်မယ့် ဘဝရည်မှန်းချက်ကို
ချမှတ်ပါ

တစ်သက်စာ အတွက် ရည်မှန်းချက်ပါ

ဘဝပုံစံအသစ်ထဲကို ရွှေ့ပြောင်းနိုင်ဖို့
Karmic Permission တောင်ခံနိုင်တဲ့ အချိန်ပါ

အခုအချိန်က စပြီး
မိမိရဲ့ စိတ်ကူး မိမိရဲ့ ရည်ရွယ်ချက်တွေကို
Karmic Seed အနေနဲ့ ချရပါမယ်။

အတွေးအခေါ်သစ်တွေနဲ့ နေရမယ်
အကျင့်သစ်တွေ ချမှတ်ရမယ်။

ဒီနေ့က စပြီး
Karmic Behavior ကောင်းတွေနဲ့ နေပါမယ်လို့ သစ္စာပြု ရမယ့် နေ့ပါပဲ ခင်မျာ။

ခုည ၇:၃၀ မှာ
စုပေါင်း ပြီး

8.8 Karmic Karmic Meditation
အတူတူလုပ်ကြရအောင်
ဖိတ်ပါတယ်။

Zoom Link ကို Page မှာတောင်းကြပါ

Karma သင်တန်း Group မှာလည်း ယူလို့ရပါတယ်နော်

မိတ်ဆွေတွေကိုလည်း
မျှဝေခွင့်ပေးပါတယ်နော်

ကံကောင်းစေချင်တဲ့ မိတ်ဆွေတွေရှိရင် မျှဝေပေးလိုက်နော်

ရသမျှ အခွင့်အလမ်းတွေကို အစွမ်းကုန် အသုံးချပါနော်

ချစ်တဲ့
ဆရာ

08/08/2025

Booking လူပြည့်နေပါတယ်။

ဒါပေမဲ့လဲ လာမေးကြတော့လက်ခံပေးနေရတာပါဘဲ။
ဗေဒင်ဟောရင်းနဲ့ သေသွားရမဲ့ကံပါလာတော့လဲ
ကိုယ့်ဝဋ်ကြွေးနဲ့ကိုယ် ခံပေါ့။

အားပေးမှုကိုကျေးဇူးတင်ပါတယ်။

မှားတာရှိရင်လဲ အားလုံးကိုဝန္တာမိပါ။
🙏🙏🙏

ကိုယ်ချင်းစာတတ်ကြပါစေ။
မေတ္တာဓာတ်တွေခံယူပါတယ်။

စိတ်ဖိစီးလို့ ရေးတင်လိုက်တာပါ။
အလုပ်လုပ်နေတဲ့ Laptop တောင် ဒီနေ့မှ ပြင်လို့ပြန်ကောင်းသွားတာပါ။

ဒါတောင် မွေးရပ်မြေကို တကူးတကပြန်ပြီး Laptop ကို တကူးတက ပြင်လိုက်ရတာပါ။

နဂိုနေရပ် ရှိရာကို မပြန်ရသေးပါဘူး။
တခြားလုပ်စရာကိစ္စတွေရှိနေသေးလို့ပါ‌ခင်ဗျ။

ယူထားတဲ့ Booking တွေတောင် အကုန်
မဟောပေးနိုင်သေးပါဘူး။

Osiris

08/08/2025

အခုခေတ်က iphone 16 နဲ့ ခွက်တလုံးဘဲလိုတယ်။ 🤣🤣🤣

Credit
ကိုယ့်ဝမ်းကွဲညီမ

ရွှေတိဂုံ ဘုရားဖူးမယ်။ကိုယ့်အတွက်ရောအားလုံးအတွက်‌ရော ကုသိုလ်တွေလုပ်ပေးခဲ့မယ်။ Osiris
08/08/2025

ရွှေတိဂုံ ဘုရားဖူးမယ်။
ကိုယ့်အတွက်ရောအားလုံးအတွက်‌ရော ကုသိုလ်တွေလုပ်ပေးခဲ့မယ်။

Osiris

05/08/2025
Reminder
05/08/2025

Reminder

Spiritual အလုပ်တွေ လုပ်ပြီး ကိုယ့်ဘဝကို အဆင်ပြေအောင် ပြောင်းလဲနေထိုင်ဖို့ ကြိုးစားတော့မယ်ဆိုရင် ပထမဦးဆုံး မဖြစ်မနေ လုပ်ကိုလုပ်ရမဲ့ အရာတွေရှိပါတယ်။

လိုင်းပေါ်မှာ ပေါ်ပင်ရေပေါ်ဆီအပေါ်ယံ မယောင်ရာဆီလူး Spiritual အလုပ်တွေ ပြီးစလွယ်လိုက်လုပ်ယုံနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဘဝမျိုး၊ စိတ်အခြေအနေမျိုး ဖြစ်သွားပြီး ဘဝကြီးက အဆင်ပြေသွားမယ်လို့ လုံးဝ မထင်လိုက်ပါနဲ့။
ဗေဒင်တွေလဲ အတူတူပါဘဲ။
လက်သည်ကြီးဘဲ အားကိုးနေလို့ ကိုယ့်ဘဝကြီးက ငုတ်တုတ်ထိုင်ရင်းနဲ့ ဟက်ချလောင်း ဆိုပြီး အကုန် အဆင်ပြေသွားမှာမဟုတ်ပါဘူး။

Spiritual လမ်းစဉ်တွေလိုက်လုပ်ပြီး ကြိုးစားအားထုတ်ပြီး ကိုယ့်ဘဝကြီးကို ပြောင်းလဲချင်တယ်ဆိုရင် လုပ်ရမဲ့အချက်တွေက

ငါ့ဘဝ ဘာကြောင့် ဒီလိုဖြစ်နေလဲဆိုတာ

ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရဲရမယ်။

ကိုယ့်ကို အစွဲပေါင်းစုံရိုက်သွင်းပေးလိုက်တဲ့ မိသားစု၊ ဆရာ၊ အပေါင်းအသင်း၊ ရည်းစား၊ အိမ်ထောင်ဖက်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လူမျိုး၊ ရိုးရာယဉ်ကျေးမှုဓလေ့၊ ဘာသာကိုးကွယ်ယုံကြည်မှု၊ နေတဲ့ မြို့ရွာနိုင်ငံ အကုန် မေးခွန်းထုတ်ရဲရမယ်။ သုံးသပ်ဆင်ခြင်ရမယ်။ ‌
ဘယ်အရာတွေက ကိုယ့်နဲ့ အဆင်မပြေဖြစ်နေလဲဆိုတာ ‌ကိုယ့်ဖာကိုယ် သိအောင် ဖော်ထုတ်နိုင်ရပါမယ်။

ကိုယ့် ဘဝ နဲ့ စိတ်အခြေအနေ အဆင်မပြေနိုင်သေးတာ
ကိုယ် mindset က ရိုက်ထည့်ခံထားရတဲ့အရာတွေနဲ့ တဝဲလည်လည်ဖြစ်နေလို့ပါ။ ဒါကြောင့် ပြောင်းလဲသင့်တဲ့အရာတွေ ရှိရင် ကိုယ့်ဖာကိုယ် ပြောင်းလဲနေထိုင်ရဲရပါမယ်။

ကိုယ့်စိတ်နဲ့ကိုယ် သူများတွေရိုက်ထည့်ပေးလိုက်တဲ့ အရာတွေနဲ့ပိတ်မိနေတာမျိုး ဖြစ်နေလားဆိုတာ သိဖို့အရမ်းအရေးကြီးပါတယ်။

အမြင်ကျယ်ရပါမယ်။
ကိုယ့်မြန်မာနိုင်ငံ တနိုင်ငံထဲနဲ့ တကမ္ဘာတည်နေတာ မဟုတ်။
ကိုယ့်ဘာသာတခုထဲ ကမ္ဘာမှာရှိတာမဟုတ်ဘူး။
ကိုယ့်ယဉ်ကျေးမှုရိုးရာဓလေ့တခုထဲ တကမ္ဘာတည်ထားတာမဟုတ်
ကိုယ့်အယူတခုထဲနဲ့ တကမ္ဘာတည်ထားတာမဟုတ်ပါဘူး။

သူများလုပ်တိုင်း လိုက်လုပ်နေစရာ လုံးဝ မလိုပါဘူး။

လူအမျိုးမျိုး စိတ်အဖုံဖုံရှိပါတယ်။
ကိုယ်ဖြစ်တည်မှုက သူများနဲ့ လိုက်တူနေမှ ကိုယ်ဆိုတဲ့လူ ဖြစ်လာတာမဟုတ်ပါဘူး။

သူလဲ သူ့ဖြစ်တည်မှုနဲ့ သူ ရဲရဲတင်းတင်းရှင်သန်နေတယ်။
ကိုယ်လဲကိုယ်ဖြစ်တည်မှုနဲ့ ရဲရဲတင်းတင်း ရှင်သန်‌ရပါမယ်။

သူက တရားထိုင်လို့ စိတ်အဆင်ပြေသွားတယ်။
ဒါပေမဲ့ ကိုယ်က ကင်းမြှီးကောက်ထောင်နေမှ စိတ်အဆင်ပြေမယ်ဆို
‌ကင်းမြှီးကောက် ထောင်နေလိုက်ပါ။

သူက ဗုဒ္ဓဘာသာလမ်းစဉ်လိုက်ပြီး အဆင်ပြေလို့ ကိုယ်လဲ လိုက်လုပ်ကြည့်တယ်။ အဆင်မပြေရင် မပြေဘူးဘဲ လက်ခံလိုက်ပါ။
ပြီးရင် ကိုယ်နဲ့ အဆင်ပြေမဲ့ လမ်းစဉ် ထပ်ရှာပါ။ အဆင်မပြေတဲ့နေရာမှာ ကြိတ်မှိတ်ပြီး ကိုယ့်ကို ကိုယ် ဒုက္ခ ခံနေစရာမလိုပါဘူး။
ကိုယ့် ဒုက္ခကိုယ်အသိဆုံးပါ။
ကိုယ်ဘဝအဆင်ပြေဖို့ ကိုယ်ဖာကိုယ် ပြောင်းလဲနေထိုင်တာ အပြစ်မဟုတ်ပါ။
တခြားသူတွေ သူတို့ဘဝအဆင်ပြေဖို့ သူတို့ဖာသာသူတိူ့ ပြောင်းလဲနေထိုင်တာလဲ အပြစ်လို့ သတ်မှတ်ရင် သတ်မှတ်တဲ့ကိုယ်ကသာ အပြစ်ရှိပါတယ်။

ကိုယ့်ဘဝ အဆင်မပြေတာလဲ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုပါ။
ကိုယ်ကသာ ဒီလို အဆင်မပြေအောင် အလုပ်ခံနေခြင်းသာဖြစ်ပါတယ်။
ကိုယ် အဆင်မပြေရင် ကိုယ်ဖာ့ကိုယ် အဆင်ပြေအောင် ပြောင်းလဲနေထိုင်ရမှာ၊ ကြိုးစားနေထိုင်ရမှာ
ကိုယ့်တာဝန် ဖြစ်ပါတယ်။

အနာနဲ့ဆေးတွေ့ဖို့ အရေးကြီးပါတယ်။
အနာနဲ့ ဆေးနဲ့ မတွေ့ရင် အချိန်ကုန် ပိုက်ဆံကုန် လူသာပင်ပန်းပြီး ဘဝကြီးက အကုန် ၊ေစာ၊က်တလွဲဖြစ်နေအုန်းမှာပါ။

ဖြစ်တည်မှုတွေ မတူတိုင်း ရန်သူတွေ လို့ လုံးဝ သတ်မှတ်လို့မရပါ။
ဒါကြောင့် မိသားစု၊ မိတ်ဆွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ ရည်းစား အိမ်ထောင်ဖက်တွေက ကိုယ့်ကို ဒီလိုနေမှ ကိုယ်က လူရာဝင်မယ် အချစ်ခံရမယ်ဆိုတဲ့ လူမျိုးတွေနဲ့ ရှင်သန်နေရတယ်ဆိုရင် လက်ခလယ် ထောင်ပြခဲ့လိုက်ပါ။ လူရာအသွင်းခံရဖို့၊ အချစ်ခံရဖို့ သူတို့ လိုချင်တဲ့ ပုံစံမျိုးနေပေးမှ ဆိုရင် သူတို့က ကိုယ့်ကို ချစ်တာထက် သူတို့ ကို သူတို့ ပိုချစ်နေတဲ့ အတ္တကြီး တဲ့ လူတွေကြားထဲမှာ ကိုယ်ဆိုတာ တဖြည်းဖြည်း ပျောက်ဆုံး လာပါတော့မယ် ဆိုတာ
သတိထားပါရင်ပြီးရင် စိတ်ကျရောဂါပါ စွဲလာပါလိမ့်မယ်။

ကိုယ့်ကိုကို ချစ်ပါ။ အလေးထားပါ။ လူတိုင်းနဲ့ စည်းထားပါ။
ချစ်လို့ပြောတာပါဆိုပြီး သိမ်းသွင်းခံလိုက်ရတဲ့သူတွေ ထိန်းချုပ်ခံရတဲ့သူတွေ၊ ကိုယ်မဟုတ်တဲ့ ကိုယ်တစ်ယောက်ဖြစ်လာအောင် ပုံစံသွင်းခံရတဲ့သူတွေ အများကြီးပါ။ တချို့ကကျတော့ လူကို စကားနာထိုးပြီး သူတို့ လိုချင်တဲ့ ပုံစံရအောင် သွင်းတတ်ကြပါတယ်။

ကိုယ်က ဒီအချက်တွေ သိပြီး ဒါက ငါဘဲ ဆိုတဲ့ လူတစ်ယောက် အပြည့်အဝ ဖြစ်လာပြီဆိုရင်လဲ ကိုယ့်ကို လုပ်ခဲ့တဲ့သူတွေလိုမျိုး တခြားသူတွေကိုလဲ ပြန်မလုပ်မိအောင် ကိုယ့်ကိုကိုယ် ထိန်းပါ။

ကိုယ့် ဘဝထဲမှာ အဲ့လို ချစ်လို့ပြောတာပါ ချစ်ရင် ဒီလိုနေ တို့၊ လူရာသွင်းခံချင်ရင် ဒီလိုနေတို့ ၊ စကားနာထိုးတဲ့သူတွေ ရှိရင် သူတို့ကိုယ့်ဘဝထဲက နှင်ထုတ်စရာမလိုဘဲ အချိန်မရွေး သူတို့လာရာ လမ်းအတိုင်း ပြန်ကြွဖို့ ထွက်ပေါက် ဆိုတဲ့ တံခါး အမြဲတမ်း ဖွင့်ပေးထားဖို့လဲ မမေ့ပါနဲ့။
Just Say " No " if you're not Vibing with them.

ဘယ်သူ့အတွက်မှ မပြောင်းလဲပါနဲ့။
ကိုယ့်အတွက်ကိုယ်သာ ပြောင်းလဲပါ။။
ဒါမှ ပြောင်းလဲမှုက ရတဲ့ အနှစ်သာရအစစ်အမှန်ကို ရမှာပါ။

Osiris

ငါက Dr Strange 🤣
05/08/2025

ငါက Dr Strange 🤣

05/08/2025

ပျက်နေတဲ့ အလုပ်လုပ်တဲ့ Laptop ပြင်ဖို့ ပြင်လို့ရတဲ့နေရာကို ခရီးထွက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီရက်ပိုင်းတွေ ဗေဒင်ဟောနိုင်မှာ မဟုတ်ပါဘူး။
Booking ယူထားတဲ့ သူတွေကို ဗေဒင်ဟောပေးဖို့ သတ်မှတ်ပေးထားတဲ့ရက်ထက်နောက်ကျမယ်ဆိုတာ အသိပေးပါတယ်ခင်ဗျာ။

Osiris

အထိန်းတော်
05/08/2025

အထိန်းတော်

Address

Yangon

Alerts

Be the first to know and let us send you an email when OSIRIS အိုဆိုင်းရစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to OSIRIS အိုဆိုင်းရစ်:

Share