27/06/2026
မထိုက်တန်တဲ့ နေရာမှာ ရပ်မနေပါနဲ့
ဘဝမှာ သတိမထားမိတဲ့
ပြုလုပ်နေမိတတ်တဲ့
မှားယွင်းတဲ့ လုပ်ရပ်တစ်ခုက
ဆိုးရွားတဲ့ အခြေအနေတစ်ခုထဲမှာပဲ
အချိန်အကြာကြီး နေမိတာပါ။
အဲဒီလို အကြာကြီး နေမိတဲ့အခါ
သင့်ရဲ့စိတ်ဟာ အဲဒီဆိုးရွားမှုတွေကို "ပုံမှန်ပဲ" လို့
ထင်မှတ်မှားလာပြီး အသားကျ သွားတတ်ပါတယ်။
အဲဒီလိုနဲ့ပဲ သင့်ရဲ့ ဘဝမှာ
အတောက်ပဆုံးဖြစ်ရမယ့် အချိန်တွေဟာ
တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားတတ်ကြတယ်။
လူဆိုတာ အမျိုးမျိုးသော ပတ်ဝန်းကျင်နဲ့
အသားကျအောင် လိုက်လျောညီထွေဖြစ်အောင်
နေထိုင်တတ်ကြပါတယ်။
ဒါပေမယ့် သင့်အပေါ်
လေးစားမှု မရှိတဲ့ ပတ်ဝန်းကျင်
သင့်ကို တိုးတက်ခွင့် မပေးတဲ့ အလုပ်
(ဒါမှမဟုတ်)
သင့်ကို နာကျင်မှုတွေ ပေးနေတဲ့
ဆက်ဆံရေးမျိုးမှာ အကြာကြီး နေမိတဲ့အခါ
သင့်ရဲ့ ဦးနှောက်က "ဒါ ငါ့ကံကြမ္မာပဲ
ငါ ဒီလိုပဲ နေရမှာပါ" ဆိုပြီး
လက်ခံလိုက် တတ်ပါတယ်။
အမှောင်ထဲမှာ အကြာကြီးနေရင်
အမှောင်ကိုပဲ အလင်းလို့ ထင်လာတတ်တယ်"
ဆိုတာမျိုးပေါ့။
အသက် (၂၀) တန်း၊ (၃၀) တန်း
(၄၀) တန်း ဆိုတာတွေက
ဘဝရဲ့ အကောင်းဆုံး စွမ်းအင်တွေရှိတဲ့ အချိန်တွေပါ။
အဲ့ဒီအချိန်တွေကို မပျော်ရွှင်ရတဲ့ နေရာတွေမှာ
"သည်းခံခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အကုန်မခံလိုက်ပါနဲ့။
သည်းခံခြင်းနဲ့ အချိန်ဖြုန်းခြင်းကို မမှားပါစေနဲ့။
စွန့်ခွာသင့်တဲ့အချိန်မှာ မစွန့်ခွာခဲ့ဘူးဆိုရင်
နောင်တဆိုတဲ့ အရာက
သင့်ရဲ့အသက်ကြီးပိုင်းမှာ
အခါးသီးဆုံး လက်ဆောင် ဖြစ်လာပါလိမ့်မယ်။
အခြေအနေတစ်ခုက မကောင်းဘူးလို့
သင့်ရဲ့ "ရင်ဘတ်" က ပြောနေပြီဆိုရင်
အဲ့ဒါကို ပြင်ဆင်ဖို့ (ဒါမှမဟုတ်)
စွန့်ခွာဖို့ ကြိုးစားလိုက်စမ်းပါ။
အသစ်က ပြန်စရမှာကို မကြော,က်ပါနဲ့။
အခက်အခဲကို ရင်ဆိုင်ရမှာ မကြော,က်ပါနဲ့။
မပြောင်းလဲပဲ ဒီအတိုင်း ရှိနေခြင်းကမှ
ပိုပြီး ကြော.က်စရာကောင်းတာပါ။
သင့်ရဲ့ အကောင်းဆုံးနေ့ရက်တွေကို
မထိုက်တန်တဲ့ နေရာတွေမှာ မဖြုန်းတီး ပစ်လိုက်ပါနဲ့။
ဘဝက တိုတောင်းလွန်းပါတယ်။
သင့်ကို နာကျင်စေတဲ့ အခြေအနေတွေမှာ
အသားကျ သွားတာဟာ
ဘဝကို ပိတ်လှောင်လိုက်တာနဲ့ အတူတူပါပဲ။
အခုပဲ သင့်ရဲ့ ပတ်ဝန်းကျင်ကို
ပြန်ကြည့်လိုက်စမ်းပါ။
တန်ဖိုးကို မသိတဲ့နေရာမှာ သင် ရှိနေသေးသလား။
အဲဒီလိုဆိုရင်တော့ အခုပဲ ထွက်လာဖို့ ပြင်ဆင်လိုက်ပါ။
သင့်ရဲ့ အကောင်းဆုံး အနာဂတ်ဆိုတာ
သင့်အတွက် မကောင်းတဲ့ အတိတ်ကို
စွန့်လွှတ်ရဲတဲ့ သတ္တိနဲ့ အနာဂတ်အတွက်
ဇွဲ့မလျှော့ပဲ ကြိုးစားလိုစိတ် အပေါ်မှာပဲ
မူတည်နေတာ ဖြစ်ပါတယ်........။