ညငယ်

ညငယ် တစ်ပါးသူ၏
နှလုံးသားကို
ငှားယူခံစား၍
စာရေးသားပါသည်။

#ညငယ် 🌌

အပြင်ဘက်မှာ တကယ်မရှိပေမယ့်သူမရဲ့စိတ်ကူးထဲမှာတော့"သူ" ဆိုတာ အမြဲရှိနေခဲ့တာပါ။ #ညငယ် 🌌
13/01/2025

အပြင်ဘက်မှာ
တကယ်မရှိပေမယ့်
သူမရဲ့စိတ်ကူးထဲမှာတော့
"သူ" ဆိုတာ အမြဲရှိနေခဲ့တာပါ။

#ညငယ် 🌌

ပန်းတော့ပန်းပဲဒါ‌ပေမယ့်...မြေကြမ်းမှာပွင့်တဲ့တောပန်းမို့အရိုင်းဆန်သလိုလွယ်လွယ်နဲ့လည်းအခြွေမခံဘူး။ #တန်ဖိုးထားတတ်ကြပါစေ #...
12/01/2025

ပန်းတော့ပန်းပဲ
ဒါ‌ပေမယ့်...
မြေကြမ်းမှာပွင့်တဲ့
တောပန်းမို့
အရိုင်းဆန်သလို
လွယ်လွယ်နဲ့လည်း
အခြွေမခံဘူး။

#တန်ဖိုးထားတတ်ကြပါစေ
#ညငယ် 🌌

အမျိုးသမီးတွေသာ ပန်းတွေဆိုရင်...တစ်ချို့ပန်းတွေက ပန်းခူးလက်နဲ့ တွေ့ပြီး အခြွေခံရသလိုတစ်ချို့က ပန်းပျိုးလက်နဲ့တွေ့လို့ အပ...
12/01/2025

အမျိုးသမီးတွေသာ ပန်းတွေဆိုရင်...

တစ်ချို့ပန်းတွေက ပန်းခူးလက်နဲ့ တွေ့ပြီး အခြွေခံရသလို
တစ်ချို့က ပန်းပျိုးလက်နဲ့တွေ့လို့ အပွင့်တွေဝေနိုင်ကြတယ်။

တစ်ချို့ပန်းတွေက အချစ်နဲ့ထိတွေ့ပြီး အကြွေစော ခဲ့ရသလို

တစ်ချို့မှာတော့ အထိမခံဘဲ အမြင့်ကိုသာ
တစ်လူလူ တက်ပြီး အလှပဆုံး ပွင့်လန်းနိုင်ကြတယ်။

ပန်းကောင်းလေးတွေလှနေစေဖို့ ဆန္ဒပြုရင်း
#ညငယ် 🌌

"လမ်းခွဲရအောင်...""အင်း..."ဒီလိုနဲ့ ကျောခိုင်းသွားတဲ့လူနှစ်ယောက်ကြား တိတ်တဆိတ်ပြတ်သွားတဲ့ကြိုး တစ်ချောင်း...ကိုယ်က မင်းအ...
30/12/2024

"လမ်းခွဲရအောင်..."

"အင်း..."

ဒီလိုနဲ့ ကျောခိုင်းသွားတဲ့လူနှစ်ယောက်ကြား တိတ်တဆိတ်ပြတ်သွားတဲ့ကြိုး တစ်ချောင်း...

ကိုယ်က မင်းအတွက်လူမှန်မဟုတ်ခဲ့သလို မင်းကလည်း ကိုယ်အတွက်လူမှန်မဟုတ်ခဲ့ဘူး...

အဲ့တော့ ဒီလို ရပ်စဲ လိုက်တာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်...

#ညငယ် 🌌

ရာသီဉတုသာယာတဲ့ ဒီမနက်မှာ ကျွန်မသစ်သီးဖျော်ရည်တွေ ဖျော်နေခဲ့ပါတယ်။ အမှန်တော့ သာမန်နေ့တွေလို မဟုတ်ဘဲ ဒီနေ့က honey ကိုသွားတ...
25/12/2024

ရာသီဉတုသာယာတဲ့ ဒီမနက်မှာ ကျွန်မသစ်သီးဖျော်ရည်တွေ ဖျော်နေခဲ့ပါတယ်။ အမှန်တော့ သာမန်နေ့တွေလို မဟုတ်ဘဲ ဒီနေ့က honey ကိုသွားတွေ့မယ့်နေ့ပေါ့။ ကျွန်မ သစ်သီး‌ တွေကိုစိတ်နေရင်း ဖွဖွလေးပြုံးမိတယ်။

"ဟာ စားပြန်ပြီ! ပြီးရင် သောက်ရမှာပဲဟာကို honey မဆိုးနဲ့! "

" Haha တစ်ခုတည်း ပါ အချစ်ရဲ့ စိတ်မဆိုးပါနဲ့ စိတ်ဆိုးလို့ချစ်ဖို့မကောင်းတော့ရင် မချစ်တော့ဘူးနော်"

"အေးအေး! မချစ်နဲ့ နင့်တစ်ခုတည်းက တစ်လုံးတောင်ရှိနေပြီ hmph! "

" ဟားဟားဟား"

အရင်ကဆို သစ်သီးဖျော်‌ဖို့လုပ်တိုင်း honey က ယူယူစားတတ်လို့ စိတ်ဆိုးတာတွေ စနောက်တာ‌ လေးတွေရှိခဲ့တယ်။

ဒီမီးဖိုချောင် လေးထဲမှာ sandwich ‌တွေလည်းစားရင်း သစ်သီးဖျော်ရည်‌ သောက်ရင်းနဲ့ ဖျော်ရည်တွေဘယ်လောက်အရသာရှိကြောင်း သူတဖွဖွပြောတတ်တာ။

" အချစ်ဖျော်ထားတာပဲ သောက်ချင်တော့တယ်။ ဆိုင်က ဖျော်ရည်တွေ မလိုချင်တော့ဘူး။ များများဖျော်တိုက်နော် အချစ်~"

"Hmph... အလကားရတယ်ဆိုတိုင်း"

"ဟာ မဟုတ်ရပါဘူးဗျာ!"

အမှတ်တရတွေကိုတွေးနေရင်း ကျွန်မခြင်းထဲကို sandwich တွေရော ဖျော်ရည်တွေကိုပါ သေချာထည့်ပြီး ထွက်လာခဲ့ပါတယ်။

သူ့ဆီ မသွားသေးခင် ပန်းဆိုင်မှာ ဒေလီယာပန်းတစ်စည်း ဝယ်တယ်။ ပြီးတော့ တစ်ပွင့်ကို ဆံနွယ်တွေကြား ပန်တယ်။

"ကိုယ်ဘာလို့ ဒေလီယာတွေကို မြတ်နိုးသလဲ သိလားအချစ်?"

ကျွန်မကို ဒေလီယာတစ်ပွင့်ပန်ပေးရင်း သူမေးခဲ့တဲ့မေးခွန်း။

"ဟင့်အင်း ဘာလို့လဲ honey?"

ဘာလို့လဲဆိုတော့ အချစ်ကိုစတွေ့တုန်းက ဒေလီယာပွင့်ကိုပန်ထားတယ်လေ။ အာ့ကြောင့် အချစ်က ဒေလီယာပန်းကြိုက်တယ်ထင်ပြီး ဖွင့်ပြော‌ တော့လည်း ကိုယ်ဒေလီယာပန်းစည်းနဲ့ပဲဖွင့်ပြောခဲ့တာ မှတ်မိပြီလား?"

လို့ပြန်ဖြေရင်း ကျွန်မရဲ့နဖူးကိုသူဖွဖွလေးနမ်းခဲ့တာ။

ကျွန်မရဲ့ ခြေလှမ်းတွေက ကွန်ကရစ်လမ်းပေါ်ကနေတစ်ဆင့် မြက်ခင်းစိမ်းစိမ်းပေါ်... အဲ့ဒီနောက် သူ့ဆီရောက်တော့မယ် ဆိုတာသိနေတယ်လေ...

သူ့ရှေ့ရောက်တော့ ဒေလီယာပန်းစည်းကို အုတ်ဂူဖြူဖြူပေါ်ချပေးရင်း ကျွန်မနှုတ်ဆက်လိုက်တယ်။

''ဒီနှစ်လည်း လာခဲ့တယ်နော် honey...
ဘာလိုလိုနဲ့ လေးနှစ်တောင် ရှိခဲ့ပြီ "

လေစိမ်းတစ်ချက်အဝှေ့မှာ ကျွန်မပါးပေါ်ကို မျက်ရည်စက်တွေ စီးကျသွားခဲ့တယ်...

#ညငယ် 🌌

25/12/2024

သင့်ရဲ့ ၂၀၂၄ ကို စာတစ်ကြောင်းနဲ့ ဖော်ပြရမယ် ဆိုရင်...?

တော်ပါပြီ...ဘဝမှာဘယ်သူ့ကိုမှလည်းမလိုချင်တော့သလို...ဘယ်သူ့ကိုမှလည်းဝင်မလာစေချင်တော့ဘူး... #ညငယ် 🌌
24/12/2024

တော်ပါပြီ...
ဘဝမှာဘယ်သူ့ကိုမှလည်းမလိုချင်တော့သလို...
ဘယ်သူ့ကိုမှလည်းဝင်မလာစေချင်တော့ဘူး...

#ညငယ် 🌌

မြောင်သွယ်ပေးတဲ့ အချစ်နွယ်ကြိုးHer pov-(Part 2)"နောက်ဆုံးတော့မင်းကိုတွေ့ခွင့်ရပြီပေါ့ ကိုယ့်ရဲ့ daisy လေး..."အသံလာရာကို ...
23/12/2024

မြောင်သွယ်ပေးတဲ့ အချစ်နွယ်ကြိုး

Her pov-
(Part 2)

"နောက်ဆုံးတော့မင်းကိုတွေ့ခွင့်ရပြီပေါ့ ကိုယ့်ရဲ့ daisy လေး..."

အသံလာရာကို လှည့်ကြည့်လိုက်တော့ အညိုရောင်မျက်ဝန်းတစ်စုံနဲ့ ဆုံတယ်။ အနက်ရောင် coat ကိုဝတ်ထားပြီး လက်ကို အိတ်ကပ်ထဲထည့်ထားတဲ့သူက ကျွန်မကိုပြုံးပြတော့ မျက်လုံးလေးတွေ မှိတ်သွားတယ်။

Cafe အပြင်ဘက်ကနေပဲ မြင်ဖူးတဲ့ သူဟာ အနီးကပ်ကြည့်လိုက်ရင် တော်တော်ချောတာပဲ... ဟင် နေပါဦး! သူပြောလိုက်တာက "ကိုယ့်ရဲ့ daisy လေး" ??

အံ့ဩမှုကြောင့် ကျွန်မမျက်လုံးတွေဝိုင်းစက်သွားတယ်။

"ရှင်... ရှင်?"

အဲ့တစ်ခဏ မှာ ကျွန်မရဲ့ဘေးပတ်ဝန်းကျင်မှာ အလင်းရောင်တွေဖြန့်ကျက်လာတယ်။ အလင်းတန်းတွေ များလာပြီးတော့ ကျွန်မ နဲ့ သူ့ရဲ့ ပုံရိပ်တွေပါ ဖျော့လာတဲ့အထိပဲ။ အဲ့ဒီနောက်မှာ ကလေးငယ်တစ်ယောက်ရဲ့ အသံကို ရေးရေးလေး ကြားလိုက်ရတယ်။

"Mommy မနိုးသေးဘူးလား..."

"Shh.. မင်း mommy ကို မသွားနိုးနဲ့လေ။ သူအိပ်ပါစေ။ အိပ်နေတာလေးက ချစ်စရာလေးလို့ မထင်ရဘူးလား?"

"ပါပါး ကလည်း"

ကျွန်မ မျက်လုံးတွေ ပွင့်လာတော့ ပထမဆုံးမြင်ရတာက ကောင်ငယ်လေး တစ်ယောက်ရဲ့ အညိုရောင်မျက်ဝန်းတွေ...

"ဟော mommy နိုးလာပြီ။ morning မာမား..."

သူလေးက ကျွန်မကိုပြုံးပြတော့ မျက်လုံးလေးတွေမှိတ်သွားလေရဲ့။

"နိုးပြီလား ကိုယ့် daisy လေး?"

ကျွန်မ အကြည့်တွေကိုရွေ့လိုက်တော့ လိမ္မော်ရောင် မြောင်လေးတစ်ကောင်ကို ချီထားတဲ့ လူတစ်ယောက်ရဲ့ အညိုရောင် မျက်ဝန်းတွေ...
ကျွန်မရဲ့မျက်နှာမှာ ပြုံးရိပ်သန်းလာပြီး နှုတ်ကနေလည်း အကျင့်ပါနေတဲ့အတိုင်း ပြောလိုက်တာက

"အင်း... Morning အချစ် "

လိမ္မော်ရောင်ကြောင်လေးတွေက မမျှော်လင့်ထားတဲ့ အံ့ဖွယ်တွေကို ယူဆောင်လာပေးတယ် ဆိုတာ ဟုတ်မဟုတ်‌ တော့မသိပေမယ့်...
အဲ့ဒီနေ့မှာ brave ဆိုတဲ့ လူသားဟာ ကျွန်မရဲ့ ဖူးစာဖက်အဖြစ် ဝင်ရောက်လာခဲ့ပါတယ်။

Her pov-
{End}
#ညငယ် 🌌

ကျွန်မအိပ်ရာထဲမှာ ဖုန်းနဲ့ anime ကြည့်နေတုန်း ကျွန်ကောင်လေးဆီက message တွေဝင်လာတယ်။"နင်အချိုးတွေပြင်နော်""Line တွေတော်တေ...
14/12/2024

ကျွန်မအိပ်ရာထဲမှာ ဖုန်းနဲ့ anime ကြည့်နေတုန်း ကျွန်ကောင်လေးဆီက message တွေဝင်လာတယ်။

"နင်အချိုးတွေပြင်နော်"

"Line တွေတော်တော် active ဖြစ်နေပြီး တခြားကောင်တွေနဲ့‌ လျှောက် Q နေ"

"စာလည်းတစ်လုံးမှမပို့၊ ငါမပြောချင်ဘူး"

ကျွန်မ message ‌တွေ‌ဖတ်နေရင်း မျက်မှောင်ကြုတ် မိတယ်။ သူဘာထဖြစ်တာလဲ?

ကျွန်မ ဘယ်သူနဲ့မှတောင် စကားမပြောရဘဲနဲ့ Facebook မှာပဲ တစ်နေကုန် anime ကြည့်နေတာကို။ ဘာမှမသိဘဲ အပြစ်လာပြောနေတော့ ကျွန်မတော်တော်စိတ်ကုန်လာပြီ။

"Morning အချစ်၊ ဒီနေ့လည်း အလုပ်မှာဂရုစိုက်နော်......... စတဲ့ massage တွေကို ကျွန်မဘက်ကအမြဲပို့ပေး လေ့ရှိခဲ့တယ်။

ဒါပေမယ့် သူ့ဆီကနေထုံးစံမပျက် ရခဲ့တဲ့ reply က "a" (အေး) ဆိုတာထက်မပိုခဲ့ဘူး။ LDRS စဖြစ်တာမကြာသေးတော့ ကျွန်မဘက်ကနေ နားလည်ပေးနိုင်ဖို့ အမျိုးမျိုးတွေးပေးခဲ့ပေမယ့် သူ့ရဲ့အေးစက်မှုတွေကို အဖြေရှာမရခဲ့ဘူး။

အမြဲတမ်း စာပြန်‌နောက်ကျ၊လိုင်းမတက် ၊ reply ကလည်း တစ်လုံးထက်မပို၊ ဂရုစိုက်ကြောင်းဘာကြောင်းလည်းမပြတဲ့သူ့ကို ကြာလာတော့ ကျွန်မလည်းလွှတ်ထားလိုက်တယ်။

သူလည်းလိုင်းမတက်တော့ကျွန်မ Facebook မှာ anime တွေပဲကြည့်နေခဲ့တာ ခုသူဘာထဖြစ်ပြန်တာလဲ?

"တော်ပြီ၊လမ်းခွဲမယ် ဘယ်တော့မှမဆက်သွယ်‌နဲ့တော့"

ကျွန်မစာပို့‌ပြီးတာနဲ့ block လိုက်တယ်။ အဲ့ကတည်းက ဘဝ ကိုပေါ့ပေါ့ပါးပါးနဲ့ဖြတ်သန်းလာခဲ့တာ ခုထိပါပဲ။

ဒီညနေမှာသူငယ်ချင်းနဲ့ကျောင်းပြန်နေရင်း သူက

"Hey.. ??? ကပြန်ဆက်သွယ်ခိုင်းနေလို့ တို့မနဲပြန်ငြင်းခဲ့ရတယ်"

"Aww ဟုတ်လား?"

"အေး သူလည်းသူပဲ၊ ဖောက်ပြန်လို့နင်လမ်းခွဲပြီးမှ အသည်းအသန်တွေဖြစ်ပြနေတယ်"

"ဖောက်ပြန်တယ်??"

"အင်းလေ။ သူ့သူငယ်ချင်းက ဓာတ်ပုံနဲ့တောင်ပြတာ။ အဲ့ကျမှ နင်တို့ဘာလို့ပြတ်သွားလဲဆိုတာ ဒို့သိတယ်။ အဲ့တာနဲ့ သူ့ကိုဆဲပြီး block ပစ်ခဲ့တယ် အေးရော"

"..."

Aww... အဲ့လိုလား? သူ့ကျတော့ အဲ့လိုတွေဖြစ်ပျက်ပြီး သူများကို အပြစ်တွေလိုက်တင်နေခဲ့တာ... လူကောင်းလို့ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ မျက်နှာဖုံးအောက်က ကောက်ကျစ်တဲ့မြေခွေး သာသာပဲ။ ကျွန်မ မျက်နှာပေါ်မှာ မဲ့ပြုံးလေး မသိမသာ ပြုံးလိုက်တယ်။

#ညငယ် 🌌

မြောင်သွယ်ပေးတဲ့အချစ်နွယ်ကြိုးHer pov-(Part 1)"လိမ္မော်ရောင်ကြောင်လေးတွေက သင့်ဘဝထဲကို မမျှော်လင့်ထားတဲ့ အံ့ဖွယ်တွေကိုယူဆ...
08/12/2024

မြောင်သွယ်ပေးတဲ့အချစ်နွယ်ကြိုး

Her pov-
(Part 1)

"လိမ္မော်ရောင်ကြောင်လေးတွေက သင့်ဘဝထဲကို မမျှော်လင့်ထားတဲ့ အံ့ဖွယ်တွေကိုယူဆောင်လာပေးတယ်" တဲ့။

ဟုတ်မဟုတ်မသိပါဘူး။ကျွန်မတော့ လိမ္မော်ရောင် ကြောင်တွေကိုအချစ်ဆုံးပဲ။ cat cafe မှာဆို ညနေတိုင်း ကြောင်‌ တွေဆီ ကျွန်မသွားလည်နေကျ။ cafe ထဲက Oggy ဆိုတဲ့ လိမ္မော်ရောင်မြောင်လေးက ကျွန်မရဲ့အချစ်ဆုံးလေ။

သူငယ်ချင်းမရှိတဲ့ကျွန်မအတွက် သူကသူငယ်ချင်းတစ်ယောက်လိုပဲ မို့လို့ ဒီညနေမှာလည်း cat cafe ဆီကိုကျွန်မလာခဲ့ပါတယ်။ ဒါမယ့် cafe ထဲမှာ လူ‌တစ်ယောက်က Oggy နဲ့ကစားနေတာကို အပြင်ဘက်ဖန်ပြင်ကနေ မြင်လိုက်ရတယ်။

"Shoot... ဒီအချိန်ပဲအားလို့လာရပါတယ်ဆို... ထားလိုက်တော့ မနက်ဖြန်မှပဲ Oggy ဆီလာလိုက်တော့မယ်"

နောက်ရက်ညနေတွေမှာလည်း အဲ့လူကြီးက cafe ထဲရှိနေပြန်ပါတယ်။ introvert တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ လူတွေနဲ့ဆက်ဆံရတာ မကြိုက်လို့ သူပြန်မယ့်အချိန်ကို အပြင်ဘက်ခပ်လှမ်းလှမ်းကနေ ကြည့်နေရင်း အချိန်ကုန်ရတဲ့ညနေတွေ မနည်းတော့ပါဘူး။

ဒီလိုစောင့်ကြည့်ရတဲ့ရက်တွေကြာလာတော့ ကျွန်မအဲ့လူရဲ့ရုပ်သွင်ပြင်ကို သတိထားမိလာတယ်။ သူ Oggy ကိုအစာကျွေးနေရင် သူ့ရဲ့ အညိုရောင်မျက်ဝန်းတွေက ဖျော့ပြီးနူးညံ့နေတာတွေ... သူကြောင်ကိုချီရင်း ရယ်လိုက်ရင် မျက်လုံးတွေမှိတ်သွားတာတွေပေါ့။

"Gosh... ငါဘာတွေတွေးနေပါလိမ့်... ငါလည်းသူ့ကိုမသိဘဲနဲ့"

ဒါပေမယ့် ကံကောင်းစွာနဲ့ December ဆောင်းညနေခင်း တစ်ခုမှာတော့ အဲ့လူကြီး cafe မှာရှိမနေလို့ ကျွန်မ Oggy ဆီလာနိုင်ခဲ့ပြီ။

"Oh daisy... မလာတာတောင်ကြာပြီ"

Cafe ထဲရောက်တာနဲ့နှုတ်ဆက်လာတဲ့ ဆိုင်ရှင်ကို ကျွန်မပြုံးရုံပဲ ပြန်တုန့်ပြန်လိုက်ပါတယ်။ ဒါပေါ့ အဲ့လူကြီးကြောင့် Oggy နဲ့မကစားဖြစ်တာကြာပြီလေ။ Oggy ကတော့ ကျွန်မကိုမှတ်မိတုန်းပဲ။

"Hey little one..."

"Meow"

"သတိရနေခဲ့တာကွာ..."

December ဆောင်း အငွေ့အသက်တွေနဲ့ cafe ရဲ့အနွေးဓာတ်တွေကိုခံစားရင်း Oggy နဲ့ကစားနေတုန်းမှာ ကျောဘက်ကနေအသံတစ်ခုကိုကြားလိုက်ရတယ်။

"နောက်ဆုံးတော့ မင်းကိုတွေ့ခွင့်ရပြီပေါ့ ကိုယ့်ရဲ့ daisy လေး..."

#ညငယ် 🌌
(Part 2) ?

လူငယ်တစ်ယောက်အနေနဲ့အခုလက်ရှိအခြေအနေတွေမှာဆိုရင်ဝါသနာ အိပ်မက် ပျော်ရွှင်မှု တွေနဲ့ ဘဝဟာ ထပ်တူကျနိုင်ဖို့ ခဲယဉ်းတယ်ဆိုတာ သ...
08/12/2024

လူငယ်တစ်ယောက်အနေနဲ့
အခုလက်ရှိအခြေအနေတွေမှာဆိုရင်
ဝါသနာ အိပ်မက် ပျော်ရွှင်မှု တွေနဲ့ ဘဝဟာ
ထပ်တူကျနိုင်ဖို့ ခဲယဉ်းတယ်ဆိုတာ သိပေမယ့်
အနာဂတ်မှာ ဘဝဟာ
ဘယ်လိုပဲဖြစ်လာပါစေ
ကိုယ်ချစ်ရတဲ့ ဒီမိသားစုကို
ကောင်းကောင်းမွန်မွန်နဲ့
ပျော်အောင်ထားပေးနိုင်ရင်
ကျေနပ်ပါပြီ။

#ညငယ် 🌌

တစ်ခုခု ဆို ဘယ်နေရာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကို သူများနဲ့ လိုက်နှိုင်းနေတဲ့ဒီအကျင့်ကို မုန်းမိတယ်။ #ညငယ် 🌌
08/12/2024

တစ်ခုခု ဆို ဘယ်နေရာပဲဖြစ်ဖြစ်
ကိုယ့်ကိုယ်ကို သူများနဲ့ လိုက်နှိုင်းနေတဲ့
ဒီအကျင့်ကို မုန်းမိတယ်။

#ညငယ် 🌌

Address

Myawadi

Opening Hours

Saturday 03:00 - 18:30
Sunday 11:00 - 15:00

Telephone

+959758531357

Website

Alerts

Be the first to know and let us send you an email when ညငယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ညငယ်:

Share