Era's Voices Insight

Era's Voices Insight To engage in ongoing learning is to heed the act of listening

30/07/2024

တော်လှန်ရေးတပ်သားတဦး၏အိမ်ပြန်ချိန်

06/05/2024

ကချင်စစ်မျက်နှာတွင် စစ်ကောင်စီဆက်တိုက်ရှုံးနိမ့်နေ

၆ မေ ၂၀၂၄

မတ်လ ၇ ရက်နေ့ တွင် တရားဝင်ကြေညာခြင်းမရှိဘဲ စတင်ခဲ့သော KIA ထိုးစစ်အတွင်း စစ်ကောင်စီ ၏ တပ်စခန်းပေါင်းများစွာ ကို KIA၊KPDF၊AA ပူးပေါင်းတပ်များက သိမ်းပိုက်ထား‌ကြောင်း ခေတ်သစ်သတင်းဌာန ပြုစုထားသော စာရင်းများအရသိရသည်။

မေလ ၅ ရက်နေ့ တစ်ရက်တည်းတွင် ဆွမ်ပရာဘွမ်ဗျူဟာစခန်း၊ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုး အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၁ ခု ကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

ရုပ်သံ-ဆွမ်ပရာဘွမ် စစ်စခန်းအတွင်း စစ်ကောင်စီတပ်အလောင်းများနဲ့ ပြန့်ကျဲနေသော ရုပ်သံဖိုင်

06/05/2024

ဆွမ်ဘရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ KPF ပါဝင်ခဲ့ကြောင်း ထုတ်ပြန်

ကချင်ပြည်နယ်ရှိ ဆွမ်ဘရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ KPF ပါဝင်ခဲ့ကြောင်း ခါကာဘိုဒေသပြည်သူ့တပ် Kagabu People's Force (KPF) က မေလ ၅ ရက်နေ့မှာ အဖွဲ့အစည်းတရားဝင်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

ဆွမ်ဘရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ KPF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ရုပ်သံ- ခါကာဘိုဒေသပြည်သူ့တပ် Kagabu People's Force (KPF) က ထုတ်ပြန်ထားသည့် ဆွမ်ဘရာဘွမ်မြို့သိမ်းတိုက်ပွဲရုပ်သံ

#ဆွမ်ဘရာဘွမ်မြို့သိမ်းတိုက်ပွဲ #ခါကာဘိုဒေသပြည်သူ့တပ် Kagabu People's Force (KPF)

02/05/2024

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ရှိ ရွှေဘုံသာပျူရွာ ကင်းစခန်းကုန်းအား တော်လှန်ေရးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက် ချေမှုန်းခဲ့

၂ မေ ၂၀၂၄

●ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ရှိ ရွှေဘုံသာပျူရွာ ကင်းစခန်းကုန်းအား ပြည်သူ့လွှတ် မြောက်ေရေးတပ်မတော် အမှတ်(၈၁၅) တပ်ဖွဲ့၊ PDO/PDA၊ PRF၊ မဟာမိတ်တပ်ပေါင်းစု (MUGDF ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ James bond တပ်ဖွဲ့)၊ RDF၊ YRG တို့ပူးပေါင်းချေမှုန်းခဲ့ကြောင်း သိရသည်။

● မေလ ၁ ရက် မနက် (8:15) တွင်ရန်သူ့စခန်းအား စတင်တိုကခိုက်ခဲ့ပြီး (9:30) တွင်ရန်သူ့စခန်းအတွင်းသို့ဝင်ရောက်နိုင်ခဲ့ကြောင်း၊ ရန်သူစစ်ကောင်စီတပ်သားတို့ဖရိုဖရဲထွက်ပြေးသွားကြောင်း PLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#ပျူစောထီး

30/04/2024

PDF insight ကတင်ဆက်တဲ့ ထူးခြားစစ်ရေးဖြစ်စဥ်များ

ထူးခြား စစ်ရေး ဖြစ်စဉ်များ (၁)
မတ်လက စတင်ပြီး တနိုင်ငံလုံးမှာ ထူးခြားစစ်ရေးဖြစ်စဉ်တွေ ပေါ်ပေါက်လာပါတယ်။
🔺စစ်တပ်ပိုင် ရန်ကုန်၊ MEC ဆိပ်ကမ်းမှာ ကပ်ထားတဲ့ လေယာဉ်ဆီတင် သင်္ဘောကို ရန်ကုန်တိုင်း ပကဖ က တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အရပ်သားတွေကို ပစ်ခတ်နေတဲ့ လေတပ် လေယာဉ်ဆီတင်သင်္ဘော (၁) စီးကို ပထမဆုံး အကြိမ် ဖောက်ခွဲနိုင်မှု ဖြစ်ခဲ့တယ်။
🔺 လုံခြုံရေး တင်းကြပ်ထားတဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ထဲက ဂေါက်ရိုက်ပွဲ ကို ရန်ကုန်တိုင်း ပကဖ ကပဲ မတ်လ (၂၂) ရက်နေ့မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အတွက် စစ်အရာရှိ (၇) ဦး အပါအဝင် (၂၀) ဦးသေဆုံးခဲ့ပါတယ်။
🔺 ဗန်းမော်မြို့ဒေသက မဟာဗျူဟာမြောက် စစ်စခန်း စိန်လုံ ကို KIA က ဧပြီ (၁) ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လွယ်ဂျယ်-မိုးမောက် လမ်းပိုင်း ကို ထိန်းချုပ်နိုင်လိုက်ပါတယ်။ လိုင်ဇာ-မိုင်ဂျာယန် ဒေသ မှာ စစ်တပ် စခန်းကြီး လုံးဝ ကင်းစင်သွားစေခဲ့ပါတယ်။
🔺 နေပြည်တော် စစ်ရုံးချုပ်၊ အေလာ လေတပ်၊ မင်းအောင်လှိုင် နေအိမ်တို့ကို ဒရုန်း အသုံးပြုတိုက်ခိုက်မှု ဧပြီ (၄) ရက်နေ့မှာ ပေါ်ထွက်လာပြီး စစ်တပ် ခေါင်းဆောင်ပိုင်းတခုလုံးကို ခြောက်ခြားစေခဲ့ပါတယ်။ နေပြည်တော်ပင် လုံခြုံမှု မရှိဘူးဆိုတဲ့ သတင်းစကားကို PDF တွေ ပေးနိုင်လိုက်ပါတယ်။
🔺 လက်နက် စက်ရုံ အမှတ် (၂၄)ကို ပေါက် ပကဖ၊ Freedom Revolution Force တို့ ပူးပေါင်းပြီး ၁၀၇ မမ ဒုံး၊ ဒရုန်းတွေ နဲ့ ဧပြီ (၂) ရက်နေ့မှာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
🔺 မြေပြန့်ဒေသနယ်မြေ စိုးမိုးမှုကို ပြသတဲ့ အချက် အနေနဲ့ ယာဉ်အစီး (၁၀၀) ပါ စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကမ္မမြို့၊ သာကြီးတောင် ရေနံမြေ အနီးမှာ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး ယာဉ် (၈) စီး ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
🔺 တောင်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ် အလုံးအရင်း လက်နက်ချမှုအဖြစ် သင်္ကန်းညီနောင် အခြေချ စစ်ဗျူဟာ၊ ခမရ-၃၅၆၊ ခမရ-၃၅၇ တို့ လက်နက်ချခဲ့ပါတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ် စစ်သား၊ တပ်မိသားစု စုစုပေါင်း (၆၁၇) ဦီး ဧပြီ (၆) ရက်နေ့မှာ လက်နက်ချခဲ့ပါတယ်။ ကျန် စစ်အရာရှိတွေ နဲ့ တပ်သားတွေလဲ ပြည်သူ့ ဘက်ကို ခိုဝင်ဖို့ အခြေအနေ မပေးရင် ဗိုလ်မှူးကြီး ထွန်းထွန်းလတ် လို လက်နက်ချပြီး ကိုယ့်အသက် နဲ့ ကိုယ် တပ်သား၊ မိသားစုဝင်တွေ အသက်ကို ကယ်တင်သင့်ပါတယ်။
အခုထိ ဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ အလုံးစုံမဟုတ်သေးဘဲ ဧပြီနှောင်းပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်များစွာ ကျန်ရှိသေးလို့ အပိုင်း(၂) အနေနဲ့ ဆက်လက် ဖော်ပြဦးမှာ ဖြစ်ပါတယ်။ လက်ရှိထိ ဒီဖြစ်စဉ်တွေကို ကြည့်ရင် ရန်သူ့ ဌာနချုပ် နေပြည်တော်ပင် လုံခြုံမှု မရှိတာ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်ပင် ထိုးဖောက်ခံနေရတာ၊ လေတပ်ဆိုင်ရာ ပစ်မှတ်တွေ တိုက်ခိုက်ခံနေရတာ၊ စစ်လက်နက်စက်ရုံတိုက်ခိုက်ခံရတာ၊ မြေပြန့် ဒေသ နယ်မြေစိုးမိုးမှု အားကောင်းပြီး စစ်ယာဉ်တန်းကို ဖျက်ဆီးနိုင်နေတာ၊ အင်အားရာချီ လက်နက်ချမှုတွေ ပေါ်ပေါက်နေတာ သိနိုင်ပါတယ်။ မကြာခင်ကာလမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ်တွေရဲ့ မြေပြန့် စစ်ရေးလှုပ်ရှားမှု ပေါ်လာရင် ဒီထက်ကြီးတဲ့ စစ်ရေးအောင်ပွဲတွေ ရရှိလာမှာ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


PDF insight မှကူးယူဖော်ပြပါသည်။

30/04/2024

တနင်္သာရီမြို့နယ်၊ မြေမအုံရွာဖက်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်
●●●●●●●●●●●●●●●●●●●●●●

၃၀ ဧပြီ၊ ၂၀၂၄

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြေမအုံရွာဖက်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစ စစ်ကြောင်းအား ဧပြီ ၂၇ ရက် နေ့လည်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ အရ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ဝင်များ ဘက်မှထိခိုက်မှုမရှိကြောင်းသိရပါတယ်။

ရုပ်သံ- မြေမအုံရွာဖက်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်နေသောပူးပေါင်းစ်ကြောင်း-၁ မှရဲဘော်များ
#မြေမအုံ #မြိတ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးပူးပေါင်းစစ်ကြောင်း-၁

29/04/2024

လူမြင်းကွင်းကနေ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ ဒုချုပ် ပြန်ထွက်လာ

၂၉ ဧပြီ ၂၀၂၄

တော်လှန်ရေး တပ်ဖွဲ့ တွေရဲ့ drop bomb ကြောင့် ဒဏ်ရာ ရရှိခဲ့ ပြီး ဆေးကုသမှု ခံ ယူ နေရတယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး လူမြင်ကွင်းကနေ တလနီးပါး ပျောက်ဆုံးနေတဲ့ ဒုချုပ်စိုးဝင်းဟာ ဒီကနေမှာတော့ မော်လမြိုင်မြို့ တပ်မတော်ဆေးရုံမှာ ကုသမှုခံနေတဲ့ တပ်မတော်သားတွေကို လိုက်လံ ကြည့်ရှု့ခဲ့တယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီသတင်း အရ သိရပါတယ်။

#ဒုချုပ် #စိုးဝင်း

29/04/2024

ဆင်ဘိုမြို့ ခလရ (၁၄၁) တပ်ရင်း ဌာနချုပ်ကို KIA သိမ်းပိုက်

ဆင်ဘိုမြို့ နဲ့ မဝေးတဲ့ နေရာ မှာ တည်ရှိတဲ့ ခလရ (၁၄၁) တပ်ရင်း သိမ်းပိုက်နိုင် ခဲ့ တာနဲ့ ပါတ်သက်ပြီး KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက အတည်ပြုကြောင်း ကချင်ပြည်နယ်သတင်းတွေကို အဓိကဖော််ပြပေးနေတဲ့ KNG media က ဖော်ပြထားပါတယ်။

ဆင်ဘို မြို့ စခန်းသိမ်း တိုက်ပွဲ ရုပ်သံတခု

#ဆင်ဘိုမြို့သိမ်းတိုက်ပွဲ #ခလရ(၁၄၁)

● မှန်စီရွှေချ ပတ်ဝိုင်း မရှိပေမယ့် ရှိတာနဲ့ လက်စွမ်းပြနေတဲ့ တော်လှန်ရေးတပ်သား ဆိုင်းဆရာ ကိုဖိုးသင်္ကြန်
28/04/2024

● မှန်စီရွှေချ ပတ်ဝိုင်း မရှိပေမယ့် ရှိတာနဲ့ လက်စွမ်းပြနေတဲ့ တော်လှန်ရေးတပ်သား ဆိုင်းဆရာ ကိုဖိုးသင်္ကြန်

28/04/2024

● အောင်ဇေယျ စစ်ဆင်ရေး ခုခံပြင်ဆင်မှု မရှိခဲ့တာနဲ့ပါ တ်သက်ပြီး ကျားဖြူစစ်ကြောင်းမှုး ကိုဇွဲ က NUG ကာကွယ်ရေး ဝန်ကြီးဌာနကို မေးခွန်းထုတ်

● ကာကွယ်ရေး ဝန်ကြီးဌာနရှိ ရာထူးနေရာ များ အား အပြောင်းအလဲ ပြုလုပ်ပေးရန် CRPH အားတောင်းဆို

#ကိဇွဲ #ကျားဖြူစစ်ကြောင်း

Address

Myawadi

Website

Alerts

Be the first to know and let us send you an email when Era's Voices Insight posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share