Hua Hua花花

Hua Hua花花 C-Ongoing Drama တွေကို ကြူးမယ် ✌️ (Random Drama Chaser)

Spoiler တွေလည်း တစ်ခါတစ်လေ တင်တတ်ပါတယ်နော် 📌

I do not own any video or photos.

All the related things give full credit to the original creator. Using this page for entertainment purposes only.

မော့အာပြောသလိုပဲ ဒီလင်မယားက တအားလိုက်ဖက်တာ အကြံဉာဏ်များပြီးတွက်ချက်တတ်တဲ့ တိုင်းပြည်အရှင်မင်းကြီးနဲ့ ရဲစွမ်းသတ္တိအပြည့်န...
22/11/2025

မော့အာပြောသလိုပဲ ဒီလင်မယားက တအားလိုက်ဖက်တာ

အကြံဉာဏ်များပြီးတွက်ချက်တတ်တဲ့ တိုင်းပြည်အရှင်မင်းကြီးနဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ မိဖုရားခေါင်ကြီးကမှ အလိုက်ဖက်ဆုံးတွဲဖက်တွေပေါ့ 🔥

Love and Crown ကလေ ဒီလိုနန်းတွင်းအပြင်ခန်းတွေကြည့်ရတာ ပိုအားရတယ် ဘုရင်ရဲ့ ဉာဏ်၊ Aura အပြည့်ကိုလည်း ပိုတွေ့ရတယ် ရန်သူ စစ်သူကြီးကိုတောင် စစ်မတိုက်ဘဲ သစ္စာခံနိုင်အောင် လုပ်နိုင်တာ သာ့ချီဘုရင် အစွမ်းက နည်းလား 🔥

19/11/2025

ဇိုင်ဇိုင်ရဲ့ ဝတ်စုံလှလှလေးတွေကို ငမ်းချင်လို့ ဒါမျိုး Video စောင့်နေတာ 🤭

ကျိပေါ်ဇိုင်အပြင်အဆင်ကလေ ရှောင်ဟိုရဲ့ထွက်ပြီးကားတွေ အပြင်အဆင်တွေထဲ အကြိုက်ဆုံး ခေါင်းအစ ခြေအဆုံး လိုက်ဖက်နေမှုကြီးတွေ

Hairstyle ကအစ Makeup, ဇာပါးပါးလေးတွေနဲ့ Costume တွေ အရမ်းကိုမှ လှ 😭❤️ Costume က ဒါတောင် အိမ်ရှေ့စံ Costume တွေကျန်သေး

19/11/2025

ကျယ်မတို့တော့ ဒီတစ်သက် C-Drama တောထဲက ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူး 🫠

တစ်ချို့ကားတွေ လတ်တလောလေးကမှ လွှင့်ပြီးပေမယ့် Upcoming Drama ရှယ်တွေ ကျန်ပါသေးတယ် 🔥

2025 ကိုလည်း C Drama တွေကြူးရင်း ၁ လပဲ ကျန်တော့သလို 2026 ကိုလည်း ဆက်ကြူးဖို့ စောင့်နေပါပြီ 🙂‍↔️

Video Credit to its Original Creator

19/11/2025

အမတော်ကတော့ ကျယ်မတို့ကို C-Trauma တွေပေးနေပြန်ပြီ Goodbye my princess ဒဏ်ရာကတော့ ၆ နှစ်ကြာသွားလည်း အနာမကျက်သေး 🥹💔

2019 => 2025 ရောက်သွားလည်း Peng Xiaoran Jie ကတော့ နုမြဲ နုဆဲ လှမြဲ လှဆဲပါ 😭❤️

18/11/2025

🚨Spoiler Alert

ဟုန်ရိ မျက်နှာ တစ်ကမ္ဘာနဲ့ နတ်ကြီးကားကြည့်နေတာ အစပိုင်းတော့ ပေါ့ပေါ့ပါးပါးဆိုပေမယ့် Xianxia ဆိုတဲ့အတိုင်း အငို၊ အလောင် လေးတွေ လာပါဦးမယ်လို့

မင်းသမီးကြမ်းမှ ကြည့်ချင်တယ်ဆိုသူတွေ မင်းသမီးက မိစ္ဆာကျင့်ကြံသူခေါင်းဆောင် ဖြစ်သွားဦးမှာနော်

ဇာတ်ကားနာမည် -

16/11/2025

အိမ်တော်သခင်နဲ့ သခင်မ 😎 🔥

စူးမုယွီလေးက နူးညံ့သိမ့်မွေ့စွာ ထိုင်သလောက် ချန်းဟယ် ထိုင်နေတာ ကြည့်ဦး 🤣

Others : နင် ဘယ်လောက်အရွဲ့တိုက်တတ်သလဲ ? လျို့ယန် : 👇ပိုးတွေကို စောစော Surprise တိုက်လိုက်တာ 😹 ကလေးဟေ့ ထန်ဟူလီကို ရွဲ့တာတ...
16/11/2025

Others : နင် ဘယ်လောက်အရွဲ့တိုက်တတ်သလဲ ?

လျို့ယန် : 👇ပိုးတွေကို စောစော Surprise တိုက်လိုက်တာ 😹

ကလေးဟေ့ ထန်ဟူလီကို ရွဲ့တာတဲ့ ဆေးကို ထမင်းစားပီးမှသောက်ခိုင်းတာ ထမင်းမစားခင် သောက်ပစ်တာ 🥹

Whispers of Fate လေး မင်မင်ညကမှ ငိုပြီးတာ အယ်လေ့ ကြည့်ပြီးတာ 💔

15/11/2025

ဒါရိုက်တာမဟုတ်ဘဲ ထန်လိစစ် ဖန်တီးခဲ့သော Happy Ending 😭💔

အူးလော့တို့ကတော့ စိတ်ကင်ဆာ အတောင့်လိုက်ကို ပေးသွားပြန်ပြီ Till The End of The Moon က ဒဏ်ရာတောင် မကျက်သေးဘူးဆို 😭

Ongoing (၃) ကားမှာ စူးညိုကီတို့ သင်္ဘောနက်တတွဲပဲ HE သွားတာ Cheng Yi, Luo Yunxi တို့ရဲ့ ဖန်ဒမ်းကတော့ တော်ရုံ SE ဆို ပမွှားလေး ဖြစ်နေပြီ 🥲

ကိုယ်တိုင်စတေးခံပြီး လောကကြီးအတွက် Happy Ending ယူဆောင်လာပေးတဲ့ ထန်ဟူလီလေးကိုလည်း အမြဲအမှတ်ရနေမှာပါ

အလှပဆုံးတော့ Costume King ပိုင်ရှင် Luo Yunxi ကိုလည်း နောက်ထပ် Project တွေမှာ ထပ်မံကြူးဖို စောင့်မျှော်လျက်

13/11/2025

ဒီအတွဲကလည်း အင်္ဂါဂြိုလ်ပေါ်ကလှမ်းကြည့်ရင်တောင် အလိုက်ဖက်ဆုံး နောက်တစ်တွဲပါ 😭

ယဲ့တင်းကျစ်ကို လူတွေ မိစ္ဆာဂိုဏ်းချုပ်ကြီး ဆိုပြီး သမုတ်ကြပါစေ ၊ အမှောင်မိုက်ဆုံး ချောက်နက်ထဲ ရောက်နေရင်တောင် ဘေးနားမှာ အမြဲ အလင်းရောင်ကို ယူဆောင်လာပေးတဲ့ ရှောင်ပိုင်လီ

မိစ္ဆာစိတ်ဝင်နေရင်တောင် ရှောင်ပိုင်လီက “ယွင်ကော” ဆိုပြီး ခေါ်လိုက်ရုံနဲ့တင် အသိစိတ်ပြန်ဝင်သွားတဲ့ ယဲ့တင်းကျစ်

Ending မလှခဲ့တဲ့ အလှပဆုံး Story လေးတစ်ပုဒ် 🔒 မကျော်နိုင်ခဲ့တဲ့ C-Trauma လေးပေါ့

Dashing Youth တုန်းက ဘယ်လိုတောင် Ship ခဲ့ရသလဲလို့ 😭❤️ ယဲ့တင်းကျစ်ရဲ့ အကြည့်တွေက သာမာန်မှ မဟုတ်တာ 🫠 တစ်ရွာလုံး သင်္ဘောပေါ်တက်ခဲ့တာလည်း ပြောမနေနဲ့လေ

12/11/2025

လက်ဖက်ခင်းစိမ်းကြီးထဲမှာ လက်ဖက်စိမ်းကောင်လေးက တို့သားလေး ဖြစ်နေသောအခါဝယ် 🥹

လက်ဖက်စိမ်းကောင်လေး = အပြင်ပန်းက Innocent အတွင်းစိတ်ကတော့ အကြံအစည်တွေအပြည့်နဲ့ မြေခွေးလေး 🤣

“သူဘာမှမသိပါဘူးလေ” ဆိုပြီး လုပ်နေတဲ့ အင်နိုးစန့် ရုပ်လေးကို ကြည့် 😹

ဒီလို ဇာတ်ရုပ်က ရှောင်ဟိုနဲ့ အလိုက်ဖက်ဆုံးပေါ့လေ

🍉 Dec 29 ဆင်းလာမယ်လို့ အသံကြားပါတယ်


Address

Myeik

Telephone

+959441578522

Website

Alerts

Be the first to know and let us send you an email when Hua Hua花花 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share