19/03/2023
မြိုင် ပကဖ
တိုက်ပွဲသတင်း ထုတ်ပြန်ကြေငြာခြင်း
ရက်စွဲ ။ ။ ၂၀၂၃၊ မတ်လ (၁၉)ရက်
၂၀၂၃၊ ၃၊ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၀မိနစ်အချိုန်တွင် မြိုင်မြို့ရှိ ရဲစခန်းနှင့် အပြစ်မဲ့အများပြည်သူများ သွားလာရာလမ်းတွင် စစ်ဆေးရေးအကြောင်းပြကာ ငွေညှစ်ကောက်ခံနေသော မြိုင်မြို့ဝင် ဂိတ်စခန်းတို့အား Shar Htoo Waw Drone နည်းပညာ( တိုက်ခိုက်ရေး Fixed Wing Drone)များဖြင့် ကျွန်တော်တို့မြိုင် ပကဖ နှင့်အတူ ဝေဟင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။
ယခု စစ်ဆင်ရေးတွင် ကျွန်ုပ်တို့ မြိုင် ပကဖ နှင့်အတူ
-Salingyi Special Task Force - SSTF (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅) မှ
- Shar Htoo Waw Drone နည်းပညာအဖွဲ့
- စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)
- CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001
- အညာသား ပြောက်ကျားတပ်ဖွဲ့
- Phoenix အထူးပြောက်ကျားတပ်ဖွဲ့
- မြိုင် ပ.က.ဖ (ဘာဂျာ "AERIAL Drone Team")
- Salingyi Special Task Force - SSTF တပ်ခွဲ
"SPACE MAN" Drone အဖွဲ့
တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ပါသည်။
စခ၊ရခများအထိနာ၍ လက်နက်ကြီး လက်နက်ငယ်များ ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လဲ မိဘပြည်သူများ၏ မေတ္တာတရားများ၊ တရားသော စစ်ဆင်ရေးကိုတို့ကို ဆောင်ရွက်နေခြင်းတို့ကြောင့် အညာမြေမှသူရဲကောင်းရဲဘော်များ အထိမခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါသည်။
ပြည်သူ့ရဲဘော်များအနေဖြင့်လည်း ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များလုပ်ဆောင်ပြီး Federal Democracy နှင့်အတူ ဝေးကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံစည်းနိုင်ရန်အတွက် ယခုထက်ပို၍ ပို၍ ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြည်သူများအား အသိပေးလိုပါသည်။ ပြည်သူများအနေဖြင့်လည်း မလျော့သောဇွဲဖြင့် ဆက်လက်ပါဝင်ပေးကြရန် အသိပေးမေတ္တာရပ်ခံလိုပါသည်။
မြိုင် ပကဖ
"စစ်အာဏာရှင်စနစ်အတွက် နေရာမရှိစေရ"