Ahdungtv

Ahdungtv Let's talk about "Ah Dung" & "Muzika" ⋆⭒˚。⋆𝄞

29/08/2026
🎹 HPAKANT GINRA HTA, PIANO DUM MYIT LAWM DIK AI, KANAU KASHA NI HTE HKRUM ZUP LET SHAMAN, SHAKYANG, PRACTICE GALAW NGA L...
29/08/2026

🎹 HPAKANT GINRA HTA, PIANO DUM MYIT LAWM DIK AI, KANAU KASHA NI HTE HKRUM ZUP LET SHAMAN, SHAKYANG, PRACTICE GALAW NGA LU AI GAW, KARAI A MAUHPA CHYEJU SAN SAN NAN RE AI LAW.

📍Nam Maw Baptist Church
⏰6:30 am | Group A
⏰7:30 am | Group B
⏰8:00 am | Group C
⏰8:30 am | Group D

📍Kawng San Baptist Church
⏰5:30 pm | Group E
⏰6:00 pm | Group F
⏰6:30 pm | Group G

“ဒီနေ့ ၊ မနေ့ကထက် ပိုကောင်းအောင် တစ်ဆင့်ချင်း သွားကြမယ်။ မမှားအောင်တီးဖို့ထက် မှားရင် ပြန်ပြင်ပြီး ဆက်တီးတတ်ဖို့ သင်ယူကြမယ်။ ဘုရားသခင်ပေးထားတဲ့ အရည်အချင်းကို၊ တန်ဖိုးထား ကြိုးစား၊ လေ့ကျင့်ပြီး တစ်နေ့မှာ၊ အခြားသူတွေအတွက်လည်း အသုံးဝင်တဲ့ Pianist ကောင်းတစ်ဉီး ဖြစ်လာအောင် ပြင်ဆင်ကြမယ်။ ကလေးတို့ရေ”

🎹 “ဒီနေ့လည်း Piano ကို ဆက်တီးကြမယ်‌နော်”

ချစ်ရတဲ့ Piano ကျောင်းသူ၊ ကျောင်းသားတို့—

မနက်တိုင်း Piano ရှေ့မှာ ထိုင်တဲ့အချိန်တိုင်း
“ငါ မတတ်သေးဘူး” လို့ မတွေးပါနဲ့။

“မနေ့ကထက် ဒီနေ့ နည်းနည်းပိုတတ်လာမယ်” လို့ တွေးပါ။

Piano တီးတတ်ခြင်းဆိုတာ တစ်ရက်တည်းနဲ့ ရလာတာမဟုတ်ပါဘူး။
Note တစ်လုံးကို မှန်အောင်ဖတ်ခြင်း၊
Finger တစ်ချောင်းကို မှန်အောင်သုံးခြင်း၊
Rhythm တစ်ခုကို မမှားအောင်တီးခြင်း—
ဒီလို သေးငယ်တဲ့အရာလေးတွေကို နေ့တိုင်း စုဆောင်းသွားရင်း
တစ်နေ့မှာ သီချင်းတစ်ပုဒ်ကို လှပစွာ တီးနိုင်လာမှာပါ။

တစ်ခါတလေ လက်မှားမယ်။ ဆရာဆူမယ်။
Note မှားမယ်။ ဆရာ ဆူမယ်။
Rhythm မှားမယ်။ ဆရာ ဆူမယ်။
သီချင်းတစ်ပုဒ်ကို တီးရတာ ပင်ပန်းမယ်။

ဒါပေမယ့်—

မှားတာက မအောင်မြင်တာ မဟုတ်ပါဘူး။
မလေ့ကျင့်တော့တာကသာ 😭 အရှုံးပါ။
(အရှုံးသမားတွေ အဖြစ် ဘ၀ ကို အလျော့မပေးလိုက်ပါနဲ့)

ဒီနေ့ မတတ်သေးတဲ့အရာကို
မနက်ဖြန် ထပ်လေ့ကျင့်ပါ။

Slowly → Carefully → Correctly → Confidently

ဖြည်းဖြည်းတီးပါ။
မှန်အောင်တီးပါ။
နားထောင်ပြီး ပြန်ပြင်ပါ။
ပြီးတော့ မလျှော့ဘဲ ဆက်တီးပါ။

ဒီနေ့ Piano Class ပြီးတဲ့အခါ
“ငါ ဘာအသစ်တစ်ခု သင်ယူခဲ့လဲ?”
ဆိုတာကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

မနေ့ကထက် ဒီနေ့ ပိုကောင်းလာရင်—
အဲဒါဟာ တိုးတက်မှုပါ။

---

📖 “သင်တို့သည် အရာရာ၌ ကြိုးစားအားထုတ်ခြင်းနှင့် ပြည့်စုံကြလော့။”— ၂ ပေတရု ၁:၅

ဘုရားသခင်ပေးထားတဲ့ အရည်အချင်းကို
မပျင်းမရိဘဲ လေ့ကျင့်ပြီး အသုံးချကြပါ။

🎹 Practice with patience.
Play with confidence.
Serve with your gift.
Give God the glory.

⏰August 29.2026
Ah Dung Ahdungtv

28/08/2026

🎹Blessed Master, Send Me ၊ ဒီသီချင်းကို Charles H. Gabriel (1856–1932) က ရေးသားခဲ့ပြီး 1896 ခုနှစ်ထုတ် Songs of the Golden ၌ No.39 အဖြစ် တွေ့ရပါတယ်။ lyrics နှင့် tune နှစ်ခုစလုံးကို Gabriel နှင့် ဆက်စပ်ဖော်ပြထားပြီး ယနေ့တွင် Public Domain ဖြစ်ပါတယ်။

✅Kachin Hymnbook မှာလည်း No. 255 – “BLESSED MASTER, SEND ME” အဖြစ် ပါဝင်ပါတယ်။

သီချင်းရဲ့ အဓိကအကြောင်းအရာက—
> “There’s a mighty work to do, and the Master calls for you” ဘုရားသခင်၏ အမှုတော်အတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း၊ အမှုဆောင်ခြင်း၊ မေတ္တာဖြင့် လူများထံသွားခြင်း ကို နားလာ်ရပါတယ်။ Refrain မှာလည်း “work of mercy, work of love” ဆိုတဲ့ အဓိက အကြောင်းအရာပါရှိပါတယ်။

---

📖 Isaiah 6:8
“Here am I; send me.”
“အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ။”

Isaiah က ဘုရားသခင်၏ခေါ်သံကို ကြားပြီး
“Who will go for Us?”
ဟု မေးသောအခါ—

“Here am I; send me.”
ဟု ပြန်ဖြေခဲ့ပါတယ်။

ထို့ကြောင့် Church pianist အနေနဲ့ ဒီသီချင်းကို တီးတဲ့အခါ “သီချင်းတစ်ပုဒ်တီးနေတယ်” လို့ မယူဆဘဲ—

“ဘုရားသခင်က ကျွန်ုပ်ကို အမှုတော်အတွက် အသုံးပြုပါ”
ဆိုတဲ့ ဆုတောင်းချက်တစ်ခုကို တီးခတ်နေတယ်လို့ နားလည်ထားရှိသင့်ပါတယ်။

---

🎹Church Pianist အတွက် ဒီသီချင်းရဲ့ အရေးကြီးဆုံးအချက်

ဒီ hymn ကို pianist က solo piano performance လို တီးဖို့ထက်— “Congregational Worship Accompaniment”
အဖြစ် တီးပေးနိုင်ဖို့၊ ပိုအရေးကြီးပါတယ်။

Pianist ရဲ့တာဝန်က—

မိမိရဲ့ piano တီးခတ်မှုကို ပြသရန် မဟုတ်ဘဲ
Church က သီချင်းကို ပိုကောင်းကောင်းဆိုနိုင်အောင်
ထောက်ပံ့ပေးရန် ဖြစ်ပါတယ်။

ဒါကြောင့်—

Singer → Melody
Congregation → Worship
Piano → Support + Direction

ဆိုတဲ့ အခန်းကဏ္ဍကို မှတ်ထားပါ။

---

D♭ Major scale:

D♭ – E♭ – F – G♭ – A♭ – B♭ – C – D♭

အဓိက chord များ—

Chord Notes

I D♭–F–A♭
IV G♭–B♭–D♭
V A♭–C–E♭
vi B♭–D♭–F



✅Church Pianist အနေနဲ့ မတီးခင်၊ ပြုလုပ် ဆင်ခြင်ရမယ့် ၇ ချက်

① Lyrics ကို အရင်ဖတ်ပါ။
သီချင်းရဲ့ message ကို နားမလည်ဘဲ piano ကိုသာ လေ့ကျင့် မထားပါနဲ့။

② Scripture ကို ဖတ်ပါ။
Isaiah 6:8
> “Here am I; send me.”

③ Melody ကို သီးခြားဆိုပါ။
Piano မတီးဘဲ melody ကို သင်ကိုယ်တိုင် hum လုပ်ကြည့်ပါ။

④ Chord progression ကို လေ့လာပါ
D♭ → G♭ → A♭ စတဲ့ harmonic movement ကို နားလည်ပါ။

⑤ Lyrics နဲ့ chord change ကို တွဲပါ။
ဘယ်စကားလုံးမှာ chord ပြောင်းသလဲ သိထားပါ။

⑥ Metronome နဲ့ လေ့ကျင့်ပါ။
96 → 100 → 103 BPM
အဆင့်ဆင့် တက်ပါ။

⑦ Congregation ကို စိတ်ကူးပြီး တီးပါ။
တစ်ယောက်တည်း piano room ထဲမှာ performance လုပ်သလို မတီးဘဲ— “မိမိတို့ အသင်းတော်ရှိ၊ ဘုရားကျောင်းတက်ရောက်လာသူ၊ ဉီးရေ 100 ယောက်က ကျွန်ုပ်နဲ့အတူ သီဆိုနေတယ်”လို့ စိတ်ကူးပြီး တီးကာ၊ piano practice လေ့ကျင့်ပါ။

---

✅Music (piano) → People → Worship → God
ဖြစ်ရပါမယ်။

--

📖 1 Corinthians 10:31
> “Whatever you do, do all to the glory of God.”
“သင်တို့သည် အဘယ်အမှုကိုပြုသည်ဖြစ်စေ၊ အလုံးစုံကို ဘုရားသခင်၏ ဘုန်းတော်အတွက် ပြုကြလော့။”

ဒါကြောင့်—

🎹 Piano technique ကောင်းရမယ်။
🎼 Music theory သိရမယ်။
👂 Listening ကောင်းရမယ်။
❤️ Worship heart ရှိရမယ်။
🙏 Prayerful ဖြစ်ရမယ်။

---

“Blessed Master, Send Me” ကို
တီးမယ့်နေ့အတွက် ၊ ဆုတောင်းPrayer

Pianist အနေနဲ့ မတီးခင် ဒီလိုဆုတောင်းနိုင်ပါတယ်—

“သခင်ယေရှု၊ ယနေ့ ကျွန်ုပ်၏လက်ကို အသုံးပြုတော်မူပါ။ ကျွန်ုပ်တီးသော piano သည် လူများ၏အာရုံကို ကျွန်ုပ်ထံ၊ မဆွဲဘဲ ကိုယ်တော်ထံသို့ ဦးတည်စေပါ။ အသင်းတော်သည် သီချင်းကို ကောင်းစွာ သီဆိုနိုင်ရန် ကျွန်ုပ်အား ဉာဏ်ပညာပေးတော်မူပါ။ ‘Here am I; send me’ ဟူသော Isaiah 6:8 ကျမ်းချက်အတိုင်း၊ နှလုံးသား ပြင်ဆင်ပေးတော်မူပါ။ အာမင်။”

ဒါကြောင့် pianist များ အတွက် ၊ ဒီသီချင်းဟာ hymn တစ်ပုဒ်သာမက “အမှုတော်မြတ်၌ ပါ၀င်အမူတော်ဆောင်ရန် ၊ ကိုယ်ကိုယ်တိုင် ဆက်ကပ်ခြင်း” ၏ musical confession တစ်ခုလည်း ဖြစ်ပါတယ်ခဗျား။

⏰ August 28.2026
Ah Dung Ahdungtv
Kawng San Baptist Church

27/08/2026

🎼 No 22

Ahdungtv Ah Dung

24/08/2026

✅JHZ / KBC Hymn No.193
🎼YESU TSAWRA AI MYIT
Love Divine All loves excellIng!
ဒီHymn ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က—
⏰1691 — Purcell's music + Dryden's poetry
⬇️Venus / earthly love / Britain
⏰1747 — Charles Wesley
⬇️Christ / divine love / human heart
⏰1761 — Wesleyan hymnbook
✅Christian worship

ဒီသီချင်းဟာ 17th-century, english theatre music နှင့်ပတ်သက်သော သီချင်းဖြစ်ပြီး၊ Charles Wesley က အဲဒီ literary/musical imagery ကို ယူပြီး Christ-centered (Christian prayer) အဖြစ်၊ ပြန်လည် ဖန်တီးခဲ့တဲ့ Hymn တစ်ပုဒ်ပဲဖြစ်ပါတယ်။

I have been crucified with Christ and I no longer live, but Christ lives in me. The life I now live in the body, I live by faith in the Son of God, who loved me and gave Himself for me"."ငါသည် အသက်ရှင်သည် မဟုတ်၊ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏…”— ဂလာတိ ၂:၂၀ "Ngai gaw Hkristu hte rau wudang hta jen da ai hkrum nngai. Ngai hkum nan naw hkrung nga nngai n rai, Hkristu gaw ngai hta e ahkrung nga ai: ya e dai hkum shan hta ngai hkrung nga nngai gaw, ngai hpe tsaw ra nna, nye a matu mara shi hkum dai shi ap kau ai Karai Kasang a Kasha a makam masham hta sha ngai hkrung nga nngai.
📖Galati 2:20

⏰August 24.2026
Ah Dung Ahdungtv

🎼ဖားကန် ဒေသသို့၊ ရောက်ရှိကာ၊ အသင်းတော် တစ်ခု၌ ပါ၀င် ဆက်ကပ်နေသော Piano ဆရာမ တစ်ဉီး၏ နေ့စဉ် ဘ၀၊ ဖြတ်သန်းမူ၊ life style ကို...
21/08/2026

🎼ဖားကန် ဒေသသို့၊ ရောက်ရှိကာ၊ အသင်းတော် တစ်ခု၌ ပါ၀င် ဆက်ကပ်နေသော Piano ဆရာမ တစ်ဉီး၏ နေ့စဉ် ဘ၀၊ ဖြတ်သန်းမူ၊ life style ကို အခြေခံထားသော DEAR, MY PIANIST အမည်ရှိသည့် ၊ ကြာမြင့်ချိန် - မိနစ် 30 ရှိသော ( မြန်မာ စကားပြော) ဇာတ်လမ်းတို၊ ကို....real me , phone နှင့် ရိုက်ကူးနေပါတယ်ခဗျား။ 🎹 ထွက် ရှိ လာ ပါ က၊ ကြည့် ရှု အား ပေး ကြ ပါ အုန်း ၊ အမျိုးတို့‌ရေ။ Anhte Uru Ginra, Hpakant de du nga ai, Nawku Hpung langai hta dawjau nga ai, Piano Saranum langai a, sakhkrung lam hpe shingdu da nna, sumla hkrung kadun galaw byin ai rai. Yu n-gun jaw ya marit yaw!! ❤️

✅ ပါ၀င်၊ ကူညီ ၊ သရုပ်ဆောင် ပေးကြပါသော၊ JUNIOR SUNDAY SCHOOL, KAWNG SAN BAPTIST CHURCH မှ ကလေးများ နှင့် GOOGLE GEMINI ကို လည်းအထူးပင် ကျေးဇူးတင်ပါတယ်ခဗျား။

⏰August 21.2026
Ah Dung Ahdungtv

21/08/2026

ပြာ နို တီး ခတ် ကာ ❤️
ပျော် ရွှင် ခဲ့ ကြ ဖူး တယ်။

🎼Shd.Hpakawn Naw Zin
🎹Piano Class 2025
📍Kawng San Baptist Church
Ah Dung Ahdungtv

🎹 Piano dum myit lawm dik ai, Manang kaja langai lu sai rai. KANU nan sa dung sin let, shakut ya ai hpe mu nna, grai kab...
19/08/2026

🎹 Piano dum myit lawm dik ai, Manang kaja langai lu sai rai. KANU nan sa dung sin let, shakut ya ai hpe mu nna, grai kabu, n-gun lu nngai law.
❤️တော်လိုက်တဲ့ သမီးလေ၊ ကံကောင်းတဲ့ သမီးလေး။ God Bless you!!! ကျနော့် အနေနဲ့၊ မေရီ ဆိုင်းအိန် ၏ Piano ဆရာတစ်ဉီး၊ ဖြစ်ခွင့် ရရှိလို့၊ အရမ်းပဲ ပျော်လိုက်တာ။ ဘုရားသခင် ကိုလည်း အထူးပင်၊
ကျေးဇူးတင်ပါတယ်ခဗျား။

🧑‍🏫 Weekly Teacher Curriculum နှင့်အတူ
တစ်ပတ် Lesson ၃ ကြိမ် / 60 minutes —

🎹Time & Piano Lesson
5 min Warm-up
10 min Scales & Technique
15 min Method Book
15 min Repertoire
5 min Sight Reading
5 min Ear Training
5 min Theory / Homework

🎹ပန်းတိုင် (Goal)
✅John Thompson → RCM Piano
✅RCM Piano →Hanon/Czerny
✅Hanon/Czerny →Classical Repertoires

🎹သူမ၏ Piano foundation တည်ဆောက်တာတော့၊
ပြီး‌ဆုံးသွားပါပြီခဗျား။
📚John Thompson's Piano Basic Part 1
📚John Thompson's Piano Basic Part 2
📚John Thompson's Piano Basic Part 3
🚫4 & 5 မတီးတော့ဘဲ၊ (လက်ချောင်းလေးတေ အဆင်ပြေနေပြီမို့)
📖John Thompson's Modern Course for the Piano — Book 1 တီးနေပါတယ်။ (လေ့ကျင့်နေတာဖြင့် မကြာသေးဘူး၊ lesson ကုန်တော့မယ်) များမကြာမှီ August လ ကုန်ရင်၊ Book 2 သွားရတော့မယ်။

🎼 Music Theory ကိုလည်း၊ အခြေခံ ပိုင်း လေ့လာထားပြီ။
✅2025 : Summer Lesson (Letter Name)
✅2026 : Summer Lesson (Accidental & Dynamic)

🎼Technique
✅Five-finger patterns
✅Major scales: C, G, D, A, E, B (3 octaves ရနေပြီ)
✅Basic contrary motion
✅Simple arpeggio preparation

🎼Repertoire လေ့ကျင့်မူနှင့် သုမ၏ တိုးတက်လာမူများ
❌J. S. Bach & Mozart — easy pieces မရသေး။
❌Kabalevsky — Children's Pieces ၁ ပုဒ်ရပြီ။
✅Alfred / Faber supplementary repertoire ၂ ပုဒ်ရပြီ။
✅Jinghpaw Buga (easy) tempo အဆင်ပြေပီ။
✅To A Wild Rose (easy) tempo tempo မမှန်သေးဘူး။
✅Arkansas Traveler (fiddle tune)
✅Theme, from Sonata In C (K, 545, first movement) mozart , tempo 95 ထိ ရပီ။ 1 page... အဆင်ပြေ။ ဒါပေမဲ့ melodic line မရသေးဘူး။
✅Sonatina In C major, Opus 36 No.1
အဆင်ပြေ။ ဒါပေမယ့် လက်နံပတ်မှား။
❌ Nocturne Op 9, No.2 (easy arranging)
1 page ရပီ။
❌Polka From Orphesus
Page 2 (8 measure)

🎼Skills သူမ၏ ကျွမ်းကျင်မူကတော့
✅Grand staff
✅Treble/Bass clef
✅Quarter, half, whole notes
✅4/4, 3/4, 2/4
✅Basic dynamics
✅Legato / staccato
✅Simple pedaling

⏰Practice: 30–40 min/day

⏰July 2026 မှ စ၍၊ သူမ အတွက် Main Method စာအုပ်တွေကတော့
1. John Thompson's Modern Course — Book 1
2. John Thompson's Modern Course — Book 2
3. John Thompson's Modern Course — Book 3
4. John Thompson's Modern Course — Book 4
5. John Thompson's Modern Course — Book 5

ထပ်မံ ရွေးချယ်ထားသည့် Modern Method စာအုပ်တွေက၊ သူမ အတွက် လွယ်ကူနေပါတယ်။ Level 3B တခါတည်း ရောက်သွားပြီ။
6. Faber Piano Adventures — Primer
7. Level 1
8. Level 2A
9. Level 2B
10. Level 3A
______________ ✅ 11. Level 3B
12. Level 4
13. Level 5

⏰လာမည့် December 2027 တွင် Technique အဆင်ပြေရန်၊ သူမ အတွက် စီစဉ်ထားသော စာအုပ်များကတော့
14. Hanon — The Virtuoso Pianist
15. Czerny Op.599
16. Czerny Op.299
17. Czerny Op.740

Classical Foundation နားလည်ဖို့၊ သူမ အတွက် ရွေးချယ်၊ စီစဉ်ထားသော သီချင်းများနှင့် စာအုပ်မျာူ
18. Bach — Notebook for Anna Magdalena Bach
19. Bach — Little Preludes
20. Bach — Two-Part Inventions
21. Bach — Three-Part Inventions / Sinfonias
22. Burgmüller — 25 Progressive Pieces, Op.100
23. Clementi — Sonatinas
24. Beethoven — Sonatas
25. Mozart — Sonatas
26. Schumann — Album for the Young
27. Tchaikovsky — Album for the Young
28. Chopin — selected works

⏰2028 /29 တွင် သူမနှင့်အတူ Grade Examination
ဖြေဆို ဖို့ရန်၊ စီစဉ်နေမူများ
29. RCM Piano Syllabus 2022
30. RCM Piano Level 1–10 repertoire
31. RCM Theory / Musicianship
32. ABRSM Piano Exam Pieces — Grades 1–8
33. ABRSM Scales & Arpeggios
34. ABRSM Sight-Reading
35. ABRSM Aural

LEVEL 1–2
🎹 John Thompson + Piano Adventures



LEVEL 3–5
🎹 Thompson + Burgmüller + Czerny + RCM



LEVEL 6–8
🎼 RCM + Bach + Czerny + Classical Repertoire



LEVEL 9–10
🏆 RCM Level 9–10 + Advanced Repertoire + Performance

ဒီစနစ်နဲ့ piano တဖြည်းဖြည်း၊ တိုးတက်သွားစေဖို့
framework ရေးဆွဲကာ၊ လေ့ကျင့် ပေးနေပါတယ်။

⏰August 19.2026
🎼 5:30 PM - 6:30 PM
Sr.Lahpai Brang San Awng
Ah Dung Ahdungtv
KAWNG SAN BAPTIST CHURCH

16/08/2026

⏰August 16.2026 (7:00 am)

📖Chyum Laika Nhtoi Chyum Laika Hti Shakrai Shingjawng Lamang hta Shanglawm ya ai, Hpung Jawng Ma ni hte Kanu Kawa, nta masha ni yawng hpe chyeju dum dik sai law. "သမ္မာကျမ်းစာ အထိမ်းအမှတ်နေ့” ကျမ်းစာ ရွှတ်ဆိုပြိုင်ပွဲ၌ အချိန်ပေးကာ၊ ပါ၀င်ကြသည့် Sunday School ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘ များ အားလုံးကို ကျေးဇူးတင်ပါတယ်ခဗျား။

Bible Sunday 2026
Ah Dung Ahdungtv
Junior Class Teacher,
Sunday School, Kawng San Baptist Church

14/08/2026

✍️Mahte 5 :1-11

ရှင်မဿဲခရစ်၀င် ၅း၁-၁၁

📍Htoo Bum, Kawng San © August 14.2026

Ah Dung Ahdungtv

Address

Myitkyina

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 13:00 - 17:00

Alerts

Be the first to know and let us send you an email when Ahdungtv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ahdungtv:

Shortcuts

Share