03/12/2025
ဒုတ်ပီး ဓါးပီး တဲ့ ခေတ်မဟုတ်တော့ဘူး
ကျည်ကွင်းတဲ့ အဆောင်
-----------------------------------
ကို ဓာတ်ငွေ့ပိုက်ကဘယ်မှာရှိတာလဲဟင်
အိမ်ကမိန်းမက အဆက်အစပ်မရှိ
ထမေးတော့ ကျုပ်ကဘာလုပ်မလို့လဲ..ရခိုင်ဘက်ကနေ အလယ်ပိုင်းဖြတ် ရှမ်းပြည်နယ်ကနေ တရုတ်ထိသွယ်ထားတာ
အခုတစ်ခေါက်ဘုရားဖူးထွက်ရင်
ရခိုင်ဘက်ကပိုက်လိုင်းသွားဖူးရအောင်နော်။
ဟာ ပိုက်လိုင်းကဖူးစရာမှမဟုတ်တာကို။
ရှင် ဘာသိလို့လဲ ရခိုင်မှာစစ်ဖြစ်တာ
ဘုရားဆင်းတုတွေသာ ကျည်ထိတာ
ပိုက်လိုင်းထိတာမဟုတ်ဘူး ကျည်လဲကွင်း
အန္တရယ်လဲကင်းတဲ့ ပိုက်လိုင်းမှမဖူးရင် ဘယ်ဟာဖူးမလဲ။
ဟေ...
မ..ဟေ နဲ့ ပိုက်လိုင်းဓာတ်ပုံကူးပြီး ရှင်လဲဆောင်ထား အန္တရယ်ကင်း ကျည်ကွင်းပြီး တန်ခိုးကြီးတဲ့ပိုက်လိုင်းကြီးလေ။
ကျုပ်လဲ သူ့ဘာပြန်ပြောရမှန်းမသိတော့
သူပြောတာလဲဟုတ်နေတာပဲလေ။
အင်းဘာပဲဖြစ်ဖြစ်ပိုက်လိုင်းကြီးဆီအရောက်သွားဖူးအုံးမှပါလို့တွေးမိလိုက်တယ်ဗျာ။
မူရင်းpostအားလေးစားစွာဖြင့်
Crd