Su Su Lynn - Leadership & Public Service

Su Su Lynn - Leadership & Public Service A Learning Community
Learning, Sharing, Growing Together
Building trust through lifelong learning and public service.

30/07/2026
30/07/2026

ပန်းချီဆရာက ပန်းချီကားတစ်ချပ်ကို စိတ်ကြိုက်ပုံဖော်နိုင်တယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ဘဝကိုတော့ အရာအားလုံး စိတ်ကြိုက် ပံုဖော်လို့မရပါဘူး။

ကောင်းခြင်း၊ဆိုးခြင်း၊အောင်မြင်မှု၊ကျရှုံးမှု...
အားလုံးက ဘ၀ရဲ့အရောင်တွေပါ။

အရေးကြီးတာက ကိုယ်ကြုံခဲ့သမျှထဲက သင်ခန်းစာကောင်းတွေကို နောင်လာနောက်သားတွေအတွက် အလင်းတစ်စအဖြစ် လက်ဆင့်ကမ်း‌ေပးနိုင်ဖို့ပါ။ 🌿


29/07/2026

အမြင့်ဆိုတာ...
နေရာမဟုတ်ဘူး၊ အမြင်ပါ။

အောက်ဆုံးကနေ အပေါ်ကို မေ့ာကြည့်ရတဲ့အခါ အမြင့်ဆိုတာ လက်လှမ်းမမှီတဲ့ အိမ်မက်တစ်ခုလို့ ထင်ရတတ်တယ်။

အမြင့်ဆုံးနေရာကို ရောက်သွားတဲ့အခါကျတော့ အောက်က လူတွေ၊ အဆောက်အဦးတွေ၊ ပြသာနာတွေကတောင် သေးငယ်သွားသလို မြင်ရပြန်တယ်။ တကယ်ပြောင်းသွားတာက လောကမဟုတ်ဘူး...
ကိုယ့်ရဲ့အမြင်ပါ။

ဒါကြောင့် ဘ၀မှာ ဘယ်အမြင့်ကိုဘဲရောက်ရောက်
‌ေအာက်ကနေတက်လာခဲ့တဲ့ ခြေလှမ်းတွေကို မမေ့ပါနဲ့။ အောက်မှာကြိုးစားနေသူတွေရဲ့ မျှော်လင့်ချက်ကိုလည်း တန်ဖိုးထာပါ။

တကယ့်အမြင့်ဆိုတာ လူတွေကို အောက်ငုံ့ကြည့်နိုင်တာမဟုတ်ဘဲ၊ အမြင့်ရောက်ပြီးလည်း နှိမ့်ချတတ်တဲ့ စိတ်ထားကို ထိန်းသိမ်းနိုင်တာပါ။ 🌿

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Su Su Lynn - Leadership & Public Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share