03/08/2025
🙏ရုရှား အရှေ့ဖျားက ကရာ့စ်ရှင်နိန်နီကော့ဗ် မီးတောင် (Krasheninnikov) ဟာ နှစ်ပေါင်း ၆၀၀ မှာ ပထမဆုံးအကြိမ် ပေါက်ကွဲVOC/ 03 August 2025ရုရှားနိုင်ငံ အရှေ့ဖျားက နှစ်ပေါင်း ၆၀၀ နီးပါးငြိမ်သက်နေခဲ့တဲ့ ကရာ့စ်ရှင်နိန်နီကော့ဗ် မီးတောင် (Krasheninnikov) ဟာ ပထမဆုံးအကြိမ် ဩဂုတ်လ ၃ ရက်မှာ ပေါက်ကွဲသွားပါတယ်။ ၁,၈၅၆ မီတာ အမြင့်ရှိတဲ့ Krasheninnikov မီးတောင်မှ မီတာ ၆,၀၀၀ (၃.၇ မိုင်) အထိ မြင့်မားတဲ့အထိ ပြာမှုန်များ မှုတ်ထုတ်နေကြောင်း သိရှိရပါတယ်။ မီးတောင်ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆက်စပ်မှုရှိမယ်လို့ ရုရှားနိုင်ငံ၏ RIA သတင်းဌာနနှင့် သိပ္ပံပညာရှင်များက တနင်္ဂနွေတွင် ထုတ်ဖော်ပြောကြားပါတယ်။ မှတ်တမ်းတွေအရ ကရာ့စ်ရှင်နိန်နီကော့ဗ်မီးတောင် နောက်ဆုံးပေါက်ကွဲခဲ့တာ ၁၅ ရာစုကလို့ သိရပါတယ်။Source: Reuter, Telegraph