Zone Mobile & Digital Sharing Knowledge

Call Contact the business

Zone Mobile & Digital Sharing Knowledge 🙆သင့်အားဖြင့်သူတစ်ပါးပျော်ရွှင်ပါစေ🙏💯
မိမိကိုကိုယ်ပြုစေချင်သလိုသူတစ်းပါးကို ပြုပါ
🙏ဗဟုသုတရရှိမည့်အရာများတင်ဆက်ပေးပါမည် ကြည့်ရှုသူတိုင်းအထူးကျေးဇူးပါ🙏

06/09/2026

#ပေါက်ကွဲတာမဟုတ်
#အားသမားတွေသိဖို့ပါ😊💓🙏

နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြေကွဲရတယ်လို့ နိုင်ငံ...
30/08/2026

နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြေကွဲရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား
ဩဂုတ် ၂၉ ၊ ၂၀၂၆

နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြေကွဲရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါအပြင် အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တွေ နဲ့ ၎င်းတို့ကို ချစ်ခင်ရသူတွေထံကိုလည်း အခုဖြစ်စဉ် အတွက် လှိုက်လှဲစွာ ဝမ်းနည်းကြေကွဲရပြီး ထပ်တူထပ်မျှခံစားရတယ်လို့လည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ရေကြီးမှုဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူတွေ၊ ထိခိုက်ဒဏ်ရာရရှိသူတွေ နဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေအပေါ်မှာလည်း ဆုမွန်ကောင်းတောင်းပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီး က ပြောကြားထားပါတယ်။

ပျောက်ဆုံးသူတွေ ဘေးကင်းစွာ ပြန်လည်တွေ့ရှိနိုင်ဖို့ နဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ အမြန်ဆုံး ပြန်လည်ကျန်းမာလာရေးဖို့အတွက်လည်း ဆုတောင်းပေးထားပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ နီပေါပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲမှုကို ခံစားရပြီး ၎င်းတို့အနေ နဲ့ ဘေးဒုက္ခမှ ရင်ဆိုင်ကျော်လွှားနိုင်မယ့် ခွန်အားနဲ့ စိတ်ဓာတ်ခိုင်မာမှုတို့ကို ရရှိစေရေး နဲ့ အမြန်ဆုံး ပြန်လည်နာလန်ထူလာနိုင်စေရေးအတွက်လည်း ဆုမွန်ကောင်းတောင်းထားပါတယ်။
ဒါအပြင် နီပေါပြည်သူတွေနဲ့အတူ အမြဲတမ်းအတူတကွရှိနေတယ်လို့လည်း အသိပေးထားပါတယ်။

ဘာတွေမျှော်လင့်နေတာတုန်း😁😆😅
13/08/2026

ဘာတွေမျှော်လင့်နေတာတုန်း😁😆😅

     မွေးရာပါ မျက်စိကွယ်နေသူတွေကို အမြင်အာရုံ ပြန်ရစေမယ့် Elon Musk ရဲ့ Blindsight နည်းပညာ************************-မွေးရ...
10/08/2026


မွေးရာပါ မျက်စိကွယ်နေသူတွေကို အမြင်အာရုံ ပြန်ရစေမယ့် Elon Musk ရဲ့ Blindsight နည်းပညာ
************************
-
မွေးရာပါ မျက်စိကွယ်နေသူတွေကိုပါ အမြင်အာရုံ သစ် ပြန်ရရှိစေမယ့် Blindsight လို့ အမည်ရတဲ့ အမြင်အာရုံ အစားထိုး ဦးနှောက်စက်ပစ္စည်းကို နောက် ၆ လကနေ ၁၂ လအတွင်း လူတွေမှာ စတင်တပ်ဆင် စမ်းသပ်သွားမယ်လို့ Neuralink ပူးတွဲတည်ထောင်သူ Elon Musk က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီနည်းပညာဟာ မျက်လုံး သို့မဟုတ် အမြင်အာရုံကြောတွေကို အသုံးမပြုဘဲ ဦးနှောက်ရဲ့ အမြင်အာရုံ ထိန်းချုပ်ရာ အစိတ်အပိုင်းဆီ အချက်ပြလှိုင်းတွေ တိုက်ရိုက် ပေးပို့မှာဖြစ်တာမို့ ဦးနှောက်ပိုင်းဆိုင်ရာ ပုံမှန်အလုပ်လုပ်နေသူ မည်သူမဆို အလင်းရောင်ကို ပြန်လည် မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အနာဂတ်မှာ ထွက်ရှိလာမယ့် နည်းပညာအဆင့်မြှင့် ဗားရှင်းတွေဟာ ရိုးရိုးလူတွေထက် ပိုမိုကြည်လင် ပြတ်သားတဲ့ Ultra-HD အမြင်အာရုံကို ပေးစွမ်းနိုင်မယ့်အပြင် အနီအောက်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်နဲ့ ရေဒါလှိုင်းတွေကိုပါ မြင်တွေ့နိုင်စွမ်း ရှိလာမယ်လို့ စိတ်လှုပ်ရှားဖွယ် မျှော်လင့်ချက်ပေးထားပါတယ်။

လက်ရှိမှာ Neuralink ဟာ ခန္ဓာကိုယ်မသန်စွမ်းသူတွေအတွက် တီထွင်ထားတဲ့ ဦးနှောက်စက်ပစ္စည်း အခြားတစ်မျိုးကို စမ်းသပ်လျက်ရှိပေမယ့် Blindsight အတွက်တော့ လူတွေမှာ စမ်းသပ်မှု မစတင်ရသေးပါဘူး။

လက်ရှိမှာတော့ ဒီစက်ဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာမို့ အမြင်အာရုံကို တကယ် ပြန်ရစေတယ်ဆိုတာကို ပညာရှင်တွေ အတည်ပြုထားတဲ့ အချက်အလက်မျိုး မရှိသေးပါဘူး။

အမေရိကန် FDA က Blindsight ကို သုတေသန အရှိန်မြှင့်တင်နိုင်မယ့် Breakthrough Device အဖြစ် သတ်မှတ်ပေးထားပေမယ့် ဒါဟာ နည်းပညာ အကောင်အထည်ဖော်မှုကို မြန်ဆန်စေရုံသာ ဖြစ်ပြီး စက်ပစ္စည်း၏ ထိရောက်မှုကို အပြည့်အဝ အာမခံချက်ပေး သတ်မှတ်လိုက်တာတော့ မဟုတ်သေးပါဘူး။

Ref: Technology Innovation

02/08/2026

#မျက်စိကုသပြီးပြန်မြင်လာတဲ့ခလေးလေး #ဖြစ်ရပ်မှန်
သူ့အမေရဲ့ အသံကြားရမှ အရမ်းပျော်သွားခဲ့တယ်။
ကလေးရဲ့ရယ်သံလေးက အသက်

31/07/2026

#ညတွင်းနွားများမလွတ်ထားရ #လူအသက်အန္တရာယ်ရှိသည် #လူအသက်တန်ဖိုးရှိ

29/07/2026

မှတ်သားသင့်သောခွန်အားပေးစာတို
"ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ပဲလိုတယ်"🦋
လူတချို့ကို အရမ်းသနားတယ်။
ကိုယ့်ရှေ့မှာ ရိုးသားချင်ယောင် ဆောင်နေကြလို့။

လူတချို့ကို ရယ်ချင်တယ်။
ကိုယ့်အပေါ် ကောင်းချင်ယောင် ဆောင်နေကြလို့။

လူတချို့ကို သိပ်သနားတယ်။
ကိုယ့်ကို အကြောင်းမဲ့ မုန်းတီးနေကြလို့။

လူတချို့ကိုလည်း ဟားတိုက်ပစ်လိုက်ချင်တယ်။
ကိုယ့်ကို အကြောင်းမဲ့ တိုက်ခိုက်နေကြလို့။

လူတချို့ကို ဂရုဏာသက်မိပါတယ်။
ကိုယ့်အပေါ် စာနာသလိုလို လာဆက်ဆံနေကြလို့။

ဘဝမှာ လူဆိုးလူညစ်တွေနဲ့လည်း ဆက်ဆံခဲ့ဖူးပြီးပြီ။
လူကောင်းတွေနဲ့လည်း ရင်းနှီးပတ်သက်ခဲ့ဖူးပြီ။
အဆိုးအကောင်း ခွဲခြားတတ်ပါပြီ။

ဒုက္ခများစွာ ရင်းနှီးပေးဆပ်ခဲ့ရလို့
ကိုယ့်သမိုင်းစာမျက်နှာကိုသာ အကောင်းဆုံးရေးဖို့ ကြိုးစားနေထိုင်လိုက်ပါတော့တယ်။

ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးနေတာတောင်
လိပ်ပြာသန့်သန့်နဲ့ပဲ ပြုံးပြလိုက်ပါတယ်။😊😊😊
#စာတို #ဗဟုသုတ

 #မှတ်သားထားသင့်သောစာတိုမိမိနဲ့ ထိုက်တန်တဲ့နေရာမှာသာနေပါ---------------------------------------လူ့ဘဝဆိုတာ ပတ်ဝန်းကျင်မျိ...
27/07/2026

#မှတ်သားထားသင့်သောစာတို

မိမိနဲ့ ထိုက်တန်တဲ့နေရာမှာသာနေပါ
---------------------------------------
လူ့ဘဝဆိုတာ ပတ်ဝန်းကျင်မျိုးစုံ၊ လူမျိုးစုံနဲ့ မဖြစ်မနေ ထိတွေ့နေရတဲ့ လမ်းခရီးတစ်ခုပါ။ အဲ့ဒီလမ်းခရီးထဲမှာ ကိုယ်ကောင်းသလို သူများလည်း ကောင်းမယ်လို့ အမြဲထင်ထားပြီး ဆက်ဆံနေမယ်ဆိုရင် တစ်ခါတစ်ရံ စိတ်ပျက်စရာတွေ၊ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ကြုံလာနိုင်ပါတယ်။

ကိုယ်က လေးစားစွာ “ဟုတ်ကဲ့” လို့ ပြောချင်တဲ့အချိန်မှာ တစ်ဖက်လူဘက်က ကိုယ်မထင်မှတ်ထားတဲ့ တုန့်ပြန်မှုမျိုးနဲ့ အပြန်အလှန်ဖြစ်တတ်သလို၊ စေတနာနဲ့ ကူညီခဲ့တာတောင် နောက်ဆုံးမှာ ကိုယ်တိုင်ပဲ နာကျင်ရတဲ့ အတွေ့အကြုံတွေကိုလည်း ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို လုံးဝရှောင်ရှားလို့ မရပေမယ့်၊ ကိုယ်တိုင်ကိုယ်ကျ အနည်းဆုံး ထိခိုက်မှုနည်းအောင် ထိန်းချုပ်နိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးအတွက် အောက်မှာဖေါ်ပြထားတဲ့ အချက်တွေကို သတိပြုသင့်ပါတယ်။

လူတိုင်းဟာ ကိုယ်လို မဖြစ်နိုင်ပါဘူး ဒါကြောင့် မျှော်လင့်ချက်ကို ထိန်းပါ။ ကိုယ်မျှော်လင့်သလို မဖြစ်တာကို လက်ခံနိုင်တဲ့ စိတ်ထားရှိဖို့လိုပါတယ်။

စေတနာကောင်းတာကောင်းပေမယ့် ကိုယ့်ကိုယ်ကို မထိခိုက်စေဖို့ “ဒီအထိပဲ” ဆိုတဲ့ နယ်နိမိတ် သတ်မှတ်မှုမျိုး၊ ကန့်သတ်ချက်မျိုးတွေထားတတ်ရပါမယ်။

တန်ဖိုးရှိတဲ့နေရာကို ရွေးချယ်တတ်ပါစေ။ ကိုယ့်ကို လေးစားတန်ဖိုးထားတဲ့ ပတ်ဝန်းကျင်မှာပဲ နေရင် စိတ်အေးချမ်းမှုကို ပိုမိုခံစားနိုင်ပါတယ်။

စကားပြောနည်းကို ဂရုစိုက်ပါ၊ အချို့အချိန်တွေမှာ မပြောတာကပဲ ပိုကောင်းတတ်ပါတယ်။ ပြောမယ်ဆိုရင်လည်း တိုတောင်းပြီး တိကျစွာ ပြောနိုင်ဖို့လိုပါတယ်။

စေတနာကို သုံးစွဲတတ်ပါ‌စေ၊ လူတိုင်းအတွက် ကိုယ့်စေတနာကို မဖြုန်းတီးပါနဲ့။ သင့်တင့်သလို သုံးတတ်ခြင်းက ကိုယ့်ကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးက‌တော့ ကိုယ်နဲ့ မကိုက်ညီတဲ့နေရာမှာ အတင်းအကျပ်နေဖို့ မလိုပါဘူး။ ကိုယ်တန်ဖိုးကို သိပြီး ကိုယ်ထိုက်တန်တဲ့နေရာကို ရွေးချယ်နိုင်တဲ့သူပဲ အမှန်တကယ် စိတ်ချမ်းသာနိုင်ပါတယ်။

ကိုယ်ကိုတန်ဖိုးထားတဲ့နေရာမှာသာ နေပါ။
ကိုယ့်ကို တန်ဖိုးမထားတဲ့နေရာကို မလိုအပ်ဘဲ ကိုယ်တိုင်မချည်နှောင်ပါနဲ့။

စာရေးသားသူအား လေးစားလျှက်ပါ

27/07/2026

#အဆိုတော်ကိုနောနော်နှင့်ဟာသသရုပ်‌ဆောင်ကိုလားလာအမှတ်တရသီချင်းဆို

23/07/2026

မိုးရွာလည်းမိသားစုအတွက်ကြိုးစားနေတဲ့ဖခင်တစ်ဦး

Address

Myitkyina

Telephone

+959400072779

Website

Alerts

Be the first to know and let us send you an email when Zone Mobile & Digital Sharing Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zone Mobile & Digital Sharing Knowledge:

Shortcuts

Share

Category