Win Shwe Myint Moh

Win Shwe Myint Moh စိုက်ပျိုးရေးဆေး၊ဓာတ်မြေဩဇာ နှင့် ဆန်၊စပါးမျိုး ရောင်းဝယ်ရေး

ဆာလဖာဟာ ဈေးသက်သာတာကတစ်ကြောင်း ... 🌾မှိုလဲကာကွယ် မွှားပိုးဘာညာလဲထိန်း အရွက်တွေအစာချက်အားလည်းကောင်းတော့... နည်းနည်းလေးစိမ်...
27/04/2026

ဆာလဖာဟာ ဈေးသက်သာတာကတစ်ကြောင်း ... 🌾
မှိုလဲကာကွယ် မွှားပိုးဘာညာလဲထိန်း
အရွက်တွေအစာချက်အားလည်းကောင်းတော့...
နည်းနည်းလေးစိမ်းသလိုလိုဖြစ်စေ...
ဒါကြောင့်လေ... အရမ်းတွေ ညွှန်းကြတယ်..
အဲ့တော့ပေါ့လေ... ရှည်ဝေးမပြောတော့ပါဘူး..

အောက်ပါအချက်လေးတွေကို ဂရုပြုကြပါ...

(၁) ဆာလဖာ Sulphur သည် မှိုရောဂါတိုင်းကို မနိုင်ပါ။ အရွက်အပေါ်မျက်နှာပြင်တွင်ကျသော မှိုများအတွက်သာ ဖြစ်ပါတယ်။ (ဥပမာ ဖားဥမှို၊ သံချေးမှို၊ ကြပ်ခိုးမှို)

သို့သော် ကာကွယ်ဆေးသီးသန့်သာဖြစ်ပါသည်။ ဟိုးအတွင်းထဲမှာ မှိုမျိုးပွားအင်္ဂါတွေရောက်နေတဲ့ ရောဂါတွေအတွက် မစွမ်းပါ၊ ညှိုးသေများအတွက်လည်း မစွမ်းပါ။

(၂) ဆာလဖာကို ပတ်ဝန်းကျင်အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်နှင့် အထက်တွင် သုံးလျှင် အပင် လောင်နိုင်သည်။ နှုန်းထားနှင့် အပင်အမျိုးအစားအပေါ်မူတည်၍ လောင်နိုင်မှုနည်းခြင်း၊ များခြင်းတော့ ကွာနိုင်ပါသည်။ (မနက်ခင်းပိုင်းတွင် ဖျန်းပါကမူ ၂ နာရီခန့်ကြာပြီးသွားပါက နေအပူရှိန် မြင့်မားလာသော်လည်း ပြဿနာမရှိနိုင်ပါ)

(၃) ဆာလဖာကို အခြားသော ပိုးသတ်ဆေး မှိုသတ်ဆေးများနှင့် တွဲစပ်ဖျန်းခြင်းကို ရှောင်ရှားပါ။ အထူးသဖြင့် အဆီအနေဖြင့် ထုတ်ထားသော EC ပုံစံများတွင် အပင်ထိခိုက်မှု သိသာသည်။

(၄) ဆာလဖာသီးသန့်အမှုန့်များကို ရွက်ဖျန်းများနှင့်အတူ ရောဖျန်းမည်ဆိုပါက...

ထိုရောဖျန်းမည့် ရွက်ဖျန်းတွင်ပါ ဆာလဖာဓာတ်ထပ်၍ ပါဝင်နေသည်ဆိုပါက ရောမဖျန်းသင့်ပါ။

အထူးသဖြင့် အသီးပင်များ ဥပမာ ပန်းသီး၊ မက်မန်း စသော stone fruit များ၊ စတော်ဘယ်ရီ၊ ဗူး၊ ဖရုံ၊ သခွား မျိုးနွယ်ဝင်များသည် ဆာလဖာများခြင်းကိုကြောက်ပါသည် (Sulphur sensitive crops)

"အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

🌾🌾 မြေကျပ်လို့ အထွက်နှုန်းကျနေသလား? ဂျစ်ပဆမ်မှုန့်နဲ့ ပြန်လည်အသက်ဝင်လိုက်ပါ။    လယ်ယာမြေတစ်ခုမှာ မြေကျပ်သွားတာက  အပင်တို...
23/04/2026

🌾🌾 မြေကျပ်လို့ အထွက်နှုန်းကျနေသလား? ဂျစ်ပဆမ်မှုန့်နဲ့ ပြန်လည်အသက်ဝင်လိုက်ပါ။
လယ်ယာမြေတစ်ခုမှာ မြေကျပ်သွားတာက အပင်တိုးတက်မှုအတွက် အကြီးမားဆုံးအတားအဆီးတစ်ခုပါ။ မြေထဲမှာ လေဝင်လေထွက်မကောင်းတော့ရင် ရေစိမ့်ဝင်မှုလည်း နည်းသွားတဲ့အတွက် အမြစ်တွေ မပြန့်နိုင်တော့ပါဘူး။ အဲဒီလိုဖြစ်လာရင် အာဟာရယူမှု ကျဆင်းပြီး အထွက်နှုန်းလည်း လျော့နည်းသွားပါတယ်။
💡💡 ဒီလိုပြဿနာကို ဖြေရှင်းဖို့ ဂျစ်ပဆမ်မှုန့် / လုံး'' သုံးခြင်းက လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
🌿 အသုံးပြုရင် ရရှိမယ့် အကျိုးကျေးဇူးတွေက
- အမြစ်တွေ ပိုမိုနက်ရှိုင်းစွာ ပြန့်ပွားနိုင်ခြင်း
- အာဟာရယူမှု ပိုကောင်းလာခြင်း
- မြေဖွဲ့စည်းပုံ ပြန်လည်ကောင်းမွန်လာခြင်း
- အပင်ကြီးထွားမှု မြန်ဆန်လာခြင်း

🤎 ဂျစ်ပ်ဆမ် မှုန့်/လုံး တို့ကို သုံးတော့မယ်ဆိုရင်တော့ အမျိုးအစားအစုံရှိတဲ့ ဝင်းရွှေမြင့်မိုရ် ကို သတိရလိုက်ပါနော် ။
☎09- 986829465 ၊ 09-986869185
🏡 လမ်းမတော်၊ ဘူတာရပ် ၊မြစ်သားမြို့။
#ဂျစ်ပ်ဆမ်

ဘေးဘယာတွေဝေးကွာပြီး ကျန်းမာပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေကြောင်း ဝင်းရွှေမြင့်မိုရ် မိသားစုမှ ဆုမွန်ကောင်းတော...
13/04/2026

ဘေးဘယာတွေဝေးကွာပြီး ကျန်းမာပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေကြောင်း ဝင်းရွှေမြင့်မိုရ် မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။💛

🌿နှမ်းခင်း မှာဆာလ်ဖာပုလဲက ဘာလို့အရေးကြီးလဲ?   ဆာလ်ဖာက နှမ်းစေ့ဖွဲ့စည်းမှုကို ကူညီပေးလို့ အစေ့အဆံ ကို အလေးချိန် တိုးပြီး ...
10/04/2026

🌿နှမ်းခင်း မှာဆာလ်ဖာပုလဲက ဘာလို့အရေးကြီးလဲ?
ဆာလ်ဖာက နှမ်းစေ့ဖွဲ့စည်းမှုကို ကူညီပေးလို့ အစေ့အဆံ ကို အလေးချိန် တိုးပြီး အရည်အသွေး ကောင်းစေပါတယ်။

🌿 နှမ်းခင်း လှချင်ရင်
🌿 အစေ့ပြည့်ချင်ရင်
🌿 အထွက်တိုးချင်ရင်
ဆာလ်ဖာပုလဲ ထည့်ဖို့ မမေ့နဲ့နော်။💚
ဆာလ်ဖာပုလဲတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရရှိချင်ရင်တော့ အမျိုးအစားစုံလင်စွာရှိတဲ့ ဝင်းရွှေမြင့်မိုရ် ကိုသာ လှမ်းခဲ့လိုက်တော့နော်။💛
🏡 လမ်းမတော်၊ဘူတာရပ်၊မြစ်သားမြို့။
☎ 09-986829465 ၊ 09- 986869185
#ဆာလ်ဖာပုလဲ

31/01/2026

#ဂျစ်ပ်ဆမ်အလုံး

30/01/2026

#ဝင်းရွှေမြင့်မိုရ် #သီးပွင့်

17/01/2026

#ဝင်းရွှေမြင့်မိုရ် ြေဝိဇ္ဇာသဘာဝမြေသြဇာ

16/01/2026

#ဝင်းရွှေမြင့်မိုရ် #အာမို၁၅ပတ်လည်အပြာကြား

📣ကောမက် speed(20:10:10) ပြန်လည်ရောက်ရှိနေပါပြီဗျို့ 📣    ကောမက်speed ရဲ့ အားသာချက်တွေကတော့💙 နိုက်ထရိုဂျင်ဓာတ် မြင့်မားစွ...
08/01/2026

📣ကောမက် speed(20:10:10) ပြန်လည်ရောက်ရှိနေပါပြီဗျို့ 📣
ကောမက်speed ရဲ့ အားသာချက်တွေကတော့
💙 နိုက်ထရိုဂျင်ဓာတ် မြင့်မားစွာ ပါဝင်သောကြောင့် သီးနှံပင်များကို အရှိန်အဟုန်ဖြင့် ကြီးထွားဖွံ့ဖြိုးစေခြင်း။
💙အရည်အသွေးမြင့် ကွန်ပေါင်းဓာတ်မြေသြဇာ ဖြစ်သည့်အတွက် သီးနှံပင်များကို တူညီသော အာဟာရဓာတ် ထောက်ပံ့မှုကို ရရှိစေခြင်း။
💙အနည်းလို အာဟာရဓာတ်တွေလဲ အချိုးအစားမျှတစွာ ပါဝင်မှုကြောင့် သီးနှံ ရဲ့အရည်အသွေးကို ပိုပြီးတော့ ကောင်းမွန်စေပါတယ်။
ဦးကြီးတို့ အနေနှင့်ဝယ်ယူအားပေးချင်ရင်တော့
✅ စျေးလဲမှန် ၊ အရည်အသွေးလဲ စိတ်ချရတဲ့ ဝင်းရွှေမြင့်မိုရ် သာ အရောက်လှမ်းခဲ့လိုက်ပါ။
☎09- 986829465
☎09- 986869185
🏠 လမ်းမတော်၊ဘူတာရပ်၊မြစ်သားမြို့။
#ဝင်းရွှေမြင့်မိုရ် #ကောမက်speed

📍မြေသြဇာ ကျွေးပေမယ့် အပင်မတက်ဘူးဖြစ်နေလား❓အရွက်တွေဝါပြီး ပိန်လှီနေပါလား❓ဒါဆိုရင်တော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး Yunnan Da...
04/01/2026

📍မြေသြဇာ ကျွေးပေမယ့် အပင်မတက်ဘူးဖြစ်နေလား❓အရွက်တွေဝါပြီး ပိန်လှီနေပါလား❓ဒါဆိုရင်တော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး Yunnan Dawei Ammonia Co.Ltd ထုတ် ပန်းဖူးပုလဲ(သေး) ဓာတ်မြေသြဇာ ရှိပါတယ်။
✅ N နိုက်တြိုဂျင် 46% အပြည့်အဝ ပါဝင်တာမို့ အပင်ကို ရက်ပိုင်းအတွင်း သိသိသာသာ စိမ်းလန်းစေမယ်။
✅ ပါဝင်တဲ့ အလုံးအဆံ ကညီညာလို့ ကျဲပက်ရလွယ်ကူပြီး အာနိသင် ပျံနှံမှု အားကောင်းစေမယ်။
📌 စျေးနှုန်း ချိုသာ ၊ အာနိသင်ထိရောက် ၊ အထွက်နှုန်း တိုးဖို့ဆို Yunnan Dawei က ထုတ်တဲ့ ပန်းဖူးပုလဲကို သုံးဖို့ လိုအပ်နေပါပြီနော်💚
ဦးကြီးတို့အနေနှင့် ဝယ်ယူသုံးစွဲ ချင်ရင်တော့ စျေးလဲမှန် ၊အရည်အသွေး လဲစိတ်ချရတဲ့ ဝင်းရွှေမြင့်မိုရ် သာအရောက်လှမ်းခဲ့လိုက်ပါနော်။💙
☎ 09-986869185
☎ 09-986829465
🏠 လမ်းမတော် ၊ဘူတာရပ်၊ မြစ်သားမြို့။
#ဝင်းရွှေမြင့်မိုရ် #ပန်းဖူး

Address

လမ်းမတော်၊ဘူတာရပ်
Myittha

Website

Alerts

Be the first to know and let us send you an email when Win Shwe Myint Moh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share