The IQ EQ Hub

The IQ EQ Hub Helping parents raise smart, emotionally intelligent kids through science-backed insights and practical tips.

(၅ နှစ်အောက် ကလေးများအတွက် IQ နှင့် EQ ဆိုင်ရာ ဗဟုသုတများ)

11/02/2026

နွေရာသီမှာ ကလေးတွေကို ဖုန်းနဲ့ဝေးဝေးထားဖို့ဆိုတာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ခုပဲဆိုတာ နားလည်ပါတယ်။

ဒီအရွယ် (၅ နှစ်ကနေ ၈ နှစ်) ကလေးတွေဟာ စူးစမ်းလိုစိတ် အရမ်းများပြီး အားအင်တွေလည်း ကြွယ်ဝနေတဲ့အရွယ်ပါ။

သူတို့ကို ဖုန်းအစား တခြားအရာတွေမှာ စိတ်ဝင်စားသွားအောင် ဆွဲဆောင်နိုင်မယ့် Activity လေးတွေကို အုပ်စုခွဲပြီး အကြံပြုပေးချင်ပါတယ်။

၁။ အိမ်တွင်းမှာ ဆော့ကစားနိုင်တဲ့ အနုပညာ (Creative Arts)
ဒီအရွယ်ကလေးတွေဟာ ကိုယ်တိုင်တစ်ခုခု ဖန်တီးရတာကို သဘောကျတတ်ကြပါတယ်။

အရောင်ခြယ်ခြင်းနှင့် ပန်းချီဆွဲခြင်း: ဆေးရောင်ခြယ်စာအုပ်တွေအပြင် ရေဆေး၊ ခဲရောင်စုံတွေနဲ့ လွတ်လွတ်လပ်လပ် ဆွဲခိုင်းပါ။

စက္ကူခေါက်ခြင်း (Origami): စက္ကူလေးတွေနဲ့ လေယာဉ်ပျံ၊ ကြာပန်း၊ ငှက်ကလေးတွေ ခေါက်တာက လက်ချောင်းလေးတွေ သန်မာစေသလို အာရုံစူးစိုက်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ရွှံ့ရုပ်လုပ်ခြင်း (Playdough): ကလေးတွေရဲ့ စိတ်ကူးဉာဏ်ကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

၂။ လှုပ်လှုပ်ရှားရှား ရှိစေမယ့် ကိုယ်လက်လှုပ်ရှားမှု (Physical Activities)

ဖုန်းကြည့်တဲ့အခါ ကလေးတွေက ငြိမ်နေတတ်လို့ အားအင်တွေကို အပြင်မှာ ထုတ်သုံးဖို့ လိုအပ်ပါတယ်။

အိမ်တွင်း ခံတပ်ဆောက်တမ်း (Indoor Forts): ခေါင်းအုံးတွေ၊ စောင်တွေ သုံးပြီး အိမ်ထဲမှာ "ဂူ" သို့မဟုတ် "ခံတပ်" ဆောက်ပြီး ကစားခိုင်းပါ။ ဒါက သူတို့အတွက် စွန့်စားခန်းတစ်ခုလိုပါပဲ။

ပဟေဠိ အမဲလိုက်ခြင်း (Treasure Hunt): အိမ်ထဲမှာ ပစ္စည်းတစ်ခုခုကို ဝှက်ထားပြီး အဲဒါကို ရှာဖွေဖို့ လမ်းညွှန်ချက် (Clues) လေးတွေ ပေးထားပါ။ နိုင်တဲ့သူကို မုန့်တစ်ခုခု ဆုပေးမယ်ဆိုရင် ပိုပျော်ကြပါတယ်။

အက ပြိုင်ပွဲ: သီချင်းအေးအေးလေးတွေ ဖွင့်ပြီး ကလေးတွေကို စိတ်ကြိုက် ကခိုင်းတာမျိုးက စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

၃။ သင်ယူမှုနဲ့ ဗဟုသုတရစေမယ့် အစီအစဉ်များ

ပုံပြင်စာအုပ်ဖတ်ခြင်း: ကလေးကို ပုံပြင်ဖတ်ပြပါ၊ သို့မဟုတ် သူတို့ကို ပုံကိုကြည့်ပြီး ပုံပြင်ပြန်ပြောခိုင်းပါ။

အပင်စိုက်ခြင်း: အိမ်ရှေ့မှာ ပန်းအိုးလေးတွေနဲ့ အပင်စိုက်တာ၊ ရေလောင်းတာက သဘာဝတရားကို ချစ်တတ်လာစေသလို တာဝန်ယူမှုကိုလည်း သင်ပေးရာရောက်ပါတယ်။

မီးဖိုချောင် ကူညီခြင်း: မီးနဲ့ဝေးတဲ့ အလုပ်လေးတွေ (ဥပမာ- အသီးအရွက် ဆေးတာ၊ မုန့်နယ်တာ) ကို အတူတူလုပ်တာက ကလေးအတွက် အရမ်းပျော်ဖို့ကောင်းတဲ့ အတွေ့အကြုံပါ။

မိဘများအတွက် အကြံပြုချက်

ကလေးကို ဖုန်းမကြည့်နဲ့လို့ တားရုံနဲ့ မရပါဘူး။
စံနမူနာပြပါ: မိဘကိုယ်တိုင်က ကလေးရှေ့မှာ ဖုန်းအမြဲ သုံးမနေဖို့ အရေးကြီးပါတယ်။

အချိန်ဇယား သတ်မှတ်ပါ: တစ်နေ့ကို ဖုန်းကြည့်ချိန် ဘယ်နှစ်နာရီ (ဥပမာ- ၁ နာရီ) ဆိုတာကို တိတိကျကျ သတ်မှတ်ထားပြီး ကျန်တဲ့အချိန်တွေကို အထက်ပါ Activity တွေနဲ့ အစားထိုးပါ။

အတူတူ ဆော့ပေးပါ: ကလေးအတွက် အပျော်ဆုံးအချိန်က မိဘတွေ သူတို့နဲ့အတူ ဆော့ပေးတဲ့ အချိန်ပါပဲ။

ကူးယူဖော်ပြခြင်း သည်းခံပါ

လွတ်လပ်စွာ share နိုင်သည်




11/02/2026

"လက်သီးတစ်ချက်က လူတစ်ယောက်ရဲ့ အသက်ကို ယူသွားနိုင်တယ်" ဆိုတဲ့ သတင်းကို ဖတ်ပြီး မိဘတိုင်း ရင်ထိတ်ခဲ့ရမှာပါ။ 💔ဒီလိုအဖြစ်မျိ...
29/01/2026

"လက်သီးတစ်ချက်က လူတစ်ယောက်ရဲ့ အသက်ကို ယူသွားနိုင်တယ်" ဆိုတဲ့ သတင်းကို ဖတ်ပြီး မိဘတိုင်း ရင်ထိတ်ခဲ့ရမှာပါ။ 💔

ဒီလိုအဖြစ်မျိုး ကိုယ့်ကလေးဆီ မရောက်လာဖို့၊ ကိုယ့်ကလေးက အနိုင်ကျင့်တဲ့သူ (Bully) မဖြစ်လာဖို့နဲ့ အနိုင်ကျင့်မခံရဖို့ မိဘတွေအနေနဲ့ အခုအချိန်ကစပြီး ဘာတွေ ပြင်ဆင်ပေးသင့်လဲ?
အဖြေကတော့ "စာတော်ဖို့ (IQ) တင် မဟုတ်ဘဲ စိတ်ဓာတ်ခိုင်မာဖို့ (EQ) ပါ လိုအပ်ပါတယ်"
၅ နှစ်အောက် အရွယ်ကတည်းက ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ "ဒေါသထွက်ရင် လက်ပါတာ မှားတယ်" ဆိုတဲ့ အသိကို အောက်ပါနည်းလမ်းတွေနဲ့ "The IQ EQ Lab" မှ မေတ္တာဖြင့် မျှဝေလိုက်ပါတယ်။

၁။ စိတ်ခံစားချက်ကို နာမည်တပ်ပေးပါ (Name the Feeling)
ကလေးက ဒေါသထွက်ပြီး ရိုက်လိုက်တဲ့အခါ "မရိုက်နဲ့!" လို့ တန်းအော်မယ့်အစား "သား/သမီး ဒေါသထွက်နေတာလား? မကျေနပ်ဖြစ်နေတာလား?" လို့ မေးပါ။ ကိုယ့်စိတ်ကို ကိုယ်သိမြင်ခြင်းက EQ ရဲ့ အစပါပဲ။
၂။ "လက်" ဆိုတာ ရန်ဖြစ်ဖို့ မဟုတ်ပါ (Hands are for helping)
ငယ်ငယ်ကတည်းက "လက်ဆိုတာ ထမင်းစားဖို့၊ စာရေးဖို့၊ ဖက်ထားဖို့၊ ကူညီဖို့ပဲ.. သူများကို နာအောင်လုပ်ဖို့ မဟုတ်ဘူး" ဆိုတာကို အာရုံစိုက် သင်ပေးပါ။

၃။ ဒေါသထွက်ရင် ထွက်ပေါက်ပေးပါ (Healthy Outlet)

ဒေါသထွက်တာ လူ့သဘာဝပါ။ ဒါပေမဲ့ ဒေါသထွက်ရင် သူများကို ထိုးတာမျိုး မဟုတ်ဘဲ အသက်ပြင်းပြင်းရှူမယ်၊ ရေခဲရေသောက်မယ်၊ ဒါမှမဟုတ် မိဘကို လာပြောပြရမယ်ဆိုတဲ့ အကျင့်ကို လုပ်ပေးပါ။

၄။ မိဘက စံပြဖြစ်ပါစေ (Role Model)
ကလေးရှေ့မှာ မိဘအချင်းချင်း ရန်ဖြစ်တဲ့အခါ အော်ဟစ်ဆဲဆိုတာ၊ ရိုက်နှက်တာမျိုး ရှောင်ပါ။ ကလေးဆိုတာ မြင်တာကို အတုခိုးတဲ့ "CCTV ကင်မရာ" လေးတွေပါ။

ဒီနေ့ခေတ်မှာ ကိုယ့်ကလေး စာတော်ဖို့ထက် "စိတ်ထားတတ်ဖို့" က ပိုပြီး အရေးကြီးနေပါပြီ မေမေတို့ရေ...။

The IQ EQ Lab
Where Smart Minds Meet Kind Hearts.

မြန်မာဆေးကျမ်းအလိုအရ မက်လင်သီးသည် အလွန် ချဉ်၏။ 💐ဝမ်း၊ လေချုပ်သောအနာ၊ သလိပ်နာ၊ လေနာတို့ကိုနိုင် ၏။အစာ ကြေလွယ်၏။ ဝမ်းမီးကိ...
16/01/2022

မြန်မာဆေးကျမ်းအလိုအရ မက်လင်သီးသည် အလွန် ချဉ်၏။

💐ဝမ်း၊ လေချုပ်သောအနာ၊ သလိပ်နာ၊ လေနာတို့ကိုနိုင် ၏။
အစာ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေတတ်၏။

💐ကျင်ကြီး ကျင်ငယ်ကို ဖျက်၍ အောက်သို့ထုတ်တတ်၏။
နှလုံးနှင့် ဆိုင် သောအနာ၊ ဘေးထိုး ရင်ကျပ်နာ၊ ရင်ပတ်နာ၊
ဂူနာတို့ကိုနိုင် ၏။

💐မောဟိုက်ခြင်း၊ ချောင်းဆိုး နာ၊ ပန်းနာ၊ အစာမကြေသောအနာ၊
အော့အန်ခြင်း တို့ကိုနိုင်၏။

💐အိန္ဒိယဆေးကျမ်းအလိုအားဖြင့် မက်လင်သီး၏အသား နှင့် အစေ့ကိုပါ အဖျော်ရည်ပြုလုပ်၍ အသုံးပြုရာ အေးမြ၍ အဖျားကို ကျစေသည်။
ညဉ့်ချွေးထွက်ခြင်းကို သက်သာစေ၍ ဝမ်းချုပ်ခြင်းကို နိုင်လေသည်။

💐💐 မက်လက်ကိုတကူးတက လိုက်ရှာစရာမလိုပါဘူး
မနော်ဟရီဆေးလက်ဖက်ခြောက်ထဲမှာလည်းပါပါတယ်ရှင့်

💐💐အားပေးလို့ရပါပြီနော်
#မနော်ဟရီ
တစ်နိုင်ငံလုံးအိမ်ရောက်ငွေချေရပါတယ်နော်🥰
#မန်းလေးမြို့တွင်းနှစ်ဘူးအထက်freedeli
#တစ်ခြားမြို့တွေလည်းနှစ်ဘူးအထင်freedeli

01/11/2020

သီတင်းကျွတ်ပြီလေ
သီတင်းကျွတ်ပြီလေ
သီတင်းကျွတ်ပြီ သဟာဆွေ

မောရှမ်းမြေက ဝါကျွတ်ချိန်အလှ"ချိန်ဆန်ပွတ်''ခေါ်သင်ပုတ်စင်ဘုရား ကျောင်းဆောင် လှူဒါန်းပွဲ အကြောင်း🍏🍎🍐🍊🍋🍇🍒🌽🌶🥔🥦🥑🌸သီတင်းဝါလ က...
30/10/2020

မောရှမ်းမြေက ဝါကျွတ်ချိန်အလှ
"ချိန်ဆန်ပွတ်''ခေါ်သင်ပုတ်စင်ဘုရား
ကျောင်းဆောင် လှူဒါန်းပွဲ အကြောင်း
🍏🍎🍐🍊🍋🍇🍒🌽🌶🥔🥦🥑

🌸သီတင်းဝါလ ကျွတ်ချိန်ရောက်လျှင် ဒေသခံ တိုင်းရင်းသားများသည် သီတင်းကျွတ်ပွဲတော် ကျင်းပရန်
''ချိန်ဆန်ပွတ်''ခေါ်သင်ပုတ်စင်ဘုရား ကျောင်းဆောင် လှူဒါန်းပွဲအတွက်
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြ သည်။

🌸ဘုန်းတော်ကြီးကျောင်း၌ ပူဇော်ကန်တော့ရန် မိမိတို့၏ ကောက်စောကောက်ဦး စပါးများကို ဝါကျွတ်ကာလအမီ လှူဒါန်းနိုင်ရန် ကြိုတင်ရိတ်သိမ်း ပြင်ဆင်ထားကြ သည်။

🌸တောင်ယာထဲတွင် စိုက်ပျိုးထား သောငှက်ပျောသီး၊ လိမ္မော်သီး၊ မြေပဲ
နှင့်ကန်စွန်းဥများကိုလည်း ကြိုတင် ဆွတ်ခူးတူးဖော်ထားကြသည်။

🌸ချိန်ဆန် ပွတ်ခေါ် သင်ပုတ်စင်
ဘုရားကျောင်း ဆောင်များကို မိမိနေအိမ်၏ ဥပစာ အပြင် အရှေ့ဘက်ကြမ်းပြင် ထိပ်ဆုံး တွင် ဝါးတိုင်လေးတိုင်စိုက်ထူပြီး ဝရန်တာထိပ်လက်လှမ်းမီရုံနေရာတွင် လေးထောင့်စင်တစ်ခုဖြင့် ပြုလုပ် လေ့ရှိပြီး တစ်ပင်တိုင်ပြုလုပ်သည် လည်းရှိသည်။

🌸ဘုရားကျောင်းဆောင်ကို ဝါးနှီး များဖြင့် ကျောင်းဆောင်ပုံသ္ဌာန် ရက်လုပ်ပြီး ဆေးဆိုးခြင်း၊ ဘုံအဆင့် ဆင့်ရှိ ပြာသာဒ်ဆောင်ပုံအတိုင်း ပြုလုပ်ပြီး ရှမ်းစက္ကူ(မိုင်းကိုင်စက္ကူ) များဖြင့် ဖုံးအုပ်ပုံဖော်ကာ ဆေးရောင် ခြယ်
သခြင်းအပြင် ရွှေရောင်ငွေရောင် စက္ကူများဖြင့် ပန်းဆွဲကြာယပ်တို့နှင့် သပ်ရပ်စွာ ပြုလုပ်ကြသည်။

🌸လေးပင် တိုင်စင်ထိပ်၌
သီတင်းကျွတ်လဆန်း ၁၄ ရက် ညနေအချိန်တွင် သင်ပုတ် စင်ဘုရားကျောင်းဆောင်တင်ထားရသည်။
ဘုရားကျောင်းဆောင်များမှာ အရွယ်အစား ပုံသ္ဌာန်အမျိုးမျိုး ပြုလုပ်ထားပြီး အကြိုစျေးနေ့များတွင်ရောင်း ချလေ့ရှိသည်။

🌸အချို့လည်း ''ချိန်ဆန်ပွတ်"
ဆောက်လုပ်သည့် နေရာကိုအိမ်ဝင်း အတွင်း သီးသန့်နေရာ၌ ဆောက်လုပ် ပြီး အောက်ခြေမှအပေါ်အထိ စင်
အဆင့်ဆင့် ဆောက်လုပ်ကြသည်။

🌸ခြံဝင်းမှ ဘုရားစင် အဝင်ဝအထိသွားရာ လမ်းတွင်လည်း ရှင်းလင်း၍ သဲခင်း ထားပြီး မီးကြာ၊ အလင်းတိုင်ဘေး တစ်ဖက်တစ်ချက် စိုက်ထူနိုင်ရန် တိုင်များ၊ တန်းများ စိုက်ထူထား ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများနှင့် စပါးပင်၊ ကြံပင်၊ ငှက်ပျောပင်၊
ချင်းပင်၊ ပန်းပင် များကို သင်ပုတ်စင် ဘုရားကျောင်း ဆောင်၏ လေးထောင့်ပတ်လည်တိုင် တွင် လှပစွာ ချည်နှောင်စိုက်ထူထားသည်။

🌸သင်ပုတ်စင်၏ ဘေးသုံးဖက်နှင့် အဝင်ဝ မီးကြာ ထွန်းညှိမည့် လမ်းဘေးတစ်ဖက် တစ်ချက်တွင် ရာဇမတ်ကာ၍ ထားရှိ သည်။ စင်၏အောက်တွင်
အုန်းသီး၊ ငှက်ပျောသီး၊
သခွားသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကန်စွန်းဥ၊ ကြံချောင်း၊ မြေပဲ၊ မုန့်မျိုး စုံစသည်များကို တွဲလောင်းချိတ် ဆွဲထားကြသည်။

🌸စင်ပေါ်ရှိ ဘုရားကျောင်းဆောင် ရှေ့တွင် အုန်သီး၊ ငှက်ပျောသီး၊ ကွမ်း၊ ဆေး၊ လက်ဖက်များပါသော ဘုရားပွဲ တစ်ခုလည်း ပြင်ဆင်၍ တင်ထားကြ သည်။ သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့ ညတွင် ပန်း၊ ရေချမ်း၊ ဆီမီး ခွက်၊ အမွှေး တိုင်များဖြင့် အကြိုည
အဖြစ် စတင်လှူဒါန်းပူဇော်ကြသည်။

🌸အဆိုပါ ညနေတွင် နံနက်မိုး သောက် ချိန်ဘုရားဆွမ်းတော်တင်ရန် အတွက် သီးနှံယိုအမျိုးမျိုး၊ မုန့်အမျိုး မျိုးတို့ဖြင့် ကြိုတင်စီမံပြုလုပ်ထားပေသည်။ မိမိခြံအတွင်းမှ ထွက်ရှိသော သစ်သီးဝလံ၊ ပန်းမျိုးစုံများကိုလည်း ပတ်ဝန်းကျင် အိမ်နီးနားချင်းသို့သွား ရောက် လှူဒါန်းကြသည်။ ကြိုတင်ပြင် ဆင်မှုများ
အတွက် အိမ်တိုင်းလိုလိုပင် ကိုယ်စီ အလုပ်များနေကြသည်။ ထိုညနေပိုင်းမှာပင် ဘိုးဘွားမိဘများကို သွားရောက် ကန်တော့ကြသည်လည်း ရှိပေသည်။ အချို့လည်း လပြည့်နေ့ နံနက်ပိုင်းတွင် ကန်တော့ကြသည်။

🌸သီတင်းကျွတ်လပြည့်နေ့ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ အချို ၊ အချဉ် ၊ ယိုမျိုးစုံ၊ မုန့်မျိုးစုံတို့ကို ဘုရားကျောင်းဆောင် အတွင်းတွင်တင်ထားပြီး တာဝတိံသာ နတ်ပြည်မှ လူပြည်သို့သက်ဆင်းတော်မူ မည်ဖြစ်သော မြတ်စွာဘုရားကို ရည်မှန်းကာ ''ချိန်ဆန်ပွတ်''အတွင်းသို့ ကြွရောက် သီတင်းသုံးတော်မူပါရန် ပင့်ဖိတ်လျှောက်ထား ရှိခိုးလျက် လှူဖွယ်ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်များကိုဆက်ကပ်လှူဒါန်း ပူဇော်မှုပြုကြပေ သည်။

🌸ကလေးသူငယ်များကလည်း မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ပစ်ဖောက် ကြသည်။ နံနက်မိုးလင်းသောအခါ ရဟန်း ၊ သံဃာတော်များအား ပူဇော် ကန်တော့ရန်နှင့် ဥပုသ်သီတင်းသီလ ဆောက်တည်ရန် မိသားစုများ စုစည်းပြီး ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကြသည်။

🌸သီတင်းကျွတ်လပြည့် ညတွင် ဘုရား
ကျောင်းဆောင် ပတ်လည်နှင့် အဝင်လမ်းတစ်ဖက်တစ်ချက်၌ ပျားဖယောင်းကို ပြုလုပ်ထားသော ဆီးမီး ခွက်များဖြင့် မီးကြာများပေါ်တွင် တင်ကာ ထိန်ထိန်လင်းနေအောင် မီးပူဇော် လှူဒါန်းကြသည်။ ထိုသို့ ချိန်ဆန်ပွတ်(သင်ပုတ်စင်) ကျောင်း ထားရှိကာ ပူဇော်လှူဒါန်း
ခြင်းကို သီတင်းကျွတ်လပြည့်ကျော် ၈ ရက် အထိ ထားရှိ ပူဇော်လေ့ရှိကြသည်။

🌸သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့ညတွင် အိမ်မကြီးအဝင် တံခါး၊ အိမ်ဝင်းခြံအတွင်းပေါက်၊ အိမ်လှေကား အိ မ်တွင်းရှိ အဝတ် အထည် သေတ္တာ၊ ရွှေငွေ သေတ္တာ ၊ မီးဖို၊ ဆန်အိုး၊ ရေတွင်း၊ စပါးကျီစသည့်နေရာ များတွင် ဆီမီးထွန်းညှိပူဇော်ကြ သည်။

🌸သက်ဆိုင်ရာ အစောင့်အရှောက် များကို ပူဇော်ခြင်းဖြစ်ပြီး လာဘ်လာဘ ရွှင်အောင် ဥစ္စာပစ္စည်း၊ ရွှေငွေရတနာ ပစ္စည်းများတိုးပွားလာအောင် ထွန်းညှိ ပသခြင်း ဖြစ်သည်ဟု အယူအဆရှိကြ သည်။

🌸လယ်မြေ၊ ယာမြေ ၊ စပါးခင်း၊ သီးနှံ ခင်းများတွင်လည်း မီးကြာတစ်တိုင် စိုက်ထူပြီး ထွန်းညှိပူဇော်ထားကြသည်။

🌸အဆိုပါနေ့ညဘက်တွင် ကျေးရွာ/
ရပ်ကွက်အလိုက် စုပေါင်းပြီး မီးကြာ ပဒေသာများ၊ ရောင်စုံမီးပုံးများပြု လုပ်လျက်
''တိန်းဟိန်'' ခေါ် မီးထောင် ပြည့်ပူဇော်ပွဲများ ကျင်းပကြပေသည်။

🌸ရပ်ရွာအတွင်း စီတန်းလှည့်လည် ပြီး
ဘုန်းတော်ကြီးကျောင်းများသို့သွားရောက် လှူဒါန်းပူဇော်ကြသည်။ စီတန်းလှည့်လည်ရာတွင် ရှမ်းအိုးစည် ဗုံမောင်းတီးမှုတ်၍ တိုးနယား အက၊ ကိန္နရာအက၊ ဓားသိုင်း၊ လှံသိုင်းအက များလည်း ကပြဖျော်ဖြေကြသည်။

🌸သီတင်းကျွတ်လပြည့်နေ့ နောက်ပိုင်းတွင် ရပ်ဝေးဒေသရှိ ဘိုးဘွားမိဘများရှိရာသို့ ညအိပ်ညနေ သွားရောက် ကန်တော့ကြ သည့် အစဉ်အလာရှိသည်။

🌸ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအစဉ်အလာအရ ရာသီ အလိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် တစ်မူးရလို့ တစ်ပဲလှူ ၊ ဒို့ရှမ်း တောင်သူ တူနိုင်ရိုးလား ဆိုရိုးစကားအတိုင်း အလှူဒါနပြုရာတွင် ရက်ရောလှကြောင်း
​တွေ့ မြင်နိုင်သည်။ မိဘဘိုးဘွားအစဉ် အလာကောင်းများကို သားသမီး မြေးမြစ်များက ဆက်ခံပြီး မိမိတို့၏ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ပျောက်ကွယ်မသွားအောင် မျက်ခြည် အပြတ်မခံဘဲ ထာဝရထိန်းသိမ်းကြရ မည်ဖြစ်ပါကြောင်း ရေးသားတင်ပြရ ပါသည်။

by စိုင်း(သီပေါ) မြန်မာ့အလင်း
credit~

ဒီလို ကိုဗစ်ကာလမှာ ပဌာန်းရွတ်တာ အကောင်းဆုံးပါနော်ပဌာန်းကျမ်း 5 ကျမ်း စာမျက်နှာပေါင်း 2640 ကို ရွတ်ဖို့ ခွဲထားပေးတာ ကြည့်...
28/10/2020

ဒီလို ကိုဗစ်ကာလမှာ ပဌာန်းရွတ်တာ အကောင်းဆုံးပါနော်
ပဌာန်းကျမ်း 5 ကျမ်း စာမျက်နှာပေါင်း 2640 ကို ရွတ်ဖို့ ခွဲထားပေးတာ ကြည့်ကြည့်ပေးပါနော်

24/10/2020

Address

Namlan

Telephone

+959784065385

Website

Alerts

Be the first to know and let us send you an email when The IQ EQ Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The IQ EQ Hub:

Share