Inspired Verses

Inspired Verses စိတ်ခွန်အားဖြစ်စေမယ့် ကဗျာ၊စာစုများ

03/09/2026

ကိုယ်တတ်နိုင်သလောက်တော့ ကူညီပေးပါတယ်လေ😂

ကဲ..ကဲ...ဧည့်သည်တွေ လက်ခံနေပါပြီနော်..ညစာလေး အတူစားကြရအောင်လားဗျာ..တစ်ယောက်တည်းဘဝက အထီးကျန်လွန်းလို့ပါ..ကြက်သားအရေသောက်ခ...
03/09/2026

ကဲ..ကဲ...ဧည့်သည်တွေ လက်ခံနေပါပြီနော်..
ညစာလေး အတူစားကြရအောင်လားဗျာ..
တစ်ယောက်တည်းဘဝက အထီးကျန်လွန်းလို့ပါ..
ကြက်သားအရေသောက်ချဉ်စပ်လေး ၊ ငါးကြော် ၊ချဉ်ပေါင်ကြော် ၊ ဖရုံညွှန့်ကြော်ချက် ၊ ငပိရည် ၊တို့စရာ လေး အစုံအလင်ပါတာမို့ မကုန်ခင်လာဖို့ ဖိတ်ခေါ်ပါရစေ😋😋

"အညတရသမား၏ ရင်ဘတ်မှစကား"အသိုက်မြုံအို မလှမပတဲ့အမှိုက်ပုံလို ငါ့ဘဝကိုမင်း ထားပြသွားတာဟာလည်းစဉ်းစားရမယ့်အရာ မဟုတ်သလို..အငြ...
03/09/2026

"အညတရသမား၏ ရင်ဘတ်မှစကား"

အသိုက်မြုံအို မလှမပတဲ့
အမှိုက်ပုံလို ငါ့ဘဝကို
မင်း ထားပြသွားတာဟာလည်း
စဉ်းစားရမယ့်အရာ မဟုတ်သလို..
အငြင်းပွားရမယ့်အရာလည်း မဟုတ်ပါဘူးလေ..

အခြေမှန်အဟုတ် ကို အများအမြင်ပဲမို့
မချေမငန်လုပ်လိုတဲ့ အားအင်လည်း..
ငါ့မှာ မရှိပါဘူး..

အချစ်က ပစ်ချတဲ့နေရာမှာပဲ
အသစ်စလို့ နှစ်လ ရှည်ကြာစွာ..
ဝမ်းရေးမစုံမလင်တဲ့ကြားက
လွမ်းဆွေးနေရုံမှတစ်ပါး
ရွေးချယ်စရာအခွင့်ရေး မရှိသူပါလေ...

ရေနံ့သာ နိုင်ထွန်းလူ

နံနက်စာ မုန့်ပျားသလက်လေး စားကြမယ်လေ..
03/09/2026

နံနက်စာ မုန့်ပျားသလက်လေး စားကြမယ်လေ..

"ကံအကြောင်းမလှတဲ့ အညတရ" မြတ်နိုးစွား တွယ်တာသမျှ ကွယ်ရာက ချစ်တော့မည်။ ဂုဏ်ဓနအရာ အလေးမသာသေးတော့ သုည ငါ  ဝေးရာပြေးလို့ အဆွေ...
02/09/2026

"ကံအကြောင်းမလှတဲ့ အညတရ"

မြတ်နိုးစွား တွယ်တာသမျှ
ကွယ်ရာက ချစ်တော့မည်။

ဂုဏ်ဓနအရာ အလေးမသာသေးတော့
သုည ငါ ဝေးရာပြေးလို့
အဆွေးကဗျာရေးပြီ..။

အမြင့်ပန်းလေးမို့ မလှမ်းသာသည်
အလွမ်းစာစီ ရုံပေါ့ နေ့စဉ်အမြဲ။

အခြေမဲ့တာ အကြောင်းပြလို့
နင်နင်ငါ မပေါင်းရ
နှောင်းဘဝ ကံပဲ ။ ။

ရေနံ့သာ နိုင်ထွန်းလူ

02/09/2026

တစ်ချို့ကိစ္စတွေက အဲလိုလုပ်နေကြတာတွေ့နေရတယ်

02/09/2026

အိမ်က နိုနိုကဆွဲတယ် ကိုကိုကပြေးတယ်

မိမိကိုယ်ကို  အဲလိုလေးဆုံးမပြီး နေ့သစ်ကို အစပျိုး ၍ တစ်နေ့တာဖြတ်သန်းကြည့်ပါ..လောဘစုံဖက်ဒေါသထွက်၍အပျက်သဘောမစစ်ကြောဘဲလွင့်...
02/09/2026

မိမိကိုယ်ကို အဲလိုလေးဆုံးမပြီး နေ့သစ်ကို အစပျိုး ၍ တစ်နေ့တာဖြတ်သန်းကြည့်ပါ..

လောဘစုံဖက်
ဒေါသထွက်၍
အပျက်သဘော
မစစ်ကြောဘဲ
လွင့်မျောရင်းသာ
မေ့လျော့ပါမူ
သင်ဟာ လူမိုက် ဖြစ်တော့သည်။
သံသရာဘယ်တော့ လွတ်လိမ့်နည်း။ ။

နိုင်ထွန်းလူ

ယနေ့ညစာကတော့.. အိမ်လုပ်ခေါက်ဆွဲနဲ့ ကြက်ကင်ဝယ်စားပါတယ်ဗျာ.. ကြိုက်တတ်ရင် ဝင်ဆွဲလို့ ရပါတယ်နော်😋
01/09/2026

ယနေ့ညစာကတော့..
အိမ်လုပ်ခေါက်ဆွဲနဲ့ ကြက်ကင်ဝယ်စားပါတယ်ဗျာ..
ကြိုက်တတ်ရင် ဝင်ဆွဲလို့ ရပါတယ်နော်😋

 #ဒီဘဝဒီအမျှ  အဖြည့်ခံ လူသားတစ်ယောက်မို့  သူများလောက်တော့ မပျော်ရွှင်။  အထီးကျန်စွာ ကဗျာတွေရေးမယ်  ငါမသေသေးခင်။  စိတ်ထား...
01/09/2026

#ဒီဘဝဒီအမျှ

အဖြည့်ခံ လူသားတစ်ယောက်မို့
သူများလောက်တော့ မပျော်ရွှင်။

အထီးကျန်စွာ ကဗျာတွေရေးမယ်
ငါမသေသေးခင်။

စိတ်ထားလေးတော့ မွန်မြတ်ချင်
ရင်ဘတ်တွင် ဖြူနေဖို့။

ဝဋ်ကြွေးတွေ သံသရာအထိ
မရှိချင်တော့လို့။ ။

ရေနံ့သာ နိူင်ထွန်းလူ

Address

Hnin Si Street
Namsang

Website

Alerts

Be the first to know and let us send you an email when Inspired Verses posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share