NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ

  • Home
  • Myanmar
  • Natogyi
  • NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ

NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ - နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ

သတင်းပေးပို့နိုင်ပါသည်
************************
နွားထိုးကြီးမြို့နယ်သူ/သားများခင်ဗျာ မိမိတို့ပတ်ဝန်းကျင်မှာရှိသည့် ထူးခြားသည့် အကြောင်းအရာများကို ဓာတ်ပုံ၊ရုပ်သံရိုက်ကူး၍သော်၎င်း၊သတင်းအရင်းအမြစ်ခိုင်လုံစွာဖြင့် "NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ" သို့ ပေးပို့နိုင်ပါတယ်။အဝေးရောက် နွားထိုးကြီးမြို့နယ်သူ/သားများနှင့်နွားထိုးကြီးမြို့နယ်ဒေသခံများကို အချိန်နှင့်တပြေးညီ သတင်းမှန်များ သိရှိ

စေရန် အတတ်နိုင်ဆုံးဖော်ပြပေးပါမည်။

(သတင်းပေးပို့လိုလျှင် "NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ" PAGE MESSENGER မှ ဆက်သွယ် ပေးပို့နိုင်ပါသည်။ပေးပို့သူ၏ အမည်နံမကို လုံခြုံရေးအရ အထူးလျို့ဝှက်ထားပေးမည်။)

# NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ

27/04/2025
09/04/2025
😢
25/03/2025

😢

■ကဗျာ‘စစ်ပွဲတွေပြီးရင်’ ◼️ယောနသံရဲဘော်လေးရဲ့အလောင်း မြေချအပြီးဘုန်းတော်ကြီးက ပြောတယ်"စစ်ပွဲတွေဖြစ်ရင် ...ယောက်ျားတွေက သေ...
04/02/2025

■ကဗျာ

‘စစ်ပွဲတွေပြီးရင်’

◼️ယောနသံ

ရဲဘော်လေးရဲ့အလောင်း မြေချအပြီး
ဘုန်းတော်ကြီးက ပြောတယ်
"စစ်ပွဲတွေဖြစ်ရင် ...
ယောက်ျားတွေက သေစေနိုင်မယ့်
ရွေးချယ်မူတွေကိုပြုကြပြီး
မိန်းမတွေကတော့
အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ
တွေးပူကြသတဲ့"။

လမ်းဘေးမှာ မူးလဲ‌နေတဲ့
အမူးသမားတစ်ယောက်က ပြောတယ်
"စစ်ပွဲတွေ ပြီးသွားရင်...
ယောက်ျား‌တွေအတွက်
ကဗျာတွေ ကျန်ရစ်ခဲ့ပြီး
အမျိုးသမီးတွေအတွက်တော့
အိပ်မက်ဆိုးတွေ ကျန်ခဲ့လိမ့်မယ်.." တဲ့ ။

ဈေးထဲက ချိုင်းထောက်နဲ့ အရူးတစ်ယောက်
တွေ့ရာလူ လိုက်ပြော‌နေတယ်...
"စစ်ပွဲတွေက ယောက်ျားတွေကို ပိုလိုအပ်ပြီး
‌ယောက်ျားတွေ စစ်ပွဲကိုအောင်နိုင်ဖို့အတွက်တော့
မိန်းမတစ်ယောက်ရဲ့ အချစ်လိုအပ်တယ်..." တဲ့ ။

သူ့အမေရဲ့လက်ကိုဆွဲကိုင်ရင်း
ကလေးတစ်ယောက်က မေးတယ်
"စစ်ပွဲကြီးပြီးရင် အဖေပြန်လာမှာလား..?" တဲ့ ။

မုဆိုးမတစ်ယောက်က
သူ့ကလေးရဲ့လက်ကို ကျစ်ကျစ်ကိုင်ရင်းပြောတယ်
"ဒါပေမယ့်...
အနာဂတ်အတွက်တော့ မိန်းမတွေကို
ပို လိုအပ်ပါတယ်..." တဲ့။

(The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ 'ယောနသံ' ရဲ့ "စစ်ပွဲတွေပြီးရင်"ကဗျာကို NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

31/01/2025

NPDF ဟုခေါ်သည်။

#နွားထိုးကြီး
နေရာတိုင်းမှာရှိတယ်။
#နွားထိုးကြီးမြို့နယ်လူငယ်များစုစည်းရာ

31/01/2025

နွားထိုးကြီးမြို့နယ်အတွင်း တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအား တိုက်ခိုက်ရာ လက်နက် (၃၉) လက် သိမ်းဆည်းရ
ဇန်နဝါရီလ ၃၀ ရက်
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅) နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်အား တိုက်ခိုက်ရာ လက်နက် (၃၉) လက် သိမ်းဆည်းရမိသည်။
၎င်းစစ်ကြောင်းအား ဇန်နဝါရီလ (၃၀) ရက် နံနက်ပိုင်းတွင် မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) ပူးပေါင်းအဖွဲ့တို့မှ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိပြီး ဗိုလ်မှူး ရန်လင်းအောင် ထိခိုက်‌ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်းသိရ၍ (၈) ဦး ဖမ်းဆီးရမိသည်။
သိမ်းဆည်းရမိသော လက်နက်/ ခဲယမ်းများမှာ MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ဖြစ်သည်။
၎င်းတိုက်ခိုက်မှုအတွင်း တံတားဦးမှ ထွက်လာသော Mi-35 (၁) စီးဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့သည်။
အမှတ် (၁) စစ်ဒေသ...

#မြင်းခြံခရိုင်အမှတ်၄တပ်ရင်း
#မြင်းခြံခရိုင်အမှတ်၁၀တပ်ရင်း

#နေရာတိုင်းမှာNPDF ရှိတယ်

26/01/2025
13/12/2024
26/11/2024

နွားထိုးကြီးမြို့ပေါ်နှင့် မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း နွားထိုးကြီးပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ လယ်သစ်ပျူစောထီးကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းရန် အစည်းအဝေးခေါ်ယူပြီး မဲနှိုက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မြင်းခြံမြို့ ဆေးရုံသို့ သယ်ဆောင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း -Natogyi People Defence Force ၊ မြင်းခြံ ခရိုင် အမှတ် ၁၀ တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ အမှတ် ၁၈၄၈ ၊ Myingyan District Drone Strike နှင့် ရွှေခြံသား ပြောက်ကျားတပ် ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Address

Natogyi

Website

Alerts

Be the first to know and let us send you an email when NYC- နွားထိုးကြီးမြို့နယ် လူငယ်များစုစည်းရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share