28/05/2026
အလှူရှင်တွေရဲ့ မေတ္တာနဲ့ ပြည်သူတွေရဲ့
ထောက်ပံ့မှုကို လေးနက် ထားပြီး
ကျေးဇူးတင်ပါတယ် ခင်ဗျာ 🙏🙏🙏
"ခက်ခဲကြမ်းတမ်းနေတဲ့ အချိန်မျိုးမှာ
ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြားထဲက
ကူညီလိုက်တဲ့ ရေတစ်ပေါက်ဟာ
ကျွန်တော်တို့ ရဲဘော်တွေအတွက်
အသက်ဆက်နိုင်မယ့် အားဆေးတစ်ခွက်ပါ။
အလှူရှင် ပြည်သူတစ်ဦးချင်းစီကို
အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါတယ်။ ❤️
မိဘပြည်သူတွေက ငွေကြေးအင်အားနဲ့
သမိုင်းပေးတာဝန်ကို
ကျေပွန်အောင် ထမ်းဆောင်ပေးကြသလို
ကျွန်တော်တို့ကလည်း ဝယ်လို့မရတဲ့
အသက်နဲ့ သွေးကိုရင်းပြီး
တော်လှန်ရေးတာဝန်ကို
အဆုံးထိ ကျေပွန်ပြပါ့မယ်။ 👍💪