Baby Chan Baby/Kids Accessories

Baby Chan Baby/Kids Accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Chan Baby/Kids Accessories, Digital creator, Ottarathiri, Naypyidaw.

 #အဝတ်အခြောက်ခံစက် 🌞👚👕👖🩱✅ Price... 130000 ks ✨🛒 instock (deli ရောက်တဲ့မြို့နယ်တိုင်း COD ရပါတယ်ရှင့်)ဒီတခေါက်ပစ္စည်းဈေးတ...
12/07/2025

#အဝတ်အခြောက်ခံစက် 🌞👚👕👖🩱
✅ Price... 130000 ks ✨
🛒 instock (deli ရောက်တဲ့မြို့နယ်တိုင်း COD ရပါတယ်ရှင့်)
ဒီတခေါက်ပစ္စည်းဈေးတက်သွားပါပြီ
လက်ကားဈေးတော့ သီးသန့်ပါရှင်

🍀မိုးတွင်းဖက်က စိုထိုင်းပြီး
အဝတ်တွေ မခြောက်လွယ်တာမို့
ဒီစက်လေးက အရမ်းအသုံးတည့်တယ်ရှင်
🍀ချိတ်လေးတွေနဲ့ ချိတ်ပြီး အခြောက်ခံရတာမို့ ခြောက်သွားရင်လည်း အဝတ်တွေက ပြန့်ပြန့်လေး မီးပူတောင် တိုက်စရာမလိုတော့ဘူး
🍀ပိုးသတ်ပြီးသားလည်း ဖြစ်သွားတာမို့ အလာ့ဂျစ်ထတာ ယားယံတာ
မှိုနံ့စွဲတာ ဖားဥတက်တာတွေ မဖြစ်တော့ဘူးနော်
ကလေးငယ်ရှိတဲ့အိမ်တွေ ကျောင်းသားရှိတဲ့အိမ်တွေအတွက်လည်း အရမ်းအသုံးဝင်တယ်ရှင်

🍀နွေရာသီဆိုလည်း အပို လုံးဝမဖြစ်ဘူးရှင်
အပေါ်က အပူခံအစွပ်ကို ချွတ်ပြီး အဝတ်လှမ်းစင်အဖြစ်လဲ သုံးလို့ရသေးတယ်

🍀အဝတ်အခြောက်ခံစက်လေးရဲ့ခံနိုင်ရည်အလေးချိန်ကတော့ 25kg ပါ

အဝတ်လှန်းရန်နှစ်ဆင့်ပါပါတယ်
မိမိလိုအပ်သလို အဝတ်အစား အထူအပါးပေါ် မူတည်ပြီး timer ကိုလိုအပ်သလို ချိန်နိုင်ပါတယ်

🍀မိုးတွင်း အဝတ်တွေကမခြောက်လို့ဆိုပြီး အိမ်ရှင်မတွေ စိတ်အညစ်မခံပါနဲ့ ရှင်
ဒါတွေကိုဖြေရှင်းဖို့ ဒီစက်ကလေးဝယ်ထားလိုက်ပါနော်
အိမ်ဦးနတ်တို့ကလည်း ကိုယ့်မဟေသီကို surprise တိုက်ပြီး လက်ဆောင်ဝယ်ပေးရင် အရမ်းကိုမျက်နှာပန်းလှမှာပါရှင်

❤️ မိတ်ဆွေတွေကို မွေးနေ့လက်ဆောင်ပေးချင်ရင်ပဲဖြစ်ဖြစ်
မင်္ဂလာလက်ဖွဲ့ပေးချင်ရင်ပဲဖြစ်ဖြစ်
ချစ်သက်လက်ဆောင် ပေးဖို့ပဲဖြစ်ဖြစ် အားမနာတမ်း လာမှာလို့ရပါပြီရှင့်
(လက်ဆောင်ပေးဖို့လို့ပြောလိုက်ရင် ပါကင်စက္ကူလှလှလေးနဲ့လည်း ထုပ်ပေးဦးမှာပါ)
အွန်လိုင်းက မှာယူနိုင်သလို ဆိုင်လာဝယ်ရင်လည်းရတယ်ရှင့်

ကလေးတွေအတွက် လွယ်လွယ်ကူကူ မနက်စာ 🥞🍞🥣🥛🥤ပေါင်မုန့်ကြက်ဥကြော် မွှေးမွှေးလေးကြက်ဥနွားနို့သကြားအုန်းနို့နဲ့ဆား အနည်းငယ်စီပါဝင...
28/08/2024

ကလေးတွေအတွက် လွယ်လွယ်ကူကူ မနက်စာ 🥞🍞🥣🥛🥤
ပေါင်မုန့်ကြက်ဥကြော် မွှေးမွှေးလေး
ကြက်ဥ
နွားနို့
သကြား
အုန်းနို့နဲ့ဆား အနည်းငယ်စီ
ပါဝင်ပစ္စည်းတွေအားလုံးရောခလောက်ပြီး ပေါင်မုန့်ခဏလောက်ထည့်စိမ်ပါမယ်
မကပ်အိုးကို ထောပတ်/ဆီသုတ်ပြီး စိမ်ထားတဲ့ပေါင်မုန့်ထည့်ပါမယ်
အပေါ်ယံနှမ်းလေးနည်းနည်းဖြူးပြီး အိုးအဖုံးပိတ်
ကျက်ရင် နောက်တဖက်ကိုလှန်အဖုံးခဏပိတ်ပြီးရင် ရပါပြီ

သားသားမီးမီးတို့အကြိုက်တွေ့စေရမယ့်ငါးအသားလိပ်ကြော် 🥢👇🏻👇🏻👇🏻ငါးဖယ်ခြစ်ကြက်သား/ဝက်သား ကြိတ်သားကြက်သွန်ဖြူထောင်းကော်မှုန့်သက...
27/08/2024

သားသားမီးမီးတို့အကြိုက်တွေ့စေရမယ့်

ငါးအသားလိပ်ကြော် 🥢
👇🏻👇🏻👇🏻
ငါးဖယ်ခြစ်
ကြက်သား/ဝက်သား ကြိတ်သား
ကြက်သွန်ဖြူထောင်း
ကော်မှုန့်
သကြား
အရသာမှုန့်
ဆားနဲ့ငြုတ်ကောင်းမှုန့်အနည်းငယ်

ပါဝင်ပစ္စည်းတွေအားလုံးကို ရောသမမွှေ
ပုစွန်ကို အလယ်မှာဌာပနာထည့် အသားလုံးလုံးပြီး ဆီပူပူမှာ ရဲလာအောင်ကြော်ပေးရုံပါရှင်
French fries 🍟 တွေကတော့ အပိုbonus ပေါ့ရှင်
ဆီကြော်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပေမယ့် တခါတလေ ကလေးစားချင်ရင်တော့ အိမ်မှာဆီသန့်သန့်နဲ့ ကြော်ကျွေးဖြစ်ပါတယ်

 #ငါးကြော်အရိုးနူးနှပ် 🐟🍛ငါးဟင်းဆိုရင် ညှီတယ် မစားချင်ဘူးဆိုတဲ့သားသားမီးမီးတွေကို ဒါမျိုးချက်ကျွေးကြည့်ပါနော်🐟 နှစ်သက်ရာ...
24/08/2024

#ငါးကြော်အရိုးနူးနှပ် 🐟🍛
ငါးဟင်းဆိုရင် ညှီတယ် မစားချင်ဘူးဆိုတဲ့
သားသားမီးမီးတွေကို ဒါမျိုးချက်ကျွေးကြည့်ပါနော်
🐟 နှစ်သက်ရာ ငါးတမျိုးမျိုးကို ဆား နနွင်း အရသာမှုန့်ထည့်ပြီး ကြံပ်ကြွပ်ကြော်ထားပါမယ်
🥘 နှပ်မယ့်အိုး (pressure cooker) ထဲကို
ကြက်သွန်နီ လေးစိပ်စိပ်
ကြက်သွန်ဖြူ
ဂျင်း စပါးလင် (ထုထားတာတွေ)
ရှာလကာရည်အနည်းငယ်
ငါးကြော်
ဆီ
မုန်လာဥနီ ကြိုက်ာင်ထည့်
ရေမြုပ်အောင်ထည့်ပြီး အရိုးနူးတဲ့အထိ
(နာရီဝက်လောက်) တည်ပြီးရင် ရပါပြီ

#အိမ်ကသမီးလေးသိပ်ကြိုက်တဲ့ဟင်းတမယ်မို့ မျှဝေပေးတာပါရှင် ❤️

04/08/2024
လွယ်ကူရိုးရှင်း ကြက်ဆီထမင်း 🍗 ✅ ကြက်ပြုတ်ရည်အတွက်ကြက်အသားနဲ့အရိုးကို ရေနွေးပွက်ပွက်ဆူထဲ ၃မိနစ်ပြုတ်ပြီး ပထမ ၁ရည် သွန်ပါမ...
04/08/2024

လွယ်ကူရိုးရှင်း ကြက်ဆီထမင်း 🍗

✅ ကြက်ပြုတ်ရည်အတွက်
ကြက်အသားနဲ့အရိုးကို ရေနွေးပွက်ပွက်ဆူထဲ ၃မိနစ်ပြုတ်ပြီး ပထမ ၁ရည် သွန်ပါမယ်
ရေလိုသလောက်ထပ်ထည့်ပြီး နာရီဝက်ထပ်ပြုတ်ပါမယ်
ကြက်ဆီထမင်းရဲ့ အသက်ဖြစ်တဲ့ ကြက်ရေခွံကိုအိုးပူထဲဆီနည်းနည်းထည့်ပြီး အဆီထုတ်ထားပါမယ်
ကြက်ရေခွံကြော် နီလာရင် ဆယ်ပြီး
နံနံပင်အမြစ်နဲ့ကြက်သွန်ဖြူထောင်းထားတာဆီသတ်ပါမယ် (ကြက်သွန်ဖြူ မတူးရအောင် မီးပိတ်ပြီးမှ ဆီသတ်ပါနော်)
✅ ထမင်းပေါင်းအိုးထဲကို ပုံမှန်ထမင်းချက်သလိုပဲ ချက်ပါမယ်
ရေအစား ကြက်ပြုတ်ရည်ည်သုံးပြီးတော့
ကြက်ရေခွံဆီနဲ့ ဆီသတ်ထားတဲ့ဆီချက်ရယ်
သကြားနည်းနည်း ဆားနည်းနည်းရယ်ထည့်ပြီးခလုတ်နှိပ်ရုံပါပဲ (အချိုကြိုက်ရင်တော့ သကြားပိုထည့်ပေးပါ)
🍗ကြက်ကြော်အတွက်ကတော့
ကြက်သားကို ဓါးနဲ့မွှန်းပြီး
ဆား dashi ဆနွင်း နည်းနည်း
ဂျင်း ကြက်သွန်ဖြူ နည်းနည်း ထောင်းထားတာရယ် ထည့်နှပ်ပြီး မီးအနေတော်နဲ့ လိုချင်တဲ့ အနေအထားရအောင် ကြော်လိုက်တာပါပဲ
🥣 လူကြီးတွေစားဖို့ကျ Thai sauce လေးလုပ်ပေးထားပါတယ်
သံပုရာရည်ရယ်
ကြက်သွန်ဖြူနဲ့ ငြုတ်သီးစိမ်းထောင်းထားတာရယ်
သကြား dashi ငံပြာရည်ရယ်ကို
ရေနည်းနည်း ရောပြီး အရသာလိုသလိုပြင်လိုက်ရုံပါပဲရှင် ❤️

21/07/2024
မင်္ဂလာနံနက်ခင်းပါရှင် 🙏🏻Page က OS လုံးဝ မရောင်းတော့ပါရှင်(အရောင်းနားတာလည်း တနှစ်ပြည့်ပါပြီ)အချိန်ရရင် မေမေတို့အတွက် အကျ...
21/07/2024

မင်္ဂလာနံနက်ခင်းပါရှင် 🙏🏻
Page က OS လုံးဝ မရောင်းတော့ပါရှင်
(အရောင်းနားတာလည်း တနှစ်ပြည့်ပါပြီ)
အချိန်ရရင် မေမေတို့အတွက် အကျိုးရှိပြီး ဗဟုသုတရမယ့် မုန့်လုပ်နည်း ဟင်းချက်နည်းလေးတွေ Page မှာ တင်ပေးဦးမယ်ရှင့်

05/09/2023
🦑 ပြည်ကြီးငါးချိုချဉ်ကြော် 🦑သားသားမီးမီးတို့ကို ပြည်ကြီးငါးကျွေးချင်တယ် ... ညှီမှာလည်းစိုးရိမ်နေတယ်ဆိုရင်ဒါမျိုးလေးချက်ေ...
31/08/2023

🦑 ပြည်ကြီးငါးချိုချဉ်ကြော် 🦑
သားသားမီးမီးတို့ကို ပြည်ကြီးငါးကျွေးချင်တယ် ... ညှီမှာလည်းစိုးရိမ်နေတယ်ဆိုရင်
ဒါမျိုးလေးချက်ကျွေးကြည့်ပါနော်
Main point ကတော့
ပြည်ကြီးငါးကို သေးသေးလေးတွေညှပ်
ဂျင်း ကြက်သွန်ဖြူ ပိစိလေး ထောင်းထည့်
ငြုတ်ကောင်းမှုန့် ဆား ပိစိလေးထည့်
တန်ပူရာမှုန့်/ရွှေလိပ်ပြာမှုန့်နဲ့ ကြွပ်နေအောင်အရင်ကြော်လိုက်တာပါ
အိမ်က မီးမီးလေးကတော့ သိပ်ကြိုက် 😍
နဂိုကတည်းက အသီးအရွက် အသီးအနှံကြိုက်တဲ့ကလေးမို့ အိုခေစိုပြေပြီပေါ့ 😊

Online Shop လေး အရောင်းရပ်တော့မှာမို့လို့ပါပစ္စည်းတွေလည်းကုန်သလောက်ရှိပြီမို့ နောက်ဆုံးလက်ကျန် လျှောလေးတွေ စျေးလျှော့ရော...
12/08/2023

Online Shop လေး အရောင်းရပ်တော့မှာမို့လို့ပါ
ပစ္စည်းတွေလည်းကုန်သလောက်ရှိပြီမို့ နောက်ဆုံးလက်ကျန် လျှောလေးတွေ စျေးလျှော့ရောင်းပေးမယ် (အရောင်ရွေးမရပါ) 🥰
ယခင် 🛑 75000
ယခု ✅ 65000
Cb မှာ နာမည် လိပ်စာ ဖုန်းနံပါတ် အရင်ပေးသူတွေသာ ရပါမယ်ရှင့်

စျေးကွက်ဖျက်တာလုံးဝမဟုတ်ရပါမေမေတို့ရေ ... ပစ္စည်းတွေ မသိမ်းချင်တော့လို့ပါရှင့် 🥰
တခြားအလုပ်တွေကိုလည်း သေချာအာရုံစိုက်ချင်လို့ပါ
ယခုအချိန်ထိ အားပေးခဲ့ကြတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
အားလုံးပဲ ဘေးရန်ကင်းရှင်း ကျန်းမာကြပါစေ🙏🏻

Address

Ottarathiri
Naypyidaw

Telephone

+959798015759

Website

Alerts

Be the first to know and let us send you an email when Baby Chan Baby/Kids Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share