Ray’s Game Hub

Ray’s Game Hub Call Me RAY ☘️

26/05/2025

scrim play mal

22/03/2025

classic game play

09/03/2025

BLACK MYTH WUKONG
ရှယ်ပဲ🥲

ဘယ်နေရာပဲ ရှိနေရှိနေပါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေတာပဲအဓိပ္ပါယ်ရှိတယ် ။ ကိုယ်ပိုင်ဝင်ငွေမှ မရှိရင်ကိုယ်လုပ်ချင်တဲ့ အိပ...
21/02/2025

ဘယ်နေရာပဲ ရှိနေရှိနေပါ
ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နေတာပဲ
အဓိပ္ပါယ်ရှိတယ် ။
ကိုယ်ပိုင်ဝင်ငွေမှ မရှိရင်
ကိုယ်လုပ်ချင်တဲ့ အိပ်မက်တွေ
ကိုယ့် ရည်မှန်းချက်တွေ
အများကြီး ဆုံးရှုံးရတတ်တယ် ။
တစ်ခုခု မဝယ်ခင်
တစ်ခုခု မစားခင်
မျက်နှာ ကြည့်နေရတာတွေက
ပိုပြီး ပင်ပန်းတယ် ။
အလကားကျွေးထားရမယ်ဆိုရင်
မိဘက လွဲလို့
ဘယ်သူမှ မသထာဘူး
ဘယ်သူ့ကိုမှ မမှီခိုနဲ့
မှီခိုဆိုတဲ့ စကားလုံးတွေအနောက်မှာ
မျက်နှာ ငယ်ရတတ်တယ်။

စကားနည်းနည်းပြောခြင်း (သို့) စကားလုံးတွေကို သေချာရွေးချယ်ပြီး ပြောဆိုခြင်းဟာ လူမှုဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုး...
20/02/2025

စကားနည်းနည်းပြောခြင်း (သို့) စကားလုံးတွေကို သေချာရွေးချယ်ပြီး ပြောဆိုခြင်းဟာ လူမှုဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းကို အောက်ပါအချက်တွေနဲ့ ရှင်းပြပါမယ်။
🌿🌿🌿🌿🌿
# # # **အဓိကအကျိုးကျေးဇူးများ**
1. **နားထောင်မှုစွမ်းရည် တိုးတက်ခြင်း**
စကားနည်းနည်းပြောပြီး အခြားသူတွေကို ပိုနားထောင်ခြင်းက သင့်ကို နားလည်မှုနက်ရှိုင်းစေပါတယ်။ လူတွေရဲ့စိတ်ကူးတွေ၊ ခံစားချက်တွေကို ပိုသိလာစေပြီး ဆက်ဆံရေးကို ပိုခိုင်မာစေနိုင်ပါတယ်။
🌿🌿🌿🌿🌿
2. **စိတ်ကူးတွေကို ပိုထိရောက်စွာ ဖလှယ်နိုင်ခြင်း**
စကားလုံးတွေကို သေချာရွေးချယ်ပြီး အတိုချုံးပြောတတ်သူတွေဟာ သူတို့ရဲ့အတွေးအမြင်တွေကို ပိုရှင်းလင်းစွာ ဖော်ပြနိုင်ပါတယ်။ အရေးကြီးတဲ့အချက်တွေကို လူတွေမှတ်မိလွယ်စေပါတယ်။
🌿🌿🌿🌿🌿
3. **အငြင်းပွားမှုလျော့ကျစေခြင်း**
စကားများလွန်းရင် မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ ဖြစ်နိုင်ပါတယ်။ စကားနည်းပြီး အာရုံစိုက်နားထောင်ခြင်းက ပဋိပက္ခတွေကို လျှော့ချပေးနိုင်ပါတယ်။
🌿🌿🌿🌿🌿
4. **အတွေးအခေါ်နက်ရှိုင်းစေခြင်း**
စကားနည်းတဲ့သူတွေဟာ သူတို့ရဲ့စိတ်ကူးတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း စဉ်းစားတတ်ကြပါတယ်။ မပြောခင် စဉ်းစားတတ်တဲ့အကျင့်က ဆုံးဖြတ်ချက်တွေကို ပိုတိကျစေပါတယ်။
🌿🌿🌿🌿🌿
# # # **စကားနည်းနည်းပြောဖို့ လေ့ကျင့်နည်းများ**
- **ခဏစောင့်ပါ**
ပြောချင်တဲ့စကားကို မပြောခင် ၃စက္ကန့်လောက် စဉ်းစားပါ။ ဒါက စိတ်လိုက်မာန်ပါ ပြောမိတာကို ကာကွယ်ပေးပါတယ်။
🌿🌿🌿🌿🌿🌿
- **မေးခွန်းတွေ မေးပါ**
အခြားသူတွေကို ပိုမေးမြန်းပြီး သူတို့ရဲ့အမြင်ကို နားထောင်ပါ။ ဥပမာ— _"သင့်အမြင်ကို သိချင်ပါတယ်။"_
🌿🌿🌿🌿🌿🌿
- **အဓိပ္ပာယ်ရှိသော စကားလုံးများကို ရွေးချယ်ပါ**
စကားလုံးတိုင်းကို အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ။ တိုတိုနဲ့ လိုရင်းရောက်အောင် ပြောပါ။
🌿🌿🌿🌿🌿
- **စကားပြောအချိန်ကို သတ်မှတ်ပါ**
ဥပမာ— အစည်းအဝေးတစ်ခုမှာ ကိုယ့်ရဲ့ထင်မြင်ချက်ကို ၂မိနစ်အတွင်း အတိုချုပ်ပြောဖို့ ကြိုးစားပါ။
🌿🌿🌿🌿🌿
# # # **စကားနည်းခြင်းရဲ့ စိန်ခေါ်မှုများ**
- **ဆိတ်ဆိတ်နေရင် မထင်ရှားဘူးလို့ စိုးရိမ်တတ်ခြင်း**
တချို့လူတွေက စကားများမှ လူအများရဲ့အာရုံစိုက်မှုရမယ်လို့ ယူဆတတ်ပါတယ်။ ဒါပေမယ့် စကားနည်းပြီး ထိထိမိမိပြောတတ်သူတွေက ပိုလေးစားခံရတတ်ပါတယ်။
🌿🌿🌿🌿🌿🌿
- **နားလည်မှုလွဲမှားနိုင်ခြေ**
စကားလွှတ်မပြောဘဲ လိုအပ်တဲ့အချက်တွေကို မပြောမိအောင် သတိထားပါ။ ဥပမာ— ကိုယ့်ခံစားချက်ကို ဖုံးကွယ်ပြီး ဆိတ်ဆိတ်နေရင် အခြားသူတွေ နားလည်ဖို့ ခက်နိုင်ပါတယ်။
🌿🌿🌿🌿🌿
စကားနည်းနည်းပြောခြင်းဟာ "ဘာမှမပြောဘဲနေဖို့" မဟုတ်ဘဲ၊ **အချိန်အကြာကြီးပြောနေခြင်းထက် အရည်အသွေးပြည့်ဝတဲ့ ဆက်သွယ်မှု** ကို ဦးတည်တာဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကို နေ့စဉ်ဘဝမှာ တဖြည်းဖြည်းလေ့ကျင့်ပါက လူမှုဆက်ဆံရေး၊ အလုပ်အကိုင်နဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုတွေမှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။

လိုတာထက်မပိုနဲ!!ဘယ်သူ့ကိုမဆို ရောပြီးပေါင်းသင်းတတ်တာ ကောင်းပေမယ့် ဘယ်အရာမဆို လိုတာထက်မပိုတာ အကောင်းဆုံးပဲ။အချစ်ပဲ ဖြစ်ဖြ...
19/02/2025

လိုတာထက်မပိုနဲ!!

ဘယ်သူ့ကိုမဆို ရောပြီး
ပေါင်းသင်းတတ်တာ ကောင်းပေမယ့်
ဘယ်အရာမဆို လိုတာထက်မပိုတာ
အကောင်းဆုံးပဲ။

အချစ်ပဲ ဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ်
လိုတာထက် ပိုပေးမိရင် တန်ဖိုးမဲ့သွားတာပဲလေ
မတန်ဘူးထင်ရင် လိုတာထက် မပိုမိစေနဲ့။

တစ်စုံတစ်ယောက်ကို လိုတာထက်
ပို__ဂရုစိုက်ကြည့်
ချစ်ကြည့်
အချိန်တန်ရင် နောက်ဆုံးပစ်ချသွားတာချည်းပဲမဟုတ်လား။

အပေါင်းအသင်း တွေကြားမှာ
အားနာတတ်တဲ့ စိတ်နဲ့
အရာအားလုံးကို လိုတာထက် ပိုလုပ်ပေးကြည့်
သူ့အလိုလို ကိုယ်က လိုသုံးကြီးဖြစ်သွားတာပဲလေ။

တန်ရင်ဆေး မလိုရင်ဘေးပါပဲ။

တစ်ခါတစ်လေ ကိုယ့်စိတ်နဲ့မတန်ပေမယ့်
ကိုယ့်စိတ်က ပြုပြင်မရတဲ့ ဇွတ်ကောင်းစိတ်ကြောင့် မာနနဲ့ သိက္ခာတွေပါ
ထိခိုက်တတ်ကြတယ်။

မပြောပဲနေလိုက်ရတဲ့အခိုက်အတန့်တွေရှိပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်စိတ်ကြောင့်
ဖြစ်လာတဲ့ အရာတွေမို့
ဆင်ချင်လိုက်ရတဲ့အခိုက်အတန့်တွေရှိတယ်။

ပိုနေသမျှ အရာအားလုံးက
ကိုယ့်ဘက်က စေတနာ မေတ္တာမှန်ပေမယ့်
တစ်ဖက်လူအတွက်တော့ အမှိုက်သာသာပါပဲ။

ဒါကြောင့်
ဘယ်သူအပေါ်ကိုမှ လိုတာထက်ပိုမဆက်ဆံပါနဲ့
ပုံမှန်လေးပဲ ကောင်းပါတယ်။

သိက္ခါနဲ့မာနကိုထိပါးပြီး
လိုတာထက် ပိုဆက်ဆံမိလိုက်တဲ့အခိုက်
တန်ပြန်ရတာက
ကိုယ်ပဲ ခံစားရတာမို့ တစ်ချို့တွေက
လိုတာထက် ပိုပြီးပေးလိုက်မိရင်
တန်ဖိုးထားရကောင်းမှန်းမသိကြဘူးဆိုတာ ပိုသိလာတယ်။

ဒါကြောင့်

ကိုယ့်သိက္ခာ ကိုယ့်မာနကို ထိပါးပြီး
ကိုယ့်မေတ္တာ ကိုယ့်စေတနာတွေကို
စျေးပေါပေါနဲ့
တန်ဖိုးအဖြတ်မခံပါနဲ့။
ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး
ဘယ်သူ့ ကိုမှ လိုတာထက် ပို မဆက်ဆံတာအကောင်းဆုံးပါပဲ။

အဲဒီလူရဲ့ကျေးဇူးကို မမေ့ရဘူး။
09/02/2025

အဲဒီလူရဲ့ကျေးဇူးကို မမေ့ရဘူး။

အလုပ်ကိုတော့ သူစိမ်းတွေနဲ့လုပ်ပါ။
01/02/2025

အလုပ်ကိုတော့ သူစိမ်းတွေနဲ့လုပ်ပါ။

ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။
21/10/2024

ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

မိဘကို ချစ်နေရုံနဲ့မပြီးဘူးပြုစုစောင့်ရှောက်ဖို့လည်းလိုတယ် ။ပြုစုစောင့်ရှောက်ရုံနဲ့လည်းမပြီးဘူးချိုချိုသာသာပြောဖို့လည်းလ...
26/08/2024

မိဘကို ချစ်နေရုံနဲ့မပြီးဘူး
ပြုစုစောင့်ရှောက်ဖို့လည်းလိုတယ် ။

ပြုစုစောင့်ရှောက်ရုံနဲ့လည်းမပြီးဘူး
ချိုချိုသာသာပြောဖို့လည်းလိုတယ် ။

ချိုချိုသာသာပြောရုံနဲ့လည်းမပြီးဘူး
ကြင်နာယုယဖေးမဖို့လည်းလိုတယ် ။

ကြင်နာယုယဖေးမရုံနဲ့လည်းမပြီးဘူး
မိဘရဲ့အိုမင်းခြင်းကို သည်းခံနိုင်ဖို့လည်းလိုတယ် ။

ဆီးမနိုင်တာတွေ
ဝမ်းမနိုင်တာတွေနဲ့
စိတ်သွားတိုင်းကိုယ်မပါတော့တဲ့
အိုမင်းခြင်းကို
ဘယ်သူမှ မနှစ်သက်ပါဘူး ။

ဘယ်သူမှလည်းမဖြစ်ချင်ပါဘူး ။
သင်လည်း ဖြစ်ချင်မှာမဟုတ်ပါဘူး ။
ဒီလိုပြုစုခွင့်တွေဟာ
သင်ကံကောင်းလို့ရတာပါ ။

❤️ ငယ်စဉ်က အားကိုးတကြီးဆုပ်ကိုင်ခဲ့ဖူးတဲ့ လက်အစုံက
တချိန်မှာ မိဘတွေအတွက် အားဖြစ်စေမဲ့ လက်တစ်စုံဖြစ်ပါစေ 💚

❝ ငွေမစုပါနဲ့ ငွေပိုရှာပါ❞------------------------ #တစ်ထောင်ပဲ ဝင်ငွေရှိပြီး နှစ်ထောင်သုံးချင်ရင် ကျန်တဲ့တစ်ထောင်အတွက်ငွ...
11/01/2024

❝ ငွေမစုပါနဲ့ ငွေပိုရှာပါ❞
------------------------

#တစ်ထောင်ပဲ ဝင်ငွေရှိပြီး နှစ်ထောင်သုံးချင်ရင် ကျန်တဲ့တစ်ထောင်အတွက်ငွေပိုရှာပါ။

#ငွေစုတာက လိုအပ်တဲ့အချိန်တစ်ခုပေးမှ ရနိူင်မယ့်အရာမို့ မသုံးပဲနေရတဲ့အချိန်တွေမှာ သူများနည်းတူ လူတန်းစေ့မနေရပဲ နေပါလိမ့်မယ်။

#ဒါကြောင့်ပိုသုံးချင်ရင် ပိုရှာပါ ကပ်စီးနည်းတာ ကောင်းတယ်ဆိုပေမယ့် လိုအပ်တဲ့နေရာမှာ မသုံးပဲ ချွေတာလွန်းရင်တော့ ‌စုတဲ့ငွေက သင့်ကျန်းမာရေးကိုပြန်ဝယ်မယ့်ငွေ ဖြစ်သွားမှာပါ။

#ပိုက်ဆံရှာပါ မိဘ လိုအပ်တာ၊မိမိလိုချင်တာမှန်သမျှဈေးမေးစရာမလိုပဲ ဖြည့်ဆည်းနိူင်တဲ့အထိရှာပါ။

#ငွေကိုချွေတာပါ လိုအပ်တဲ့နေရာမှာသုံးပြီးမလိုအပ်တာတွေ မဝယ်ပဲ အသုံးနဲ့အဖြုန်းကိုခွဲခြားသိနိူင်ဖို့အတွက် သင့်ကိုယ်သင်လေ့ကျင့်ထားပါ။

#ပိုက်ဆံမရှိရင် လူတွေရဲ့ဆက်ဆံရေးက ပြောင်းလဲသွားတတ်ကြောင်းကို မလိုအပ်တာတွေ ဝယ်တော့မယ်လို့ ကြံလိုက်တိုင်းသတိရပါ။

#ငွေဆိုတာလိုတဲ့အချိန်တိုင်းရှာလို့ရတာမဟုတ်ဘူး~~~
(၁)အခါအခွင့်သင့်ချိန်
(၂)ကံကောင်းနေတဲ့အချိန်
(၃)အရွယ်ကောင်းနေတဲ့အချိန်
(၄)ကျန်းမာနေတဲ့အချိန်
(၅)ခေတ်ကောင်းနေတဲ့အချိန်

#ဒီအချိန်အတွင်းမှာသာငွေကိုရှာရတာမို့
ရလာတဲ့ ‌ပိုက်ဆံတွေကို
တန်ဖိုးသိပြီး အကျိုးရှိစွာအသုံးချတတ်ဖို့လိုပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Ray’s Game Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share