U Kan Gyi

U Kan Gyi Work at Facebook

14/09/2025

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

စက်တင်ဘာ ၁၄၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမှာ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခ အကျပ်အတည်းဆိုင်ရာ အရေးပေါ် အခြေအနေတွေ၊ လူထုရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်မယ့် ခိုင်မာအားကောင်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်တွေ၊ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကို ဦးတည်တဲ့ ပထမအဆင့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး စတဲ့အချက်တွေ ဆွေးနွေးခဲ့ကြတယ်လို့ NUG သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနဲ့ အမြစ်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို အကြမ်းဖက် စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငယ်ရွယ်တဲ့ ကျောင်းသားကျောင်းသူတွေ အသက်သေဆုံးခဲ့ရမှုအပေါ် အထူး ဝမ်းနည်းကြေကွဲရကြောင်းလည်း အတူတကွ ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို အဆုံးသတ်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ထားရှိထားကြတဲ့ သန္နိဋ္ဌာန်ကိုလည်း အခိုင်အမာ ထပ်မံအတည်ပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

11/09/2025
11/09/2025
11/09/2025
11/09/2025

လက်ရှိအခြေအနေနှင့် အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာလျှင် စစ်မှန်သည့် ရွေးကောက်ပွဲ လုံးဝမဟုတ်ကြောင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ပြောကြား...

စက်တင်ဘာ ၁၁၊ ၂၀၂၅

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

"ကျနော် ပြည်သူလူထုကို ပြောချင်တာက လက်ရှိအခြေအနေနဲ့ အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာရင် ဒါဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲ ဖြစ်လာပါစေ အမှန်တရားတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာမှာက ကျနော်တို့တိုင်းပြည် သူများရဲ့ အပြစ်တင်ဝေဖန်မှုကို ခံရမှာ ဖြစ်တယ်၊ သူတို့ (စစ်တပ်) လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ မမှန်မကန်တာတွေပဲ ဖြစ်လာမှာ ဖြစ်တယ်။" လို့ ဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ပြောကြားထားတာပါ။

စစ်အာဏာရှင်တွေ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အမှန်တရား တစ်ခါမှ မရှိခဲ့ဖူးဘဲ အကြမ်းဖက်ခိုင်းစေခံရတာသာဖြစ်တယ်လို့လည်း ရဲမှူးချုပ်က ပြောဆိုထားပါတယ်။

"အခုဆို ကျနော် အသက် ၇၀ ပြည့်တော့မယ်၊ ကျနော်က စစ်ရေးကာလမှာ မွေးဖွားလာတာပါ။ မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ခံနေရတဲ့ နိုင်ငံဖြစ်တယ်။ ဥပဒေ ရှိလည်း အုပ်ချုပ်တယ်၊ မရှိလည်း အုပ်ချုပ်တယ်၊ ပြန်ကြည့်ရမယ်ဆိုရင် ၆၂ ခုနှစ်(၁၉၆၂) နောက်ပိုင်း ၇၄ ခုနှစ်ရောက်မှ ဥပဒေကို ပြဌာန်းလာတယ်။ ကြားကာလမှာ ဥပဒေမရှိဘူး၊ သူတို့ပဲ အုပ်ချုပ်တယ်၊ ရွေးကောက်ပွဲ ရှိတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲက အမှန်တရား တစ်ခါမှ မရှိဘူး။ ပြောချင်တာက ပြည်သူလူထု တကယ်လိုအပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ အကြမ်းဖက်ခိုင်းစေခံရတာပဲ ဖြစ်တယ်။" လို့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် က ပြောပါတယ်။

ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက ကရင်လူမျိုးဖြစ်ဖြစ် အခြားတိုင်းရင်းသားလူမျိုး ဖြစ်ဖြစ် ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုတာက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။

07/09/2025

အသက်ထွက် ပြိုဆင်းဖို့ တာဆူနေသည့် မြန်မာစစ်တပ် ဒေသတွင်းနိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနှင့် လက်နက်အကူအညီများကို ပြန်လည်ရရှိနေဟု ယာယီသမ္မတ ပြောကြား

လက်ရှိ ခုခံတော်လှန်စစ်သည် “ရှေ့နှစ်လှမ်းတိုး - နောက်တစ်လှမ်းဆုတ်” အခြေအနေနှင့် ရှေ့ဆက်နေရဟု ဆို

စက်တင်ဘာ ၇၊ ၂၀၂၅

တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ခုခံတော်လှန်စစ်ကြောင့် အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ မြန်မာစစ်တပ်က ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

"ခုခံတော်လှန်စစ်ဟာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ လက်တံခြေတံတွေကို ရိုက်ချိုးပစ်နိုင်တဲ့အထိ စွမ်းရည်ထက်မြက်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အင်အားချိနဲ့မှုဟာ အသက်ထွက် ပြိုပျက်လုနီးပါး အခြေအနေအထိ ရောက်ခဲ့တာတွေ့ရပါတယ်။ အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။ " လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။

မိမိအကျိုးစီးပွားကို ရှေးရှုပြီး အကြမ်းဖက်စစ်တပ်ကို စစ်ရေးနည်းပညာတွေ ထောက်ပံ့ပေးနေတဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ တိုင်းရင်းသား ပြည်သူတွေကို မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုကြောင်း ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

"ဒေသတွင်းနိုင်ငံတွေဟာ ဒုက္ခနဲ့ နေ့တိုင်း အချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရတဲ့ ပြည်သူလူထုရဲ့ မျက်နှာကို မကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို ပိုကြည့်နေပါတယ်။ ဒါဟာ လူထုခုခံ တော်လှန်စစ်အတွက် စိတ်မကောင်းစရာကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်ရေးနည်းပညာတွေ အကူအညီ အထောက်အပံ့ပေးနေတာတွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒေသတွင်းနိုင်ငံများအနေဖြင်လည်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုကို မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင်၊ မလုပ်ဖို့ ကျနော့်အနေနဲ့ ထပ်မံပြီး အနူးညွှတ် မေတ္တာရပ်ခံလိုပါတယ်။" လို့ NUG ယာယီသမ္မတက ပြောကြားထားပါတယ်။

နွေဦးတော်လှန်ရေးဟာ အကဲဆတ်တဲ့ နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကို ဖြတ်သန်းနေရကြောင်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို တင်ပြချင်တယ်လို့လည်း ယာယီသမ္မတ က ပြောဆိုထားပါတယ်။

"ကျနော်တို့ဟာ နိုင်ငံရေးလောကဓံတွေနဲ့ ကြုံတွေ့ရပြီး တော်လှန်ရေး မိုးသက်မုန်တိုင်းတွေကြားမှာ ရှင်သန်ရုန်းကန်နေကြရပါတယ်။ ခုခံတော်လှန်စစ်မှာ နိမ့်လိုက်မြင့်လိုက်နဲ့ တရွေ့ချင်း ရှေ့ကို တက်လှမ်းနေပါတယ်။ နိုင်ငံရေးအချိုးအကွေ့တွေ၊ တော်လှန်ရေးလှိုင်း အနိမ့်အမြင့်တွေကို ဖြတ်သန်းရင်း “ရှေ့နှစ်လှမ်းတိုး - နောက်တစ်လှမ်းဆုတ်” အခြေအနေနဲ့ ရှေ့ဆက်နေကြရပါတယ်။ ခုခံတော်လှန်စစ်မှာ အတိုးအဆုတ်၊ အတက်အကျနဲ့ အနိမ့်အမြင့်တွေ ဘယ်လောက်ပဲ ရှိရှိ၊ ကျနော်တို့ဟာ ပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ စူးစူးစိုက်စိုက် တက်လှမ်းနေကြောင်း ပြည်သူလူထု တရပ်လုံးကို တင်ပြချင်ပါတယ်။ " လို့ ယာယီသမ္မတက ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေး အင်အားစုတွေဟာ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ခုခံတော်လှန်စစ်ကို ရွတ်ရွတ်ချွံချွံ ပါဝင်ဆင်နွှဲနိုင်ခဲ့သလို တောင်တန်းနဲ့ ပြည်မဟာ အဖိနှိပ်ခံယန္တရား လက်အောက်မှာ တပြေးညီ နှိပ်စက်ညှင်းပန်းခံနေရတာကြောင့် လူထုဟာ မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို အသုံးပြုပြီး ခုခံတော်လှန်မှုကို ပြုခဲ့တာဖြစ်တယ်လို့ ယာယီ သမ္မတက ပြောဆိုထားပါတယ်။

ဒါ့အပြင် တောင်တန်းနဲ့ ပြည်မဟာ လက်နက်ကို သဘောကျလွန်းလို့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွှဲရတာ မဟုတ်ဘူးဆိုတာ သတိချပ်ကြဖို့ လိုပြီး စစ်အာဏာရှင်စနစ်ရဲ့ နှိပ်စပ်ညှင်းပန်းမှုကို ခံရလွန်းလို့ မခံမရပ်နိုင်ဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်ဖို့ ကြိုးစားကြရတာဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

ဖိနှိပ်ညှင်းဆဲခြင်း ကင်းလွတ်မှုကို အာမ,ခံနိုင်တဲ့ အချိန်တစ်ခုမှာ လူထုဟာ လက်နက်နဲ့ ဝေးဝေးနေပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ စိတ်ဆန္ဒ အပြည့်အဝရှိကြောင်း နားလည်ထားသလို စစ်အာဏာရှင် ယန္တရား ကြီးတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ လူထုရဲ့ ခုခံတော်လှန်စစ်ဟာ လက်နက်နဲ့ အနိုင်ကျင့်မှုကို ပြည်သူလူထုတရပ်လုံးက အလိုမရှိဘူး၊ လက်မခံဘူးဆိုတာ လက်တွေ့ ကာယကံမြောက် ပြသလိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

ဗုဒ္ဓမြတ်စွာ၏တန်ခိုးအာဏုဘော်တို့ကြောင့်သတ္တဝါ အပေါင်းကပ်အမျိုးမျိုးမှကျော်လွှားနိုင်ကြပါစေ🙏🙏🙏
23/05/2025

ဗုဒ္ဓမြတ်စွာ၏တန်ခိုးအာဏုဘော်တို့ကြောင့်သတ္တဝါ အပေါင်းကပ်အမျိုးမျိုးမှကျော်လွှားနိုင်ကြပါစေ🙏🙏🙏

ဟေ့ငါတို့က ဖယုံဆို ဗူးမသိီးဘူးကွ😁😁😂😂
04/05/2025

ဟေ့ငါတို့က ဖယုံဆို ဗူးမသိီးဘူးကွ😁😁😂😂

Address

Naypyidaw

Telephone

+959420625558

Website

Alerts

Be the first to know and let us send you an email when U Kan Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Kan Gyi:

Share