General knowledge sharing

General knowledge sharing ���

26/07/2025
အတွေးလွန်သွားပီ မရတော့ဘူး...။ ‎
24/07/2025

အတွေးလွန်သွားပီ မရတော့ဘူး...။

69
23/07/2025

69

မင်းရှိရာ မြို့လေးဆီ အရောက်လာခဲ့တယ်.. ။ဆီထည့်မောင်းလာတာမဟုတ်ဘူး..မျက်ရည်တွေ ထည့်မောင်းလာတာသောက်ပလုတ်တုတ်   ကျပီဟ..!
23/07/2025

မင်းရှိရာ မြို့လေးဆီ အရောက်လာခဲ့တယ်.. ။
ဆီထည့်မောင်းလာတာမဟုတ်ဘူး..
မျက်ရည်တွေ ထည့်မောင်းလာတာ

သောက်ပလုတ်တုတ် ကျပီဟ..!

😑
19/07/2025

😑

05/03/2025

လုပ်ငန်းခွင်မှာ မျက်နှာပေး မကောင်းရင် မလိုအပ်ပဲ
လူ့ချဉ်ဖတ်ဖြစ်တယ်။

သင်ပြတဲ့အရာပဲ မြင်ရပါတယ် ။
ကျနော်တို့ စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ မျက်နှာအမူအရာ မကောင်းတဲ့အခါ
လူတွေရဲ့ ချဉ်ဖတ်အလိုလိုဖြစ်သွားတတ်တယ် ။

ဒီအတွက်ကြောင့်ပဲ အချို့ လုပ်ငန်းခွင်တွေမှာ Professional Face သဘောရောက်တဲ့ မျက်နှာအမူအရာနဲ့ ပတ်သက်ပြီး
တကူးတက သင်ကြားပေးလေ့ရှိတယ်။

သင်လဲ သင်ကြားသင့်ပါတယ်
ဒီမှာက မာသာထရီဇာ ဖြစ်ခိုင်းတာ မဟုတ်သလို ဟစ်တလာ လုပ်ခိုင်းတာလဲ မဟုတ်ဘူး ။

မျက်နှာအမူအရာနဲ့ပက်သက်ပြီး ပြောမှာဆိုတော့
မေတ္တာနဲ့ အပြုံးတွေ ၊ ကောက်ကျစ်အပြုံးတွေ မလိုအပ်တဲ့ ဒရမ်မာစကားလုံးတွေ အကုန်ဖယ်ထားတယ်နော်။

စတွေ့တွေ့ချင်း လူတစ်ယောက်ကို ကျနော်တို့ရဲ့ သိစိတ်ကနေပဲ ဖြစ်ဖြစ် ၊ မသိစိတ်ကနေပဲ ဖြစ်ဖြစ် အကဲခတ်တတ်တဲ့ သဘောရှိတယ် ။

ဘယ်သူကမှတော့ ကျနော်တို့စိတ်ထဲထိ အကဲမခတ်
နိုင်ဘူး ။
မျက်နှာအမူအရာ ၊ သူပြောတဲ့ စကားလုံး ဒါတွေကြည့်ပြီးတော့ပဲ သူတို့စိတ်ထဲမှာ အမှတ်တွေပေး

ဒီလိုက ခင်ဖို့ကောင်းတဲ့သူလား ၊ နှစ်လိုဖွယ်ရှိတဲ့သူလား ?

မျက်နှာထားက မာထန်ထန် ၊ တစ်လောကလုံးက သူ့လုပ်စာ ထိုင်စားနေရတဲ့ပုံစံလား ?

မျက်နှာက စူပုပ်နေပြီး သူ့အနားတောင် ကပ်ချင်စိတ်မရှိစေလောက်တဲ့သူလား ?

လုပ်ငန်းခွင်မှာဆိုရင် ကျနော်တို့ရဲ့ မျက်နှာထားကို သေချာသတိထား ဂရုစိုက်နေတတ်ဖို့လိုတယ်။
ဒါမှ မလိုအပ်ပဲ လူ့ချဉ်ဖတ်ဖြစ်မလာမှာ ။

လူ့ချဥ်ဖတ်ဖြစ်ခြင်းမှာ ကောင်းတဲ့အရာ တစ်ခုမှ မရှိဘူး။

လုပ်ငန်းခွင် သဘောအရ ဝင်တဲ့သူရှိတယ် / ထွက်တဲ့သူ ရှိတယ် ။
လူသစ်ပဲ ဖြစ်ဖြစ် ၊လူဟောင်းပဲ ဖြစ်ဖြစ်
အထက်လူကြီးပဲ ဖြစ်ဖြစ်၊ အားလုံးက မျက်နှာထားချိုတာ

ကိုယ်အမူအရာ အဆင်ပြေတာ ၊ ပြောတဲ့စကားလုံးတွေကအစ နားထောင်ချင်စဖွယ် ရှိတဲ့သူကိုပဲ ခင်လိုကြတယ်။
သူ့အနားကပ်ချင်စိတ် ရှိတယ် ၊ အခွင့်အရေး ပေးလိုစိတ် ၊ သင်ကြားပေးလိုစိတ် ရှိကြတယ်။

အဲ့လိုလူတစ်ယောက်အတွက် လုပ်ငန်းခွင်မှာ အထီးကျန်ရတာ ၊ အခြားတစ်ယောက်က သူ့အပေါ် မကောင်းတဲ့ အမြင်အပြောခံရလို့ လစာတိုးမဲ့ကိစ္စ တန့်သွားတာ ၊
ရာထူးတိုးပေးမဲ့ အခြေအနေမှာ ဖယ်ရှားခံလိုက်ရတာ
ရှိမယ်လို့ ထင်လား ?

တစ်ဖွဲ့နဲ့ တစ်ယောက် အနိုင်ကျင့်ခံရတာ ၊ ခံရတဲ့အခြေအနေမှာကော အားကိုးမဲ့တာ ဖြစ်မယ်လို့ ထင်လား ?

မဖြစ်ဘူး ။ ဆန့်ကျင်ဘက်ပါပဲ။
လူတွေက ချစ်နေပြီဆိုရင်လဲ ရှိတာထက်ပိုပြီး ချီးကျူးစကားဆိုတာ
ကောင်းသတင်းဖြန့်ပေးတာမျိုး လုပ်ကြတယ် ။

သူ့မှာ နည်းနည်းမှားခွင့်တောင် ရှိတယ် ။

လူ့ချဉ်ဖတ်ဖြစ်ခံရတဲ့ကောင်က အရင်ကတည်းက မကြည့်တာဆိုတာနဲ့ မှားတာနဲ့ တွယ်ပြီပဲ ။

ဒီမှာ " ဒါကြီးက မဖြစ်သင့်ဘူးလေကွာ "

တရားတာတွေ မတရားတာတွေ ဘာမှ လာမပြောနဲ့ ။ မှားတာ မှန်တာတွေက လူတွေကပဲ သတ်မှတ်တာ ။

ဒါက လုပ်ငန်းခွင်
တရားရုံးမဟုတ်ဘူး ။ တရားရုံးမှာတောင် ချစ်လို့ မုန်းလို့ ဘက်လိုက်တယ်ဆိုတာတွေတောင် ရှိသေးတာပဲ ။

ဒါကြောင့် ကျနော်ရဲ့ အငယ်တွေကို ပြောခွင့်ရမယ်ဆိုရင် လုပ်ငန်းခွင်မှာ ကိုယ်ရဲ့ မျက်နှာထားကို သေချာဂရုစိုက်စေချင်တယ်။

စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ ၊ ဘယ်လိုပဲမုန်းမုန်း မျက်နှာမှာ မပေါ်စေနဲ့ ။ ယုတ်စွအဆုံး
အထက်လူကြီးကို သဘောမကျဘူး ၊ သူဌေးကို သဘောမကျဘူးဆိုရင်တောင် သူတို့ရှေ့မှာ မျက်နှာကြီး စူပုပ်နေတာ ၊ ကန့်လန့်တိုက်တာ

နောက်ကွယ်မှာ အတင်းပြောတာ လုံးဝမလုပ်သင့်ဘူး ။

ဒါတွေက ကိုယ်ပဲ ထိခိုက်တာ ၊ စိတ်ခံစားချက်ကို ထုတ်ပြလိုက်ရလို့ ကျနော်တို့စိတ်လေး အာသာပြေသွားတာပဲ ရှိတာ ။

လစာမတိုးဘူး ၊ ရာထူးမတိုးဘူး ၊ review ကောင်းတွေ မရဘူး ။

အတင်းပြောတဲ့အတွက် ကျနော် standard တွေကျ ၊
အခွင့်အရေးတွေ အများကြီး လွဲတာမျိုး ဖြစ်တတ်ပါတယ်။

လုပ်ငန်းခွင်ဆိုတာက လူတိုင်းကင်းလို့မရဘူး ။ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး ။

ဘာမှ မရှိသေးတဲ့ အခြေအနေမှာ ၊ မြင့်မားတဲ့ ဘဝအခြေအနေကို ထောင်တက်ချင်တဲ့အခါ ကျနော်တို့က အလုပ်လုပ်ပြီး တည်ဆောက်ရတာ ။

ဒီအတွက်ကြောင့် လုပ်ငန်းခွင်ကနေ ကိုယ့်ဘဝအထိ
ရသလောက် အမြတ်ထုတ်လိုသူတွေအတွက် ကျနော် သင်ပေးဖြစ်တဲ့ အတန်းလေးရှိပါတယ် ။

လုပ်ငန်းခွင် အဋ္ဌာရသလို့ ခေါ်ပါတယ်။

အလုပ်အဖြစ်ဆုံး နည်းလမ်းတွေဖြင့် လုပ်ငန်းခွင်မှာ
ဂေါ်ချင်တယ် ဆိုရင်တော့

👉🏻 m.me/pikaacademyschool ကို ထောက် “B5" လို့ရိုက်ပို့ပြီး အတန်းအပ်နှံထားလို့ ရပါပြီ။

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Phyo Wa...
05/03/2025

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Phyo Wai Latt, ကို ကြီး ကျော်

တိုလီမိုလီဒီဇိုင်းများ #တောင်ပေါ်သား      #သံပန်းသံတံခါး
06/02/2025

တိုလီမိုလီဒီဇိုင်းများ
#တောင်ပေါ်သား #သံပန်းသံတံခါး

မသိသေးတဲ့လူတွေအတွက်ပါ..
25/01/2025

မသိသေးတဲ့လူတွေအတွက်ပါ..


23/01/2025
22/01/2025
ဒီဇိုင်းလှလှလေးတွေ.. #သံပန်းသံတံခါး  #တောင်ပေါ်သား
22/01/2025

ဒီဇိုင်းလှလှလေးတွေ..
#သံပန်းသံတံခါး #တောင်ပေါ်သား

Address

Naypyidaw

Telephone

+959268211975

Website

Alerts

Be the first to know and let us send you an email when General knowledge sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share