Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန်

  • Home
  • Myanmar
  • Naypyidaw
  • Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန်

Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန် မြန်မာ့သိဒ္ဓိဝင်ကျွန်းနက် စစ်စစ်ဖြစ်ကြောင်း 100% အာမခံဖြင့် ကုသိုလ်ပြုရောင်းချပေးပါသည် 🙏🙏🙏
☎️ 09699970001

ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ....°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°လောကမှာ ကံမကောင်းဘူးဆို...
27/07/2025

ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လောကမှာ ကံမကောင်းဘူးဆိုရင်ကံကောင်းအောင် က ဘာလုပ်ရမှာလဲ...

မကောင်းတဲ့ကံ တွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။

အကုသိုလ် အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။

အကုသိုလ်ရဲ့ အကျိုးတရား တွေက ကိုယ့်သန္တာန် ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်...
ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။

အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။

ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်း တွေလုပ်တယ်။

သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း
လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေး နေတာတွေ ရှိတတ်တယ်ပေါ့။

အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေ ကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။

ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ကံတရား တွေကို ကြိုးစားပြီး လုပ်ရမယ်။

ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။

ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရွတ်ဖတ် သရဇ္စျာယ်မယ်။

ဘုရားကို ပူဇော်မယ် နော်။ ဘုရားနဲ့ ပတ်သက်ပြီး
စိတ်ကြည်နူးမှုတွေရအောင် လုပ်ရမယ်။

ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။

ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲ မကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။

ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့် အရိပ် အရောင်ရှိပြီ ဆိုတဲ့အချိန်မှာ ဘာနဲ့ ကာကွယ်ရသလဲ ဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်။

ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်း ဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။

လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊
ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။

အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။

မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ် အန္တရာယ် မရောက်အောင် သူတို့က ကြည့်ရှုပေးတယ်။

အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။

မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။

အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။
ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုး ပေးမှာ မဟုတ်ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။

နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုး ကြည့်တာအနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။

ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။
တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။

သူတို့ အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ။

ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ မေတ္တာ သက်ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့။ကိုယ့်အတွက် အကူအညီရခြင်းပဲ။

မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။

ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။

မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင် ကိုယ်က အရင်ခေါ်ရတယ်။

အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။မခေါ်ချင်သလိုလို လုပ်သွားရင်သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။

လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ်။

အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီး
မေတ္တာဘာဝနာတွေ များများပွားရမယ်။

မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။

အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။

အဲဒီလိုမဟုတ်ဘူး။"ကံမကောင်း အကြောင်းမလှ" လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင်
ပိုဆိုးသွားနိုင်တယ်။

အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာ ရဲ့အလှည့်အပြောင်းကြောင့်ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။

ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကို ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။

ပြီးပြီ ဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။

ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။

ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။

ထိုင်ပြီးတော့ ဆုသာ ဆုတောင်း။

စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။

အဲဒါကြောင့်မို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။

ဆုတောင်းတယ်ဆိုတာ wish ကိုဖော်ပြတာပဲ ဖြစ်တယ်။

ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့ ဆိုတာတွေ လိုအပ်တယ်ပေါ့။

အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။

အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။

ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာအရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ `ဗုဒ္ဓ` ဆိုတာကို အာရုံပြုပြီးတော့နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

မူရင်းတင်သူအား လေးစားစွာဖြင့်
#ပါချုပ်ဆရာတော် #တရားမှတ်စု

ယုံကြည် ရိုသေ တန်ဖိုးထားလျှင် ငွေဝင်ကြမ်းပြီး အကျိုးထူး ပေးစေတက်သော သိဒ္ဓိဝင် ကျွန်းနက် အဆောင်များကျွန်းနက်အဆောင်ဂုဏ်သတ္...
27/07/2025

ယုံကြည် ရိုသေ တန်ဖိုးထားလျှင် ငွေဝင်ကြမ်းပြီး အကျိုးထူး ပေးစေတက်သော သိဒ္ဓိဝင် ကျွန်းနက် အဆောင်များ

ကျွန်းနက်အဆောင်ဂုဏ်သတ္တိများ-

ယုံကြည်ရိုသေ တန်ဖိုးထားလျှင် ရရှိနိုင်သော အကျိုး ကျေးဇူးများ-

-ငွေဝင်လွယ်ခြင်း/ငွေဝင်၊ ငွေမြဲ၊ လာဘ်ရွှင်စေခြင်း
-အပြိုင်အဆိုင်များကြား အောင်မြင်စေခြင်း
-ပယောဂ အနှောင့်အယှက်များကို ကာကွယ်ခြင်း
-သူများ မကောင်းမကြံ နိုင်စေခြင်း
-လူချစ်လူခင်ပေါများစေခြင်း
-ပီယ/စမ်း (မျက်နှာပွင့်) စေခြင်း စသည့်
ကောင်းကျိုး ချမ်းသာများကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

သန်လျက် - အတိုက်ခိုက်ဘေးဥပါဒ်ကင်းခြင်း၊ ​ပြောသမျှစကားတိုင်းအောင်မြင်စေခြင်း။ (အိတ်ထဲထည့်ဆောင်ခြင်း၊ လည်ပင်းဆွဲခြင်း၊ ကားထဲထား၍ဆောင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။)

ရှင်သီဝလိ - လာဘ်လာဘပေါများစေခြင်း၊
ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေခြင်း။ (အိမ်ဘုရား၊ ဆိုင်၊ ရုံးခန်းတို့ရဲ့ မြင့်မြတ်သောနေရာမှာ ထားရှိပူဇော်သင့်ပါတယ်။)

ပိတုန်း - စန်းပွင့်စေခြင်း၊
လူချစ်လူခင်ပေါများစေခြင်း၊ သူများမကောင်းကြံ၍မရစေခြင်း။ (အိတ်ထဲမှာဆောင်ထားသင့်ပါတယ်။)

ယောင်းမ - စျေးရောင်းကောင်းစေခြင်း။
(ရောင်းမယ့်ပစ္စည်းလေးကို ယောင်းမနဲ့ခေါက်ပေးရင် အမြန်ရောင်းထွက်ပါလိမ့်မယ်။)

ပုဆိန် - အပြိုင်အဆိုင်များအကြားထွန်းပေါက်
အောင်မြင်ခြင်း။ (အများနဲ့ယှဉ်ရတဲ့နေရာတွေမှာပုဆိန်လေးကိုဆောင်ထားသင့်ပါတယ်။ မိမိပြောသမျှစကားတစ်ခွန်းထဲနဲ့အောင်မြင်တတ်တယ်။)

ဖပိတာ(ခေါ် ) ရှင် ဂဝံပတိ-
ဂဝံမျက်နှာဖုံး

ယုံကြည်ရိုသေ တန်ဖိုးထားလျှင် ရရှိနိုင်သော အကျိုး ကျေးဇူးများ
ငွေဝင်လွယ်ခြင်း/ငွေဝင်၊ ငွေမြဲ၊ လာဘ်ရွှင်စေခြင်း
၊အပြိုင်အဆိုင်များကြား အောင်မြင်စေခြင်း
၊ပယောဂ အနှောင့်အယှက်များကို ကာကွယ်ခြင်း
၊သူများ မကောင်းမကြံ နိုင်စေခြင်း
၊လူချစ်လူခင်ပေါများစေခြင်း
၊ပီယ/စမ်း (မျက်နှာပွင့်) စေခြင်း စသည့်
ကောင်းကျိုး ချမ်းသာများကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

#ကျွန်းနက်ပုတီး(or)ပုတီးလက်ပတ်

ကျွန်း + နက် (၂ + ၇) = ၉ (ငွေနဝင်း) ဖြစ်သောကြောင့်ကျွန်းနက်သားပုတီးဖြင့် ဂုဏ်တော်ကိုးပါး ပုတီးစိတ်ပါက လာဘ်ရွှင်ပြီး ကံကောင်းစေပါသည်။ အလွန်သိဒ္ဓိမြောက်သောကြောင့် ပုတီးစောင့်နတ်မှ အိပ်မက်များပေးပြီး ကူညီစောင့်ရှောက်ပေးသည်ဟုမှတ်သားရပါတယ်။

Lucky Fish(ရွှေငါးကျွန်းနက်သား အဆောင်)
-ဈေးရောင်းဈေးဝယ်တွင်အပွင့်သဘောဆောင်သည်ဖြစ်သောကြောင့်အရောင်းအဝယ်ကောင်းစေခြင်း
-ကောင်းသောကံများ ယူဆောင်လာပေးခြင်း
-မိမိစကားအောင်စေခြင်း
-မိမိရန်သူများဦးညွှတ်စေခြင်း
-ကျနေသောစန်းလာဘ်ဘုန်းကံကြီးစေခြင်း
တို့ဖြစ်ပါတယ်။

မာတင်္ဂ အဆောင်-
တောင်းတိုင်းရ တတိုင်းရ လိုတရ မာတင်္ဂ
မာတင်္ဂဆောင်သူများဟာ•••
လာဒ်ပွင့်ခြင်း၊ကံကောင်းခြင်း၊ပြောသမျှအောင်ခြင်း
မျက်နှာပွင့်ခြင်း စသည့်အကျိုးများရှိပါတယ်

ကုန်သည်/ ပွဲစား/ အရောင်းဝန်ထမ်းများ / ချေးငွေလုပ်ငန်းလုပ်ကိုင်သူများ/ မျက်နှာပွင့်ချင်သူများ ဆောင်သင့်တဲ့အဆောင်ပါ။

--ဒိဝါတပတိ ဂါထာ--
***************
ဒိဝါ တပတိ အာဒိစ္စော
ရတ်တိမာဘာတိ စန်ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
စျာယီ တပတိ ဗြာဟ္မဏော
အထ သဗ္ဗမဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ

Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန်

ဝယ်ယူအားပေးတဲ့ ချစ် Customer ရဲ့ Review လေးပါခုလိုပြန်ပြောပေးလို့ ကျေးဇူးပါနော် 🩷နောက်လဲ အခုထက်ပိုပြီး အရာရာအဆင်ပြေကြပါစ...
19/07/2025

ဝယ်ယူအားပေးတဲ့
ချစ် Customer ရဲ့ Review လေးပါ
ခုလိုပြန်ပြောပေးလို့ ကျေးဇူးပါနော် 🩷
နောက်လဲ အခုထက်ပိုပြီး အရာရာအဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ် 🙏🙏🙏

အခုလိုပြန်ပြောပေးလို့ ကျေးဇူးအထူးပါနော်🙏🙏🙏ယုံယုံကြည်ကြည်နဲ့သာဆောင်ရင် တကယ်ထူးခြားတဲ့ အဆောင်လေးတွေပါ❤️
19/07/2025

အခုလိုပြန်ပြောပေးလို့ ကျေးဇူးအထူးပါနော်🙏🙏🙏
ယုံယုံကြည်ကြည်နဲ့သာဆောင်ရင် တကယ်ထူးခြားတဲ့ အဆောင်လေးတွေပါ❤️

" မာဒင်္ဂအဆောင် အစွမ်းထက်ပုံ "     ***********************⭐ ပီယ အလွန်ကောင်းပါတယ်။⭐ မျက်နှာပွင့်တယ်။⭐ လာဘ်ရွှင်တယ်။⭐ စကား...
19/07/2025

" မာဒင်္ဂအဆောင် အစွမ်းထက်ပုံ "
***********************

⭐ ပီယ အလွန်ကောင်းပါတယ်။
⭐ မျက်နှာပွင့်တယ်။
⭐ လာဘ်ရွှင်တယ်။
⭐ စကားအောင်တယ် | လူချစ်လူခင်များတယ်။
⭐ ဆောင်ထားသူများ၏ ဘုန်းကံအလိုက် ကိုယ်လိုအပ် သော တောင်းတသမျှ ရစေပါတယ်။
⭐ စီးပွားရေး လုပ်ငန်းရှင်တွေ ကုန်သည် ပွဲစားတွေ ဆောင်ထားလို့ အလွန်ကောင်းပြီး ဝန်ထမ်းများဆောင်ပါကလည်း အထက်လူကြီး မျက်နှာသာပေးခြင်းကို ခံရစေပါတယ်။
⭐ သရုပ်ဆောင် အ နု ပ ညာ ရှင်တွေ အတွက်လည်း အလွန်ကောင်းတဲ့ အဆောင်တစ်ခုပဲ ဖြစ်ပါတယ်။

ဇာတ်တော်အရ မာဒင်္ဂဟာ အချမ်းသာဆုံး ဆိုတဲ့ သူဌေးသမီး ကိုတောင် သူ့မယားအဖြစ် ရအောင် တောင်းနိုင်ခဲ့တယ်။ မာတင်္ဂရုပ်ထုကို ပီယ လာဘ်လာဘ အတွက် မာဒင်္ဂ အဆောင် ဖြစ်အောင် ရည်ရွယ်ပွဲ ပြင်ပေးပြီး သနချေ သိဒ္ဓိတင် အသက်သွင်း ရပါသေးတယ်။နောက်ပြီး ဆောင်ထားသူဟာ မာဒင်္ဂအဆောင်ရုပ်လေးကို မကြာခဏ ရေမွှေးဖြန်းပေးရပါတယ်။
အဘိုးမာဒင်္ဂ စောင့်ရှောက်ပေးဖို့လည်းအဆောင် ရုပ်လေး ကိုင်ပြီး မကြာခဏ ဆုတောင်းပါ။ မာဒင်္ဂ အဆောင်လေး ကို အသုံးပြုပုံ ကတော့ မိမိတွင် ကိစ္စကြီးငယ် ရှိသော် ကျွန်တော် ကျွန်မ အရေးကို ကူညီ ဆောင်ရွက်ပေးပါဟု အရုပ်အားကိုင်၍ အဓိဋ္ဌာန်ရမည်။
အချစ်ရေး အိမ်ထောင်ရေး နှင့် စီးပွားရေး လူမှုရေးအတွက် ကံကောင်းစေ လာဘ်ရွှင်စေပြီး မိမိတောင်းသမျှ တဖက်လူက နာခံစေပါတယ်။
မိမိရောင်းသော ကုန်ပစ္စည်း စွံစေတယ်။
စျေးဝယ်သူက တခါဝယ်ပြီးတိုင်း မိမိဆိုင်ကိုသာ ပြန်လာစေတယ်။
ထိုသို့အဆောင်ကောင်း တစ်ခုဖြစ်ရာ ဆောင်ထားသူဟာကောင်းသောကိစ္စများတွင်သာအသုံးပြုပေးပါ။

မတရားသဖြင့်ကိစ္စတွေ မလုပ်ရနောက်ပြီး မိမိတို့၏ ဘဝလမ်းမှာ အဆင်ပြေစေပြီး အေးချမ်းသာယာမှု ပေးစွမ်း
နိုင်သောကြောင့် မာတင်္ဂ အဆောင်အား လောကီပညာရှင်များက အဆောင်အဖြစ် ဖန်တီးကြတာပါ။

(ဂါထာတော်အား page messenger မှ ဖြေကြားပေးပါမယ်ရှင့်)

Phone - 09699970001
Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန်
ပုဗ္ဗသီရိမြို့ | နေပြည်တော်

🔎ကျွန်း နက်✅ ငွေကြေးလာဘ်လာဘပေါများစေခြင်း✅ အန္တရာယ်ကင်းလာဘ်ရွှင်၍သောကကင်းစေခြင်း✅ အပူမီးများငြိမ်းအေးစေခြင်း✅ အလုပ်အကိုင...
19/07/2025

🔎ကျွန်း နက်
✅ ငွေကြေးလာဘ်လာဘပေါများစေခြင်း
✅ အန္တရာယ်ကင်းလာဘ်ရွှင်၍သောကကင်းစေခြင်း
✅ အပူမီးများငြိမ်းအေးစေခြင်း
✅ အလုပ်အကိုင်အရောင်းအဝယ် တိုးတက်စေခြင်း
✅ မကောင်းသော အနှောင့်အယှက်များ ၊ပရောဂအနှောင့်အယှက်များ
ကင်းဝေးပြီး ကောင်းကျိုးတရားများနှင့်ပြည့်စုံလိုပါက
ကျွန်းနက်သည် အထင်ကရဖြစ်ပေသည်

— 📿ကျွန်းမင်း/ကျွန်းနက် စီးပွားတတ်📿

🔎ကျွန်းမင်း
ခိုင်မြဲခြင်း ရာဇာဓာတ်သည်
🪵အာဏာတည်စေခြင်း
🪵ပြောသည့်စကားများအောင်မြင်ခြင်းအစရှိတဲ့အကျိုးကျေးဇူးတွေရရှိစေ သည့် အပြင်
🪵အခြား နက်နဲသော အကျိုးများ ရှိပါတယ် ဝ လုံး ဓာတ်များ ပြည့်နေသော ဓာတ်ဖြစ်သည်။

ပိတ်နေတဲ့လာဘ်တွေပွင့်ပြီး အပြိုင်အဆိုင်ကြားမှာထိုးဖောက်အောင်မြင်စေတဲ့ သိဒ္ဓိဝင်ရှားပါးကျွန်းနက်သားစစ်စစ် ပုတီးနဲ့ အဆောင်တွေပါရှင့်။ ဂမ္မီရ သိဒ္ဓိဝင်အသားဖြစ်တဲ့ ကျွန်းနက်သားစစ်စစ်ကိုသာ ထုလုပ်ရောင်းချပါတယ်ရှင့်။

09699970001
Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန်

💝
18/07/2025

💝

🌻ရှင်သီဝလိ 🌻🪵လာဘ်လာဘပေါများစေခြင်း၊ 🪵ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေခြင်း။ ကြွေးအပူများနေသူ  ဆိုင်ဖြုတ်ရတော့မလိုလို  အိမ်သိမ...
18/07/2025

🌻ရှင်သီဝလိ 🌻

🪵လာဘ်လာဘပေါများစေခြင်း၊
🪵ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေခြင်း။

ကြွေးအပူများနေသူ ဆိုင်ဖြုတ်ရတော့မလိုလို အိမ်သိမ်းခံရမလိုလိုအားကိုးစရာ လုံးဝမရှိသူများ ရှင်သီဝလိ အဆောင်ကို ဆောင်ထားနိုင်ပါတယ်။

ကျွန်းနက်သားအား ကိုယ်နှင့်မကွာဆောင်ထားပါက
🌺အောက်လမ်းပယောဂ၊ အတိုက်အခိုက်များရန်မှလည်းကာကွယ်ပေးပါတယ်။
🌺တစ္ဆေ၊ သရဲကြောက်တတ်သူများ အထူးပင်ဆောင်ထားသင့်ပါတယ်။
🌺အိပ်မက်ဆိုးများမှကင်းဝေးပြီး သဘာဝဘေးအန္တရာယ်အမျိူးမျိူးကိုလည်း ရှောင်ကွင်းစေတတ်သည်ဟုလည်း ကျမ်းဂန်များအရ မှတ်သားထားဖူးပါတယ်။

ဒိဝါတပတိ ဂါထာ--
***************
ဒိဝါ တပတိ အာဒိစ္စော
ရတ်တိမာဘာတိ စန်ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
စျာယီ တပတိ ဗြာဟ္မဏော
အထ သဗ္ဗမဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ

Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန်
စစ်တောင်းလမ်းနှင့် ယုဇနလမ်းထောင့် ပုဗ္ဗသီရိမြို့
နေပြည်တော်။
09699970001

မုန်းတီးလို့ပဲဖြစ်စေ၊ ဘာကြောင့်ပဲ ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခဖြစ် အောင် မလုပ်ကြပါစေနဲ့၊တစ်ယောက်ရဲ့ ဆင်းရဲမှု ကို မလ...
18/07/2025

မုန်းတီးလို့ပဲဖြစ်စေ၊ ဘာကြောင့်ပဲ ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခဖြစ် အောင် မလုပ်ကြပါစေနဲ့၊

တစ်ယောက်ရဲ့ ဆင်းရဲမှု ကို မလိုလားမိကြပါစေနဲ့လို့ မြတ်စွာဘုရားကဟောတယ်။

သတ္တဝါတွေပေါ်မှာ မေတ္တာထားရမှာနော်။

အခုခေတ်မှာ အကြမ်းဖက်ဝါဒ terrorism ဆိုတာ ပေါ်လာတယ်။

အကြမ်းဖက်ဝါဒ ဆိုတာ လူတွေ ဒုက္ခရောက် အောင်လုပ်တဲ့ ဝါဒပဲလေ။

လူတစ်ယောက် ဒုက္ခဖြစ်တာကို ကျေနပ်တဲ့လူက ရှိသေးတာကိုး။

ဒီလူ ဒုက္ခရောက်အောင် လုပ်လိုက် မယ်ဆိုတဲ့လူတွေက ရှိသေးတယ်။

လူတစ်ယောက် ဒုက္ခရောက်အောင် လုပ်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ် မျိုးတွေရှိတယ်။

အင်မတန်မှ ယုတ်ညံ့တဲ့ စိတ်ဓာတ် မျိုးတွေရှိ
တယ်။

အဲဒီ စိတ်ဓာတ်မျိုးတွေကို ဖယ်ရှား နိုင်အောင် မြတ်စွာဘုရားက သင်ပေးတယ်။

ဘယ်သူသေသေဆိုပြီး လုပ်ကြတာတွေအင်မတန် မှ ကြောက်စရာ ကောင်းတယ်။

အဲဒါ မေတ္တာ ခန်းခြောက်လာတဲ့ အဓိပ္ပာယ်ကို ပြောနေတာနော်။

ကမ္ဘာကြီးပူနွေးလာတာသာ လူတွေကသိကြ တာ။

မေတ္တာခန်းလာတာ သိပ်မသိကြဘူးနော်။ သတိမထားမိကြဘူး။

လူတွေရဲ့ သန္တာန်မှာရှိတဲ့ မေတ္တာတွေဟာ ခန်းခြောက်လာလို့ ရင်ထဲနှလုံးထဲ မှာ ပူနွေးလာတာကို သတိထားဖို့ လိုအပ်တယ်ပေါ့။

ကမ္ဘာကြီး ပူနွေးနေတာကို ဆွေးနွေး ဖြေရှင်းဖို့ လုပ်နေကြတယ်။

ရင်ထဲက ပူနေတာ တော့ ဘယ်သူမှ မဆွေးနွေးဘူး။

ရင်ထဲ ပူနွေး တာက ပိုဆိုးတယ်တဲ့။ အေးချမ်းအောင် လုပ်ရ မယ်။

ဒါကြောင့်မို့ ဒီလို မေတ္တာစိတ်ဓာတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်စေရမယ်လို့ မြတ်စွာ
ဘုရားကဟောတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

မေတ္တသုတ် အနှစ်ချုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

#ပါချုပ်ဆရာတော် #တရားမှတ်စု

သူတော်ကောင်းလက္ခဏာ(၁၂)ပါး၁ ။ စိတ်ရှည်ခြင်း၊၂ ။ မကြွားဝါတတ်ခြင်း၊၃ ။ ဒေါသမလွန်ကဲခြင်း၊၄ ။ အတ္တမာန မကြီးခြင်း၊၅ ။ ကျေးဇူးတ...
07/07/2025

သူတော်ကောင်းလက္ခဏာ(၁၂)ပါး

၁ ။ စိတ်ရှည်ခြင်း၊

၂ ။ မကြွားဝါတတ်ခြင်း၊

၃ ။ ဒေါသမလွန်ကဲခြင်း၊

၄ ။ အတ္တမာန မကြီးခြင်း၊

၅ ။ ကျေးဇူးတရားသိတတ်ခြင်း၊

၆ ။ ဂုဏ်တုဂုဏ်ပြိုင် မလုပ်ခြင်း၊

၇ ။ မိမိကိုယ်ကျိုးမကြည့်ခြင်း၊

၈ ။ သူတစ်ပါးအပြစ်ကို စိတ်မှတ်မထားခြင်း၊

၉ ။ အပြစ်မြင်လျှင် အပြစ်တင်ပြီးမပြောတတ်ခြင်း၊

၁ဝ။ မကောင်းမှုကို မနှစ်သက်မလိုလားခြင်း။

၁၁။ ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း၊

၁၂ ။ သီးမခံနိုင်သည်အထိ သီးခံခြင်း၊
#တရားစကား #နေ့စဥ် #ရွှေတရားတော်

၂၀၂၅ ခုနှစ် အတွက် ဝါတွင်းရက်(၉၀) ဂုဏ်တော်အဓိဋ္ဌာန်ပုတီးဇယား #၂၀၂၅ခုနှစ် #ဂုဏ်တော်ပုတီး #ဝါတွင်းရက်၉၀အဓိဋ္ဌာန်ပုတီး
05/07/2025

၂၀၂၅ ခုနှစ် အတွက် ဝါတွင်းရက်(၉၀)
ဂုဏ်တော်အဓိဋ္ဌာန်ပုတီးဇယား

#၂၀၂၅ခုနှစ်
#ဂုဏ်တော်ပုတီး
#ဝါတွင်းရက်၉၀အဓိဋ္ဌာန်ပုတီး

🦉ကျွန်းနက် လာဘ်ခေါ်ဇီးကွက် လည်ဆွဲ🦉ဇီးကွက် ဆိုတာ မြန်မာ့ရှေးအယူအရ လာဘ်ကောင် လေးတွေဖြစ်ပါတယ် ။ဒါ့ပြင် ➤ မျက်နှာမြင် ချစ်ခင...
28/06/2025

🦉ကျွန်းနက် လာဘ်ခေါ်ဇီးကွက် လည်ဆွဲ

🦉ဇီးကွက် ဆိုတာ မြန်မာ့ရှေးအယူအရ လာဘ်ကောင် လေးတွေဖြစ်ပါတယ် ။ဒါ့ပြင်

➤ မျက်နှာမြင် ချစ်ခင်စေခြင်း

➤ငွေကြေးလာဘ်လာဘပေါများစေခြင်း

➤မိမိနှုတ်မှ ပြောဆိုသမျှ အောင်မြင်နိုင်ခြင်း

➤အန္တရာယ်ကင်းလာဘ်ရွှင်၍သောကကင်းစေခြင်း

➤အပူမီးများငြိမ်းအေးစေခြင်း

➤အလုပ်အကိုင်အရောင်းအဝယ် တိုးတက်စေခြင်း

➤မကောင်းသော အနှောင့်အယှက်များ

ကင်းဝေးပြီး ကောင်းကျိုးတရားများနှင့် ပြည့်စုံစေသည်။

Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန်
09699970001

Address

Naypyidaw

Telephone

+959699970001

Website

Alerts

Be the first to know and let us send you an email when Shwe Pa သိဒ္ဓိဝင်ကျွန်းနက် နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share