Journalist Thazin Oo

Journalist Thazin Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Journalist Thazin Oo, Media/News Company, No. 11, Sapal Street, 9 Ward, Naypyidaw.

06/04/2024

လိင်ပိုင်းဆိုင်ရာ မေးခွန်းများဖြင့် အင်တာဗျူးလုပ်ခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်

ရန်ကုန်၊ ဧပြီ ၄
Facebook လူမှုကွန်ရက်တွင် Nyein Chan Htet Aung - WISE အမည်ဖြင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ မေးခွန်းများမေးမြန်း၍ ရုပ်သံဖော်ပြခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
Nyein Chan Htet Aung ၏ "၁၈နှစ်အောက် မကြည့်ရ [Street Interview]" တွင် မေးမြန်းထားသည့် မေးခွန်းများအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး ထိုသို့သော လုပ်ဆောင်မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူနိုင်ခြင်း ရှိမရှိ ဆက်သွယ်မေးမြန်းကြသည်။
ထိုသို့ မဖွယ်မရာမေးခွန်းများ မေးမြန်းတင်ဆက်သူကို စပွန်ဆာပေးထားသူများလည်း ရှိသည်။ Nyein Chan Htet Aung ၏ စာမျက်နှာတွင် မိန်းခလေးများအား သူနှင့် လိင်ဆက်ဆံမလားဟု လိုက်လံမေးမြန်းထားသည့် ရုပ်သံကို ပြန်လည် ဖြုတ်ချသွားခဲ့သည်။
Nyein Chan Htet Aung ၏ လုပ်ဆောင်ချက်အပေါ် အရေးယူဆောင်ရွက်၍ ရ/မရ ဟူသည် ရုပ်သံရိုက်ကူးထုတ်လုပ် ဖြန့်ချိမှု စိစစ်ဆောင်ရွက်သူများနှင့် အဓိက သက်ဆိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်တွင် တေးသီချင်းဗွီဒီယိုများ ရိုက်ကူးထုတ်လွှင့် ပြသမှုနှင့် ပတ်သက်၍ ဆင်ဆာမူဝါဒတွင် ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး အသိပေးထုတ်ပြန်ထားသည်။ ဆင်ဆာမူဝါဒများကို ရိုက်ကူးထုတ်လွှင့် ပြသမှုများဆောင်ရွက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးမောင်အေး၊ သမ္မတ(ငြိမ်း)ဦးသိန်းစိန်တို့ကို မြန်မာန...
05/04/2024

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၊
ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးမောင်အေး၊ သမ္မတ(ငြိမ်း)ဦးသိန်းစိန်တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး သွားရောက်တွေ့ဆုံ
-
တစ်ခါမှ မီဒီယာရှေ့မထွက်တဲ့ ကျောက်ဆည်သားကြီးကို ရုတ်တရက် တွေ့လိုက်ရတာ ဘာအကြောင်းတရားတွေ ရှိနိုင်မလဲ...?

04/04/2024

လမ်းသွားရင်း တွေ့ခဲ့ရသော
စစ်ဘေးရှောင် သားအမိ
ယနေ့ အဖေနှင့်အတူ အပြင်သွားရင်းးး
အလုပ်လေးများ မရှိဘူးလား
သန့်ရှင်းရေးလဲ လုပ်တတ်ပါတယ်
အဝတ်လျော် လဲ ခိုင်းလို့ ရပါတယ် ဆိုသော
အသံလာရာဘက်သို့ ကြည့်မိတဲ့အခါ
ခလေးလေးနဲ့ အတူ ပုံပါသားအမိ၂ယောက်ကို တွေ့လိုက်ရပါတယ်
ရော့ ရော့ ၅ထောင် ခလေးကို မုန့်ဝယ်ကျွေးလိုက်နော်
ကျမလဲ ကားကို ဖြေးဖြေးဆက်မောင်းရင်း
ကားမှန်ထဲက အသာကြည့်နေမိပါတယ်
ထိုအမျိုးသမီး စက်ဘီးလေးရပ်ပြီး ပေးလိုက်တဲ့ ပိုက်ဆံ ၅ထောင် ကိုကြည့်ပြီး ငိုနေတာ မြင်ရတဲ့အခါ--
ဘာ့ကြောင့်ငိုတာလဲ ဘာအခက်အခဲများရှိနေမလဲရယ်လို့

04/04/2024

MRTV ဝန်ထမ်းလိုင်းခန်းတွေမှာ
အပိုလူတွေ ရှိနေပြီးတော့ အကြမ်းဖက် PDF များနဲ့ ဆက်စပ်နေတဲ့သူတွေရှိနေကြောင်း သတင်းရရှိထားပါတယ်။

သာမန်စစ်ဘေးရှောင်ခိုလှုံသူတွေနဲ့ အကြမ်းဖက်အားပေး တွေကိုတော့ ဖားမှန်း ငါးမှန်း ကွဲအောင် စစ်ဆေးသင့်ပါကြောင်း အကြံပြုပါရစေ။

ပြီးခဲ့တဲ့ တပ်မတော်နေ့အခမ်းနား မှာ အဖျက်အမှောင့်လုပ်ဖို့ အခွင့်မသာတဲ့အတွက် လာမယ့် သင်္ကြန်မှာ အဖျက်အမှောင့်လုပ်ဖို့ ကြံစည်ထားကြပြန်ပါတယ်။

အထူးသဖြင့် အနုပညာရှင်တွေနဲ့ MRTV သို့ လာရောက်နေတဲ့ အထူးဧည့်သယ်တော်တွေရဲ့ လုံခြုံရေးကို သတိထား ဂရုစိုက်စေချင်ပါတယ်။

အများကြီးရေးလို့ မကောင်းလို့ ဒီလောက်ပါပဲ... ။

သဇင်ဦး (ရွှေဆည်သူ)

04/04/2024

ကျန်းမာ ထီပေါက်

နိဗ္ဗာန်ရောက်ပါစေ 🙏

သိန်းဆုကြီးများ ပေါက်ကြပါစေ

သူမကတော့ Miss Supranational Myanmar 2017 မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ရွှေမှူးဟန် ဖြစ်ပါတယ်။ သူမရဲ့ နာမည်အပြည့်စုံလေး...
04/04/2024

သူမကတော့ Miss Supranational Myanmar 2017 မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ရွှေမှူးဟန် ဖြစ်ပါတယ်။ သူမရဲ့ နာမည်အပြည့်စုံလေးကတော့ မေအိနြေ္ဒသန့် ဖြစ်ပါတယ်။ မိတ္ထီလာ သူ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်က ၂၀၁၇ ခုနှစ်မှာ ဥရောပ နိုင်ငံ Poland မှာကျင်းပပြုလုပ်တဲ့ Miss Supranational ပြိုင်ပွဲမှာ Bangkok မှ Poland အထိ တစ်ယောက်ထဲ သွားရောက်ယှဉ်ပြိုင်
ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ မိသားစုရဲ့ စကားကိုနားထောင်ပြီး သူမရဲ့အနုပညာအလုပ်ကနေ စွန့်ခွါကာ တပ်မတော်ထဲကို ဝင်လာခဲ့သူလေးတစ်ဦးလို့လည်း ထပ်မံသိရပါတယ်။ သူမရဲ့မိသားစုဟာဆိုရင်လဲ တပ်မိသားစု အသိုင်း အဝိုင်းကမွေးဖွားလာသူဖြစ်တဲ့အတွက် အခုဆိုရင် သူမက နိုင်ငံကိုယ်စားပြုအလှမယ်ဘဝမှနေ နိုင်ငံ့အကျိုးပြု စစ်သမီးအရာရှိတစ်ယောက်အဖြစ် ၂၀၂၁ခုနှစ်မှာတပ်မတော်ထဲသို့ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

သူမဟာ ၂၀၁၉ ၊၂၀၂၁ ခုနှစ် တွေမှာ တပ်မတော်နည်းပညာတက္ကသိုလ် DSTA သကြင်္န်ပွဲတွေမှာ အမြဲဖျော်ဖြေ လေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ၇၆ နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွဲ ကြယ်နှင့်အတူ ဇာတ်လမ်းမှာဆိုရင်တော့ တပ်ကြပ်ငွေမောင်ဇနီး၊ ဗိုလ်ကြီးသန်းနိုင်မိခင် မသက် အဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ခဲ့ပြီး တပ်မတော်အကျိုးပြုလုပ်ငန်းတွေအတွက် အမြဲပါဝင်တဲ့သူလေးတစ်ဦးလဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက် ၇၇နှစ်မြောက် တပ်မတော်နေ့မှာလဲ သူမကိုယ်တိုင် စစ်ရေးပြလျှောက်ခဲ့ပါဝင်တယ်လို့သိရပါတယ်။

(၇၅)နှစ်မြောက် တပ်မတော်(ရေ) ဂုဏ်ပြုဇာတ်လမ်းတွဲ ကြယ်စင်ညွှန်ရာ သစ္စာမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ သူမဟာ ယခင်အနုပညာအလုပ်မှာလဲလျှောက်လှမ်းခဲ့သူဖြစ်တဲ့အပြင် အရာရှိတစ်ယောက်ဖြစ်တဲ့အတွက်
၇၉ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း လက်တွဲတူစုံချစ်ရိပ်မြုံမှာလည်း BE တပ်က တပ်ကြပ် ဝေဝေ အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။

ကျွန်မနဲ့ ကိုလူချောများ🥰
04/04/2024

ကျွန်မနဲ့ ကိုလူချောများ🥰

Address

No. 11, Sapal Street, 9 Ward
Naypyidaw

Alerts

Be the first to know and let us send you an email when Journalist Thazin Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Journalist Thazin Oo:

Share