Capital News

Capital News " Together with the People "
(10)

23/04/2023
21/04/2023
21/04/2023

လူသိများတဲ့ သတင်းသမား ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ကိုတပ် မတော် အက....

11/04/2023
10/04/2023

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ချေမှုန်းတိုက်ခိုက်နေတဲ့ ကော်ဘရာစစ.....

07/04/2023
07/04/2023
05/04/2023

သွားရောက်တွေ့ဆုံ နှစ်ဦးသည် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုးနှင့် ဒီပဲယင်းမြို့နယ်၊ ပြည....

04/04/2023
03/04/2023
03/04/2023
03/04/2023
03/04/2023

ဟားခါးသို့ သွားနေသည့် စစ်ယာဉ်တန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးဟု CNF ပြော

ဧရာဝတီ၊ ဧပြီ ၂ ၊ ၂၀၂၃

ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရိက္ခာနှင့် လက်နက်ခဲယမ်း သယ်ဆောင်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ ၇ ဦး သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသား တပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီသို့ ပြောသည်။

ယနေ့ မနက် ၈ နာရီခန့်က တင့်ကား ၂ စီးအပါအဝင် ယာဉ် ၃၀ ပါသည့် အဆိုပါ ယာဉ်တန်းကို ဟားခါးနှင့် ဖလမ်းကြားတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆလိုင်းထက်နီက “သူတို့ဘက်က ၇ ယောက်ကျတယ်။ သူတို့ကတော့ (စစ်တပ်) ချင်းပြည်နယ် ကျေးလက်ဒေသ အားလုံး မှာ မစိုးမိုးနိုင်တော့ဘူး။ ပြီးတော့ အထိုင်စခန်းမှာရှိနေတဲ့ တပ်တွေကို အပြောင်းအလဲ လုပ်တယ်၊ ရိက္ခာ အင်အားလည်း ဖြည့်တယ်ပေါ့။ နယ်မြေစိုးမိုးရေးအတွက်၊ ကျနော်တို့ ဒေသကာကွယ်ရေးတွေကို ချေမှုန်းဖို့အတွက်ပေါ့။ ချင်းပြည်နယ်မှာ မိုးတွင်းစစ်ဆင်ရေးအနေနဲ့ အင်အား လာဖြည့်တယ်လို့ စစ်ရေးအရ မြင်တယ်” ဟု ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ကလေးမြို့မှ မတ် ၇ ရက်နေ့က စတင်ထွက်လာခြင်း ဖြစ်ပြီး ဟားခါးသို့ဝင်မည့် ကလေး- ဖလမ်း- ဟားခါး လမ်းပိုင်းတွင် ချင်းတော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ထို့ပြင် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းက CNF/CAN၏ တပ်မဟာ ၄ နယ်မြေတွင် ဇိုမီးလက်နက်ကိုင်တပ် (ZRO/ZRA) တပ်ဖွဲ့ နှင့် CNF/CNA တို့ မတ်လအတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ZRO က တပ်ခစန်း တခုကို မတ်လ ၃၁ ရက်နေ့က စွန့်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲ ၂ ခုတွင် ZRO ဘက်မှ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိခဲ့ကြောင်း ဆလိုင်းထက်နီက အတည်ပြု ပြောဆိုသည်။

ပုံစာ-CNA တပ်ဖွဲ့ဝင်များ/CNF


01/04/2023
01/04/2023
01/04/2023
01/04/2023

ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲ ကျင်းပနေသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၁

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲ ကျင်းပနေသည့် ရာအိမ်မှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး ထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် ၁၁၃လမ်း ၄၆လမ်းနှင့် ၄၇လမ်းကြားတွင်နေထိုင်သည့် ရာအိမ်မှူး ဆန်းအောင် (ခ) စမုတ်သည် နေအိမ်၌ မွေးနေ့ပွဲ ကျင်းပနေစဥ် အောင်စည်တော် စစ်ဆင်ရေးမှ ရဲဘော်များက သေနတ်ဖြင့် ၇ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှုးဆန်းအောင် (ခ) စမုတ် သည် လူမိုက်များ မွေးကာ ပြည်သူပိုင် အိုးအိမ်များအား ဆဲဆိုကာ မိုက်ရိုင်းစွာ‌ ဖျက်ဆီး‌ခြင်း၊ ပြည်သူများအား လက်နက်ပြကာ ခြိမ်းခြောက် ဖယ်ရှားစေခြင်း စစ်တပ် အလိုကျ အုပ်ချုပ်နေခြင်း အတွက် အောင်စည်တော် ရဲဘော်များမှ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာအိမ်မှူးထံမှ G***k Pistol ပွိင့် ၃၈၀ သေနတ် တစ်လက်၊ ပွိင့် ၃၈စ ကျည် ၂၂ တောင့်၊ ဖုန်းနှစ်လုံး နှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အောင်စည်တော် စစ်ဆင်ရေးထံမှ သိရှိရသည်။

30/03/2023
30/03/2023
30/03/2023

NLD ပါတီ ဖျက်သိမ်းဆိုသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေညာချက် တရား ဝင်မှု မရှိ ၊ ပြည်သူနှင့်အတူ NLD ပါတီ ဆက်လက်တည်ရှိနေ

ရန်ကုန်၊ မတ် ၂၉

အကြမ်းဖက် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက် သိမ်းကြောင်း ကြေညာမှုသည် တရားဝင်မှုမရှိဘဲ ပြည်သူများနှင့်အတူ NLD ပါတီက ဆက်လက်တည်ရှိနေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

​အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းကတည်းက ပြည်သူလူထု၏ မျှော်လ င့် ချက် များကို ရိုက်ချိုးရန်နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီး ရေးရည်ရွယ်၍ ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီး၊ မတရားအမှုများဆင်ကာ ထောင်ချခြင်းကို ဦးစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ​ထို့ပြင် ပါတီဝင်များကိုလည်း ဆက်တိုက်ဖမ်းဆီး လျက် ရှိရာ ယနေ့ထိ ၁၂၃၅ ဦးရှိပြီး၊ ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ကြကြောင်း သိရှိရသည်။

အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ၊လွှတ်တော် ကိုယ် စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်း ခံထားရသည့်အပြင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်း ကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း NLD ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တည်ဆဲဥပဒေများကိုချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှု မရှိ သည့်အပြင် ပြည်သူလူထု အား ကိုယ်စားပြုမှုလည်းမရှိသည့်အတွက် ၎င်း၏ လုပ်ကိုင်ဆောင်ရွက်သမျှသည် တရားဝင်မှုမရှိကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ ကြေညာချက်အမှတ် ၇/၂၀၂၂ ၊ ၁၀/၂၀၂၂ ၊ ၁၂/၂၀၂၂ တို့ဖြင့် အတိအလင်းကြေညာထားပြီးဖြစ်သဖြင့် တရားဝင် ဖွဲ့စည်း ထားပြီးသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိကြောင်း NLD ၏ ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။

​၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုး စီးပွား ကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု ၏အဆုံး အဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေ မည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့် နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း၊ ပြည်သူနှင့် တစ်သား တည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိ အမှတ်ပြုလေးစားပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံး ရေးခရီးစဉ်။

Photo- AFP ။

30/03/2023

ဆားလင်းကြီးတွင် စစ်တပ်ထောက်ခံပွဲ လုံခြုံရေးယူ ပြန်လာသည့် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ယင်းမာပင်၊ ဘန့်ဘွေးရွာမ ပျူစောထီး စစ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ထောက်ခံပွဲ လုံခြုံရေးယူပြီး ပြန်လာသည့် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံး ခဲ့ ကြောင်း National Revolutionary Guards မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်သူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန် ဆားလင်းကြီးမြို့ပေါ်မှ စစ်တပ် ထောက်ခံပွဲကို လုံခြုံရေးယူ၍ ပြန်လာသော အင်အား ၁၅၀ ပါစစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီးတွင် National Revolutionary Guards (NRG/Salingyi) နှင့် Chindwin Dynamite တပ် ဖွဲ့တို့က ပူးပေါင်းကာ ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်၏ စနိုက်ဘာ (Sniper) လက်ချက်ဖြင့် စစ်သား ၁ ဦး နေရာတွင် သေဆုံးပြီး၊ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ၊ လက် နက် ငယ်များဖြင့် ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်း လက်ပံတောင်းရွာ သို့ ရောက်ရှိတပ်စွဲနေချိန် National Revolutionary Guards (NRG/Salingyi) ၊ Chindwin Dynamite ၊ MPDF တပ်ဖွဲ့တို့မှ ၃ ဖွဲ့ ပူးပေါင်းပြီး ချဉ်းကပ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ချင်းတွင်းမြစ်ကြောင်းမှ စက်လှေနှစ်စီး ချောဆွဲကာ လက်နက် ခဲယမ်း လာဖြည့် သော စက်လှေကိုလည်း လက်ပံတောင်းရွာဘက် ကမ်းသို့ကပ်ချိန်တွင် ‌လက် နက်ငယ်များဖြင့် ပြောက်ကျားစနစ် ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က လက်နက်ကြီး လက်နက်ငယ် များဖြင့် ဆက်တိုက်ခုခံသဖြင့် မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားနေချိန် စက်လှေဖြင့် အင်းအား ၄၀ ခန့် သည် မြစ်ကမ်းဘေး ရှိ ရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ မုံရွာမြို့ နန်ချွန်ဆိတ်ကမ်းသို့ ဆိုက်ကပ်သွားခဲ့ကြောင်း၊ လက်ပံတောင်းရွာထဲတွင် စစ်အင်အား ၈၀ ခန့် ကျန်ရှိနေကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို National Revolutionary Guards (NRG/Salingyi)၊ Chindwin Dynamite ၊ MPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ပျူစောထီး စစ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသ ပြည်သူ့ ကာ ကွယ်ရေးတပ်ခေါင်းဆောင် ပုလဲဗိုလ်ဂဠုန်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁ နာရီ အချိန် ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီး ကားလမ်းမဘေးတွင်ရှိသည့် ဘန့်ဘွေးရွာမ ပျူစောထီးစခန်းကို လက်နက် ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

"ပျူရွာကိုသွားပစ်တာတာက ဒီနေ့ မနက်ခင်း ၁နာရီ ကနေ မနက်ခင်း ၃နာရီ အချိန် အထိ ပစ်ခဲ့တာ။ ဘာလို့ အဲလိုပစ်ခတ်ရတာလဲဆိုတော့ အဲရွာမှာ စစ်ခွေး‌ တွေ အာဏာသိမ်းပြီး အချိန်ကစလို့ အဲရွာမှာတပ်စွဲနေတယ်။ သူတို့ရိက္ခာ ပြတ် တယ်ဆိုရင် အနီးအနားက နဘူးတောရွာ၊လက်ပံရွာ၊ကံစုရွာ၊တရော်ကျင်း ရွာတွေကို လာပြီး လုယက်ဓါးပြတိုက်တာတွေ လုပ်လို အခုလိုပစ်ခတ်တာဗျ။ စစ်ခွေး အသေအပျာက်ကတော့ အတိကျမသိရသေးဘူး။ စုံစမ်းနေတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး" ဟု ပုလဲဗိုလ်ဂဠုန်က ပြော ဆိုသည်။

ဘန့်‌ဘွေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်များက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘန့်ဘွေးရွာမှ ထန်းတက်သမားတစ်ဦးကို သတ်ဖြတ်ပြီး စားနပ်ရိက္ခာနှင့် ဆိုင်ကယ်များကို လုယက်ယူသွားခဲ့ကြောင်း သိရှိရသည်

ပျူစောထီးစစ်စခန်းကို တိုက်ခိုက်မှုတွင် ပုလဲဗိုလ်ဂဠုန်၊‌ သခင်ဒေါင်းညို၊ ဆရာ စံ၊ ကိုဘသာ စသည့် ဒေသတွင်း တော်လှန်ရေး မဟာမိတ်အဖွဲ့များပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

Photo- တော်လှန်ရေးရဲဘော်တစ်ဦး၏ ဖေ့ဘုတ်စ်မှ ရယူပါသည်။

30/03/2023
28/03/2023
28/03/2023
27/03/2023

၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် မသေကျေးရွာအုပ်စုက ပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာတွင်းရှိ ပြည်သူ့စစ်အဖွဲ့ကို ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ၂ နာရီဝန်းကျင်တွင် ကော့သောင်း၊ဘုတ်ပြင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်းသိရသည်။

အဆိုပါ ဝါးကျွန်းကျေးရွာတွင်ရှိ ပြည်သူ့စစ်အဖွဲ့များထံက လက်နက်များမှာ AK 47 (4) လက်၊ AK ကျည်ဘောက် (၅)ခု၊ M 16 တစ်လက်၊ M16 ကျည်ဘောက် (၁၁)ခု၊ လက်ပစ်ဗုံး( ၄ )လုံး၊ M16 ကျည် (၁၇၀) တောင့် ၊ AK 47 ကျည် (၃၅၅) တောင့် ၊ ထိုင်ဖုန်း( ၁) လုံး၊ စမတ်ဖုန်း (၁)လုံး၊ Equiment (၁)စုံ ၊ လက်ထိပ် (၂)စုံ၊ ဓားရှည် (၂)ချောင်း ၊ ဓာတ်မီးတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။

"၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ကျွန်​တော်တို့ လုပ်ဆောင်ခဲ့တာပါ။ ကျေးရွာအုပ်စု ဒီကောင်တွေက ကျွန်းပေါ်မှာ အနိုင်ကျင့်နေတဲ့ ကောင်တွေဖြစ်ပြီး စစ်ကောင်စီရဲ့လက်ပါးစေတွေဖြစ်တာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ရှင်းလင်းသုတ်သင်ပြီး လက်နက်များသိမ်းခဲ့တာဖြစ်ပါတယ်" လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထို စစ်ဆင်းရေးကို ဘုတ်ပြင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ နှင့် ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်​ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဒါ့ပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ လက်နက်နှင့် ပစ္စည်းများ သိမ်းဆည်းပြီးနောက် အောင်မြင်စွာပြန်လည် ဆုတ်ခွာခဲ့နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဓာတ်ပုံ-တနင်္သာရီစစ်ဒေသခွဲ- ကွပ်ကဲရေးအဖွဲ့ပြန်ကြားရေး
#၇၈နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့
#မသေကျေးရွာအုပ်စု #ပြည်သူ့စစ်အဖွဲ့ကို #ဝင်ရောက်တိုက်ခိုက် #လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

27/03/2023

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြင် ဒီအဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တိုင်း....

27/03/2023

စစ်ကောင်စီက ကန့်ဘလူမြို့မှ လူငယ်နှစ်ဦးကို သတ်ဖြတ် အလောင်းစွန့်ပစ်

ဓားစာခံမိခင် ပြန်လွတ်ရန် အဖမ်းခံလိုက်သည့် ၁၇ နှစ်သားနှင့် အခြားတစ်ဦး၏ အလောင်းများ ကောက်ယူ သင်္ဂြိုဟ်ခွင့် မပြုသဖြင့် မြစ်ထဲရောက်သွားသည်။

မွတ်ဆလင်တို့၏ ထုံးစံအတိုင်း သင်္ဂြိုဟ်ခွင့် အပါအဝင် အသုဘအစီအ စဥ်များကို စစ်ကောင်စီက တားမြစ်ထားကြောင်း မိသားစုနှင့်နီးစပ်သူတို့ ထံမှ သိရသည်။

အဖမ်းခံရသူ အခြား ၆ ဦး နှိပ်စက်ညှဥ်းပန်းခံရပြီးနောက် ပြန်လွတ်လာသည်။

စျေးအတွင်း စည်ပင်ဌာနလက်အောက်တွင် အလုပ်လုပ်သူ အမျိုးသမီး ပစ်သတ်ခံရအပြီး အထက်ပါ ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>> https://drupal.myanmar-now.org/mm/news/14327

ပုံစာ - သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရသည့် မွတ်စလင်လူငယ်များဖြစ်သော ကိုသက်ပိုင်စိုးနှင့် ကိုချစ်မင်းနိုင်။ (ဓာတ်ပုံ - ပေးပို့)

Viber သတင်းများဖတ်ရန် : https://bit.ly/3NqTSxY

27/03/2023
27/03/2023
27/03/2023
27/03/2023

ပြည်သူများအပေါ် စစ်တပ်ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို EU ထပ်မံရှုတ်ချ

ယန်းဒီ/People’s Spring

စစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူ​ထောင်​ရန် ဥရောပသမဂ္ဂ(EU)က ​တောင်းဆိုလိုက်သည်။

ယနေ့ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့(စစ်ကောင်စီ၏ တပ်မတော်နေ့)တွင် တပ်မတော်တိုင်း၏ အဓိက တာဝန်မှာ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ကို သတိိရဆင်ခြင်မိကြောင်း အီးယူနိုင်ငံခြားရေးရာဌာန ပြောရေးဆိုခွင့်ခေါင်းဆောင် Peter Stano က ပြောသည်။

“ဥရောပသမဂ္ဂဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူများအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံမှာ တရားဝင် အရပ်သားအုပ်ချုပ်​ရေးနဲ့ တည်ငြိမ်​ရေး၊ ဒီမိုက​ရေစီတို့ကို ပြန်လည်ထူ​ထောင်​ဖို့ ​တောင်းဆိုလိုက်ပါတယ်” ဟု အထက်ပါ အီးယူပြောရေးဆိုခွင့်ရှိသူ အကြီးအကဲက ပြောသည်။

မြန်မာနိိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ရန်ကုန်မြို့ရှိ ပြည်သူများအား စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/
t.me/PeopleSpring (https://t.me/PeopleSpring)

27/03/2023

Breaking News- တပ်မတော်နေ့ စစ်ရေးပြ လေ့ကျင့်ကွင်းကို ၁၀၇ မမ ရှော့ တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်၊ နေပြည်တော် အဝင်အထွက် အားလုံးကို စစ်တပ် က ပိတ်ဆို့ စစ်ဆေးနေ

■ ကိုဇေယျာသော် မွေးနေ့ အဖြစ် နေပြည်တော် စစ်ရေးပြကွင်းကို တိုက်ခိုက် ခြင်း ဖြစ်ဟုဆို

ရန်ကုန်၊ မတ် ၂၆

နေပြည်တော်တွင် အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ၇၈ နှစ်မြောက် တပ်မ တော်နေ့ အခမ်းအနား ပြုလုပ်မည့် စစ်ရေးပြ လေ့ကျင့်ကွင်းကို ယနေ့ည ၇ နာရီခွဲ အချိန်တွင် ရှော့တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ အချိန်တွင် စစ်ရေးပြ လေ့ကျင့်ကွင်းကို ပစ် ခတ် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းကွင်းတွင် မနက်ဖြန် ပြုလုပ်မည့် တပ်မတော် နေ့ အတွက် ညပိုင်း လုံခြုံရေးများ၊ အခမ်းအနားအတွက် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများ ရှိနေကြောင်း ၊ သို့ရာတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေများကို မသိရှိရသေးဘဲ စစ်ကားများဖြင့် ဂိတ်ချ၍ နေရာပေါင်းစုံကို ပိတ်ဆို့ စစ်ဆေးနေသည်ဟု သိရှိရသည်။

"စစ်ကားတွေတော့ အရေးတကြီး သွားလာနေတာတွေ့တယ်။ ပေါက်ကွဲသံ လည်းကြားတယ်။ ကျန်တာတော့ မသိရသေးဘူး။ စစ်ဆေးမှုတွေ လည်းရှိနေတယ်" ဟု နေပြည်တော် ဒေသပြည်သူတစ်ဦးက ပြောသည်။

နေပြည်တော်စစ်ရေးပြကွင်းကို တိုက်ခိုက်မှုသည် ကိုဇေယျာသော်၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ကောင်စီကို လက်တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"တော်လှန်တဲ့ မတ်လရဲ့ ၂၆ရက်နေ့ဟာ အကြမ်းဖက်စစ်အုပ်စု ရဲ့သူရဲဘော ကြောင်စွာ ကွပ်မျက်မှုကို ခံခဲ့ရတဲ့ ကျနော်တို့ရဲ့ အာဇာနည်သူရဲကောင်း ဖြိုးဇေယျာသော် (ခ)ဇေယျာသော်(ခ)မောင်ကျော်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ လမ်းမတွေပေါ်က လူထုဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ နောက်က ပံ့ပိုးအားဖြည့် ပေးခဲ့သလို၊ သက်စွန့်ဆံစား မြေအောာက်မြို့ပြပျောက်ကျား တိုက်ပွဲတွေ မှာလည်း လူငယ်ထုနဲ့ တသားတည်းတိုက်ပွဲဝင်ခဲ့တဲ့ ကိုဇေယျာသော် (ခ) မောင် ကျော် ဟာ Generation Zဆိုတဲ့ မျိုးဆက်သစ် လူငယ်ထုအပေါ် သူပြောခဲ့တဲ့ ကတိစကားအတိုင်း သူ့အသက်နဲ့ရင်းပြီး တာဝန်ကျေစွာ ဦးဆောင်ခဲ့ပါတယ်။ လုပ်တဲ့အတိုင်းပြော ပြောတဲ့အတိုင်းလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ဘဝရောအ သက်ပါ စွန့်လွှတ်တော်လှန်ပြသွားတဲ့ ကျနော်တို့ခေတ်ရဲ့ သူရဲကောင်း ကိုဇေယျာ သော် အတွက် ဂုဏ်ပြုမွေးနေ့လက်ဆောင်အနေနဲ့ ဒီကနေ့မှာ ကျနော် တို့ အထူးစစ်ဆင်ရေးအနေနဲ့ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါ တယ်။ ဇေယျာသော်ရဲ့ ကျဆုံးမှုဟာ ဇေယျာသော်လို သူရဲကောင်းတွေ မျိုးဆက်တခုစာလုံး မွေးဖွားပေးလိုက်တာဖြစ်တယ်။တော်လှန်ရေးသမား တယောက်ကို သတ်လိုက်တိုင်း တော်လှန်ရေးရဲ့စိတ်ဝိညာဉ်တွေကို သိဒ္ဓိတင် လိုက်တာပဲ။ ငါတို့မျိုးဆက်တခုလုံးဟာဇေယျာသော်တွေဖြစ်တယ်။ “ဇေယျာ သော် စိတ်ဓါတ်နဲ့အဆုံးထိတိုက်ပွဲဝင်ကြ”" ဟု တော်လှန်ရေးအဖွဲ့က ပြောဆို သည်။

Address

Pyinmanar/Taungnyo Road , Zabuthiri Township
Naypyidaw

Website

Alerts

Be the first to know and let us send you an email when Capital News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Capital News:

Videos

Share