04/05/2025
#အိမ်ပြန်ရတော့မယ့်_နောင်ချိုလမ်းမများဆီသို့
_______________________________________
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို
ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် နောင်ချိုကို ဦးတည်နေတဲ့
တပ်မတော်စစ်ကြောင်းတွေက အပိုင်းလိုက်ဆောင်ရွက်နေတာရှိပေမယ့်
အောင်မြေတောင်ခမ်းကနေ စစ်ချီလာတဲ့စစ်ကြောင်းကြီးက (၂)ခုရှိပါတယ်။
နစကအနေနဲ့ နိုင်ငံရေးအရ လမ်းဖွင့်ထားပေမယ့်
TNLA က နစကကိုရည်ညွန်းပြီး အာဏာရှင်ကို အပြုတ်တိုက်သွားမယ်လို့
ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာတွေ့ရတယ်။
သဘောကတော့
လနကိုင်လမ်းစဥ်ကို ရွေးချယ်ပြီးဆက်သွားမယ့် အဓိပ်ပါယျဖွဈလို့
နစကအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာကို ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။
ဒါပေမယ့် တောင်ခမ်းဂွင်က အောင်မြင်မှုတွေရဲ့အရှိန်ရနေတဲ့
အောင်မြေဖြစ်နေသလိုစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့
တပ်မတော်သားတွေကလဲ အောင်စိတ်တွေက လွှမ်းမိုးနေပြီးဖြစ်ပါတယ်။
ဒီတော့ မစခ (၉၀၂)ကနေ စစ်ကြောင်းချီလာတဲ့ တပ်မ (၁၁)
အမတ (၃၅၄)ကနေ အောင်မြေနင်းလာတဲ့ တပ်မ (၅၅)အဖွဲ့တွေက
လမ်းကြောင်းတခုစီခွဲပြီး နောင်ချိုကိုလက်ဆက်ဦးတည်ချီတက်နေပါပြီ။
တခြားတဖက်မှာတော့ TNLA ရဲ့ခံစစ်စည်းတွေက
တခုပြီးတခုဖွဲ့စည်းပုံပျက်ပြီး နေ့စဥ်လက်လွှတ်နေရတာဖြစ်လို့
TNLA တပ်သားတွေ တိုက်ပွဲဝင်စိတ်ပါပျောက်နေတယ်လို့လဲသိရပါတယ်။
ဒီနေရာမှာ TNLA ရဲ့သတင်းစာရှင်းလင်းပွဲက
နိုင်ငံရေးအကျပ်အတည်းတခုကို ရူးရူးမိုက်မိုက်နဲ့ ရွေးချယ်လိုက်တာပါပဲ ။
ဒါတွေရဲ့နောက်ဆက်တွဲရလဒ်တွေကို TNLAအောက်ခြေတပ်သားတွေက
စိုးရိမ်စိတ်ပျက်လျက်ရှိပြီးDPLA ဓနုအဖွဲ့တွေနဲ့လဲ အစားထိုးတိုက်ပွဲဝင်ပေးဖို့
သဘောထားကွဲလျက်ရှိတယ်လို့လဲ သတင်းတွေကြားနေရပါတယ်။
နောင်ချိုက ဒေသခံတွေကတော့ TNLA အဖွဲ့ပြန်ဆုတ်ခွာဖို့ကိုမျှော်လင့်နေကြပြီး
နစကဖက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြတ်ပြတ်သားသားဆောင်ရွက်မှာကို
စိတ်ပါဝင်စားစွာ မျှော်လင့်လျက်ရှိပြီး မြေကျန်ရင်ရပြီလို့ဆိုနေကြပါတယ်။
တပ်မတော်က တောင်ခမ်းတကြောကို နယ်မြေရှင်းလင်းနေရာကနေ
စစ်ကြောင်းထိုးချီတက်နေတဲ့ အခြေအနေအထိရောက်ရှိနေတာဖြစ်ပြီး
ပြတ်သားတဲ့အမိန့်တွေကို နားစွင့်ရင်း အားတက်နေကြတယ်လို့လဲသိရပါတယ်။
မကြာခင် နောင်ချိုအနီး ကံကြီးရွာမှာရှိတဲ့ ရွှေမုဌောစေတီကုန်းနဲ့
အမာခံစခန်းတွေ၊ ရင်ဆိုင်ကုန်းတွေကို သိမ်းပိုက်နိုင်ဖို့အတွက် နောင်လင်ရွာနားက
စိုးမိုးကုန်းတွေကိုလဲ ထိန်းချုပ်ထားပါပြီး ယာပြင်တကြောကိုရှင်းလင်းနေတဲ့
စစ်ကြောင်းနဲ့ချိတ်ဆက် ဆောင်ရွက်ပြင်ဆက်မှုတွေ လုပ်ပြီးဖြစ်ပါတယ် ။
ဒီပုံစံအတိုင်းဆိုရင် နောင်ချိုကိုမကြာခင်မှာ ထိန်းချုပ်နိုင်ပါလိမ့်မယ်
တဖက်က TNLA က နိုင်ငံရေးတံခါးကို ကျောခိုင်းလိုက်တဲ့အတွက်
စစ်ရေးအရ ဖိအားပေးနိုင်ဖို့ နစကဖက်ကလဲ တန်ပြန်ဆောင်ရွက်ရပါလိမ့်မယ်။
ဒါက နစကအနေနဲ့ နောင်ချိုဂွင်တခုတည်းအတွက်မဟုတ်ပဲ
မတ္တရာ-မိုးကုတ်လမ်းကြောင်းကိုပါ ထိန်းချုပ်နိုင်ရေး တပ်မတော်က
ဆောင်ရွက်သွားရတော့မှာဖြစ်လို့ ပိတ်ကားမှာဆက်ကြည့်ရပါဦးမယ်။
တောင်ခမ်းကတပ်တွေရဲ့စစ်ကြောင်းတွေ ၊
တပ်မတော်ရဲ့ဗျူဟာတွေဟာ တဖက်က ရသရဲ့ Supply & Logistic လမ်းကို
ဘယ်လို ဖြတ် တောက်ပိတ်ဆို့ပြီး ၊ဘယ်လိုတွေ ဆောင်ရွက်နေသလဲဆိုတာကို
Map ပေါ်မှာ ဆက်လက်ကြည့်ရှုနိုင်ဖို့ YouTube မှာတင်ဆက်ပေးထားပါတယ်။
Youtube Link
https://youtu.be/O2rlRAc3ghA
#ထူးမောင်_ဖန်ခါးမြေ