MoneyMakers Tech Zone

MoneyMakers Tech Zone The aim is to use ever-improving technologies.

✅အမှန်တစ်ကယ် စိတ်ပါဝင်စားပြီး တစ်စိုက်မတ်မတ်လုပ်မည့်သူများ၊  အိမ်ထဲကနေထိုင်ရင်းနဲ့ပဲ ဒေါ်လာရှာချင်သူများ ဆက်သွယ်နိုင်ပါတ...
18/03/2025

✅အမှန်တစ်ကယ် စိတ်ပါဝင်စားပြီး တစ်စိုက်မတ်မတ်လုပ်မည့်သူများ၊ အိမ်ထဲကနေထိုင်ရင်းနဲ့ပဲ ဒေါ်လာရှာချင်သူများ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...

17/03/2025

💓မင်္ဂလာညချမ်းပါခင်ဗျာ...
✅Youtuber လုပ်မဲ့သူများအတွက် ကျွန်တော့်အတွေ့အကြုံအချို့ကို ဝေမျှပေးပါရစေ (အားလပ်တဲ့အခါ video လေးဖန်တီးပြီးလည်းဝေမျှပေးပါဦးမယ်)
Channel စထောင်တော့မယ်ဆိုရင်...
(၁) ကိုယ့်လုပ်ငန်းတိုးတက်ဖို့ အဓိကလား ဒါမှမဟုတ် Channel ကနေ ဒေါ်လာရှာဖို့လားဆိုတာလည်းစဥ်းစားရွေးချယ်ပါ။ အခုလို ချယ်နယ်ထောင်ခြင်းကတော့ ကိုယ့်လုပ်ငန်းပိုမိုကျယ်ပြန့်နိုင်သလို ငွေဝင်နိုင်မဲ့ချယ်နယ်မျိုးစနစ်တကျထောင်ခဲ့ရင်လည်း videoတွေတင်ပြီး အဲ video တွေကနေ ဒေါ်လာရနိုင်ပါတယ်။
(၂) ချယ်နယ်အမည်ပေးဖို့ကိုလည်းစဥ်းစားရွေးချယ်ပါ။ ချယ်နယ်ရဲ့ အဓိက ဦးတည်ချက်ကို တစ်ခုပဲထားပါ။ ဥပမာ.. နည်းပညာချယ်နယ်/ ခရီးသွားချယ်နယ်/အလှအပဆိုင်ရာချယ်နယ်/ကျန်းမာရေးချယ်နယ် စသည်ဖြင့်...
(၃) ချယ်နယ်ထောင်ပြီးသွားရင် video တွေကို ပုံမှန်တင်ပေးပါ။ တစ်ရက်တစ်ပုဒ် သို့မဟုတ် တစ်ပတ်တစ်ပုဒ်ပုံမှန်တင်ပါ။
(၄) အရည်သွေးကောင်းတဲ့ video မျိုးဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပါ။
(၅) အရည်အသွေးကောင်းတဲ့ video တွေ၊ ချယ်နယ်အမျိုးအစားနဲ့လိုက်ဖက်တဲ့ video တွေ၊ ပုံမှန်တင်တဲ့ video တွေကို youtube က သဘောကျပြီး များများဖြ့န်ပေးပါတယ်။ သဘောမကျရင် နည်းနည်းပဲဖြန့်ပေးပါမယ်။
(၆) video တွေကို အတတ်နိုင်ဆုံး ရှည်ရှည်လေးလုပ်ပါ။ အနည်းဆုံး၅မိနစ်တော့ရှိသင့်ပါတယ်။ video ကြာချိန်များမယ်၊ ပရိတ်သတ်စိတ်ဝင်စားတယ်ဆိုရင် Watch time hour ပိုမိုရရှိနိုင်ပါတယ်။
(၇) ပရိတ်သတ်ရဲ့ comment တွေကို တစ်လေးတစားတုန့်ပြန်ပေးပါ။
(၈) youtube ရဲ့ Community guideline တွေကို သိအောင်လုပ်ပါ။
(၉) အကြမ်းအားဖြင့်ဆိုရရင်.. သူများ video တွေယူမတင်ပါနဲ့။ ကိုယ်တိုင်ဖန်တီးပါ။ Copyright ပြတဲ့ video တွေဆိုမတင်ပါနဲ့။ အခြားသူကို ထိခိုက် နစ်နာစေတဲ့ အမုန်းပွားစေတဲ့ အရှက်ရစေတဲ့ လူမှုဝန်းကျင်နဲ့မကိုက်ညီတဲ့ video မျိုးတွေမလုပ်ပါနဲ့...
(၁၀) facebook . telegram , tiktok စတဲ့ ကိုယ့်ရဲ့ Social platform တွေနဲ့ ချိတ်ဆက်ထားပါ
(၁၁) တစ်ခဏချင်း အောင်မြင်မှုမရနိုင်တာမို့ တစ်စိုက်မတ်မတ်ဖြင့် ကြိုးစားရပါမယ်(ခန့်မှန်း တစ်နှစ်လောက်)
(၁၂) youtube partner ဖြစ်ခွင့်ရသွားပြီးတဲ့အခါမှာတော့ ပုံမှန်ဝင်ငွေရနေတော့မှာဖြစ်သလို မိမိလုပ်ငန်းလည်း ပိုမိုအောင်မြင်လာမှာဖြစ်ပါတယ်။
✅ဒီထက်အသေးစိတ်ကို နောင်ကျရင် video လေးနဲ့ဝေမျှပေးပါဦးမယ် ။ စောင့်မျှော် အားပေးလေ့လာကြပါဦးခင်ဗျာ
🍀အောင်မြင်ကြပါစေ...💓

16/03/2025

☘️Youtuber လုပ်ပြီး ဒေါ်လာရှာကြပါစို့....
ဖုန်းတစ်လုံးရှိရုံ/ ကွန်ပျူတာလေးတစ်လုံးရှိရုံနဲ့ အိမ်ကနေပဲလစဥ်ပုံမှန်ဝင်ငွေရနေစေဖို့ ကျွန်တော့်ရဲ့နည်းပညာချယ်နယ်မှာ Sharing လုပ်ပေးထားတာရှိပါတယ်။ ကွန်းမက်မှာရှိပါတယ်။ အားလပ်ချိန်မှာ သွားရောက် အားပေးလေ့လာနိုင်ပါတယ်. စနစ်ကျတဲ့ Yiutube Channel တစ်ခုထောင်ချင်ရင်လည်း viber 09798508776 ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ၊ သင့်တင့်တဲ့ပညာဒါနကြေးဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်💓

15/03/2025

👨‍💻ကျွန်တော့်ရဲ့ နည်းပညာချယ်နယ်မှာ video လေးတစ်ပုဒ် ဒီနေ့တင်ဖြစ်ပါတယ်။
✅Ai ကိုအသုံးပြုပြီး ဓာတ်ပုံတွေကို Action မျိုးစုံလုပ်ခိုင်းတဲ့နည်းလေးပါ။
ဖုန်းနဲ့ရော ကွန်ပျူတာနဲ့ရော အခမဲ့အလွယ်တကူသုံးနိုင်တဲ့နည်းလေးမို့ မသိသေးသူများအတွက်ဝေမျှပေးခြင်းဖြစ်ပါတယ်ခင်ဗျာ(ကွန်းမက်မှာရှိပါတယ်) အားပေးလေ့လာကြပါဦး💓

14/03/2025

☘️How to check if a TikTok account is earning money ဝင်ငွေရတဲ့Tiktok acc လားကြည့်နည်း💓

14/03/2025

👨‍💻Important settings you should configure on your phone ဖုန်းရဲ့အရေးကြီးဆက်တင်များအကြောင်း❤️

06/03/2025

✅ဖုန်းအသုံးပြုသူတိုင်းလိုလို သတိမထားမိတဲ့ ဖုန်းဆက်တင်လေးတွေအကြောင်း နဲ့ မလိုအပ်ဘဲ ဖုန်းဒေတာတွေပြည့်နေရင်ဖြေရှင်းနည်းဆိုတဲ့ video လေး ၂ ပုဒ်ကို ကျွန်တော့်ရဲ့ နည်းပညာဆိုင်ရာချယ်နယ်မှာ တင်ထားတာရှိပါတယ်။ မသိသေးသူများအနေဖြင့် သွားရောက် အားပေးလေ့လာကြည့်နိုင်ပါတယ်ခင်ဗျာ (ကွန်းမက်မှာရှိပါတယ်)..💓

02/03/2025

✅နည်းပညာဆိုင်ရာvideoလေးတစ်ခု ကျွန်တော့်ချယ်နယ်မှာဒီနေ့တင်ထားပါတယ်ခင်ဗျာ..
✅ChatGPT, Deepseek နဲ့ အခုရက်ပိုင်းမှာ နောက်ဆုံးထွက် Grok3 ဆိုတဲ့ Ai ၃ခုမှာ ဘယ်တစ်ခုက မြန်မာစာနဲ့ပတ်သက်ရင်အဆင်အပြေဆုံးလဲဆိုတာ ဝေမျှထားတဲ့videoလေးဖြစ်ပါတယ်။ အခုလို ai တွေပေါ်လာတာဟာ ကျွန်တော်တို့အတွက် သိလိုတာတွေ၊ ရလိုတာတွေကို အလွယ်တကူနဲ့ ခဏချင်းမှာရရှိနိုင်ခြင်းဟာ အရမ်းကောင်းပါတယ်။ ဉာဏ်ရည်တုတွေက အံ့မခန်းကို ရှိလှပါတယ်။ ကျွန်တော့်နည်းပညာချယ်နယ်အသစ်လေးကို အားပေးတဲ့အနေနဲ့ သွားရောက်လေ့လာကြပါဦးခင်ဗျာ(ကွန်းမက်မှာရှိပါတယ်)💓

Call now to connect with business.

22/02/2025

💓အားလုံးမင်္ဂလာပါခင်ဗျာ..
နည်းပညာဆိုင်ရာတွေကို အပတ်စဥ် ပုံမှန်ဝေမျှပေးနေတဲ့ ကျွန်တော့်ရဲ့ နည်းပညာဆိုင်ရာ ယူကျုချယ်နယ်မှာ ဒီနေ့ဝေမျှပေးခဲ့တာလေးရှိပါတယ်။
"ကျွန်တော် ယူကျုမှာတင်တဲ့ Video တစ်ပုဒ်က ဒေါ်လာဘယ်လောက်ရလဲ ဆိုတာနဲ့ ဘယ်အချိန်တွေမှာ video တင်သင့်လဲ"ဆိုတဲ့ သင်ခန်းစာလေးဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော့်ရဲ့ နည်းပညာချယ်နယ်ကို အားပေးတဲ့အနေနဲ့ သွားရောက် အားပေးလေ့လာကြပါဦးခင်ဗျာ (ကွန်းမက်မှာရှိပါတယ်)

15/02/2025

✅Youtube Channel ထောင်၊ မိမိဝါသနာပါရာ၊ ကျွမ်းကျင်ရာ video တွေတင်ပေးနေရုံနဲ့ ပုံမှန်ဝင်ငွေရနေတာ ကျွန်တော့်လက်တွေ့ပါ။ ဒါ့ကြောင့်မို့ Youtube Channel ကိုယ်တိုင်ထောင်နည်းနဲ့ ကျွန်တော့်အတွေ့အကြုံတွေကို video လေးနဲ့ရှင်းလင်းပြသထားပါတယ်။ (ကွန်းမက်မှာရှိပါတယ်)...💓

13/02/2025

✅ကွန်းမက်မှာပေးထားတဲ့ ကျွန်တော့်တယ်လီဂရမ်ထဲမှာ ကျွန်တော်သုံးနေတဲ့ Website Link အချို့ကို ချပေးနေပါတယ်ခင်ဗျာ..💓

13/02/2025

👨‍💻ရုံးလုပ်ငန်းခွင်တွေမှာ အရမ်းအသုံးဝင်တဲ့၊ မဖြစ်မနေသုံးနေကြရတဲ့ Microsoft Word အသုံးပြုနည်း သင်ခန်းစာအပိုင်း(၁)ကို ကျွန်တော့်ရဲ့ နည်းပညာချယ်နယ် မှာတင်ထားပါတယ်။ မလေ့လာဖြစ်သေးသူများ လေ့လာနိုင်ပါတယ်ခင်ဗျာ။ ကွန်းမက်မှာရှိပါတယ်💓

12/02/2025

✅မင်္ဂလာပါခင်ဗျာ
ဒီနေ့မှာတော့ တယ်လီဂရမ် Group& Channel ထောင်နည်းကို ဝေမျှပေးထားပါတယ်။ (မသိသေးသူများအတွက်သာ)
တယ်လီဂရမ်မှာလည်း အားသာချက်အများကြီးရှိပါတယ်။ File size အများကြီးတင်နိုင်တာ၊ အလွယ်တကူ Save နိုင်တာ၊ Account တစ်ခုတည်းကို Channel and Group အများကြီးလုပ်နိုင်တာ၊ ပို့စ်တွေတင်တဲ့အခါလည်း အရမ်းမြန်ဆန်တာ။ အခုဆိုရင် တယ်လီဂရမ်ကနေလည်း facebook. Youtube, Tiktok တို့ကို ငွေရှာနိုင်ပါပြီ။ ငွေရှာဖို့ကလည်း သူကနိုင်ငံသိပ်မရွေး (မြန်မာနိုင်ငံကလည်းရ)တာမို့ အားသာချက်တစ်ခုပါ။ ငွေရှာနိုင်ဖို့ဆိုရင်
(၁)မိမိရဲ့ Telegram Channel က Public Channel ဖြစ်ရမယ်
(၂) Subscriber အနည်းဆုံး တစ်ထောင်ရှိရမယ်။
(၃) အဲဒီ Subscriber တွေက အမှန်အကန်ဖြစ်ရမယ်။
(၄) နေ့စဥ် Active ဖြစ်နေတဲ့ Channel ဖြစ်ရပါမယ်။ နေ့စဥ်ပုံမှန်ဝင်ပြီး ပို့စ်တင်တာမျိုးလုပ်ရပါမယ်။
-စိတ်ဝင်စားသူများ ကျွန်တော့်ချယ်နယ်ထဲမှာသွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ (ကွန်းမက်မှာရှိပါတယ်)💓

09/02/2025

✅နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ အသုံးချမယ်ဆိုပါက ကွန်ပျူတာကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်အသုံးပြုတတ်ဖို့တစ်ကယ်လိုအပ်ပါတယ်ခင်ဗျာ။ ကွန်ပျူတာနဲ့ပတ်သက်ပြီး အခြေခံကျကျလေးသိရလေ့လာ နိုင်အောင် ကျွန်တော်ပြုစုထားတဲ့ "ကွန်ပျူတာအခြေခံသင်ခန်းစာ အပိုင်း(၁)"ဆိုတဲ့ video လေး ကျွန်တော့် တယ်လီဂရမ်မှာတင်ထားပါတယ်ခင်ဗျာ။ ကွန်းမက်မှာပေးထားပါတယ်။ အတူပူးတွဲလေ့လာဖို့ လိုအပ်တဲ့ ebook(pdf file) လေးတွေကိုလည်း အဲမှာပေးနေပါတယ်ခင်ဗျာ..💓

Address

ZaBuThiRi
Naypyidaw
15011

Alerts

Be the first to know and let us send you an email when MoneyMakers Tech Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MoneyMakers Tech Zone:

Share

Category