GOZTH - Çërîsé

  • Home
  • GOZTH - Çërîsé

GOZTH - Çërîsé Write Your Own History
Don't Criticize Others

ကိုယ်ပိုင်designနဲ့နာမည်လေး 3Dပုံစံနာမည်ရေးချင်ရင် comသို့မဟုတ် cbမာလာ​ပေးပါ  .cerise
09/01/2024

ကိုယ်ပိုင်designနဲ့
နာမည်လေး 3Dပုံစံ
နာမည်ရေးချင်ရင် comသို့မဟုတ် cbမာလာ​ပေးပါ

.cerise

08/12/2023

တောင်ပေါ်ရွာရဲ့အလှလေးပါ
ထီတခေါ့ရွာ ပေါ့

ကြိုးစားပါ
12/11/2023

ကြိုးစားပါ

မပြိုင်ပဲ နိုင်အောင်လုပ်

တရုတ်မှာ လောင်ဇူးဆိုတဲ့
ရှေးပညာရှိကြီးရေးခဲ့တဲ့
၈၁ ပုဒ်ရှိတဲ့ Tao Te Ching (တောက်တယ်ကျင်း) ဆိုတာရှိပြီး
ကမ္ဘာတစ်ဝှမ်းမှာလဲ
စာအုပ်ပေါင်းများစွာ ဘာသာပြန်ထားကြတယ်။

Tao 道 ဆိုတာ "လမ်း" ကို ပြောတာဖြစ်တယ်။
နက်နဲတဲ့ အတွေးအခေါ်ကဗျာဖြစ်အနေနဲ့
ဘဝနေထိုင်နည်းကို
တရုတ်မှာ စစ်တွေဖြစ်နေတဲ့အချိန်
ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်နဲ့
နေထိုင်နေတဲ့ အချိန်မှာ
သဘာဝနဲ့ သဟဇာတဖြစ်အောင်
နေထိုင်နည်းကို လမ်းညွှန်ခဲ့တဲ့
အတွေးအခေါ်ဖြစ်တယ်။

မပြိုင်ပဲ နိုင်ငံအောင်လုပ်ဆိုတာ
Tao Te Ching ရဲ့
ကဗျာအပုဒ် ၆၈ ကိုဖတ်ရင်း
ထွက်လာတဲ့ အတွေးအခေါ်တစ်ခုပဲ။

စီးပွားရေးမှာလဲ အလားတူပဲ။
စီးပွားရေးလို့ပြောလိုက်တဲ့အခါ
လူတွေက သူများကို စီးမှ ပွားမယ်၊
အထက်စီးကနေမှ ပွားမယ်ထင်တယ်။
အမှန်တော့ စီးပွားရေးဆိုတာ
သူများမမြင်တာကို See မှ
ဖောက်သည်ရဲ့ ပြဿနာကို
အကောင်းဆုံးဖြေရှင်းနိုင်မှ ပွားမှာဆို
မမှားပါဘူး။

စီးပွားရေးမှာ ဖောက်သည်ကိုလုမှ
အောင်မြင်မယ်။
ပြိုင်မှ သာမှ အောင်မြင်မယ်လို့ထင်ကြတယ်။

မပြိုင်ပဲ နိုင်အောင်လုပ်လို့ရနိုင်လား။

First Principle Thinking နဲ့ စဥ်းစားကြည့်ရအောင်။

စီးပွားရေးဆိုတာ ဘာလဲ?

ပြိုင်ဆိုင်မှု တစ်ခုလား။
ထုတ်လုပ်မှုတစ်ခုလား။
ဝန်ဆောင်မှုတစ်ခုလား။

အခြေခံက ဘာလဲ?

စီးပွားရေးကို တစ်စခြင်းစီဖယ်ပြီး
မူလ အဓိပ္ပာယ်ကို ရှာမယ်ဆိုရင်
ဖောက်သည်တွေရဲ့ ပြဿနာကို
အမြတ်ယူပြီး ဖြေရှင်းပေးတာဖြစ်တယ်။

ဖောက်သည်မတူရင် ပြိုင်စရာမလိုဘူး။
ဖောက်သည်တူရင်တောင်
ဖြေရှင်းတဲ့ ပြဿနာမတူရင် ပြိုင်စရာမလိုဘူး။
ဖောက်သည်တူ၊ ဖြေရှင်းတဲ့ ပြဿနာတူရင်တောင်
ဖြေရှင်းတဲ့ ပုံ မတူရင်လဲ​
တိုက်ရိုက် ပြိုင်ဆိုင်စရာမလိုဘူး။
ဖောက်သည်တူ၊ ပြဿနာတူ၊
ဖြေရှင်းတဲ့ ပုံစံတူရင်၊
ရပ်တည်ချက်မတူရင်လဲ
တစ်ပုံစံတည်းပြိုင်ဆိုင်စရာမလိုပြန်ဘူး။

ဘဝမှာ မပြိုင်ပဲ နိုင်အောင်လုပ်ဖို့
ပြိုင်စရာမလိုတဲ့ ပုံစံနဲ့
ဘဝကို ဖြတ်သန်းနိုင်ဖို့လိုတယ်။

ပြိုင်စရာမလိုတဲ့ ပုံစံဖြစ်ဖို့
လုပ်ငန်းတစ်ခုစတင်တည်ဆောက်ကတည်းက
လုပ်ငန်းတစ်ခုရဲ့ အတွေးအခေါ်
Business Philosophy
အမှတ်တံဆိပ်အတွေးအခေါ်
Brand Philosophy
လုပ်ငန်းကို အုပ်ချုပ်မည့်အတွေးအခေါ်
Management Philosophy
မားကတ်တင်းလုပ်မည့် အတွေးအခေါ်
Marketing Philosophy
မဟာဗျူဟာတည်ဆောက်ရေးအတွက်
Strategic Narrative တွေ မတူအောင်
တည်ဆောက်ထားဖို့လိုတယ်။

သူ့နောက်ကမှာ စနစ်တို့၊
ပေါ်လစ်ဆီတို့ လိုက်လာတာဖြစ်တယ်။

မပြိုင်ပဲ​ နိုင်အောင်လုပ်ဖို့
ကိုယ့်ရဲ့ စီးပွားရေး အတွေးအခေါ်ကစတယ်။

မပြိုင်တာက ပြိုင်ဖက်ကို
နိုင်အောင်လုပ်ဖို့က ကိုယ့်အိမ်မက်တွေကို။

မပြိုင်ပဲ နိုင်အောင်လုပ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

24/10/2023

Click here to join Thadingyut Pocket Money Campaign

12/10/2023

အလုပ်တစ်ခုကို မစလုပ်ခင်မာ ခက်တယ်ဆိုတာ လူတိုင်းတွေ့မိကြမာပါ
တစ်ခါ လုပ်ဖူးပီဆိုရင်တော့ ထပ်လုပ်ဖို့ မခက်ခဲ့တော့ပါဘူး
အဲ့တာကြောင့် မှတ်ထားပါ
လုပ်ကြည့်ပါ
ကြိုးစားပါ
တစ်နေ့ အောင်မြင်မယ်ဆိုတာ ယုံကြည့်ပါ

ကုန်းလှိုင်ကန် ရဲ့ အလှညနေခင်းပါ
28/09/2023

ကုန်းလှိုင်ကန် ရဲ့ အလှညနေခင်းပါ

26/09/2023
အာလုံးဘဲ့ မင်္ဂလာပါဗျ အခု ‌တင်ပြပေးမဲ့ဟာကတော့ လူတွေနဲ့ စကားပြောတဲ့အချိန် သတိထားရမယ်နေရာတွေဘဲ့ ဖြစ်ပါတယ်လူတစ်ယောက်ဟာ နည်း...
17/08/2023

အာလုံးဘဲ့ မင်္ဂလာပါဗျ
အခု ‌တင်ပြပေးမဲ့ဟာကတော့
လူတွေနဲ့ စကားပြောတဲ့အချိန် သတိထားရမယ်နေရာတွေဘဲ့
ဖြစ်ပါတယ်
လူတစ်ယောက်ဟာ
နည်းနည်းပြော များများနားထေထာင်ရင်
အဲ့လူတစ်ယောက်ဟာ အချိန်ကာလအတွင်း
တော်တော်ထူးခြားလာတာ‌ကို
ကျတော် လေ့လာခဲ့ရပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျ

နေသာတာကို နေမသာဘူး ပြောလို့မရပါဘူး
17/08/2023

နေသာတာကို နေမသာဘူး ပြောလို့မရပါဘူး

15/06/2023

Computer စက်ရှင်းနည်း

(1)windows key+R ကိုတွဲနှိပ်ပါ။
Box ထဲသို့အောက်က စာများရိုက်ထည့်ပေးပါ။

1-temp
2-%temp%
3-prefetch
4-recent

ပေါ်လာသမျှ folder and file များကို Shift delete ပေးဖျက်ပြစ်ပါ။

အပေါ်က ၄ခုလုံးလုပ်ပါ ပြီးရင် desktop ပေါ်က recycle bin ကို

rightclick ထောက်empty recycle bin ကိုနှိပ်>>>>>yes နှိပ်

(2) disk cleanupလုပ်ခြင်း

ကွန်ပြူတာကို နှေးစေသောအကြောင်းရာများထဲမှာ

disk cleanup မလုပ်ခြင်းလည်းပါပါတယ်။

disk ကိုနေရာများများရအောင် လုပ်ခြင်းဖြစ်ပါတယ်။

အောက်ကအတိုင်းအဆင့်ဆင့်သွားလိုက်ပါ။

>> start>>all programs>> accessories>> system tools>>

disk cleanup နှိပ် ။
Run Box ( Window + R) >> cleanmgr >> ok >> Disk Clean Tab ထဲတွင် အောက်သုံးမျိုးကို အမှန်ခြစ်ပေးပါ။
•Download program files, Temporary Internet files, Thumbnails okပေး delete files

(3)disk defragmenter လုပ်ခြင်း

programs ကိုသွင်းလိုက် ထုတ်လိုက် လုပ်ဖန်များလာရင်

ဖိုင်တွေက ဟိုနားတခု ဒီနားတခုနဲ့ ပြန့်ကျဲနေမယ်ဆိုရင်

စက်ဖွင့်ရင် ဖိုင်ကိုလိုက်ရှာနေရတာကြောင့်စက်က

လေးနေမယ် တော်တော်လေးကြာမှာပွင့်လာတတ်တယ်

ဒါကြောင့် ဖိုင်တွေကို ပြန်စီပေးလိုက်ခြင်းဖြင့်

စက်ကပိုပြီးမြန်ဆန်သွက်လက်လာပါလိမ့်မယ်။

start>> all programs>> accessories>> system tools>>

disk defragmenter ကိုနှိပ် ပီးရင် Ok . Deleted ။

>>> ၁လကို ၁ကြိမ် defragment လုပ်ပေးပါ Check now > Yes > Automatically .
ကို အမှန်ခြစ်ဖြုပါ > Scan for and . . . အမှန်ခြစ်ပေးပြီး

Start ပေါ့ဗျာ ပီးတဲ့ထိ Wait ပေးလိုက်ပါ။

ပြီးရင် Defragment now ကိုလဲ ပြောခဲ့သလိုပဲ လုပ်ပေးပါ။

>>> programs များကိုပိတ်ထားမယ် > msconfig Ok. Restart ချပေးလိုက်ပါ။

Service ထဲကတော့ ကိုအသုံးမလိုတဲ့ Software များကို

အမှန်ခြစ်ဖြုတ်ပီး ပိတ်ချင်လဲ ပိတ်ထားလိုက်လို့ရပါတယ်။

နောက်တစ်နည်း
-------------------------

(1) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။

(2)registry editor window ပေါ်လာရင် HKEY LOCALMACHINE\

SYSTEM\ Current Control Set\ Control\ Session Manager\Memory Management ဆိုပြီး

အဆင့်ဆင့်သွားလိုက်ပါ။

(3)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable

Paging Executive ဆိုတာကို ရှာလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို

ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။

(4)နောက်ထပ် Large System Cache ကိုရှာပြီး double click

လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။

(5) PC Desktop ပေါ်မှာ software များအကုန်လုံးပျောက်ဆုံးနေရင်

screen မျက်နှာပြင်မှာ ပဲ Mouse ကို right click နှိပ်ပြီး View က show desktop icons နှိပ်လိုက်လျှင် ပြန်ပေါ်လာပါလိမ့်မယ်။





Address


146827

Opening Hours

Monday 06:30 - 18:30
Tuesday 06:30 - 18:30
Wednesday 06:30 - 18:30
Friday 06:30 - 18:30
Saturday 06:29 - 18:30
Sunday 06:30 - 18:30

Telephone

+959673735786

Website

Alerts

Be the first to know and let us send you an email when GOZTH - Çërîsé posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GOZTH - Çërîsé:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share