MT Pharmacy

MT Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MT Pharmacy, Digital creator, Thit Sar Road, Pakokku.

Infulvac tetra Instock စျေးသက်သာမည်
25/04/2025

Infulvac tetra Instock
စျေးသက်သာမည်

Preorder available စျေးသက်သက်သာသာနဲ့ရမယ် နော်
25/12/2024

Preorder available
စျေးသက်သက်သာသာနဲ့ရမယ် နော်

Hepatitis B Virus လို့ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး အကြောင်းလေးပါ။အခု တစ်လော ကျွန်တော်တို့ပတ်၀န်းကျင်နားမှာ  စိတ်၀င်စ...
10/12/2024

Hepatitis B Virus လို့ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး အကြောင်းလေးပါ။

အခု တစ်လော ကျွန်တော်တို့ပတ်၀န်းကျင်နားမှာ စိတ်၀င်စားစရာ ကောင်းပြီး ကြောက်စရာကောင်းတဲ့ ရောဂါ တစ်မျိုး ကိုသူငယ်ချင်းတို့ လဲ ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။အဲ့ဒီ ရောဂါကတော့ Hepatitis B Virus(HBV) လို့ ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး အကြောင်းလေးပါပဲ။ဒီ ရောဂါလေးကို ကျွန်တော် ဖတ်ထားမိသလောက်လေး ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေလဲ ကျန်းမာရေး ဗဟုသုတ အနေနဲ့ကော မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင်လဲ ကျွန်တော် က ဖတ်ထားရတဲ့ ၀က်ဆိုဒ်လေး တစ်ခုမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
အသည်းရောင်အသားဝါဘီပိုးအကြောင်းကို တော်တော်များများကြားဖူးပြီးလောက်ပါတယ်။ အခုနောက်ပိုင်းမှာ အတော်လေးကို ဒုက္ခပေးလာတဲ့ ရောဂါပိုးပါ။ တစ်ဦးကတစ်ဦးကူးစက်နှုန်းအရမ်းများပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ ၁ပုံလောက် ကူးစက်ခံနေရတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း နာမည်လောက်ကိုပဲကြားဖူးနေကြပြီး သေသေချာချာရေရေလည်လည်သိပ်မသိကြသေးတဲ့အတွက် ဖတ်ဖူးမိသလောက်လေး ဝေမျှပေးလိုက်ပါတယ်။

ဒီရောဂါပိုးပာာ တကမ္ဘာလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒုက္ခပေးနေတဲ့ရောဂါပိုးပါ။ ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ၁ပုံပာ ကူးစက်ခံကြရပြီး လူသန်းပေါင်း ၃၅၀လောက်ပာ တစ်သက်လုံးဒီရောဂါပိုးနဲ့နေထိုင်သွားရပါတယ်။ ဒီရောဂါပိုးပာ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာရောဂါတို့ကိုဖြစ်ပွားစေပါတယ်။ အခုနောက်ပိုင်းမှာတော့ Antiviral ဆေးဝါများနဲ့ ဘီပိုးကိုကုသလို့ရနေပါပြီ။ ဘီပိုးကြောင့်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာပြီဆိုရင်တော့ အသည်းအစားထိုးကုသနည်းကသာ အသက်ရှင်ဖို့အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

Virus အကြောင်း
ဒီပိုးပာ hepadnavirus ဖြစ်ပါတယ်။ အများအားဖြင့်တော့ပိုးအများစုပာ အပြင်မှာသိပ်မနေနိုင်ပေမယ့် ဒီဘီပိုးကတော့ အတော်လေးကိုခံနိုင်ရည်ရှိပါတယ်။ ဘီပိုးပာ -20 C မှာဆိုရင် ၁၅နှစ်နေနိုင်ပြီး -80 C မှာဆိုရင် ၂နှစ်နေနိုင်ပါတယ်။ အပြင်အပူချိန်နဲ့ဆိုရင် ၆လထိနေနိုင်ပြီး 44 C မှာဆိုရင်တော့ ၇ရက်နေနိုင်ပါတယ်။ (C ဆိုတာတွေက ဆဲလ်စီးယပ်စ်ကိုရည်ညွှန်းပါတယ်) အသည်းရောင်အသားဝါရောဂါပိုးတွေပာ RNA virus တွေဖြစ်ကြပေမယ့် ဘီပိုးကတော့ DNA virus ဖြစ်ပါတယ်။ ဘီပိုးရှိမရှိစစ်ဆေးမယ်ဆိုရင် အများအားဖြင့်သုံးတာကတော့ HBsAg ကိုပဲစစ်ပါတယ်။ အဲဒါက ဘီပိုးရဲ့ အပြင်နံရံမှာဖုံးအုပ်ထားတာပါ။ အဲလိုစစ်လို့ HBsAg reactive ဖြစ်နေတယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ HBeAg ကိုစစ်ပါတယ်။ အဲဒါကတော့ဘီပိုးရဲ့အတွင်းအလယ်ဗပိာုမှာရှိတာပါ။ HBsAg reactive ဖြစ်နေတယ်ဆိုတာက ဘီပိုးကူးစက်ခံထားရတယ်ဆိုတာကိုပဲပြပါတယ်။ HBeAg positive ဆိုတာကတော့ ဘီပိုးပာပွားနေတယ်ဆိုတာကိုပြပါတယ်။

ဘယ်လိုကူးတတ်လဲ။
ဘီပိုးပာ လူတစ်ယောက်ကနေ တစ်ယောက်ကိုအောက်ပါနည်းလမ်းများနဲ့ကူးစက်ပါတယ်။
1. Sexual (လိင်မှတဆင့် ကူးစက်ခြင်း။ အဓိကကူးစက်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲ အကုန်လုံး ကူးစက်နိုင်ပါတယ်။)
2. Percutaneous (ဆေးထိုးအပ်မျှဝေသုံးစွဲတဲ့သူတွေ အထူးသဖြင့် ဆေးသမားတွေ၊ ဆေးမင်ကြောင်ထိုးတဲ့သူတွေ၊ ဘလိတ်ဓါး သွားပွတ်တံစသည်တို့ကို မျှဝေသုံးစွဲတဲ့သူတွေ၊)
3. Perinatal (မိခင်မှကလေးသို့ ကူးစက်ခြင်း၊ ရိုးရိုးမွေးတာရော၊ ခွဲမွေးတာရော ကူးစက်နှုန်းတူညီပါတယ်။ မကွာခြားပါဘူး။ မိခင်မှကလေးသို့ကူးစက်နှုန်းပာ ၉၀ရာခိုင်နှုန်းလောက်ထိရှိပါတယ်။ ဒါပေမယ့် မွေးမွေးခြင်းကလေးကို ကာကွယ်ဆေးထိုးနှံပေးရင်တော့ ရောဂါပိုးကိုကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။)
4. Horizontal (ဘီပိုးပာ ခန္ဒာကိုအပြင်ဘက်မှာ အချိန်အကြာကြီးအသက်ရှင်နိုင်တဲ့အတွက် တစ်ယောက်ကနေတစ်ယောက်ကို ကြားခံပစ္စည်းတွေကနေတဆင့်လည်းကူးစက်နိုင်ပါတယ်။ ဥပမာ ကလေးတွေဆိုရင် အရုပ်ကနေတဆင့်တောင်ကူးစက်နိုင်ပါတယ်။ မသိသာတဲ့အနာလေးတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်တောင်ဖြစ်နေမှန်းမသိတဲ့အနာကနေတဆင့် ဘီပိုးကူးစက်နိုင်ပါတယ်။)
5. Transfusion (သွေးသွင်းခြင်းမှတဆင့် ကူးစက်နိုင်ပါတယ်။ အခုနောက်ပိုင်းတော့သွေးအလှူရှင်တွေကို ဘီပိုးရှိမရှိပါ ထည့်စစ်တဲ့အတွက် သွေးသွင်းတာကနေတဆင့်ကူးစက်တာကတော့ အတော်လေးလျော့နည်းသွားပါတယ်။)
6. Nosocomial infection (လူနာကနေ ဆေး၀န်ထမ်း၊ ဆေး၀န်ထမ်းကနေလူနာ အပြန်အလှန်ကူးစက်နိုင်ပါတယ်။ အဓိကအားဖြင့်တော့ အပ်စူးရာကနေကူးစက်ပါတယ်။)
7. Organ transplantation (ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသရာမှတဆင့်ကူးစက်ခြင်း)

ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ။
ဘီပိုးပာ ကနေဒါ၊ အနောက်ဥရောပ၊ သြစတေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေမှာဖြစ်ပွားနှုန်းအရမ်းနည်းပါတယ်။ ဂျပန်၊ တောင်အမေရိက၊ မြေထဲပင်လယ်ဒေသ၊ ဗပိာုအာရှဒေသတွေမှာတော့ အလယ်အလတ်ဖြစ်ပွားနှုန်းရှိပြီး အရှေ့တောင်အာရှ၊ အာဖရိက၊ တရုတ်၊ အင်ဒိုစတဲ့ နိုင်ငံတွေမှာတော့ ဖြစ်ပွားနှုန်းအလွန်မြင့်ပါတယ်။ (မကောင်းတာဆိုလို့ကတော့ အဲဒီ အရှေ့တောင်အာရှက ထိပ်ဆုံးကြီးပဲ။) လူမည်းတွေမှာပိုပြီးဖြစ်တတ်ပါတယ်။ ယောကျာ်းနဲ့မိန်းမဆိုရင် ယောက်ျားတွေမှာပိုပြီးဖြစ်ပါတယ်။

ဘာတွေဖြစ်လာမှာလဲ။
Acute phase။ ။ပိုးကူးစက်ခံရပြီး ၁လကနေ ၆လအတွင်းမှာဖြစ်ပွားပါတယ်။ အများအားဖြင့်တော့ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့
အောက်ပါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။
မစားချင်မသောက်ချင်ဖြစ်ခြင်း၊ ကိုယ်ပူခြင်း၊ ညောင်းညာကိုက်ခဲပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အစားအသောက်ပျက်သွားခြင်း၊ ၀မ်းဗိုက်ညာဘက် အထက်နားတွင်အောင့်ခြင်း တို့ဖြစ်ပါတယ်။ ဘီပိုးပာ ရောဂါကူးစက်ပြီးနောက်ပိုင်းအဲလိုမျိုး သာမန်ဖျားနာတာနဲ့ သိပ်မသဲကွဲတဲ့လက္ခဏာတွေပြတတ်သလို ပြင်းထန်တဲ့လက္ခဏာတွေလည်းရှိပါတယ်။ သတိလစ်မေ့မြောသွားတာ၊ Hepatic encephalopathy လို့ခေါ်တဲ့အူကြောင်ကြောင်သတိမရှိတာတွေ၊ အိပ်စက်တဲ့ပုံစံပျက်သွားတာ စတာတွေလည်းဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အသည်းကောင်းမကောင်းစစ်တဲ့ ALT, AST စတာတွေကိုစစ်ကြည့်ရင် တက်နေတာကိုတွေ့ရပါလိ့မ်မယ်။ ဘီပိုးပာ ကူးစက်ခံရတဲ့သူတိုင်းမှာ တစ်သက်လုံးရောဂါမပျောက်တော့ဘဲရှိသွားတာမပာုတ်ပါဘူး။ ဘီပိုးလူတစ်ယောက်ကိုကူးစက်ခံရပြီး ပျောက်မပျောက်ဆိုတာပာ အဲဒီလူကူးစက်ခံရတဲ့ အသက်အရွယ်ပေါ်မူတည်ပါတယ်။ အသက်ငယ်ငယ်မှာကူးစက်ခံရလေ ပျောက်ကင်းနိုင်ချေနည်းလေဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူမှာ ဘီပိုးကူးစက်ခံရရင် နာတာရှည်ဖြစ်ဖို့က ၁၀၀မှာ ၅ယောက်လောက်ပဲရှိပါတယ်။ အမကနေကလေးကိုကူးစက်ခဲ့တာဆိုရင်တော့ နာတာရှည်ဖြစ်ဖို့ ၁၀၀မှာ ၉၀လောက်ရှိပြီး အသက် ၁နှစ်ကနေ ၅နှစ်ကြားမှာကူးစက်ခံခဲ့ရရင်တော့ နာတာရှည်ဖြစ်ဖို့ ၁၀၀မှာ ၂၀ကနေ ၅၀ထိရှိပါတယ်။ ဘီပိုးကူးစက်ခံရသူတွေမှာ အပြင်းအထန်အသည်းရောင်ပြီး သေလောက်အောင်ဖြစ်တာကတော့ အတော်လေးကိုရှားပါတယ်။
Chronic phase။ ။ဘီပိုးကူးစက်ခံရပြီး သူ့အလိုလိုပျောက်ကင်းမသွားဘူးဆိုရင်တော့ နာတာရှည် (Chronic phase) ကို၀င်သွားပါတယ်။ နာတာရှည်ဘီပိုးရှိသူတွေမှာ အများအားဖြင့်တော့ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဘယ်အချိန်တွေမှာရောဂါလက္ခဏာပြလာတာလဲဆိုတော့ အသည်းတဖြည်းဖြည်းပျက်ဆီးလာပြီး အသည်းခြောက်လာရင် ရောဂါလက္ခဏာတွေစပြလာပါတယ်။ အသည်းပျက်ဆီးလာပြီး အသည်းခြောက်လာပြီဆိုရင်တော့ ဘေလုံးကြီးလာတာ၊ ရေဖြဉ်းစွဲလာတာ၊ ဖောလာတာ၊ ခန္ဒာကိုယ်နေရာအနှံ့အပြားမှာ အနီစက်တွေဖြစ်လာတာ၊ ဝှေးစေ့သေးသွားတာ၊ အသားဝါလာတာ၊ ရင်သားတွေစူထွက်လာတာ စတာတွေဖြစ်လာပါတယ်။ ဒီအချိန်မှာသွေးစစ်ကြည့်ရင် ALT ကပုံမှန်ထက် အဆ၅၀လောက်တက်နေတတ်ပါတယ်။ Chronic phase ကိုရောက်သွားတဲ့လူတိုင်းပာ ဒီလိုမျိုးအသည်းခြောက်တာတွေ၊ အသည်းကင်ဆာဖြစ်တာတွေ ဖြစ်တာမပာုတ်ပါဘူး။ ဘီပိုးနာတာရှည်ရှိနေတဲ့သူတစ်ယောက်အသည်းခြောက်မခြောက်ဆိုတာက ပိုးပွားတဲ့နှုန်းတွေ၊ ခန္ဒာကိုယ်ကတုံ့ပြန်ပုံတွေ၊ အသက်အရွယ်၊ လိင်၊ တခြားအသည်းကိုပျက်ဆီးစေတဲ့အပြုအမူတွေ ဥပမာ အရက်သောက်သုံးခြင်း စတာတွေရှိမရှိပေါ်မှာမူတည်ပါတယ်။ Chronic phase ထဲကို၀င်သွားတဲ့သူတွေမှာလည်း ဘီပိုးလုံးဝပျောက်သွားတာဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အရမ်းကိုနည်းလွန်းပါတယ်။
နာတာရှည်ဘီပိုးရှိသူတွေမှာ အသည်းခြောက်မခြောက်ဆိုတာပာ အောက်ပါအချက်တွေပေါ်မှာမူတည်နေပါတယ်။
၁။ပိုးပွားနှုန်း (ပိုးပွားနှုန်းမြင့်နေတဲ့သူတွေ အသည်းခြောက်ဖို့ပိုမြန်ပါတယ်။ ပိုးပွားနေမနေကို သိနိုင်တာက HBeAg ကိုစစ်ကြည့်လို့ရပါတယ်။ HBeAg positive ဖြစ်နေရင် ပိုးပွားနေတာကိုပြပါတယ်။)
၂။အရက်သောက်သုံးခြင်း (အရက်သောက်သုံးခြင်းပာ ဘီပိုးရှိသူတွေမှာအသည်းခြောက်ဖို့ ပိုမိုမြန်ဆန်စေပါတယ်။)
၃။စီပိုးပါတွဲရှိနေခြင်း။ (Hepatitis C coinfection)
၄။ဒီပိုးတွဲရှိနေခြင်း (Hepatitis D coinfection)

ကာကွယ်ဆေးအကြောင်း။
ဘီပိုးပာ အရမ်းကူးစက်လွယ်လွယ်ပါတယ်။ သူရဲ့ကူးစက်နှုန်းက စီပိုးထက်ဆိုရင် ၁၀ဆ၊ HIV ပိုးထက်ဆိုရင် အဆ၁၀၀ပိုပြီးကူးစက်ပါတယ်။ ဥပမာ HIV ပိုးကူးစက်ဖို့ သွေးပမာဏ 1ml လိုမယ်ဆိုရင် ဘီပိုးကူးစက်ဖို့အတွက်သွေးပမာဏ 0.01ml သာလိုအပ်ပါတယ်။ အရမ်းကူးစက်လွယ်ပေမယ့် ကာကွယ်ဆေးတွေရှိလာတဲ့အတွက်ကြောင့် မကူးစက်ရသေးဘူးဆိုရင်တော့ ကာကွယ်နိုင်ပါတယ်။ ဆေးကကာကွယ်ဆေးသာဖြစ်ပြီး ကူးစက်ပြီးတဲ့သူတွေမှာတော့ ဘာမှမထူးပါ။ ကာကွယ်ဆေးကိုထိုးမယ်ဆိုရင် သုံးခါထိုးနှံရမှာဖြစ်ပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ပြီးရင် တစ်လအကြာမှာတစ်ကြိမ်နဲ့၊ ခြောက်လအကြာမှာတစ်ကြိမ်ထိုးနှံရပါတယ်။ ပြီးရင်ပြန်ပြီး Antibody စစ်ရပါတယ်။ မပေါ်သေးရင်ထပ်ထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးသွားရင် ၅နှစ်ကနေ ၇နှစ်ထိခံပါတယ်။ အများအားဖြင့်တော့ ၅နှစ်ပြီးရင်ထပ်ထိုးရပါတယ်။

ကုသမှုများ။
အခုနောက်ပိုင်းမှာတော့ ဘီပိုးကိုကုသတဲ့နည်းလမ်းတွေပေါ်နေပြီဖြစ်ပါတယ်။ ဘီပိုးရှိတဲ့သူတိုင်းပာ ကုသမှုခံယူစရာမလိုပါ။ အောက်ပါအချက်တွေရှိတဲ့သူတွေသာ ကုသမှုခံယူစရာလိုပါတယ်။ HBV DNA level > 20,000IU/ml (10,000,00 copies/ml), ALT ၃လကနေ၆လထိတက်နေတဲ့သူတွေ၊ အထက်မှာဖြော်ပခဲ့တဲ့အသည်းရောဂါတွေခံစားနေရတဲ့သူတွေ။
အခုလောလောဆယ်မှာတော့ interferon alfa (IFN-a), lamivudine, telbivudine, adefovir, entecavir, and tenofovir စတဲ့ဆေးဝါးတွေရှိပါတယ်။ ကုသမှုပေးတဲ့သူပေါ်မှာမူတည်ပြီး ဆေးသုံးစွဲတာလည်းကွာခြားပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး
ကွာခြားပါတယ်။ အသည်းခြောက်တာအရမ်းဆိုးရွားနေပြီဖြစ်တဲ့သူတွေအတွက်တော့ အသည်းအစားထိုးခြင်းနည်းလမ်းနဲ့သာ အသက်ရှင်နိုင်ပါတယ်။ကဲ......ဒီ လောက်ဆိုရင် ကျွန်တော့ IT Bank Site ကို လာလည်တဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေ ရပြီး လူ့ဘ၀မှာ ကျန်းကျန်းမာမာနဲ့ သက်တန်းစေ့ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
From ~ လူတိုင်းသိသင့်သော ဆေးပညာ
ကြိုးစားလျက်.....!

  B (ဘီပိုးကာကွယ်ဆေး)👉 Elovac B adult 1 ml 👉လက်လီလက်ကားရ👉cold chain 100% အာမခံ👉09795895482
10/12/2024

B (ဘီပိုးကာကွယ်ဆေး)

👉 Elovac B adult 1 ml
👉လက်လီလက်ကားရ
👉cold chain 100% အာမခံ
👉09795895482


ကျွန်တော်တို့ သတိမထားမိပဲ ပေါ့ပေါ့လေး နေမိတဲ့အထဲမှာ အန္တရာယ် ရှိတဲ့ ဓလေ့တစ်ခုရှိတယ်။အဲ့ဒါက အလှူထမင်းဝိုင်းတွေရဲ့ အလယ်မှာ...
10/12/2024

ကျွန်တော်တို့ သတိမထားမိပဲ ပေါ့ပေါ့လေး နေမိတဲ့အထဲမှာ အန္တရာယ် ရှိတဲ့ ဓလေ့တစ်ခုရှိတယ်။

အဲ့ဒါက အလှူထမင်းဝိုင်းတွေရဲ့ အလယ်မှာ ဘုံသောက် ဆိုပြီး ထားလေ့ရှိတဲ့ ဟင်းချိုခွက်ပဲ။

တစ်ချို့ကလည်း "မင်းကလည်း ကြီးကျယ်တာကွာ...။ မသောက်ချင်မသောက်နဲ့။ သောက်ချင်တဲ့သူ သောက်လိမ့်မယ် " ဆိုပြီး ပြောလိမ့်မယ်။ သောက်ချင်တာ မသောက်ချင်တာထက် ဒီကနေ ဘာဖြစ်တတ်တယ်ဆိုတာကို ရှင်းပြချင်လို့ပါ။

အဓိကကတော့ ကူးစက်ရောဂါပါ။ ရောဂါတစ်ခု က လူတစ်ယောက်ကနေ တစ်ယောက် ကို ကူးဖို့ဆိုရင် နည်းလမ်းတွေ အများကြီးရှိလေ့ရှိတယ်။ လေထဲကနေ အသက်ရှူရုံနဲ့ကူးမလား၊ ထိမိပွတ်မိကိုင်မိရင်ကူးမလား၊ ဒါမှမဟုတ် သွေးသွေးချင်း ထိရာကနေ ကူးမလား စသဖြင့်ပေါ့။ အခုပြောချင်တာကတော့ တံတွေးကနေ ကူးတဲ့ကိစ္စပဲ။

လူရဲ့ တံတွေးထဲမှာ ပျော်ပျော်ကြီး လိုက်ပါ ပြီး တစ်ခြားသူကို ရဲ့ ပါးစပ်ထဲကိုဝင်ရာကနေ ပျော်ပျော်‌ကြီး ကူးစက်နိုင်တဲ့ရောဂါတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ မြင်သာတာတွေကို ပြောရမယ်ဆိုရင်...

Virus မှာဆိုရင် ...
- Herpes Simples Virus ( HSV-1) ( ရေယုန် )
- Cytomegalovirus ( CMV )
- Epstein-Barr Virus ( EBV )
- Hepatitis B ( HBV ) ( အသည်းရောင် အသားဝါ B )
- Influenza and common Cold Virus ( တုပ်ကွေးဖျားနာ )
- Covid-19 ( SARS-CoV-2 )

Bacteria တွေဆိုရင် ...
- Streptococcus Mutans
- Meningococcal Disease ( ဦးနှောဏ်အမြှေးရောင် )
- Helicobacter pylori ( အစာအိမ်ရောင် / အနာ )

Fungal ပိုင်းမှာဆိုရင် ...
- Oral Thrush (Candida) ( ပါးစပ်အနာ )
- Giardiasis

စတာတွေ ကူးစက်နိုင်ပါတယ်။ တစ်ချို့ ကို တော့ မြန်မာလို ရင်းနှီးတဲ့အခေါ်လေးပါ ကွင်းထဲမှာ ထဲ့ရေးပေးထားပါတယ်။

ဒီတော့ ဒါတွေ ကူးသွားရင် ဘာဖြစ်မလဲဆိုတော့ သက်ဆိုင်ရာ ရောဂါတွေ၊ အနာတွေ ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ ခဏပါ။ ဥပမာ ပါးစပ်အနာတို့.... တုပ်ကွေးဖျားနာတာတို့... စတာတွေက အချိန်တစ်ခုဆို ပြန်ပျောက်နိုင်ပါတယ်။

ဒါပေမယ့် အသည်းရောင် အသားဝါ B ပိုးလိုဟာမျိုးကျတော့ ကူးပြီးတာနဲ့ တစ်သက်လုံးပါသွားမယ့် အရာဖြစ်သွားပါတယ်။ အဲ့လိုပါသွားပြီဆိုတော့ ကူးစက်ခံရသူနဲ့ တစ်အိမ်ထဲနေ အိမ်သားတွေပါ ထပ်ပြီး ကူးစက်ခံရနိုင်ချေ အရမ်းများပါတယ်။

ပြီးတော့ ပိုပြီး အန္တရာယ်များတာက ဦးနှောဏ်အမြှေးရောင်တို့၊ ကိုဗစ်တို့၊ နောက်ပြီး အသည်းရောင်အသားဝါကနေ အသည်းရောဂါ ထပ်ဆိုးလာတာတို့ဆိုရင် ဘဝတိမ်းပါးသွားနိုင်တဲ့အထိ ဆိုးရွားစေနိုင်ပါတယ်။

အခုပြောတဲ့ဟာတွေဟာ တံတွေးကနေ ကူးစက်နိုင်တာတွေ ဖြစ်တဲ့အတွက် ဟင်းချိုခွက်တွေသာမကပဲ ကျန်တဲ့ကိစ္စတွေ သူများတံတွေးအစလေး ကိုယ့်ပါးစပ်ထဲရောက်နိုင်ချေရှိတဲ့ အခြေအနေတွေမှာပါ ကူးစက်နိုင်ပါတယ်။ ဇွန်းတူတူသုံးတာတို့၊ သူများသောက်ပြီးသား ပိုက်ကနေ စုပ်သောက်တာတို့ပေါ့။

ဒါပေမယ့်အလည်း အခု သေချာ Focus ထားပြီး ပြောချင်တာကတော့ အလှူထမင်းဝိုင်းတွေ အလယ်က ဘုံသောက်ဟင်းချိုခွက်ကိုပါ။

အလှူရှင်အနေနဲ့ ကုသိုလ်ရဖို့ လှူပြီးကာမှ သတိမထားမိတဲ့ ပေါ့ဆမှုတစ်ခုဟာ သူများမိသားစု ဘဝလမ်းကြောင်းကို မရည်ရွယ်ပဲနဲ့ မကောင်းတဲ့အလှည့်အပြောင်းတစ်ခုလဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့ အလယ်ဘုံသောက်တဲ့ဟင်းချိုခွက် ဓလေ့မထားပဲ တစ်ဦးစီကို ခွက်အသေးလေးတွေနဲ့ စီစဉ်ပေးမယ်ဆို ပိုကောင်း ပိုကုသိုလ်ရပါတယ်။

မတတ်သာလို့ပဲဖြစ်ဖြစ်၊ အလှူရှင်အနေနဲ့ မစီစဉ်နိုင်လို့ပဲဖြစ်ဖြစ် ဟင်းချိုကို အလယ်မှာ တစ်ခွက်ပဲ ချထားတယ်ဆိုရင်တော့ အလှူလာစားတဲ့သူတွေအနေနဲ့က အဲ့ခွက်ထဲကဇွန်းကို ကိုယ့်ပါးစပ်နဲ့ ထိမသောက်ပဲ ကိုယ့်ပန်းကန်ထဲသာ ဆမ်းစားခြင်းနဲ့ ဆင်ခြင်နိုင်ပါတယ်။ တကယ်လို့ ရှေ့က ပြောထားခဲ့တဲ့ ရောဂါတွေ ကူးမှာကို စိတ်မသန့်ရင် အဲ့ဟင်းချိုခွက်ကို ထိကို မထိပါနဲ့တော့။

" ဒါဆိုကွာ... ငါတို့ တစ်ချိန်လုံး ဘော်ဒါတွေနဲ့ ဟော့ပေါ့အိုးထဲ သူ့တူ ကိုယ့်တူနဲ့ စုပြုံနှိုက်နေတာ ဘယ်လိုလုပ်မလဲ " ဆိုရင်....... ပြောရမယ်ဆိုရင်တော့ အဲ့လိုကိစ္စမျိုးဆိုရင် ဟော့ပေါ့အိုးက ကိုယ့်ရှေ့မှာတင် ပွတ်ပွတ်ဆူနေတဲ့အိုးဆိုတော့ တော်ယုံပိုးတွေ ကိစ္စတုံးပြီးသားပါ။ ပြီးတော့ ကိုယ်အတူတူစားနေတာက အကြောင်းသိမောင်းသိ ကိုယ့်ဘော်ဒါတွေလေ။ ဒါမလို့ တော့ relatively ... စိတ်သန့်နိုင်ပါတယ်။ ခုနောက်ပိုင်း ဟော့ပေါ့ဆိုင်တွေတောင် တစ်ယောက်တစ်အိုး စတိုင်တွေလည်း ထားကုန်ကြပါပြီ။

ဒီတော့ အလှူထမင်းဝိုင်းတွေအလယ်က ဟင်းချိုတစ်ခွက်ထဲထားပြီး ဘုံသောက်တဲ့ ဓလေ့ကို ဆင်ခြင်ပေးဖို့လိုပါတယ်။ ကျွန်တော့် personal အနေနဲ့ဆိုရင်တော့ အဲ့လိုခွက်ကို ထိကို မထိတော့ပါဘူး။ သူများကို ကျွန်တော် လိုက်ထိန်းချုပ်နိုင်တာမှ မဟုတ်တာ...။



#

✅ Elovac B adult 1 ml ✅ လက်လီလက်ကားရ✅ cold chain 100% အာမခံ✅ ရန်ကုန် ✅ 09795895482
05/12/2024

✅ Elovac B adult 1 ml
✅ လက်လီလက်ကားရ
✅ cold chain 100% အာမခံ
✅ ရန်ကုန်
✅ 09795895482

Address

Thit Sar Road
Pakokku

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959423001616

Website

Alerts

Be the first to know and let us send you an email when MT Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share