Ayeyarwady Region Government

Website Contact the business

Ayeyarwady Region Government ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဖိတ်ခေါ်ချက်အား ဧရာဝတီတိုင်းမှ လယ်ယာလုပ်ငန်းရှင်များ သိစေနိုင်ဖို့ ပြန်လည်တင်ပြလိုက်ပါသ...
05/10/2026

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဖိတ်ခေါ်ချက်အား ဧရာဝတီတိုင်းမှ လယ်ယာလုပ်ငန်းရှင်များ သိစေနိုင်ဖို့ ပြန်လည်တင်ပြလိုက်ပါသည်

~~~~~~~~~~~~~

စပါးသီးနှံရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများ လျော့ချနိုင်ရေးနှင့် စပါးစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိရေးတို့အတွက် သိုလှောင်ရုံကုန်အပ်စနစ်ကို ဖော်ဆောင်ရာတွင် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ကြေညာချက်

04/10/2026

ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးကျော်မျိုးတင် အထက်ပြွန်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားဓာတ်အားပေးစနစ်စီမံကိန်း(Mini-Grid) ကြည့်ရှုစစ်ဆေး

04/10/2026

အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်အား အောက်တိုဘာ(၅)ရက် မှစ၍ စတင်ဆောင်ရွက်မည်

မိဘပြည်သူများသို့အသိပေးပန်ကြားချက်၂၀၂၆ အောက်တိုဘာ ၄လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအ...
04/10/2026

မိဘပြည်သူများသို့အသိပေးပန်ကြားချက်

၂၀၂၆ အောက်တိုဘာ ၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဝန်အားမလုံလောက်ခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဂ္ဂါဝပ်ခွဲတမ်းများခွဲ၍ဝန်အားမျှခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။

ယခုအချိန်တွင် မုတ်သုန်ထွက်ခွာ၍ မိုးရာသီ ကုန်ဆုံးသွားပြီဖြစ်၍ ရေအားလျှပ်စစ်စက်ရုံများ အယ်နီညို အကျိုးသက်ရောက်မှုရှိနိုင်ပါသဖြင့် ဆည်ရေဝင်ရောက်မှုနှင့်အညီ စတင်ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ LNG စက်ရုံများ ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု
မတည်ငြိမ်ခြင်း၊ ရာသီဥတုအပူချိန် ပြောင်းလဲမှုနှင့်အတူ ဖီဒါများ၏ ပုံမှန်လျာထားသုံးစွဲဝန်အား ပမာဏသည် ပမာဏပြောင်းလဲလျက်ရှိခြင်း စသည်တို့ကြောင့် ဓာတ်အားစနစ် Frequency တည်ငြိမ်မှုရှိစေရန် ထိန်းညှိမောင်းနှင်ရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု(မဂ္ဂါဝပ်) လျော့နည်းသွားမည်ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် ယခင်ရရှိသည့် မဂ္ဂါဝပ်ခွဲတမ်းအောက် လျော့နည်းရရှိမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် လျော့ချသုံးစွဲရမည့် ဝန်အားများအတိုင်း Plan Load Shed ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်ပါကြောင်း မိဘပြည်သူများ သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် မြောင်းမြစက်...
04/10/2026

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် မြောင်းမြစက်မှုဇုန်အား ကြည့်ရှု့စစ်ဆေး

၂၀၂၆ အောက်တိုဘာ ၄

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးရာလ်ကျုံး၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တို့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြောင်းမြစက်မှုဇုန်သို့ သွားရောက်ကြည့်ရှူ့ခဲ့ကြပါသည်။

ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် မနောသုခဆန်စက်ဝန်းအတွင်း ဌာနဆိုင်ရာများ၊ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များ နှင့်တွေ့ဆုံခဲ့ပြီး မြောင်းမြစက်မှုဇုန်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ စစ်ဆေးရန် ကျန်ရှိနေသေးသည့်အတွက် စစ်ဆေးရန်လိုအပ်ကြောင်း၊ စက်မှုထုတ်လုပ်မှု့လုပ်ငန်းများအနေဖြင့် ထပ်မံတိုးတက်ကြရန်အတွက်ကြိုးစားကြရန်လိုအပ်ကြောင်း၊ စက်မှုဇုန်အတွင်း ဆန်စက်များ အများဆုံးဖြစ်သည့်အတွက် ဆန်စပါးနှင့်ပတ်သက်သော update လုပ်ငန်းများ ထပ်မံလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ မြောင်းမြစက်မှုဇုန်ရုံးဖြစ်မြောက်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် စက်မှုဇုန်အတွင်းရှိ ဆန်စက်များ ဆိုလာစနစ်ဖြင့်လည်ပတ်နေမှုများ၊ ဆန်စက်များမှ စပါးများသိုလှောင်ထားရှိမှုများ၊ စက်မှုဆက်စပ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းခွင် နှင့် သွပ်ပြားစက်ရုံများလို့ လိုက်လံကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် အထက်ပြွန်ကျေးရွာရှိ ဒေသဖ...
04/10/2026

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် အထက်ပြွန်ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားဓါတ်အားပေးစနစ်စီမံကိန်း (Mini-Grid) ကြည့်ရှုစစ်ဆေး

၂၀၂၆ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၊ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက အထက်ပြွန်ကျေးရွာ အုပ်စု၊ အထက်ပြွန်ကျေးရွာတွင် Kenta Technology Co.,ltd(၈၀%)နှင့် ကျေးရွာမှ(၂၀%)ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် အသေးစားဓါတ်အားပေးစနစ်စီမံကိန်း(Mini-Grid)စက်ရုံအား သွား ရောက်ကြည့်ရှုရာ မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်နှင့် Kenta Technology Co.,ltdမှ ဦးကျော်ဇေယျ (Senior Electrical Engineer)တို့မှ စီမံကိန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော အထက်ပြွန်ကျေးရွာမြေသားရေကန်အား သွားရောက်ကြည့်ရှုခဲ့ပြီး အသေးစားဓါတ်အားပေးစနစ်စီမံကိန်းဖြင့် အသေးစား စက်မှုလုပ်ငန်းသုံးဆောင်ရွက်နေသည့် အထက်ပြွန်ကျေးရွာမှ ဦးကျော်ဌေး တွင်ခုံ/စက်ပြင်အလုပ်ရုံ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်ပြီး အ.ထ.က အထက်ပြွန်စာသင်ကျောင်း ပညာမဏ္ဍိုင် ခန်းမတွင်တောင်သူလယ်သမားဦးကြီးများ၊ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရေပေးရေး ကော်မတီဝင်များ၊ မီးလင်းရေးကော်မတီဝင်များနှင့်တွေ့ဆုံပြီး ဒေသလိုအပ်ချက်များအား တင်ပြ ချက်များအပေါ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

ငဝန်မြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုသိမ်မြို၊ အမှတ် (၄) ရပ်ကွက်၊ ကမ်းနားလမ်း တွင်  သဲအိတ်များချထားဆောင်...
04/10/2026

ငဝန်မြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုသိမ်မြို၊ အမှတ် (၄) ရပ်ကွက်၊ ကမ်းနားလမ်း တွင် သဲအိတ်များချထားဆောင်ရွက်လျက်ရှိရာ ၃-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် အဆိုပါသဲအိတ်များကို FAW ကား၊ သုံးဘီးယာဥ်များဖြင့် ပြန်လည်သိမ်းဆည်းနေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၆ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၃-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်...
04/10/2026

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၃-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ စံပယ်ဆောင်နှင့် တေဇဆောင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၆ အောက်တိုဘာ ၄

04/10/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ရေပြန်လည်ကျဆင်းသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ် သင်ကြားလျက်ရှိမှု၊ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်၊ ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ ကြည့်ရှုစစ်ဆေး၊ U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲဝင် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အသင်းအား ဂုဏ်ပြု၊ ကိုးသိန်းအားကစားကွင်း ဘိလိယက်နှင့် စနူကာ အားကစားရုံသစ် ဖွင့်ပွဲ နှင့် ဧရာရွှေဝါခန်းမ၌ ဆန်၊ ဆီ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တ...
03/10/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်

၂၀၂၆ အောက်တိုဘာ ၃

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့် မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အငြိမ်းစားဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Address

Pathein

Alerts

Be the first to know and let us send you an email when Ayeyarwady Region Government posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyarwady Region Government:

Shortcuts

Share