09/04/2024
ဒီရေတောအကြောင်း သိကောင်းစရာ
🌿ဒီရေတောများသည် ကုန်းမြင့် ဒေသရှိ မုတ်သုံမိုး သစ်တောပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅ ဆပို၍ စုပ်ယူ နိုင်သည်။
🌿ဒီရေတောများသည် ပြင်းထန်ဆိုးရွားလွန်းသော ရာသီဥတု(မုန်တိုင်း) ဒဏ်တို့ကို ကာကွယ်နိုင် သည်။
🌿ပင်လယ်စာထုတ်လုပ်နိုင်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်သည်။
🌿သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်များကို ကာကွယ်ရန်အတွက် ရေကို သန့်စင် စစ်ထုတ်ပေးသည်။
🌿သက်တမ်းရင့် ဒီရေတောသစ်ပင်တစ်ပင်သည် လူလေးဦးအတွက်လုံလောက်သော အောက်ဆီဂျင်ကို ထုတ် လုပ်ပေးနိုင်သည်။
🌿ကမ္ဘာပေါ်တွင်နေထိုင်သည့် သက်ရှိများအတွက် အအေးဓါတ်ပေးခြင်း၊ အရေးကြီးသောဂေဟ စနစ်ကို ထောက်ပံ့ခြင်း တို့ပြုလုပ်ပေးသည်။
🌿ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်ရှိ ထိခိုက်လွယ်သော လူမှုပတ်ဝန်းကျင်ကို ရေရှည် တည်တံ့စေသည့် ဖွံ့ဖြိုးတိုး တက်မှုဆီသို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။
သစ်ပင်၊ သစ်တောများအားလုံးသည် ဂေဟစနစ်ကို အထောက်အပံ့ပေးရာတွင် ထူးခြားအရေးကြီးသော အခန်းကဏ္ဍမှ ထူးခြားစွာပါဝင်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဉတုပြောင်းလဲမှုကြောင့်ဖြစ် ပေါ်လာသည့် အကျိုးဆက်များကိုခံစားလာရသည့် လက်ရှိကာလအချိန်တွင် ကမ္ဘာမြေပေါ်ရှိဒီရေတော ဂေဟစနစ်တို့သည် ထူးခြားထိရောက်လွန်းသောအကျိုးပြုမှုများကို ဆောင်ကျဉ်းပေးလျက်ရှိလေသည်။
ဒီရေတောများသည် အပူပိုင်းဒေသ နှင့် သမပိုင်းဒေသများ၌ ဒီရေအတက်အကျရှိသည့် နေရာများတွင် ပေါက်ရောက်လေ့ရှိသည့် သစ်ပင်များဖြစ်သည်။
ကမ်းရိုးတန်းရှိ ဒီရေတောများ၊ ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများသည် သမုဒ္ဒရာများမှ ကာဗွန်စုဆောင်းမှု ၈၃ ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းတလျောက်မှ ကာဗွန် ၅၀ ရာခိုင်နှုန်းကို သိုလှောင်စုဆောင်းနိုင်သည့် မြင်သာထင်သာသော အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်သည်။ ၎င်းအပြင် ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်နေထိုင်သူ တို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့ကို ကာကွယ်ပေးနေသည်ဟုဆိုလျှင်လည်းမမှားပေ။ ဆူနာမီ၊ ဆိုင်ကလုန်း နှင့် အခြားသော ပြင်းထန်သော ရာသီဥတုဒဏ်များ ကျရောက်ခဲ့သည်ရှိသော် ဒီရေတောများက မားမားမတ်မတ် ကာကွယ် ပေးလျက်ရှိသည်။
ဒီရေတောများသည် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရာတွင် အရေးပါ အစိတ်အပိုင်းများ ဖြစ်သည့်အပြင် ပင်လယ်စာထုတ်လုပ်နိုင်မှုကိုလည်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်ပေ လျှက်ရှိပါသည်။ ဒီရေတောများသည် အထက်တွင်ဖော်ပြပြီးကဲ့သို့သော အရေးပါသည့် နေရာတွင်ရှိနေ သော်လည်း နိုင်ငံအများအပြားတွင် ဒီရေတောများ ပြန်းတီးလာမှုမှာ စိုးရိမ်စရာအဆင့်သို့ရောက်ရှိနေပြီ ဟုဆိုနိုင်ပါသည်။ ကုန်းမြေသစ်ပင်များထက် သုံးဆပိုမြန်သောနှုန်းဖြင့် ပျောက်ကွယ်နိုင်သည်ဟု ခန့်မှန်းကြပါသည်။ ထို့ကြောင့် ဒီရေတောများအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို ပြောင်းပြန်လှန်ရန်အချိန်တန်ပြီဟုဆိုနိုင်ပါသည်။
ပင်လယ်သမုဒ္ဒရာမှရရှိသော အရေးပါသည့်ဂေဟစနစ်နှင့်ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာ တို့မှာ ရှေးယခင်ကတည်းက ရေပန်းစားခဲ့သည်။ ကမ္ဘာပေါ်တွင် သက်ရှိများရှင်သန်ရပ်တည်နေနိုင်မှုမှာ ထိုအရင်းအမြစ်များအား အချိန်ကြာကြာထိန်းသိမ်းထားနိုင်မှုအပေါ် မူတည်ပါသည်။
ပင်လယ်နှင့်ကုန်းမြေတို့အကြား ကြားခံအဖြစ် တစ်ခုတည်း သောအပင်များမှာ ဆားငန်ရေတွင် ပေါက်ရောက်တတ်သည့် ဒီရေတောများပင်ဖြစ်သည်။ ထိုသစ်ပင်များသည် အနည်အနှစ်များကို သန့်စင်စေပြီး သန္တာ ကျောက်တန်းများ၊ ပင်လယ်မြင်များကို ကာကွယ်ပေးနေသည့်အပြင် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်လျော့ပါး စေရန် အမြင့်ဆုံးစွမ်းရည်ကိုထောက်ပံ့ပေးလျက်ရှိသည်။ ထိုကဲ့သို့သော အံအားသင့်စရာကောင်းသည့် အပင်များသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးနေ ပြန်ပါသည်။
သို့သော်လည်း အချို့နိုင်ငံများတွင် ဒီရေတောများ လုံးဝမျိုးသုဉ်းသွားမည့် အန္တရယ်မှာ စိုးရိမ်စရာ အခြေအနေသို့ရောက်ရှိနေ ပြီဖြစ်၍ ထိန်းသိမ်းကာကွယ်ရန်လိုအပ်နေပြီဖြစ်ပါသည်။
🌿🌿
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 –
https://www.instagram.com/worldview_myanmar/
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫'𝐬 𝐓𝐰𝐢𝐭𝐭𝐞𝐫 -
https://twitter.com/MyamarWif45219
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐘𝐨𝐮𝐓𝐮𝐛𝐞 -
https://www.youtube.com/c/WorldviewMyanmar/videos
Worldview was born in 1979, at the dawn of the communication revolution. A group of young communicators, development activists from 15 countries took on the ...