Hnin Set Eain

Hnin Set Eain Follow your dreams! You are main character of your life 👑!

01/06/2026

ဟိုရက်က ငှက်လေးတကောင်ကြောင်ကိုက်တော့ သူတကောင်ထဲကျန်ခဲ့ပြီးမလာတော့ဘူးဆိုပြီးသနားနေကြတာ အမယ်ဒင်းက ၂ရက်ကြာတော့အသစ်လေးခေါ်ပြီး အရင်လိုပဲ သီဆိုနေတော့ ကိုယ့်မှာ ကျန်ခဲ့တဲ့သူပိုခံစားရတယ်ဆိုတာ ပြန်ပြင်ရမလိုတောင်ဖြစ်😂
အမိအရပြန်ရိုက်ထားရတယ်🐦🐦
ဘာနေနေ ပျော်ရွှင်ပြီးခုလိုရက်မကြာပဲပြန်လာနိုင်တာပဲ စိတ်ချမ်းသာပါပြီ🩷🐦



မိုးရာသီထဲ💚🤍💛🫠🌧️
30/05/2026

မိုးရာသီထဲ💚🤍💛🫠🌧️





29/05/2026

စိတ်ရှုပ်စရာနည်းနည်းရှိပေမယ့်
ပန်းလေးတွေအများကြီးပွင့်လို့ တော်ပါသေးရဲ့🤍🌧️
စိတ်ညစ်ရင် ပန်းဆိုင်ပြေးသွားတတ်တဲ့ အမျိုးသမီးကိုး😅🌸





21/05/2026

အရင်ကအလှပြင်ရင်
မျက်နှာလှတယ်လို့ထင်မိတာ
တကယ်က
စိတ်အကြည်ဓာတ်မရှိရင်
ဘယ်လောက်အလှပြင်ပြင်
မျက်နှာမှာလာပေါ်တယ်
လူတိုင်းကို ကိုယ်စိတ်ကောင်းတယ်
ဘယ်လောက်လှတယ်
လိုက်ရှင်းပြနေ‌မယ့်အစား
နှလုံးသားကစိတ်ငြိမ်းချမ်းရင်
မျက်နှာကပါအလိုလို
အေးချမ်းလာပါတယ်။


#အတွေးတခု


21.5.2026

မိုးရာသီ အရမ်းငယ်တုန်းက အိမ်ရှေ့ကအဘိုးတို့လင်မယားနဲ့လယ်တောထဲတခါလိုက်ဖူးတယ် ကြာတွေအများကြီးနဲ့ကန်ထဲလှေလှော်ပေးပြီး ခူးခို...
18/05/2026

မိုးရာသီ အရမ်းငယ်တုန်းက အိမ်ရှေ့ကအဘိုးတို့လင်မယားနဲ့
လယ်တောထဲတခါလိုက်ဖူးတယ် ကြာတွေအများကြီးနဲ့ကန်ထဲ
လှေလှော်ပေးပြီး ခူးခိုင်းတယ် ကြာပန်းကြာဖူးတွေ
ကြာကွက်ကတော့ ပွင့်ဖတ်ကြွေပြီး
သူ့အထဲကဝတ်ဆံလေးကြီးရင့်ကျန်ခဲ့တာ
အခုတော့သူတို့လဲတယောက်ကဆုံးပြီး
တယောက်ကအရမ်းအသက်ကြီးနေပါပြီ
လှပတဲ့ကလေးသဘာဝအတိတ်ဆီ
အပူပင်မရှိတဲ့လူလေးတွေကို သတိရမိ🩷



ကလေးကသိပ်မဆော့ရှာပါဘူး သူ့အရုပ်တွေဆို ရစရာမရှိတီထွင် စမ်းသပ်ထားတာငယ်ငယ်ကတော့လိမ္မာတုံးလေးခုတော့ ၂နှစ်မပြည့်ခင် don't ဆို...
17/05/2026

ကလေးကသိပ်မဆော့ရှာပါဘူး
သူ့အရုပ်တွေဆို ရစရာမရှိ
တီထွင် စမ်းသပ်ထားတာ
ငယ်ငယ်ကတော့လိမ္မာတုံးလေး
ခုတော့ ၂နှစ်မပြည့်ခင် don't ဆို do
‌အရှေ့၇အိမ်အနောက်၇အိမ်အကုန်ကြားရမယ်
သူပြန်လှည့်မလာဘူး
အဲ့တာလဲချစ်ရတာပဲ🫠🥰
ပန်းရောင်တွေ့တော့ မိန်းကလေးမထင်နဲ့
Boyလေး သူ့မိဘကဝယ်ရင် pink 😂
အသန့်ဆုံးအရုပ်ထဲဂင်းနစ်ဝင်သွားမယ် ဘာမှတ်😅



ကြိုးကြိုးစားစား ထိုင်းထီထိုးလာတာ5နှစ်နီးပါးရှိပါပြီ ဒီလတော့ ပေါက်မယ်ထင်ထားတာထင်တဲ့အတိုင်းပါပဲ1လုံးတောင်မတူရှာပါဘူး😬😅
16/05/2026

ကြိုးကြိုးစားစား ထိုင်းထီထိုးလာတာ
5နှစ်နီးပါးရှိပါပြီ
ဒီလတော့ ပေါက်မယ်ထင်ထားတာ
ထင်တဲ့အတိုင်းပါပဲ


1လုံးတောင်မတူရှာပါဘူး😬😅

နှစ်စဉ် တန်ခူးလဆို မြင်ရတဲ့ပိတောက်ပန်းလေးသဘာဝတရားကတော့ သူ့တာဝန်သူကျေရှာပါတယ်အမြဲဖူးပွင့်လို့ ဝေဆာကြတာပါပဲရနံ့ကလဲသင်းလို့...
16/04/2025

နှစ်စဉ် တန်ခူးလဆို မြင်ရတဲ့ပိတောက်ပန်းလေး
သဘာဝတရားကတော့ သူ့တာဝန်သူကျေရှာပါတယ်
အမြဲဖူးပွင့်လို့ ဝေဆာကြတာပါပဲ
ရနံ့ကလဲသင်းလို့ အရင်အတိုင်းပဲ💛💚

ကိုယ်ကသာ ဘာလို့မှန်းမသိ
သူ့မြင်နေရတာကို
လွမ်းလွမ်းဆွေးဆွေးခံစားချက်နဲ့
ဆရာမဂျူးစာအုပ်နာမည်လို
"ဆုံနေရက်နဲ့လွမ်းလေခြင်း"တွေဖြစ်🙄

ဒီနှစ် နွေဦးဟာ လူအများစုအတွက်
တချို့က ခံစားချက် ဗလာနဲ့
တချို့က ခြေဗလာနဲ့
ဒီလိုနဲ့ နေ့ညပြောင်းရင်း
သက်ြန်တောင်ကုန်ဆုံးသွားပြန်ပြီ။


16April2025

ခြံထဲကမရမ်းဖူးလေးတွေ ဒီနှစ် မနှစ်ကထက်အရမ်းပိုများပါတယ်💛 သီးလာရင်တော့စားရပါတော့မယ်💚🧡😋
03/02/2025

ခြံထဲကမရမ်းဖူးလေးတွေ ဒီနှစ် မနှစ်ကထက်အရမ်းပိုများပါတယ်💛
သီးလာရင်တော့စားရပါတော့မယ်💚🧡😋


မနက်စာကိုဘာစားရမလဲလို့ ညဘက်တွေးမိတိုင်း မုန့်ဟင်းခါး ခေါက်ဆွဲကို မမုန်းပဲအများဆုံးစားနိုင်တဲ့လူသားပါ😁😋
31/01/2025

မနက်စာကိုဘာစားရမလဲလို့ ညဘက်တွေးမိတိုင်း
မုန့်ဟင်းခါး ခေါက်ဆွဲကို မမုန်းပဲအများဆုံးစားနိုင်တဲ့လူသားပါ😁😋

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Hnin Set Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin Set Eain:

Share