Hnin Set Eain-နှင်းစက်အိမ်

Hnin Set Eain-နှင်းစက်အိမ် Follow your dreams! You are main character of your life 👑!

နှစ်စဉ် တန်ခူးလဆို မြင်ရတဲ့ပိတောက်ပန်းလေးသဘာဝတရားကတော့ သူ့တာဝန်သူကျေရှာပါတယ်အမြဲဖူးပွင့်လို့ ဝေဆာကြတာပါပဲရနံ့ကလဲသင်းလို့...
16/04/2025

နှစ်စဉ် တန်ခူးလဆို မြင်ရတဲ့ပိတောက်ပန်းလေး
သဘာဝတရားကတော့ သူ့တာဝန်သူကျေရှာပါတယ်
အမြဲဖူးပွင့်လို့ ဝေဆာကြတာပါပဲ
ရနံ့ကလဲသင်းလို့ အရင်အတိုင်းပဲ💛💚

ကိုယ်ကသာ ဘာလို့မှန်းမသိ
သူ့မြင်နေရတာကို
လွမ်းလွမ်းဆွေးဆွေးခံစားချက်နဲ့
ဆရာမဂျူးစာအုပ်နာမည်လို
"ဆုံနေရက်နဲ့လွမ်းလေခြင်း"တွေဖြစ်🙄

ဒီနှစ် နွေဦးဟာ လူအများစုအတွက်
တချို့က ခံစားချက် ဗလာနဲ့
တချို့က ခြေဗလာနဲ့
ဒီလိုနဲ့ နေ့ညပြောင်းရင်း
သက်ြန်တောင်ကုန်ဆုံးသွားပြန်ပြီ။


16April2025

ခြံထဲကမရမ်းဖူးလေးတွေ ဒီနှစ် မနှစ်ကထက်အရမ်းပိုများပါတယ်💛 သီးလာရင်တော့စားရပါတော့မယ်💚🧡😋
03/02/2025

ခြံထဲကမရမ်းဖူးလေးတွေ ဒီနှစ် မနှစ်ကထက်အရမ်းပိုများပါတယ်💛
သီးလာရင်တော့စားရပါတော့မယ်💚🧡😋


မနက်စာကိုဘာစားရမလဲလို့ ညဘက်တွေးမိတိုင်း မုန့်ဟင်းခါး ခေါက်ဆွဲကို မမုန်းပဲအများဆုံးစားနိုင်တဲ့လူသားပါ😁😋
31/01/2025

မနက်စာကိုဘာစားရမလဲလို့ ညဘက်တွေးမိတိုင်း
မုန့်ဟင်းခါး ခေါက်ဆွဲကို မမုန်းပဲအများဆုံးစားနိုင်တဲ့လူသားပါ😁😋

ဆိုင်ကရောင်းတဲ့အာဟာရတော့မဟုတ်ဘူးကိုယ့်အမေပြုတ်တဲ့နို့ဆန်ပြုတ်ထဲ ငှက်ပျောသီးနဲ့ကွေကာထည့်စားတာအာဟာရပြည့်သွားသလိုပါပဲ😋😍
31/01/2025

ဆိုင်ကရောင်းတဲ့အာဟာရတော့မဟုတ်ဘူး
ကိုယ့်အမေပြုတ်တဲ့နို့ဆန်ပြုတ်ထဲ
ငှက်ပျောသီးနဲ့ကွေကာထည့်စားတာ
အာဟာရပြည့်သွားသလိုပါပဲ😋😍

13/01/2025

ကျတော့်အမေဟာ မိန်းကလေးမဆန်ပါဘူး
အလှပြင်တာ ပစ္စည်းတွေရွေးချယ်တာ
အဝတ်အစားဆိုဘယ်လိုအရောင်ဆိုပိုလှတာ
သူအဲ့တာတွေ စိတ်မရှည်ပါဘူး။

ကျတော့်အမေဟာ စကားလုံးတွေလှအောင်လဲ မသုံးတတ်ပါဘူး
စိတ်ထဲရှိတဲ့အတိုင်းပြောတတ်ပြီး
မေတ္တာအရင်းခံနဲ့ စိတ်ရင်းကောင်းတဲ့ အမျိုးသမီးတယောက်ပါ။

ကျတော့်အမေဟာ အပင်တွေစိုက်ရတာကိုချစ်ပြီး
ဂရုစိုက်သလို သားသမီးတွေကိုလဲ
ချစ်မပြတတ်ပေမယ့် အကုန်လုပ်ပေးတတ်ပါတယ်

အမေ့ကိုငယ်ငယ်ကမကြိုက်ပေမယ့် အသက်ကြီးလာတော့
အမေ့ကိုပိုနားလည်လာတယ်
ဘယ်လိုနေနေ အမေဟာနူးညံ့တဲ့စိတ်နဲ့
အပင်လေးတွေကြီးလာအောင် အရိပ်တကြည့်ကြည့်ဂရုစိုက်သလို
ကျတော်တို့ကိုလဲ စကားလုံးဖော်မပြတတ်ပေမယ့် အရမ်းချစ်ခဲ့ပါတယ်

လုပ်ပေးချင်တာတွေ အများကြီးရှိပြီး
ခုထိတာဝန်မကျေသေးလို့ တောင်းပန်ပါတယ်အမေ🙏
သက်ရှည်ကျန်းမာပါစေ အမေ❤️



13.1.2025

ဆောင်းရာသီကို သဘောကျရတဲ့အချက်ကအသီးအနှံတွေပေါများပြီး လတ်ဆတ်လို့😋🧡❤️🍊🍓
22/12/2024

ဆောင်းရာသီကို သဘောကျရတဲ့အချက်က
အသီးအနှံတွေပေါများပြီး လတ်ဆတ်လို့😋
🧡❤️🍊🍓

ဒီလိမ္မော်သီးတွေက ခုခူးပြီးခုစားရင်း ရိုက်မိထားတာ😋တောင်ပေါ်လိမ္မော်သီးတော့မဟုတ်ဘူးဆုံးသွားပြီဖြစ်တဲ့  အမေ့ရဲ့အမေ အဘွားရဲ...
20/12/2024

ဒီလိမ္မော်သီးတွေက ခုခူးပြီးခုစားရင်း ရိုက်မိထားတာ😋
တောင်ပေါ်လိမ္မော်သီးတော့မဟုတ်ဘူး
ဆုံးသွားပြီဖြစ်တဲ့ အမေ့ရဲ့အမေ အဘွားရဲ့စိုက်ခဲ့တဲ့အပင်က
‌မြေပြန့်ကလိမ္မော်သီးလေး🧡💚

အဲ့လိုပဲ အဖေ့ရဲ့အဖေ(အဘိုး) ဆုံးသွားတာကြာပြီပေမယ့်
သူလဲ လိမ္မော်ပင်လေးစိုက်ခဲ့တာ အသီးစားခဲ့ရတာပဲ💚🧡

လိမ္မော်ပင်လေးတွေက အပင်ပေါက်ပေမယ့်
ကိုယ်စိုက်တိုင်းခုထိမရှင်တာများတယ်🙄

သူတို့ကတော့ ချွင်းချက်ပေါ့
လူတွေမရှိတော့ပေမယ့် သူတို့ရဲ့ မေတ္တာတရားကို
ခံစားလိုက်ရသလိုပါပဲ
နှစ်ရှည်ပင်လေးတွေသီးလာရင်
သူတို့မစားလိုက်နိုင်ရပေမယ့်
နောက်လာမယ့်မျိုးဆက်တွေအတွက်ကျန်ခဲ့တယ်❤️

အဲ့လိုပါပဲမျှော်လင့်ချက်မပါတဲ့ မေတ္တာမျိုးစေ့တွေ
ကိုယ်တွေလဲကြဲချန်ခဲ့နိုင်အောင်
ကြိုးစားဖို့ အသိစိတ်တွေပိုရလာမိတယ်🩵

Miss you all🥹 Grandparents 💌

20.12.2024

လမ်းဘေးမှာဖြစ်ဖြစ်တောထဲမှာဖြစ်ဖြစ်ရောက်တဲ့အရပ်မှာကိုယ်ပိုင်ပုံစံနဲ့ လှပစွာဖူးပွင့်ကြတဲ့ ပန်းကလေးတွေ အများကြီးရှိကြောင်းစ...
18/12/2024

လမ်းဘေးမှာဖြစ်ဖြစ်
တောထဲမှာဖြစ်ဖြစ်
ရောက်တဲ့အရပ်မှာ
ကိုယ်ပိုင်ပုံစံနဲ့ လှပစွာဖူးပွင့်ကြတဲ့ ပန်းကလေးတွေ အများကြီးရှိကြောင်း
စိတ်အနားရတဲ့အခါ သတိထားကြည့်မိသွားတဲ့နေ့❣️

ဘယ်အရပ်မှာရောက်ရောက် ဘယ်အခြေနေမှာဖြစ်ဖြစ်
လှပစွာရှင်သန်ဖူးပွင့်နေကြတဲ့ ပန်းပင်လေးတွေ
ဒီကမ္ဘာပေါ်မှာဘယ်လောက်တောင်များရှိမလဲမသိ❣️


အိမ်မှာလုပ်စားထားတာ😋😋😋ဆီထမင်းဆို ချိုး(ဂျိုး)ကပ်တာလေးတွေကို နှမ်းထောင်းနဲ့ကြိုက်😋ဘူးသီးကြော်😋ကြက်သွန်ကြော်😋
17/12/2024

အိမ်မှာလုပ်စားထားတာ😋😋😋
ဆီထမင်းဆို ချိုး(ဂျိုး)ကပ်တာလေးတွေကို နှမ်းထောင်းနဲ့ကြိုက်😋
ဘူးသီးကြော်😋
ကြက်သွန်ကြော်😋


ဆောင်းရာသီရောက်ရင် မိမိရဲ့ အဓိကလိုအပ်တတ်သောအရာ😁1ထုပ်နဲ့ မလောက်တဲ့ နှာရောဂါ၊🙄သိတဲ့သူတွေသိတယ်🫢😅
16/12/2024

ဆောင်းရာသီရောက်ရင် မိမိရဲ့ အဓိကလိုအပ်တတ်သောအရာ😁
1ထုပ်နဲ့ မလောက်တဲ့ နှာရောဂါ၊🙄သိတဲ့သူတွေသိတယ်🫢😅



ဟင်းချက်ရင်ပြေးဝယ်စရာမလိုအောင်အိမ်နောက်ဖေးမှာစိုက်ထားတာလေးတွေ💚💚အပင်ကနေ ခုခူးခုချက်အရသာလေးက တန်ဖိုးရှိ အရသာရှိ😋
16/12/2024

ဟင်းချက်ရင်ပြေးဝယ်စရာမလိုအောင်အိမ်နောက်ဖေးမှာစိုက်ထားတာလေးတွေ💚💚
အပင်ကနေ ခုခူးခုချက်အရသာလေးက တန်ဖိုးရှိ အရသာရှိ😋


Address

Pathein

Website

Alerts

Be the first to know and let us send you an email when Hnin Set Eain-နှင်းစက်အိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin Set Eain-နှင်းစက်အိမ်:

Share